အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ ဧပြီ ၂၀၂၃

၁၈:၂၀:၃၄
1357156

အဲအ်သေကာဖ် အီးဒ် အတွက် လ နှင့်ပတ်သက်သည့် အကြောင်း တစေ့ တစောင်း

အဲအ်သေကာဖ် အီးဒ် အတွက် လ နှင့်ပတ်သက်သည့် အကြောင်း တစေ့ တစောင်းအား တိုတိုရှင်းရှင်း ၊ အမေး များ အဖြေ များပုံစံနှင့် တင်ပြ ထားပါတယ်။ အသေအချာ လေ့လာ မှတ်သား ပြီး ကျင့်သုံး နိုင်ကြ ပါစေ ဟု လည်း ဒိုအာ ပြုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲအ်သေကာဖ် အီးဒ် အတွက် လ နှင့်ပတ်သက်သည့် အကြောင်း တစေ့ တစောင်းကို တိုတိုရှင်းရှင်း ၊ အမေးများ အဖြေ များပုံစံ ဖြင့် အောက်ပါ အတိုင်း ဖြစ်ပါတယ်။

 

အဲအ်သေကာဖ်

အဲအ်သေကာဖ်ဆိုတာ -

ဗလီဝတ်ကျောင်းတော်တွင် အချို့စည်းကမ်းချက် များနှင့် အတူနေခြင်း၊ဤလုပ်ရပ် သည့် မွတ်စ်သဟဗ်

အေဗါဒသ်တစ်ခု ဖြစ်ပါသည်။

မိုအ်သကေဖ်ဆိုတာ   -  အဲအ်သေကာဖ်ထိုင်သူ

မေးခွန်း၁-  အဲအ်သေကာဖ် ဝါဂျစ်ဗ်လည်း ဖြစ်နိုင်ပါသလား?

ဖြေ - အဓိဋ္ဌာန် ၊ကျိန်ဆိုခြင်း(သို့) ၊ ကတိသစ္စာ ကြောင့်ဆိုလျှင် ဝါဂျစ်ဗ်  ဖြစ်နိုင်ပါသည်။

 

အဲအ်သေကာဖ် အတွက် စည်းကမ်းများ

 

၁- အဲအ်သေကာဖ်ထိုင်သူ ကောင်းမွန်သူ ဖြစ်ရမည် - ရူးသွပ်နေသူ၏ အဲအ်သေကာဖ် မပိုင်ချေ။

 

၂ -နီယသ် 

ကိုရ်ဘသန်အေလ္လာဟ်( قربةًاِلی الله) ၊အလ္လာဟ်ဟို အရှင်မြတ်သခင်၏ မွတ်စ်သဟဗ် အမိန့်တစ်ခုကို ထမ်းဆောင်ရန်အတွက် အဲအ်သေကာဖ် ထိုင်ပါသည်။

              နီယသ် အဓိဋ္ဌာန်၊ရည်ရွယ်ချက် ၏အမည် ဖြစ်ပါသည်။

            နှုတ်မှ စကားစု ကို ပြောရန် အရေးမကြီးချေ။

 

၃- အဲအ်သေကာဖ်ထိုင်သူ ရိုဇဟ် ရှိသူဖြစ်ရမည်။

              အဲအ်သေကာဖ် ရိုဇဟ်မရှိဘဲ ထိုင်မရချေ။

              လမြတ်ရမ်တွာန် ၏ ရိုဇဟ် လား၊ အခြားလများ တွင်ကဇွာ

                ရိုဇဟ် လား (သို့) မွတ်စ်သဟဗ် အတွက်လား ၊မည်သို့မျှ    

                ပြဿနာ မရှိချေ။

၄ - အဲအ်သေကာဖ် ၏ ရက်အတိုင်းအတာ - အနည်းဆုံး(၃) ရက် - ရက် များအတွက် မည်သည့် သတ်မှတ်ချက်မျှမရှိပါ။

 

၅ - အဲအ်သေကာဖ် မည်သည့် ဗလီ ဝတ်ကျောင်းတော်တွင် ဖြစ်ရ မည် နည်း?

