အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ ဇွန် ၂၀၂၃

၁၄:၅၀:၃၃
1372046

ပြဿနာများ နှင့် ပတ်သက်သည့် ပွိုင့် သုံးခု

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်မှ ရီဝါယသ် တော် တစ်ခု တွင် ပြဿနာများ နှင့် ပတ်သက်သည့် ပွိုင့် သုံးခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် နဲဟ်ဂျိုဗလာဂါကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمومنین علیه السلام:

إنَّ الفِتَنَ إذا أقبَلَت شَبَّهَت ، و إذا أدبَرَت نَبَّهَت ، يُشَبِّهنَ مُقبِلاتٍ و يُعرَفنَ مُدبِراتٍ ، إنَّ الفِتَنَ تَحومُ كالرِّياحِ يُصِبنَ بَلَدا و يُخطِئنَ اُخرى.

 

 အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“မှတ်ထားပါလေ။ ပြဿနာ များ ရောက်လာသည့် အခါ လူတွေကို သံသယ များ တွင် ထည့် လိုက် ပါ သည်။ပြန်သည့် အခါ လူတွေကို သတိရှိသူ ဖြစ်စေပါသည်။ ဤ (ပြဿနာများ) လာသည့် အခါ သိရှိရမည်မဟုတ်ချေ။ သို့သော် ပြန်သည့်အခါ သိစေမည်ဖြစ်ပါသည်။ လေ (ပြင်း)များ ပမာ လှည့်ပတ် နေပါသည်။ တစ်မြို့ ကို တိုက်ခတ် စေပြီး တခြား မြို့ တွင် မတိုက်ခတ် ဘဲနေပါသည်။ ”

ကျမ်းကိုး ။ ။ နဲဟ်ဂျိုဗလာဂါကျမ်း ၊ ခွသ်ဗဟ် အမှတ် ၉၃

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော် တို့ ပြဿနာများ နှင့်ပတ်သက်ပြီး အချက် ပွိုင့် ၃ ချက်ကို သိရှိရမှာဖြစ်ပါတယ်။ ပထမ ပွိုင့် ပြဿနာ သူလာရင် လူတွေကို သံသယ ဖြစ်အောင်လုပ်တတ်ပြီး သူပြန်သွားချိန် ပြဿနာ ပြီးသွားချိန်ဆိုရင်တော့ လူကို သတိရှိမှုကို ဖြစ်စေပါတယ်။ ဥပမာ ငါ ဒါလုပ်လိုက်လို့ ၊ဒါမလုပ်ဖြစ်လို့ စသည်ဖြင့် သတိရစေမှာ ဖြစ်ပါတယ်။ ဒုတိယ ပွိုင့် ကတော့ ပြဿနာ လာရင် လူတွေကမသိဘဲ။ ပြန်ချိန် မှ သိတာ ဖြစ်ပါတယ်။ တတိယ ပွိုင့်

ကတော့ ပြဿနာ လေလိုလှည့်ပတ်နေ ပြီး တစ်ချို့ မြို့ မှာ ဖြစ်စေပြီး တစ်ချို့ မြို့ မှာတော့ မဖြစ်ဘူး ဆိုတာ ဖြစ်ပါတယ်။မည်သို့ ဆိုစေ ပြဿနာတိုင်းကို ရင်ဆိုင် နိုင်စွမ်း ဖြေရှင်း နိုင်စွမ်း  အလ္လာဟ်ထံ ဒိုအာ တောင်းခံသင့်ပါတယ်။

****************************************************************

END / 251