အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ ဧပြီ ၂၀၂၃

၁၈:၂၁:၁၅
1357157

ဖေသ်ရဟ် အကြောင်း တစေ့ တစောင်းအား တိုတိုရှင်းရှင်း ၊ အမေး များ အဖြေ များပုံစံ နှင့် တင်ပြ ထားပါတယ်။ အသေအချာ လေ့လာ မှတ်သား ပြီး ကျင့်သုံး နိုင်ကြ ပါစေ ဟု လည်း ဒိုအာ ပြုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖေသ်ရဟ် အကြောင်း တစေ့ တစောင်းကို တိုတိုရှင်းရှင်း ၊ အမေးများ အဖြေ များပုံစံ ဖြင့် အောက်ပါ အတိုင်း ဖြစ်ပါတယ်။

 

ဖေသ်ရဟ်

 

 ဖေသ်ရဟ် ဇကားသ်၏ အမျိုးအစား တစ်ခု ဖြစ်ပါသည်။

 

 ဖေသ်ရဟ်သည် လမြတ်ရမ်တွာန်၏ ရိုဇဟ်များကို (အရှင်မြတ်) လက်ခံ တော်မူစေရန် အကြောင်းခံ နှင့် လာမည့် နှစ် အထိ ငြိမ်းချမ်းမှု နှင့်လုံခြုံ မှု ကို ဖြစ်စေပါသည်။ ( မဖါသီးဟိုလ်ဂျေနန် ကျမ်း )

 

ရှေ့တွင် မိုအ်မေနီ အနေဖြင့် မိမိတို့ တာဝန်များကို လွယ်ကူစွာ ထမ်း ဆောင်နိုင် ရန်ဖေသ်ရဟ်နှင့်ပတ်သက်သည့် စည်းမျည်းများကို အကျည်း ချုပ် ဖော်ပြထားပါသည်။ အကျယ်တဝင့် အတွက် ဖေက်ဟ် စာအုပ် များ(အေမာမ် မီယာ ဥပဒေ စာအုပ်များ ) ကိုလေ့လာစေလိုပါသည်။

 

H.I မောင်လာနာ အလီနာစေရ် မဲဟ်ဒီ ဆပ် အနေဖြင့် စာအုပ်၏ ဤ အပိုင်းကို တည်းဖြတ် ပြုပြင်ပေးခဲ့ပါသည်။ ကျွန်တော် ၎င်း ကိုကျေးဇူးတင် ပါသည်။

 

ဒါဝဒ်ဒါနီ

 

မေးခွန်း၁-ဖေသ်ရဟ် ဘယ်သူထုတ်ရမည်နည်း ?

အဖြေ -ထုတ်မည့်သူသည် အောက်ဖော်ပြပါ အချက်တွေ ရှိနေ ရမည်။

(၁)အရွယ် ရောက်လူလားမြောက်ပြီးသူ(မဟုတ်လျှင် ဖေသ်ရဟ် ထုတ်ရန် မလို။) (ရှရီအသ်အရလူလားမြောက်သူ၊ယေဘုယျအားဖြင့် မိန်းကလေး ၈နှစ်(သို့)၉နှစ် ယောက်ကျားလေး ၁၅နှစ်)

နှင့်

(၂) ကောင်းမွန်သည့်သူ ( ရူးနေသူအပေါ်ဖေသ်ရဟ် ထုတ်ရန် မလို။)

နှင့်

(၃)မရှိဆင်းရဲသားမဖြစ်ရ(မရှိဆင်းရဲသူအပေါ် ဖေသ်ရဟ် ထုတ်ရန် မလို။)

 

မှတ်ရန် - မရှိဆင်းရဲသားဆိုသည်မှာ မိမိ၏ လူနေမှု အဆင့်အတန်းအရ သုံးငွေ များနေပြီးဝင်ငွေ နည်းနေသူကိုခေါ်ပါသည်။   

 

(၄) သတိရှိသူ ဖြစ်ရမည် (သတိလစ်နေသူဖေသ်ရဟ် ထုတ်ရန် မလို။)

 

(၅) ကျေးကျွန်မဖြစ်ရချေ (လွတ်လပ်သူ ဖြစ်ရမည်။)

 

မေးခွန်း၂- ဖေသ်ရဟ် မည်သူတွေ အတွက် ထုတ်ရမည်နည်း?