ဖြေ -(က) ကအ်ဗာ ဝတ်ကျောင်းတော် (အလ္လာဟ်အိမ်တော်)

       (ခ) မစ်္စဂျစ်ဒ်ဒေနဗဝီ (ကိုယ်တော်မြတ်  ၏ ရောင်ဇာရှိသည့်ဗလီ)      

       (ဂ) မစ္စ်ဂျစ်ဒ်ဒေကူဖာ

       (ဃ) မစ္စ်ဂျစ်ဒ်ဒေ ဗဆွရဟ်

       (င) ၎င်းအပြင် မြို့ ရှိ ဂျာအ်မေ့မစ္စ်ဂျစ်ဒ်များတွင်(ရေဂျာအေ မတ်သ်   လူးဒ်)နီယသ် ဖြင့်      

           အဲအ်သေကာဖ် ထိုင်နိုင်ပါသည်။   

 

မေးခွန်း ၂ - (ရေဂျာအေ မတ်သ်လူးဒ်) ဆိုတာ ?

ဖြေ - ဤအလုပ်ကို မြတ်အလ္လာဟ် နှစ်မြို့ မည်ဟု မျှော်လင့်ချက်ကို ခေါ် ပါသည်။

 

မေးခွန်း ၃ - ဂျာအ်မေ့မစ္စ်ဂျစ်ဒ် ဆိုတာ?

ဖြေ - လူအများစုဝေးသည့် မစ္စ်ဂျစ်ဒ် ကို ခေါ်ပါသည်။

 

မေးခွန်း ၄-၎င်း မစ္စ်ဂျစ်ဒ် တွင် နမာဇ်စေ ဂျွန်မ်အဟ်  ဖြစ်ဖို့ အရေး ကြီးပါ သလား?

ဖြေ - မကြီးပါ။

 

၆ - ပုဂ္ဂိုလ် အချို့ အတွက် ခွင့်တောင်းရန် အရေးကြီးပါသည်။

ဥပမာ - (က) ဇနီးအဲအ်သေကာဖ်ထိုင်ချင် လျှင် ခင်ပွန်း၏ ခွင့်ပြုချက် ယူဖို့

                 အရေးကြီးပါသည်။

           (ခ)  မိခင်၊ဖခင်များ အတွက်အနှောက်အယှက်၊ဒုက္ခဖြစ်နေသည်

                 ဆို လျှင်သားသမီးများ အနေဖြင့် အဲအ်သေကာဖ်ထိုင်ဖို့ ခွင့်

                 တောင်းရန် အရေးကြီးပါသည်။

 

၇- အဲအ်သေကာဖ် ထိုင်စဉ် မစ္စ်ဂျစ်ဒ် အတွင်းနေရန် ၊အပြင်မထွက်ရပါ။

 

အဲအ်သေကာဖ် ဆိုင် ပြဌာန်းချက်များ

 

မေးခွန်း ၁- ကျွန်တော် အဲအ်သေကာဖ်ထိုင်ချင်ပါသည်။ ကျွန်တော် အဲအ် သေကာဖ် ဘယ်အချိန်မှ စတင်ရမည် ဖြစ်ပါသနည်း? နီယသ် ဘယ်အချိန် မှစလုပ်ရမည်နည်း?

ဖြေ - ဥပမာ အသင်အနေဖြင့် ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ ဤ ၃ရက်အတွက် အဲအ်သေကာဖ် ထိုင်ချင်သည်။

အဲအ်သေကာဖ် အစ ဗုဒ္ဓဟူးနေ့ ဖဂျရ်အဇါန်မှ စတင်မည် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ထိုအချိန် (ဖဂျရ်မတိုင်မီ) အလျှင် မစ္စ်ဂျစ်ဒ် ကို ရောက်နေရပါမည်။ ပြီးနောက် နီယသ်ပြုရပါမည်။

အဲအ်သေကာဖ် သောကြာမရ်ရိဗ် အချိန် တွင် ပြီးဆုံးမည် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် နေ့ ၃ ရက် ည ၂ည  မစ္စ်ဂျစ်ဒ်တွင် နေထိုင်ရမည် ဖြစ် ပါ သည်။

