အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၈ မေ ၂၀၂၃

၂၀:၂၅:၁၃
1363878

ဆော်ဒီ ရှီအဟ် ဆယ်ကျော်သက် လူငယ် တစ်ဦး အား ထောင်ဒဏ် အနှစ် ၇၀ ချမှတ်ပြီး နိုင်ငံအပြင် မထွက်ရ အမိန့် ချမှတ်

ဆော်ဒီ အစိုးရ မှ ရှီအဟ် ဆယ်ကျော်သက် လူငယ် တစ်ဦး အားကလေးသူငယ် ဥပဒေ ချိုးဖောက်မှု ကြောင့် ထောင်ဒဏ် ၃၅ နှစ် နိုင်ငံအပြင် မထွက်ရန် ၃၅ နှစ် ပေါင်း နှစ် ၇၀ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယာစင်းန်  နှင့်ပတ်သက်ပြီး ချခဲ့သည့် ပြစ်ဒဏ် စီရင်ချက် သည် လူငယ် ဆိုင်ရာ ဥပ‌ဒေ ပုဒ်မ ၁၅ အား  ရှင်းရှင်း လင်းလင်း ချိုးဖောက်နေပါတယ်။ အကယ်၍ ပြစ်မှုကြောင့် သေဒဏ် ချထားလျင် သူအား အိမ်မှ အပြင်မထွက် ရန် အများဆုံး ၁၀ နှစ်သာအကျယ်ချုပ် ၊ ချုပ်လို့ ရပါတယ်။ အသက်အမပြည့် သူများ အတွက် အများဆုံး ၁၀ နှစ်သာပြစ်ဒဏ် ဖြစ်ပါတယ်။ ဤ အမိန့်  ကိုကြည့် ခြင်း ဖြင့် ဆော်ဒီ  ဘက်မှ ပြုထားသည့် ကတိကဝတ် များ  နှင့် တရားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို ယုံကြည်၍ မရချေ။ အကြောင်းမှာ ဤချို့ ယွင်းချက်များ သည် လူ့အခွင့် အရေး ကာကွယ် မှု အကောင်အထည် ဖော်မှူကို ကန့်သတ်ခြင်း သို့မဟုတ် ဟန့် တား ခြင်း ကို ပြုနေသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

စဂျာဒ် အာလေ ယာစင်းန် သည် အောက်တိုဘာလ ၂၆ ရက်နေ့ ၁၉၉၇ ခုနှစ် တွင် မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူသည် ၂၀၁၇  ခုနှစ်သြဂုတ်လ ရောက်သည့်အခါ အသက်  ၁၉ နှစ်နှင့် ၁၀ လ အရွယ် တွင် အဖမ်းခံခဲ့ရပါတယ်။

ယာစင်းန် သည် အကျဉ်းထောင်တွင် အထီးကျန်အကျဉ်းချထားခြင်းခံရပြီး လအတော်ကြာ စစ်ဆေး မေးမြန်းခံခဲ့ ရပြီး နှိပ်စက်ညှဉ်းပန်းကာ စစ်ဆေး မေးမြန်းသူမှ ညွှန်ကြားသည့် ဝန်ခံချက်ကို လက်မှတ် ရေးထိုးခိုင်းခဲ့သည်။

ယာစင်းန် အဖမ်းခံရပြီး တစ်နှစ်အကြာ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အထူးပြု ရာဇ၀တ်တရားရုံးတွင် လူ ၆ ဦးဖြင့် ၎င်း၏ရုံးချိန်းကို စတင်ခဲ့သည်။ အစိုးရကို တော်လှန်ပုန်ကန်ရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် အဖွဲ့အစည်းဝင်တစ်ဦးဖြစ်ခြင်း၊ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း၊ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ခြင်းနှင့် တာယာများ မီးရှို့ခြင်းတို့ အပါအဝင် စွဲချက်များစွာဖြင့် အစိုး ရရှေ့နေရုံးက စွပ်စွဲခဲ့ပါတယ်၊  လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည်ဟု ဆိုပါတယ်။ ယာစင်းန် ကို စွဲထားသည့် စွဲချက်အဖြစ်အပျက်တစ်ခုကတော့ သူကို မဖမ်းမည် ၄ နှစ်အလျင် ကသူအသက် ၁၆ နှစ် အရွယ်ခန့် ဖြစ်ပါသည်။ သူအားမတရားဝင်ခံခိုင်းချက် နှင့် အခြား အကျဉ်းသားများ  ဝန်ခံ ချက်များ ကို အခြေ ခံရ၍ အစိုးရ ရှေ့နေ များက ၎င်းကို  သေဒဏ်ပေး ကွပ်မျက် ရန် တောင်းဆိုခဲ့ပါတယ်။

****************************************************************

END / 251