ဖြေ-မည်သူမဆို မိမိ ၊မိမိ၏အိမ်သူအိမ်သား (ဆိုလိုသည်မှာ၎င်းထံတွင် ထမင်းစားသူလည်းပါဝင်ပေသည်။) ၎င်းတို့အတွက် ဖေသ်ရဟ်ထုတ် ပေး ရပါမည်။  ယုတ်စွ ၎င်းတို့သည် အရွယ်ရောက် သည်ဖြစ်စေ ၊မရောက် သည် ဖြစ်စေ။

 

မေးခွန်းဆက်(က)-အကယ်၍ ဇိုက်သည်ဟစန်အိမ်တွင်ထမင်းစား သူ များ  စာရင်းတွင် ပါဝင်နေပါသည်။ဇိုက်ကိုယ်တိုင် မိမိဖေသ်ရဟ်ထုတ် ဖို့ဝါဂျစ်ဗ် ဖြစ်ပါသလား?

ဖြေ- မဟုတ်ပါ။

မေးခွန်း(ခ) ဇိုက်အား ဟစန် အိမ် ထမင်းစားသူများစာရင်းတွင် ပါ၊ မပါ မည်ကဲ့ သို့ သိ နိုင်ပါသနည်း?

ဖြေ-ပတ်ဝန်းကျင်မှ ဆုံးဖြတ်ပါလိမ့်မည်။ အကယ်၍ ပတ်ဝန်းကျင် အနေ ဖြင့် ဇိုက်အားဟစန် အိမ် ထမင်းစားသူများစာရင်းတွင် ပါဝင်ကြောင်း အသိ အမှတ်ပြုလျှင်ဇိုက်၏ဖေသ်ရဟ် ဟစန် ကို ထုတ်ပေးရန်ဝါဂျစ်ဗ်ဖြစ် ပါမည်။ ဤကဲ့သို့ မဟုတ်လျှင် ဝါဂျစ်ဗ် မဟုတ်ပါ။

 

မေးခွန်း(ဂ)ကျွန်တော် ဖေသ်ရဟ် ထုတ်ဖို့ ကျွန်တော် အဖေအပေါ် ဝါဂျစ်ဗ်  ဖြစ်ပါသည်။ သို့သော် မထုတ်ပေးပါဘူး။ ဤအခြေအနေ တွင် ကိုယ့်  ဖေသ်ရဟ် ကိုယ်ထုတ်ဖို့ ဝါဂျစ်ဗ် ဖြစ်ပါသလား ?

ဖြေ။ ။ မဟုတ်ပါ။

 

မေးခွန်း ၃- ဖေသ်ရဟ် မည်မျှ ထုတ်ရမည်နည်း ?

 

ဖြေ-     ၃ကီလိုဂရမ် ဂျုံ                             ၃ကီလိုဂရမ် ဆန်

             သို့မဟုတ်                 (သို့)             သို့မဟုတ်

           ၎င်း၏တန်ဖိုး                                ၎င်း၏တန်ဖိုး     

 

 

၁ကီလိုဂရမ်တွင် ၆၂.၈၅ကျပ်သားရှိပါသည်။ (သာသာပြန်ဆိုသူ)

 

မှတ်စု : (က) တန်ဖိုးကို ထုတ်ချိန်တွင် ဂျုံ၏တန်ဖိုးကို ထုတ်နေတာလား ၊ 

                 ဆန်၏တန်ဖိုးလားဆိုတာ  သိဖို့လိုပါသည်။

           (ခ)  သိထားရမည် အချက်မှာ ဂျုံ နှင်ဆန် အပြင် အခြား ပစ္စည်း

              လည်းထုတ်နိုင်ပါသည်။သို့သော်၎င်း၏အကျယ်သည်ကျမ်း   

                  ကြီးများတွင်လာရှိပါသည်။

 

မေးခွန်း၄- ဖေသ်ရဟ်ထုတ်ပြီး ဘယ်သူကိုပေးရမည်နည်း?

ဖြေ- အောက်ပါအချက်များရှိသည့် ရှီအာ အစ္စ်နာအရှရီ ကိုပေးရမည်။

(၁) မရှိဆင်းရဲသား ဖြစ်ရမည်။ (မရှိဆင်းရဲသားဆိုတာ မေးခွန်း အမှတ်၁ ၏ အဖြေတွင်ပေါ်ပြပြီးပါပြီ။)

ပြီးနောက်

 

(၂) အရက်သေစာ သောက်စားသူ မဖြစ်စေရ။

ပြီးနောက်

 

(၃) နမာဇ် ဝတ်မပြုသူ မဖြစ်စေရ ။

ပြီးနောက်

 

(၄) လူသိရှင်ကြား ဂိုနာ လုပ်သူ မဖြစ်ရ။ (ဥပမာ မုတ်ဆိတ်ရိတ်သူ (သို့) ဟေဂျာဗ် မရှိသူ)

ပြီးနောက်

 