 

အနှစ်ချုပ်

(က) ဗုဒ္ဓဟူးနေ့ (ဖဂျရ်အဇါန် မှစမည်)          

(ခ) ကြာသပတေးနေ့                                  

(ဂ) သောကြာနေ့( မဂ်ရိဗ်အချိန်တွင်ပြီးဆုံး)    

အထက်ဖော်ပြပါ (က) ၊ (ခ) ၊ (ဂ) အတွက် အချိန်ပြည့် မစ္စ်ဂျစ်ဒ် တွင် နေထိုင်ရန်အရေးကြီး ပါသည်။

၂ - • မွတ်စ်သဟဗ် အဲအ်သေကာဖ် ပထမ (သို့) ဒုတိယရက်တွင်ပျက်ခွင့်    

       ရှိပါသည်။

     တတိယရက် စပြီးနောက် အဲအ်သေကာဖ် ပျက်ပိုင်ခွင့် မရှိပါ။

      ထိုနည်းတူစွာ၄ရက်မြောက်နှင့် ၅ ရက်မြောက်နေ့ တွင် ပျက် ပိုင်ခွင့်

       ရှိပါသည်။ ၆ရက်မြောက်နေ့ စပြီးလျှင်ပျက်ခွင့်မရှိချေ။

 

အနှစ်ချုပ်-၃ရက်ပြည့်တိုင်းပြည့်တိုင်း အဲအ်သေကာဖ် ကို ပျက်ခွင့် မရှိချေ။

 

၃ - အဲအ်သေကာဖ် ထိုင်နေစဉ် မစ္စ်ဂျစ်ဒ် အပြင် ထွက်မည်။

 

(က) တမင်တကာ နှင့် (ခ) မိမိသဘောဆန္ဒ အရ  အတွက် အဲအ်သေကာဖ် မပိုင်ချေ။ ပြဌာန်းချကို သိသိဖြစ်စေ။ မသိသည်ဖြစ်စေ။   

ခြွင်းချက်

 

အကယ်၍ တစ်ဦးတစ်ယောက် အနေဖြင့် အက်္ကလီ(عقلی)၊ ရှရ်အီ (شرعی)၊ (သို့မဟုတ် ) အိုရ်ဖီ (عرفی) ကြောင့် မစ္စ်ဂျစ်ဒ် အပြင် ထွက်မည်ဆိုလျှင် အဲအ်သေကာဖ် မဖျက်ချေ။

အက္က်လီ ၏လိုအပ်ချက်   - ဥပမာ - အပေါ့အလေး အတွက်

ရှရ်အီ ၏လိုအပ်ချက်      - ဥပမာ - ဂိုစ်လေဂျနာဗသ် အတွက်

အိုရ်ဖီ ၏ လိုအပ်ချက်     - ဥပမာ - ရောဂါသည်ကို ကြည့်ရန် အတွက် ၊   

                                      မယသ် လိုက်ပို့ရန် အတွက်

 

အဲအ်သေကာဖ် ထိုင်စဉ် ဟရာမ်  ဖြစ်ပါသည်။

၁- ကာမစက်ယှက်ခြင်း

၂- ကာမ ရသာတစ်ခုခု ခံစားခြင်း ၊ယုတ်စွ အရသာခံပြီး  ထိတွေ့ခြင်း သည် လည်း ဟရာမ် ဖြစ်ချေ၏။

၃- Masturbation (ခ) လက်ဖြင့် သုတ်ရည်ထွက်အောင် ပြုခြင်း

၄- ရေမွှေး သုံးခြင်း

၅ -အရောင်းအဝယ် ပြုခြင်း

အကယ်၍ စားဖို့သောက်ဖို့ မဝယ်မဖြစ်အခြေအနေတွင် ခွင့်ရှိပါသည်။

၆- စီးပွားရေးလုပ်ခြင်း

၇- အသာစီးရရန် နှင့် မိမိ (ပညာ) ပိုကြီးကြောင်းပြရန် ဆွေးနွေးခြင်း နှင့် အငြင်း အခုံ ပြုခြင်း

