အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ ဇွန် ၂၀၂၃

၁၄:၄၄:၃၇
1372042

ကောင်စဲရ် ဆိုသည့် ဘွဲ့ အကြောင်းသိကောင်းစရာ

ကောင်စဲရ် ဆိုသည့် ဘွဲ့တော်အကြောင်းကို မြန်မာမွတ်စလင်များ အထောက်အထား များ နှင့် တကွ တစေ့ တစောင်း ဖြစ်ဖြစ် နားလည်း နိုင်ရန် တင်ပြလိုက်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ကောင်စဲရ်  ဆိုသည့် စကားလုံး သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ စကားလုံး ဖြစ်ပြီး သခင်မကြီး ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ဘွဲ့တော်လည်း ဖြစ်ပါတယ်။ အရဘီ အဘိဓာန်တွင် ကောင်းခြင်း အများအပြားဟု အဓိပ္ပာယ်ရပါတယ်။  ဤစကားလုံး သည်ကျမ်းတော် မြတ် ကုရ်အာန် တွင် တစ်ကြိမ်  စူရဟ်ကောင်စဲရ် တွင် လာရှိကြောင်း လေ့လာနိုင် မှာဖြစ်ပါတယ်။ သဖ်စီးရ် ကျမ်းများမှာတော့ ကောင်စဲရ်ဆို သည့် စကားလုံးသည် မည်သည်ကို ဆိုကြောင်း နှင့် ပတ်သက် ပြီး အမြင်အမျိုးမျိုး အဆို အထွေထွေ လာရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။  အချို့ သဖ်စီးရ် ကျမ်းများအရ ကောင်စဲရ် ဆိုသည်မှာ ဂျန္နသ်ရှိ မြစ်တစ်စင်း ၏ အမည် ဖြစ်ကြောင်း ၊အစ္စလာမ် ၊နဘူဝသ်၊ ကုရ်အာန်ကရီးမ် ၊ အေလ်မ် နှင့် ဟေက်မသ် ၊ ကောင်စဲရ် ကန်တော် ၊ ရှဖာအသ် ၊ ချစ်ခင် သူများ နှင့် နောက်လိုက်များ ပေါများခြင်း ၊ မျိုးဆက်များ နှင့် သားသမီးများ ပေါများ ခြင်း (ခ) အမျိုးခိုင်မာခြင်း ဟု ဆိုပြီး ဖော်ပြထား ပါတယ်။

ရှီအဟ် သဖ်စီးရ် ကျမ်း မဂျ်မအိုလ်ဗရန်းန် ၏ ကျမ်းရှင် ၏ အဆိုအရ ကောင်စဲရ် ဆိုသည့် စကားလုံးသည် ကောင်းမှု ကောင်းခြင်း အများ အပြား လောကီလောကုတ္တရာ ပါဝင် နေသည့် အတွက် အထက်ဖော်ပြပါ သဖ်စီးရ် ဖွင့်ဆိုချက်များ အားလုံး ပါဝင်ပါသည်ဟု ဆိုထားပါတယ် ။စွန်နီ သဖ်စီးရ် ပညာရှင် ဖခ်ရ် ရာဇီး အနေဖြင့် ကောင်စဲရ် ၏ သဖ်စီးရ် တွင် ဂျန္နသ်ရှိ မြစ်တစ်စင်း ၏အမည် သည် ကျော်ကြားကြောင်း ဂုဏ်ယူဖွယ် ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အကျော် အမော် ရှီအဟ် သဖ်စီးပညာရှင်ကြီးများ မှ တစ်ပါး ဖြစ်သည့် အလာမာ သွဗာသွဗာရီ အနေဖြင့် ကောင်စဲရ် ဆိုသည်မှာ တမန်တော်မြတ် (ဆွ) ၏ အမျိုးအနွယ် များပြားခြင်း (ဆယက်ဒ်များပေါများခြင်း) ဟုခံယူထားတာ ကို တွေ့ရပါတယ်။ အကြောင်း မှာထင်ရှားစွာဖြင့် စူရဟ်ကောင်စဲရ် ၏နောက်ဆုံး အာယသ်တော် တွင် “ အဘ်သရ် “ ဆိုသည့် အဓိပ္ပာယ်အားဖြင့် အမျိုးအနွယ်မရှိခြင်း ၊မျိုးတုန်းခြင်း ဟုလာရှိ နေသဖြင့် ကောင်စဲရ် ဆိုသည်မှာ အမျိုးအနွယ် များပြားခြင်း (ဆယက်ဒ်များ ပေါများခြင်း)  သာလျင်ပိုမို လိုက်ဖက် သည့် အတွက်ကြောင့် ဖြစ်သည်ဟု အထောက် အထား ပြထားပါတယ်။

