အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၉ ဇွန် ၂၀၂၃

၂၁:၀၆:၀၇
1371908

ရေဇာ(ဘွဲ့) တော်အကြောင်း တစေ့တစောင်း

ရေဇာ ဘွဲ့တော် အကြောင်းကို မြန်မာမွတ်စလင်များ အထောက်အထား များ နှင့် တကွ တစေ့ တစောင်း ဖြစ်ဖြစ် နားလည်း နိုင်ရန် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေမာမ်ရေဇာ (အ.စ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာအချိန်အခါတွင် ရေဇာဆိုသည့် ဘွဲ့တော် အကြောင်း ကိုတင်ပြလိုက်ပါတယ်။ ရေဇာ ဆိုသည့် ဘွဲ့  သည် အေမာမ် အလီဘင်န် မူစာအရ်ရေဇာ (အ.စ) ၏ အကျော်ကြားဆုံး ဘွဲ့တော်တစ်ခု ဖြစ်ပါတယ်။ အဓိပ္ပာယ် မှာ အလ္လာဟ် ဟို အရှင်မြတ် နှစ်မြို့ သူ၊ချစ်သူဆိုပြီး ဖြစ်ပါတယ်။

အိုယွန်းနိုအက်ခ်ဗါရ် ရိုရ်ရေဇာ ကျမ်းမှ ဆင့်ပြန်ချက်  တစ်ခု လာရှိ ပါတယ်။  အလ္လာဟ်ဟို အရှင်မြတ်သည် ရှီအဟ်များ၏ရှစ်ပါးမြောက် အေမာမ် အား ရေဇာ ဘွဲ့ ချီးမြှင့် ပေးသနားတော် မူပါတယ်။  ဤရီဝါယသ်တော် တွင်လာရှိတာကတော့ အဟ်မဒ်ဘင်န်  အဘီနစ်ရ် ဘဇန်သွီ မှ အေမာမ် ဂျဝါဒ် (အ.စ) ထံ မေးမြန်းပါတယ်။  အေမာမ် ကို ဆန့်ကျင်သူများ လက်မခံသူများ အတိုက်အခံပြုသူများမှ အချို့  သည် မာမွန် မှ အေမာမ် ၏ ဖခမည်းတော် အား ရေဇာ ဟုဘွဲ့ပေးရ သည်မှာ မာမွန်၏ အိမ်ရှေ့ မင်းသား ရာထူးကို နှစ်မြို့သဘောတူသည့် အတွက်ကြောင့် ဖြစ်သည်ပြောကြပါသည်။ ဟုတ်ပါသလား? အေမာမ် (အ.စ) မှ အဖြေပေးမိန့်ကြားလေ၏။ အလ္လာဟ်ဟို အရှင်မြတ်အား ကျိန်ဆိုပြီးပြောဆိုပါတယ်။ ၎င်း(မာမွန်) သည်လိမ်ညာ ပြောဆိုခြင်း ဖြစ်ပါတယ်။ မကောင်းမှုတစ်ခု ကိုကျူးလွန်ခြင်း ဖြစ်ပါတယ်။ အကြောင်းမှာ ဤဘွဲ့ တော် အား အလ္လာဟ် ဟို အရှင်မြတ်  မှ မိမိ၏ ဖခမည်းတော်အားချီးမြှင့် ပေးသနား တော်မူ ခြင်းဖြစ်ပါသည်။ အကြောင်း မှာ ကောင်းကင်ဘုံ တွင် အလ္လာဟ် ဟိုအရှင်မြတ် မှ ဖခမည်း တော် အား နှစ်သက် နှစ်မြို့ တော်သည် အတွက်ကြောင့် ဖြစ်ပါတယ် ။ မြေပထဝီ တွင်မဟာတမန်တော် မြတ် (ဆွ) နှင့် အခြား အေမာမ် များ (အ.စ) အေမာမ်(ရေဇာ (အ.စ) ) အားနှစ်သက် နှစ်မြို့သည့် အတွက်ကြောင့် ဖြစ်ပါ‌တယ်။ ရှေ့ဆက်ပြီး ရီဝါဘသ်တော် လာရှိသည်မှာ ဘဇန်သွီ မှ အေမာမ် ဂျဝါဒ် (အ.စ) ထံ (ထပ်၍) မေးမြန်းလျှောက်ထားပါတယ်။ အေမာမ်၏ ဘိုးဘေးများ (အေမာမ်များ (အ.စ) )  အားလုံးသည် လည်း ကိုယ်တော်မြတ် (ဆွ)  နှင့် အေမာမ် ၁၂ပါး (အ.စ) မနှစ်သက် မနှစ်မြို့၍ ပါသနည်း? မည်ကဲ့သို့ အေမာမ်များ (အ.စ) အေမာမ် ၏ ဖခင် သည် ရေဇာဆိုသည့် ဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပါသနည်း? အေမာမ် (အ.စ)  အဖြေပေး မိန့်တော် မူပါတယ်။ ကျွန်ုပ်၏ ဖခမည်းတော်သည် ချစ်သူများ ဘက်မှလည်းကောင်း ပြီးနောက် ရန်သူများ နှင့် ဆန့်ကျင်သူ အတိုက်အခံ များဘက်မှလည်းကောင်း ကျေနပ် နှစ်သက် ၊ နှစ်မြို့မှု ကို  ရရှိခဲ့သည့် အတွက် ကြောင့်ဖြစ်ပါတယ်။ ကျွနိုပ်၏  ဖခမည်း တော်၏ ဘိုးဘေးများ တွင်မည်သူမျှ ဤကဲ့သို့ မရှိပေ။ ထိုအတွက်ကြောင့် ဖခမည်း တော်အား ၎င်းတို့ အကြား တွင် ရေဇာ ဆိုသည့် ဘွဲ့ချီးမြှင့် တော်မူခြင်း ခံရခြင်း ဖြစ်ပါ တယ်။