၈-တစ်ဦးတစ်ယောက်ကို အတင်းအဓမ္မ ထခိုင်းပြီး ကိုယ်တိုင် ထိုင်ခြင်း သည် ဟရာမ် ဖြစ်ပါသည်။ ထိုနည်းတူစွာ လုယူထား သည့်အိပ်ယာ ပေါ် တွင်  အိပ် ခြင်းသည်လည်း ဟရာမ်  ဖြစ်ပါသည်။

 

အီးဒ်အတွက် လနှင့် ပတ်သက်သည့် အမေးများ နှင့်အဖြေများ

 

ယနေ့ လမြတ်ရမ်တွာန်၏ ၂၉ ရက်နေ့ ဖြစ်ပါသည်။အချိန် အနည်းငယ် အတွင်း ဝါဖြေရတော့ပါမည်။လမြင်မည် ၊မမြင်မည် လည်း မသိပါ။

 

မနက်ဖန် လမြတ် ရမ်တွာန်နောက်ဆုံး ရက်ဖြစ်ပါသည်။ ကျွန်တော် တို့ အတွက် ရိုဇဟ် တစ်ရက် ထားရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။ (သို့) မနက်ဖန်အီးဒ် ဖြစ်မည်။

ဤရှုတ်ထွေးမှု ကိုဖြေရှင်းရန် ရှေ့ တွင် ကြိုးစားထားပါသည်။

ကျွန်တော် အနေဖြင့် H.I မောင်လာနာ ရှာဟစ်ဒ် ကာရှဖီ ဆပ် ကိုကျေး ဇူးတင်ပါသည်။ ၎င်းအနေဖြင့် စာအုပ်၏ ဤအပိုင်းကို တည်းဖြတ် ပြုပြင် ပေးခဲ့ပါသည်။

ဒါဝဒ်ဒါနီ

 

 

 

 

 

 

 

 

 

မေးခွန်း၁-ကျွန်တော် အနေဖြင့် လ နှင့် ပတ်သက်ပြီး သုတေသနပြု ဖို့ အ ရေးကြီးပါသလား?

ဖြေ - မကြီးပါ။

 

မေးခွန်၂-အကယ်၍ လမြင်တာ ကိုကျွန်တော် သိပြီးနောက် တခြား သူတွေ ကို သတင်းပေးရန် အရေးကြီး လိုအပ် ပါသလား?

အဖြေ - မလိုအပ်ပါ။

 

မေးခွန်း၃-ကျွန်တော်ကိုယ်တိုင် လကို မြင်တာပါ။ကျွန်တော် မနက်ဖန် အီးဒ် လုပ်ပိုင်ခွင့် ရှိပါသလား?

ဖြေ - ဟုတ်၊ရပါတယ်။လူကြီးမင်းအနေဖြင့် အီးဒ် မနက်ဖန် လုပ်ရန် အရေး ကြီးပါသည်။

 

မေးခွန်း၄ - အီးဒ် ပွဲတော် ကျင်းပရန် ဘာအရေးကြီးပါသလဲ?

ဖြေ - အရာနှစ်ခု လုပ်ဆောင်ထားဖို့ ဂရု ရှိပါ။

(က) အကယ်၍ ဖေသ်ရဟ် ဝါဂျစ်ဗ် ဆိုလျှင် ထုတ် လိုက်ပါ။

(ခ) အီးဒ် နေ့ တွင် ရိုဇဟ်ထား ခြင်းသည် ဟရာမ် ဖြစ်ပါသည်။

 

မေးခွန်း၅-အီးဒ်နမာဇ် ကကော် ဘယ်လိုဘာလဲ?

ဖြေ- ဂိုက်ဗသ် သေ အေမာမ်ဇမာန်း  တွင် ဝါဂျစ်ဗ် မဟုတ်ပါ။ မွတ်စ် သဟဗ် ဖြစ်ပါသည်။

 

မေးခွန်း၆-အဝတ်အသစ်ကော် …?

ဖြေ- ဝါဂျစ်ဗ် မဟုတ်ပါ။

 

မေးခွန်း၇-ကြာဆံ ၊မုန့်ဟင်းခါး ၊ ကျွေးတာကော် ….?  