ရှီအဟ် သဖ်စီးရ် ပညာရှင်များ ၏ အမြင်အရ စူရဟ်ကောင်စဲရ် ရှိ ကောင်စဲရ် ၏ ဆိုလိုချက်မှာ ဟဇရသ် ဇဲဟ်ရာ (စ.အ) ဖြစ်ပါတယ်။ အထောက်အထား အားဖြင့်   အာဆ် ဘင်န် ဝါအေလ် ဘက် မှ ကိုယ်တော်မြတ် (ဆွ) အား “ အဘ်သရ် “ (မျိုးတုန်း) ဟု ကဲ့ရဲ့ ရှုတ်ချ သည်ကို အဖြေ အဖြစ် အလ္လာဟ်ဟို အရှင်မြတ် မှ သမီးတော် ဟဇရသ် ဖွာတွေမဟ်(စ.အ)  မှတဆင့် သားစဥ် မြေးဆက် အများ အပြား (ဆွေတော်မျိုး တော်အများအပြား) ကို ချီးမြှင့် ခဲ့သည့် အတွက် ဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် ဖွာတွေမဟ် (စ.အ) သခင်မကြီး ၏ မျိုးနွယ်၊မျိုးဆက်ပေါများခြင်း ကိုလည်းလေ့လာကြည့်မည်ဆိုလျှင် ယနေ့ ကမ္ဘာ့ နိုင်ငံများ စွာ တွင် ဖွာတွေမဟ် (စ.အ) သခင်မကြီး ၏ မျိုးနွယ် ၊မျိုးဆက် များ ဆယက်ဒ်များ ရှိနေတာကိုတွေံရမည် ဖြစ်ပါတယ်။ ပမာအားဖြင့် အာရပ်နိုင်ငံများ နှင့် အီရန် နိုင်ငံ တို့ အပြင် တူနီးရှားနှင့် မော်ရိုကို တို့တွင် အီဒရေစ် ရှီအဟ်အစိုးရ ကို တည်ထောင်ခဲ့သူ အီဒရေစ် ဘင်န် အဗ်ဒိုလ္လာဟ် ဘင်န် ဟစန် ၏ သားစဥ်မြေးဆက်များ (ခ) မျိုးဆက်များ သည် ယခု ချိန် အထိ ရှိနေခြင်းဖြစ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံ တွင်လည်း ဟဗ်ရှီ ၊ အလဝီ မိသားစုဝင်အများအပြား သည် ဤ နိုင်ငံ ၏ ဆယက်ဒ်များ ဖြစ်ကြပါတယ်။ ယီမင် နိုင်ငံ တွင် အေမာမ်ဟစန်(အ.စ) နှင့် အေမာမ် ဟိုစိုင်းန်(အ.စ) တို့၏ သားစဥ်မြေး ဆက်အများအပြား ရှိပါတယ်။ အီဂျစ်နိုင်ငံ အက်စ်ဝမ်းန် မြို့ တွင် ဂျအာဖရဟ်  ဟုခေါ်ဆိုသည့် အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ သားစဥ်မြေးဆက် ဖြစ်သည့် မျိုးနွယ်စု ကြီး တစ်ခု ရှိပါတယ်။  အိန္ဒိယ နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ တို့တွင်လည်း  ရဇဝီ နှင့် နကဝီ ဆယက်ဒ်များ ရှိပါတယ်။ ဤအချက်များဟာငြင်းမရသည့် အထောက် အထားများဖြစ်ပါတယ်။

