အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ ဇွန် ၂၀၂၃

၁၄:၄၉:၂၅
1372045

လူတွေ နှင့် ဘယ်လို ဆက်ဆံရမည်နည်း?

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် လူတွေ နှင့် ဘယ်လို ဆက်ဆံရမည်နည်း? ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် အလ်ကာဖီ ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلى ‏الله ‏عليه ‏و ‏آله وسلم:

إنَّکُم لَن تَسَعُوا النّاسَ بأموالِکُم، فالْقُوهُم بِطَلاقةِ الوَجهِ وحُسْنِ البِشرِ.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“ သင် အနေဖြင့် မိမိ ၏ စည်းစိမ်ဥစ္စာ ဖြင့် လူအားလုံး ကို စိတ်ကျေနပ် အောင် မလုပ် နိုင်ချေ။ ထို အတွက် ကြောင့် လူသားများ နှင့် အကျင့် စာရိတ္တ ကောင်း ကောင်း  နှင့်ကောင်းမွန် ပြုံးရွှင်မှုဖြင့် ဆက်ဆံပါလေ။  

ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း ၊အတွဲ ၂ ၊ စာမျက်နှာ ၁၀၃ ၊ ဟဒီးစ်တော် ၁

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော် တို့ သည် လူသားများ နှင့်မည်သို့ ဆက်ဆံရမည်ကိုသိရှိရမှာဖြစ်ပါတယ်။ပြီးနောက် ဟဒီးစ်တော် တွင် သူဌေး၊ သူဆင်းရဲ ၊ လူဖြု၊လူမဲ ၊ လူကြီးလူငယ် စသည်ဖြင့် ခွဲခြား ထား ခြင်း မရှိသည့် အတွက်ကြောင့် လူသား အားလုံးကို ဟဒီးစ်တော် ပါအတိုင်း ဆက်ဆံရမည် ဖြစ်ပါတယ်။

****************************************************************

END / 251