ဖြေ -ဘယ်တစ်ခု မှ ဝါဂျစ်ဗ် မဟုတ်ပါ။

 

မေးခွန်း၈-ကိုယ်တိုင်မြင် ရသည့်အပြင် လမြင်တာကို သက်သေထူနိုင် သည့် အခြားနည်း လမ်းကော် ရှိပါလား?

ဖြေ-(က) အကယ် ၍ တစ်ဦး တစ်ယောက် တည်း ၏ ပြောဆိုမှု အပေါ်

            သံသယ မဖြစ်လျှင် လမြင်တာ ခိုင်လုံပါမည်။ 

       (ခ) အာဒေလ် ပုဂ္ဂိုလ် နှစ်ဦး  သက်သေ ထွက်ဆိုလျှင်လည်း  လမြင်

            တာ ခိုင်လုံပေမည်။

        (ဂ) သံသယ ကင်းသွားသည့် အထိ လူများလာ၍ လမြင်ကြောင်း    

          သက်သေထွက်ဆိုကြလျှင် လုံလောက်ပါသည်။

မေးခွန်း၉- သိပ္ပံနည်းအရ သုသေတနပြုချက်ဖြင့် လ မြင်ကြောင်း တင်ပြ လာလျှင် လက်ခံရမည်နည်း?

ဖြေ-အကယ်၍ သံသယမရှိ ဘူးဆိုလျှင် လက်ခံရပါမည်။

 

မေးခွန်း၁၀- ကျွန်တော်အတွက် လမြင်တာ ခိုင်လုံသွားပါပြီး ။ဒါပေမဲ့ ကျွန်တော် အမျိုးသမီး လက်မခံပါ။ ကျွန်တော်ဘာလုပ်ရမည်နည်း?

ဖြေ-အကယ်၍ လူကြီးမင်း၏ ဇနီး အမြင်တွင် လမြင်တာ မခိုင်လုံသေး လျှင် ၎င်းကို လမြင်ကြောင်းလက်ခံ လာရန် လုပ်ဖို့ မသင့်လျော်ချေ။

 

မေးခွန်း၁၁-ဒါဆိုဘာဖြစ်မည်နည်း? သူမရိုဇဟ်ထားမည် ၊ကျွန်တော် အီးဒ် လုပ်မည်?

ဖြေ-ဘာမှ ပြဿနာ မရှိပါ။

 

မေးခွန်း ၁၂- သူမ စယ်ရီ စားရင် ကျွန်တော်ကြည့်မည်။ သူမဝါဖြေချိန် ကျွန်တော်ကြည့်မည်?

ဖြေ-လူကြီးမင်း အတွက်ရိုဇဟ်ထားခြင်းဟရာမ် ဖြစ်ပါသည်။သူမ စယ်ရီ စားချိန် လူကြီးမင်းမနက်စာ (နီယသ်) စားပါ။သူမှ ဝါဖြေချိန် လူကြီးမင်း  ညစာ အဖြစ် (နီယသ်) နှင့်စားပါ။

 

မေးခွန်း၁၃- ကျွန်တော် တနေ့လုံးစားနေရင်လည်းသူမကြည့်နေရမှာလား?

ဖြေ-လူကြီးမင်း သူမနှင့် တစ်ထပ်တည်းဖြစ်ရန် တနေ့လုံးမစားဘဲနေပါ။ ဘယ်မွတ်ဂျ်သဟစ်ဒ် က အီးဒ်နေ့ စားဖို့ လိုတယ်လို့ မိန့်လို့လဲ?

 

မေးခွန်း၁၄-ကျွန်တော် ဒီနေ့ အီးဒ်လုပ်ပါသည်။မြို့တွင်းက အများစု မနက် ဖန် လုပ်ပါမည်။ကျွန်တော် မနက်ဖန် သွားပြီး ဂျမာအသ် နှင့်အတူ အီးဒ်နမာဇ် ဝတ်ပြုလို့ ရပါသလား ?