(၅) ဖေသ်ရဟ်ကို ဂိုနာ အလုပ်များတွင် အသုံးပြုသူမဖြစ်စေရ။

 

မှတ်ချက် :(က) ဤကဲ့သို့သော်ပုဂ္ဂိုလ်အား ဖေသ်ရဟ်ပေးခြင်းဖြင့် တာဝန်

                    အပြည့် ခေါင်းပေါ်လာရှိပေသည်။

              (ခ) ဆယက်ဒ် မဟုတ်သူ၏ ဖေသ်ရဟ် ဆယက်ဒ်ကို ပေး၍

               မရချေ။

 

မေးခွန်း ၅(က) -ဖေသ်ရဟ် ဘယ်အချိန် ထုတ်ရပါသနည်း ?

ဖြေ- မနက်ဖန်အီးဒ်ဆိုလျှင် ဒီနေ့ ညနေဝင်ပြီးနောက်ပိုင်း

 

မေးခွန်း၅ (ခ)- ဘယ်အချိန် အထိ ထုတ်ခွင့်ရှိပါသနည်း ?

ဖြေ- • အကယ်၍အီးဒ်နမာဇ် ဝတ်ပြုမည်ဆိုလျှင် နမာဇ်ဝတ်မပြုခင်အလျင်

      • မဟုတ်လျင် ဇဟိုရ်အချိန် မတိုင်မီအလျင်

မေးခွန်းဆက်-ကျွန်တော်အမြင်မှာဖော်ပြပါအချက်များနှင့်ပြည့်စုံ နေ သည့် မရှိဆင်းရဲသား တစ်ယောက်ကို မြင်ထားပါသည်။ကျွန်တော်အနေဖြင့် ၎င်း ကို မနက်ဖန်အီးဒ်ဆိုလျှင်ယနေ့ည မတိုင်ခင် (သို့) ယုတ်စွ လမြတ် ရမ်တွာန် မတိုင်ခင် ကော်ပေးပိုင်ခွင့် ရှိပါသလား?

ဖြေ-လူကြီးမင်းအနေဖြင့် ၎င်းအားအကြွေး အဖြစ်ပေးထားပါ။ နောက်မှ မနက်ဖန် အီးဒ် ဖြစ်မည်ဆိုလျှင် ဒီည ကို ၎င်းကိုပေးထားသည့် အကြွေးကို ဖေသ်ရဟ် နှင့် မှန်အောင်ပြုလိုက်ပါ။ အကြွေး မှ ဖေသ်ရဟ် ထုတ်ပါ သည် ဟု နီယီသ် ပြုရပါမည်။

 

မေးခွန်း ၆-ဖေသ်ရဟ်ထုတ်ရန်အတွက် နီယသ်ပြုရန်အရေးကြီးပါသလား?

ဖြေ-ဟုတ်ကဲ့အရေးကြီးပါသည်။ ဖေသ်ရဟ် ထုတ်ခြင်းသည် အေဗါဒသ် ဖြစ်ပါသည်။ဤအတွက်ကြောင့် နီယသ်အရေးကြီး ပါသည်။သတိပြုရမည့် အချက်မှာ နီယသ် နှလုံး၏ ရည်ရွယ်ချက် (ခ) အဓိဋ္ဌာန် ၏ အမည်ဖြစ် ပါ သည်။ နှုတ်ဖြင့် နီယသ်ပြု ကြောင်း ပြောဆိုရန် အရေး မကြီးချေ။ ကျွန်တော် ဤအလုပ်ကို အလ္လာဟ် ဟိုအရှင်မြတ် သခင်  အမိန့်ကို နာခံရန်အတွက် ပြုလုပ်နေပါသည်ဆိုသည့် ရည်ရွယ်ချက် (ခ) အဓိဋ္ဌာန် သာလျင် ရှိဖို့လိုပါသည်။ ဤသည်နီယသ်ဖြစ်ပြီး လုံလောက်ပါသည်။ 

 

မေးခွန်း ၇ - ဖေသ်ရဟ် ပေးချိန်ဖသ်ရဟ်ဖြစ်ကြောင်း ပြောပြဖို့ အရေး ကြီး ပါသလား?   

ဖြေ-မလိုပါ။ အကယ်၍ ဖေသ်ရဟ်ယူသူအတွက် ၎င်း၏ သိက္ခာ နှင့်အရှက် အတွက် ထိခိုက်စေမည်ဆိုလျှင် မပြောတာ ပိုကောင်းပေသည်။

 

Ref -  روزه ، اعتکاف ، رویت هلال ، فطره ( مطابق فتوای چهار مرجع )

نویسنده - حجت الاسلام  والمسلمین دکتر حاج  محمد رضا داؤدانی

****************************************************************

END / 251