အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၃ မေ ၂၀၂၃

၀၃:၂၁:၀၃
1367875

အာလေ့ ခလီဖာ အစိုးရ မှ အေမာမ်ဆွာဒစ်က် (အ.စ) ဂျအ်မေ့ ဗလီဝတ်ကျောင်း၏ သောကြာနာမဇ် ရှေ့ဆောင်ဆရာ H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး အား ဆင့်ခေါ်

ဘာရိန်း နိုင်ငံ ၏ အကျော်အေမာ် ရှီအဟ် အာလင်မ် ၊ အေမာမ်ဆွာဒစ်က် (အ.စ) ဂျအ်မေ့ ဗလီ ဗလီဝတ်ကျောင်း၏ သောကြာနာမဇ် ရှေ့ဆောင်ဆရာ H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး အား အာလေ့ ခလီဖာ အစိုးရ မှ ဆင့်ခေါ် ခဲ့ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘာရိန်း နိုင်ငံ ၏ အာလေ့ ခလီဖာ အစိုးရ ၏ လုံခြုံရေး ဌာန မှ နိုင်ငံ၏ မြို့တော် မနားမာ မြို့၏ အနောက်ဘက် ရှိ ဒရာဇ် ဒေသတွင် အကျော်အေမာ် ရှီအဟ် အာလင်မ် ၊ ဂျအ်မေ့ ဗလီ ဝတ်ကျောင်းတော် အေမာမ်ဆွာဒစ်က် (အ.စ) ဗလီဝတ်ကျောင်း၏ သောကြာနာမဇ် ရှေ့ဆောင်ဆရာ H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး အား  မေလ ၂၂ရက်နေ့က ဆင့်ခေါ် ပြီး စစ်ဆေးမေမြန်းခဲ့ပါတယ်။

အာလေ့ ခလီဖာ အစိုးရ တပ်ဖွဲ့ဝင် အများအပြားသည် H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး ၏ အိမ်ကို ဝိုင်းရံထားပြီး စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်စာ ပေးပို့ခဲ့ကြောင်း ဂျမအီယသ်သိုလ်ဝဖါ ၎င်း၏ တွစ်တာ အကောင့်တွင် ဖော်ပြထားပါတယ်။

လုံခြုံရေးအာဏာပိုင်များမှ H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး ကို ခေါ်ယူခြင်းအား ဘာရိန်း နိုင်ငံသားများက ရှုတ်ချပြီး တွစ်တာတွင် #Stop_Sectarian_Harassment ဟူသော hashtag ကို ဖန်တီးခဲ့ပြီး၊ ဤဆင့်ခေါ်မှုသည် ဂိုဏ်းဂဏ ပြသနာ ကို ဦးတည်နေကြောင်း သိရှိရပါတယ်။

အလ်ဝဖါက် သတင်းဌာန ၏ တာဝန်ခံ လူကြီး ဆယက်ဒ် သွာဟေရ် အလ်မူစဝီ မှ H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး အားဆင့်ခေါ်ရသည့် ကိစ္စ နှင့်ပတ်သက်ပြီး အစိုးရ အနေဖြင့် ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး ၏ မျှတပြီး မျိုးချစ် စိတ် ရှိသည် တရားဟောကြားမှုများ ကို မခံနိုင်သည့် အတွက်  ကြောင့် ဖြစ်ကြောင်း အာလေ့ခလီဖာ အစိုးရ အနေဖြင့် H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး ကဲ့သို့ တရားများကို တစ်ဦး တစ်ယောက် ဘက်မှ ဖြစ်စေ အဖွဲ့ အစည်း တစ်ခုခု ဘက်မှ ဖြစ်စေ ဟောကြားလာမည်ဆိုလျင် ထိုသူ နှင့် အဖွဲ့ အား အရေးယူကြမည် ဖြစ် ကြောင်း ကို ပြောကြားခဲ့ပါတယ်။

H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး အနေဖြင့် မေလ ၁၉ ရက်နေ့ သောကြာနမာဇ်ခွသ်ဗဟ် တွင် ဘာရိန်း ရှိ သက်ဆိုင်ရာ ပါတီများ ၏ နိုင်ငံရေး အကျဥ်းသားများ ကို လွတ်ပေးရန် ၎င်းတို့၏ ဖိုင့်များ ကို ပိတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

ဆက်လက်ပြီး H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး မှ စော်ကား နှိပ်စက်ခြင်း ခံခဲ့ရသော အကျဉ်းသားများ၏ မိသားစုများ ၏ အခြေအနေကို အာမခံရန် အချို့မှာ အထီးကျန် အကျဉ်းချထားခြင်းမှာ အကျဥ်းသားများ နှင့် အတူထားပေးရန် ကျန်းမာရေး စောင့်ရှောက်မှု များ မရှိသည့်အတွက် ပြုပေးရန် အာလေ့ ခလီဖာ အစိုးရ ထံ တောင်းခံခဲ့ပါတယ်။

ပြီးနောက်  နိုင်ငံရေး အကျဥ်းသားများ ဖိုင့်များ ကို ပိတ်ပေးခြင်းဖြင့် နိုင်ငံ အတွင်း အကောင်းမြင်မှု သည် ကျယ်ပြန့်လာပြီး တင်းမာမှုများကို ဖယ်ရှားပေးသွားမည် ဖြစ်ကြောင်း  H.I ရှိက်ခ် မိုဟမ္မဒ် ဆန်နကူး မှ တိုက်တွန်း အလေးပေး ဟောကြားခဲ့ ပါတယ်။

****************************************************************
END / 251