ထိုနည်းတူစွာ အခြားရီဝါယသ်တော် တစ်ပါး အရ စလ်မန်ဘင်န် ဟဖ်ဆ် မရူဇီ အနေဖြင့်  အိုယွန်းနို အက်ခ်ဗါရ် ရိုရ်ရေဇာ ကျမ်းမှဆင့်ပြန်ထားပါတယ်။ အေမာမ်ရေဇာ(အ.စ) ၏ ဖခမည်းတော် အေမာမ် ကာဇင်းမ် (အ.စ) သည် အေမာမ်အားရေဇာဟု ခေါ်ခဲ့ပြီး ဤဘွဲ့တော်အား အေမာမ်(ရေဇာ) အတွက် အသုံးပြုခဲ့ပါသည်ဟု ဖြစ်ပါ တယ်။အချို့ သမိုင်း အရင်းအမြစ်များ အထောက် အထားများ အရ အလီဘင်န်မူစာ (အ.စ) မာမွန်အဘာစ်စီ ၏ အိမ်ရှေ့မင်းသားရာထူးကိုလက်ခံပြီးနောက် မာမွန် အနေဖြင့် အေမာမ်အား ရေဇာဆိုသည့် ဘွဲ့အား‌ ပေးခဲ့ကြောင်းလာရှိပါတယ်။ အေမာမ် (အ.စ) အား «အရ်ရေဇာ မင်န် အာလေမိုဟမ္မဒ် » ဟုအမည်ပေးခဲ့ကြောင်း လည်း တွေ့ရပါတယ်။ ဂျာမန် နိုင်ငံသားဝီလ်ဖရ်ဒ် မဒလွန်က် အစ္စလာမ် နှင့် ရှီအဟ် သုတေသီ  (မွေးဖွား- ၁၉၃၀ခရစ်နှစ် ) ၏ အဆို အရ «အရ်ရေဇာ မင်န် အာလေမိုဟမ္မဒ် » « မိုဟမ္မဒ် (ဆွ) ၏ အနွယ်တော်မွန်များမှ ရွေးချယ်ထားခြင်း » ကို ပထမ  ကိုယ်တော် မြတ် (ဆွ) ၏ အနွယ်တော်မွန် တွင် ၎င်းတို့၏ခေလာဖသ်ကိုမွတ်စလင်မ် များလက်ခံ သူများအတွက်     အသုံးပြုခဲ့ကြောင်းဖြစ်ပါတယ်။  ထိုပြင် ဆယက်ဒ် ဂျအ်ဖရ်မိုရ်သဇာ အာမုလီ သုတေသီ နှင့် ရှီအဟ်အတ္ထုပ္ပတ္တိ ကျွမ်းကျင်သူ ( ဟီဂျရီ၁၃၆၄ ခုနှစ် -  ၁၄၄ခ ) မှီ အထောက် အထားသက်သေများ ဖြင့် မာမွန်၏ ဝန်ကြီး ဖွဇ်လ်ဘင်န်စဟ်လ် မှ အေမာမ်ရေဇာ အားရေဇာ ဆိုသည့်ဘွဲ့   ကိုသုံးခဲ့ကြောင်းတင်ပြထားပါ တယ်။ ပြီး နောက်  ရေဇာဆိုသည့် ဘွဲ့ သည် အေမာမ်ရေဇာ (အ.စ) ဘွဲ့တော်ဖြစ်ကြောင်းပြီး မှာ မာမွန် မှသဘော တွေ့၍ ဘွဲ့ အား တရားဝင် ဘွဲ့ အဖြစ် သတ်မှတ် လိုက်ကြောင်း တင်ပြထားပါတယ်။

