အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၃ မေ ၂၀၂၃

၂၁:၅၆:၅၅
1368239

အင်ဒိုနီးရှား နိုင်ငံ ၏ မာဒီကာနန်းတော် တွင်အီရန် သမ္မတအားလှိုက်လှိုက်လှဲလှဲ ကြိုဆို ဂုဏ်ပြု

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ အား သမ္မတ အိမ်တော်တွင် တရား ဝင် လှိုက်လှိုက် လှဲလှဲ ဧည့်ခံ ကြိုဆိုခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ အင်ဒိုနီးရှားသမ္မတ  ဂျိုကို ဝီဒိုဒို  သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ အား အင်ဒိုနီးရှား နိုင်ငံ ၏ မာဒီကာ နန်းတော် ရှိ သမ္မတ အိမ်တော်တွင် တရားဝင် လှိုက်လှိုက် လှဲလှဲ ဧည့်ခံ ကြိုဆိုခဲ့ပါတယ်။

ဤခရီးစဥ် တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ နှင့် အတူ စီးပွားရေး နှင့် နိုင်ငံရေးဆိုင် ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့များ လည်း ပါ ဝင်ကြပါ တယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် အင်ဒိုနီးရှားသမ္မတ အိမ်တော် သို့ဝင်ရောက်သည့်အခါ  အမြောက်၂၁ လက် ဖြင့်  အမြောက် သံဖောက် ၍ အလေးပြု ခဲ့ပါတယ်။

ပြီးနောက် နှစ်နိုင်ငံ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှု သင်္ကေတအဖြစ် အင်ဒိုနီးရှား သမ္မတအိမ်တော် ၌ သစ်ပင်ပန်းပင်များကို စိုက်ပျိုးခဲ့ ကြပါတယ်။

ကြိုဆိုမှု ပြီးပြီးချင်းမှာပဲ နှစ်နိုင်ငံ သမ္မတတွေကြား အထူးစကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။  အစီရင်ခံစာအရ အင်ဒိုနီးရှားနှင့် အီရန်နိုင်ငံတို့အကြား အပြန်အလှန် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်ရန် နှစ်နိုင်ငံ ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံပွဲအပြီးတွင် အီရန် နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရေးကြီး စာရွက် စာတမ်းများကို နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေး
ထိုးကြမည်ဖြစ်ပါတယ်။

****************************************************************
END / 251