ဖြေ- ရေဂျာအေမတ်သွလူးဗီယသ် ( رجاء مطلوبیت) ဖြင့် ဖတ်ရပါမည်။

 

မေးခွန်း၁၅- ရေဂျာအေမတ်သွလူးဗီယသ် ( رجاء مطلوبیت) ဆိုတာ?

ဖြေ- ဤအလုပ်သည် အလ္လာဟ် ဟိုအရှင်မြတ် လိုလားသည့် လုပ်ရပ်ဟု မျှော်လင့်ခြင်း ကို ခေါ်ဆိုပါသည်။

 

မေးခွန်း၁၆- ကျန်သည့် celebrations နောက်နေ့ မှ လုပ်လို့ရပါသလား?

ဖြေ-ဥပမာ ?

 

မေးခွန်း၁၇-ဥပမာ လည်ပင်းချင်းထိ၍ ဖက်ခြင်း၊ မိုဘာရတ်က် ဟုပြောခြင်း စသည်ဖြင့် ဖြစ်ပါသည် ?

ဖြေ-ဤလုပ်ရပ်တွေကို ရှေ့ ဆက်ပြီးရက်များစွာ ပြုလုပ် လို့ရပါသည်။ မည် သည့်  ပိတ်ပင်မှုမျှ မရှိပါ။

 

မေးခွန်း၁၈- မြို့ကလူတွေ ဒီနေ့ အီးဒ် လုပ်နေကြပါသည်။ ကျွန်တော် အတွက် လမြင်တာ မခိုင်လုံသေး ပါဘူး၊ ကျွန်တော်ရိုဇဟ်နှင့်ပါ။အလွန်ထူး ဆန်းတဲ့ခံစားမှုကို ခံစားနေရပါသည်။ ဘာလုပ်ရမည်နည်း ?

ဖြေ-မနက်စောစော ကားပေါ်ထိုင်ပြီးအချိန်အနည်းငယ် အတွက် မြို့နှင့် ဝေးသည့် နေရာကိုထွက်သွားပါ ။ ရှရီအသ် အရ ခရီးသည် ခေါ် ဆို နိုင်သည့် နေရာအထိပေါ့ ။ ပြီးနောက် ရိုဇဟ် ပျက်လိုက်ပါ။ပြီးရင် ပြန်လှည့် လာပါ ။ ပြီးမှ ရိုဇဟ် ကဇွာ ထားပါ။

အနှစ်ချုပ်

အီးဒ် အတွက် လမြင်နိုင် မမြင်နိုင် ၏  ဖြစ်နိုင်သည့် အခြေအနေ သုံးရပ် -

 

(က) လမြင်ပြီး            

•မနက်ဖန်ရှောင်ဝလ်လ၏ပထမရက်

အီးဒ်လုပ်ရမည်

ရိုဇဟ်ထားခြင်းဟရာမ်

ဖေသ်ရဟ်ထုတ်ရမည်

(ခ) လမမြင်ပါ နှင့်

(ဂ) လမြင်၊ မမြင်မသိပါ          

•မနက်ဖန်ရမ်တွာန်လမြတ်၏၃၀ရက်

ရိုဇဟ်ထားရမည်

ဝါဂျစ်ဗ်ဖြစ်ပါသည်

အီးဒ်ကိုနောက်တစ်ရက်လုပ်မည်။

မေးခွန်း၁၉- ကျွန်တော် အနေဖြင့် လမြတ်ရမ်တွာန်၏ ၃၀မြောက်နေ့ထင် ပြီး ရိုဇဟ်ထားလိုက်ပါသည်။ နေ့၏တစ်ချိန်ချိန် လမြင်သည့် သတင်းရ လိုက် ပါသည်။ကျွန်တော်ဘာလုပ်ရမည်နည်း ?

ဖြေ-ရိုဇဟ်ကို ပျက်ပါ။ ဖေသ်ရဟ်ထုတ်ပါ။

Ref -  روزه ، اعتکاف ، رویت هلال ، فطره ( مطابق فتوای چهار مرجع )

نویسنده - حجت الاسلام  والمسلمین دکتر حاج  محمد رضا داؤدانی

****************************************************************

END / 251