အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၉ မေ ၂၀၂၃

၂၂:၁၇:၄၀
1364268

ဂျေဟာဒ် နှင့်ပတ်သက်ပြီး H.I ဆယက်ဒ် မဲဟ်ဒီမိုဟမ္မဒီ ၏ ဟောကြား တင်ပြချက် အချို့

ဂျေဟာဒ် နှင့်ပတ်သက်ပြီး ကွမ်းမြို့၏ ကျောင်းအုပ်ဆရာများ ၊ အတန်းကြီးများ ၏ဆရာများ မှ တစ်ပါးဖြစ်သည့် H.I ဆယက်ဒ် မဲဟ်ဒီမိုဟမ္မဒီ ၏ ဟောကြား တင်ပြချက် အချို့ ကို တင်ပြလိုက် ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျေဟာဒ်  ၏ အခြေခံ ရေသောက်မြစ် လေး ခု ရှိပါတယ်။

ဂျေဟာဒ် မည်သူတွေအပေါ် ဝါဂျစ်ဗ် မပြု မနေရ ဖြစ်ပါသလဲ ?

ဂျေဟာဒ် ဟာ မိုကာလက်ဖ် ဖြစ်သူတိုင်း  (ရှရီအသ်အရ အရွယ်ယောက်ပြီးသူတိုင်း) ၊ ကျွန်မဟုတ်သူ၊  အမျိုးသား နှင် အဖိုးကြီး မဖြစ်သေးသူအတွက် ဝဂျစ်ဗ် ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကလေး ၊ ရူးသွပ်နေသူ ၊ အမျိုးသမီး ၊ အဖိုးကြီး နှင့် ကျွန် အတွက် ဝါဂျစ်ဗ် မဟုတ်ချေ။

အကျယ်ရှင်းလင်းဆွေး‌နွေးချက်များ လာရှိပါသည်။

 ပထမ ဆွေး‌နွေးချက် - ဂျေဟာဒ် ၏ အဓိပ္ပာဟ်

မစ်ဘာဟ် ဆိုသည့် အဘိဓာန် တွင် ဂျေဟာဒ် ၏ အဓိပ္ပာဟ် ကို ဖော်ပြထားသည်မှာ ’’جُھْد‘‘ ဂျိုဟ်ဒ် ဆိုသည့် စကားလုံး မှ ဆင်းသက်လာပြီး အဓိပ္ပာယ် မှာ ရည်မှန်းရည်ရွယ်ထားသည့် လမ်း အတွက် အင်အား ၊ခွန်အားသုံး၍ ကြိုးပမ်းအားထုတ် ခြင်း ဖြစ်ပါသည်။

အချိုပညာရှင်များ အနေဖြင့် ’’جَھْد‘‘ ဂျဟ်ဒ် ဆိုသည့် စကားလုံး မှ ဆင်းသက်လာပြီး အဓိပ္ပာယ် မှာ ပင်ပန်းနွမ်းနယ်ခြင်း ၊ ခက်ခဲခြင်း ဟုဆိုထားကြပါသည်။

ဂျဝါဟေရ် ကျမ်းရှင်ကတော့ အထက်ဖော်ပြပါ အဓိပွာဟ် နှစ်မျိုး စလုံး ဖြစ်နိုင်သည်ဟုဆိုထားပါသည်။ ကေသာဗိုလ်ဂျေဟာဒ်  ဒေ ရှရ်ဟို ကေသာဘေလ်ဂျေဟာဒ် မင်န် ရှရာအေအေလ်အစ္စလာမ် ကျမ်းရှင် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟ်စင်ခေရာဇီး အနေဖြင့်  ဒုတိယအဓိပ္ပာဟ် ဟာ ဒုတိယ အဓိပ္ပာယ် အတွက် လိုအပ် ကြောင်း ၊ အကြောင်း မှာ အင်အားခွန်အားသုံး ခြင်းသည် ပင်ပန်းမှုမရှိဘဲ မအောင်မြင်နိုင်သောကြောင့် ဖြစ်ပါသည်။

ဂျေဟာဒ် ၏  ဘာသာရပ်ဆိုင်ရာ ပညာရပ်ဆိုင်ရာ အဓိပ္ပာယ်ပြန်ဆိုချက်မှာ ကလေမဟ် နှင့် အစ္စလာမ် သာသနာ ၏ ဂုဏ်သိက္ခာ မြင့်မားရေး အီမာန် ၏ လက္ခဏာများ အမှတ်အသားများ ကို တည်ဆောက် ရန် ကာဖေရ်များ နှင့်တိုက်ပွဲ တိုက်ရင်း မိမိ အသက်ကို စတေးခြင်း ဖြစ်ပါသည်။ စသည်ဖြင့် ...

ဤအဓိပ္ပာယ် အရ ဂျေဟာဒ်   နှစ်မျိုးနှစ်စား ရှိပါသည်။

(၁) ဂျေဟာဒ် အစ်ဗ်သေဒါအီ  (တိုက်စစ်)

(၂) ဂျေဟာဒ် ဒေဖါအီ (ခံစစ်) တို ဖြစ်ပါသည်။

ကိုယ်တော်မြတ် (ဆွ) ကာဖေရ်များ နှင့်  ဖြစ်ခဲ့သည့် တိုက်ပွဲ အများစု မှာ ဂျေဟာဒ် ဒေဖါအီ (ခံစစ်) ဖြစ်ပါသည်။

ဂျေဟာဒ် ဒေဖါအီ (ခံစစ်)  ဆိုတာကတော့ မိမိ(မွတ်စလင်မ်)များအပေါ် တိုက်လာမည်ဆိုလျင် ခုခံ ရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါတယ်။ အေမာမ် မအ်စူမ် (အ.စ) ၏ ခွင့်ပြုချက်မလိုပါ။

ဂျေဟာဒ် အစ်ဗ်သေဒါအီ  (တိုက်စစ်) နှင့်ပတ်သက်ပြီး အိုလမာ အကြား သဘောထား အကွဲအလွဲ သုံးမျိုးရှိပါတယ်။

ပထမ အမျိုးကတော့ အေမာမ် မအ်စူမ် (အ.စ) ၏ ခွင့်ပြုချက် လိုပါတယ်။

ဒုတိယအမျိုးကတော့ အေမာမ် အာဒေလ် လိုဆိုထားသည့် အတွက် အေမာမ် မအ်စူမ် (အ.စ) အပြင် နိုက်ဘေ အေမာမ် များ လည်းပါဝင်သည်ဟု ဆိုထားပါတယ်။

တတိယ အမျိုးကတော့ အလ္လာဟ့် ၏ အမိန့်ကို လိုက်နာ ဆောက်ရွက်မည့် မိုအ်မင်  ဦးဆောင်လျင် ရပါတယ်ဟု ဆိုပါတယ်။

****************************************************************

END / 251