အချို့ သဖ်စီးရ် ပညာရှင်များ မှာ ကောင်စဲရ် ၏ ဆိုလိုချက်  ခြောက် ခု ဖြစ်ကြောင်း တင်ပြထား တာကိုတွေ့ရပါတယ်။  ၎င်း ဆိုလိုချက် ခြောက်ခု မှာ  အေလ်မ် နှင့် အမလ် (ပညာ နှင့် လုပ်ရပ်) ၊ နဘူဝသ် ၊ ကုရ်အာန် ၊ လောကီ လောကုတ္တရာ ၏ ရှရာဖသ်( ဂုဏ်သိက္ခာ)  နှင့် ဟဇရသ် ဆယက်ဒ် ဒိုရှ်ရှိုဟဒါ အေမာမ် ဟိုစိုင်းန် (အ.စ)  ရှဟီးဒ် ဖြစ်ပြီးနောက်ပိုင်း အေမာမ် စဂျာဒ် (အ.စ) တစ်ပါးတည်းကျန်ခဲ့ပြီးနောက် သခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ)  ၏ သန့်ရှင်းမွန်မြတ်သည့် သားစဥ်မြေးဆက် ၊ မြတ် နွယ်တော် များ ကို ဆို ကြပါသည်။ သို့သော် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် မိမိ၏ ကတိတော် အတိုင်း ကမ္ဘာ့မြေကြီး ကို ကိုယ်တော်မြတ် (ဆွ) ၏သားစဥ် မြေးဆက်များ ၊မြတ်နွယ် တော်များဖြင့် ပြည့်စေတော်မူမည် ဖြစ်ပါတယ်။

မည်သို့ ဆို စေ ကောင်စဲရ် ဆိုသည့် ဘွဲ့မှာ သခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ဘွဲ့တော် ဆိုသည့် အချက်မှာ ပိုမို၍ခိုင်လုံပြီး အထောက်အထား များဟာ သဘာဝ ကျကြောင်း ကိုတွေ့ရမှာ ဖြစ်ပါတယ်။

ကျမ်းကိုးများ (မူရင်းဘာသာဖြင့်)

 

  • احسانی‌فر لنگرودی، محمد، «فاطمه(س) کوثر قرآن»، فصل‌نامه علوم حدیث، ش ۳۱، بهار ۱۳۸۳ش.
  • انصاری زنجانی، اسماعیل، الموسوعة الکبری عن فاطمة الزهراء، قم، دلیل ما، ۱۴۲۸ق.
  • حسینی شاه عبدالعظیمی، تفسیر اثنی عشری، تهران، نشر میقات، چاپ اول، ۱۳۶۳ش.
  • خرمشاهی، بهاءالدین، دانشنامه قرآن و قرآن پژوهی، تهران، دوستان و ناهید، ۱۳۷۷ش.
  • داغر، يوسف أسعد، مصادر الدراسة الأدبية أعلام النهضة، بیروت، المكتبة الشرقية، ۱۹۸۳م.
  • طباطبایی، سیدمحمد حسین، المیزان فی تفسیر القرآن، بیروت، مؤسسه الاعلمی، چاپ دوم، ۱۳۹۰ق.
  • طبرسی، فضل بن حسن، مجمع البیان فی تفسیر القرآن، تهران،‌ ناصر خسرو، چاپ سوم، ۱۳۷۲ش.
  • فخررازی، محمد بن عمر، التفسیر الکبیر(مفاتیح الغیب)، بیروت، دار احیاء‌التراث العربی، چاپ سوم، ۱۴۲۰ق.
  • https://fa.wikishia.net/view/%DA%A9%D9%88%D8%AB%D8%B1

****************************************************************

END / 251