အေမာမ်‌‌ ရေဇာ (အ.စ) ကို အချစ်ထားသူတိုင်း ဤလောကတွင် သခင်ကြီး ၏ ဇေယာရသ် ကဗဲရ်တွင် ၊ ကေယာမသ်တွင် ၊မဲဟ်ရှရ် တွင်   ရှဖာအသ် ရရှိကြပါစေ ဟု အလ္လာဟ်ဟို အရှင်မြတ်ထံ ဝယ်  ဆုတောင်း လိုက်ပါတယ်။

ကျမ်းကိုးများ (မူရင်းဘာသာဖြင့်)

    ابن‌اثیر، علی بن محمد، الکامل فی التاریخ، دارصادر، بیروت، چاپ اول، ۱۳۸۵ق.
    امین، سید محسن، اعیان الشیعة، بیروت،‌ دارالتعارف، ۱۴۰۳ق.
    سبط بن جوزی، یوسف بن قزاوغلی، تذکرة الخواص من الأمّة فی ذکر خصائص الأئمة، قم، منشورات الشریف الرضی، ۱۴۱۸ق.
    صاحب بن عباد، اسماعیل، المحیط فی اللغة، تصحیح محمدحسن آل یاسین، بیروت، عالم الکتاب، ۱۴۱۴ق.
    صدوق، محمد بن علی، عیون اخبار الرضا، تهران، نشر جهان، ۱۳۷۸ق.
    عاملی، سید جعفر مرتضی، الحیاة السیاسیة للامام الرضا(ع) دراسة و تحلیل، مؤسسة النشر الاسلامی، بی‌تا.
    عطاردی، عزیزالله، مسند الامام الرضا، مشهد، آستان قدس رضوی، ۱۴۰۶ق.
    مادلونگ، ویلفرد، «پرونده: علی بن موسی الرضا(ع)»، ترجمه احمد نمائی، اطلاعات حکمت و معرفت، سال سوم، ش۸، آبان ۱۳۸۷ش.
    مستفید و غفاری، حمیدرضا و علی‌اکبر، ترجمه عیون الاخبار الرضا، تهران، چاپ اول، ۱۳۷۲ش.
    https://fa.wikishia.net/view/%D8%B1%D8%B6%D8%A7_(%D9%84%D9%82%D8%A8)

****************************************************************

END / 251