အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ ဇွန် ၂၀၂၃

၁၈:၄၀:၄၅
1372185

ဟဒီးစ်စေ ဝဆီယသ် ကို မိတ်ဆွေ သိပါသလား ?

ဟဒီးစ်စေ ဝဆီယသ် ကို သိရှိသူ နည်းကြပါတယ်။ ဤအတွက်ကြောင့် လေလာ မှတ်သားနိုင်ရန် အထောက်အထား အကိုးအကား များ ဖြင့်ဖော်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပထမသိထားရမည့် အချက်မှာ ဟဒီးစ်စေ ဝဆီယသ် ၊ ရီဝါယသ်တော်တစ်ခုဖြစ်ပါတယ်။ ထိုရီဝါယသ်တော်တွင် မဲဟ်ဒီ ဆယ်နှစ်ပါး နှင့်ပတ်သက်သည့် စကားလာရှိပါတယ်။ ၎င်းတို့သည် အေမာမ် မဲဟ်ဒီ (အ.စ) ပြီးနောက် သခင်ကြီး၏ ကိုယ်စားလှယ် များ ဖြစ်ကြပါမည်ဟုဆို ထားတာဖြစ်ပါတယ် ။ ဤဟဒီးစ်တော် အား ရှိက်ခ်သူစီရေးသား သီးကုံး‌ထားသည့် အလ်ဂိုင်ဘဟ် ကျမ်းတွင် လာရှိပါသည်။ အန်ဆွာရိုလ်မဲဟ်ဒီ အုပ်စု ၏ ခေါင်းဆောင် အဲဟ်မဒ် ဒိုလ်ဟစန် သည် ဤ ဟဒီးစ်တော် အား သက်သေအထောက် အထား အဖြစ် အသုံးပြုပြီး မိမိကိုယ်ကို အေမာမ် ဇမာန် ၏ သားတော် နှင့် မဲဟ်ဒီ ဆယ်နှစ်ပါး တွင် ပထမဆုံးမဲဟ်ဒီ  ဟုခံယူထားပါတယ်။  ရှီအဟ် သာသနာ့ ပညာရှင်များ အနေဖြင့် အဲဟ်မဒ် ဒိုလ်ဟစန်၏ တင်ပြသည့် ရီဝါယသ် တော် ယူဆချက် ကိုလက်မခံ ဘဲ  ရှီအဟ် တို့၏ ကျော်ကြားသည့် ရီဝါယသ်တော်များ နှင့် ဆဟီးဟဒီးစ် (ခ)မှန်ကန်သည့် ဟဒီးစ်တော် နှင့် မကိုက်ညီ ဟုဆိုထားပါတယ်။ အချို့ သုတေသီများ သည် ဟဒီးစ် ၏ အထောက် အထား နှင့် အကြောင်းအရာ ကို စိစစ်ပြီး ကန့်ကွက်ထား ကြတာကိုတွေ့ရပါတယ်။  ပမာအားဖြင့် ဇအီးဖ်ဖိုစ်စနဒ် (အထောက်အထားအားနည်းသည့် ဟဒီးစ် (ခ) မမှန်ကန်သည့် ဟဒီးစ်) ဟုဆိုထားကြပါတယ်။  ထိုနည်းတူစွာ တမန်တော် မြတ် (ဆွ) အရိုက်အရာကို ဆက်ခံမည့်သူ ကိုယ်စားလှယ်တော် ၁၂ပါး (အေမာမ်၁၂ပါး (အ.စ)) နှင့် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

ဟဒီးစ်တော်အား မိတ်ဆက်ပေးခြင်း နှင့် ဟဒီးစ်တော်ပါ အကြောင်းအရာ ကိုလေ့လာတဲ့အခါ ဟဒီးစ်စေ ဝဆီယသ် ၊ ရီဝါယသ် တော် တစ်ခုဖြစ်ပါသည်။ ရှိက်ခ် သူစီ အနေဖြင့် ကေသာဗိုလ် ဂိုက်ဘဟ် ကျမ်းတွင် တမန်တော်မြတ် (ဆွ) ထံ မှဆင့်ပြန် တင်ပြ ထားပါ တယ်။

ဟဒီးစ်စေ ဝဆီယသ် အား မဟာတမန်တော်မြတ် (ဆွ) မှ အေမာမ် အလီ (အ.စ) ကို မိန့်ကြား ထားခြင်းဖြစ်ပါတယ်။ မိမိနောက်ပိုင်း အေမာမ် ၁၂ပါး ရှိကြောင်း ၎င်းတို့၏ အမည် များမှာ ရှီအဟ် အေမာမ် ၁၂ ပါး (အ.စ) အမည်အတိုင်း ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ ပြီးနောက် မဲဟ်ဒီ ၁၂ပါး ရှိကြောင်းကိုမိန့်ကြားခဲ့ပါတယ်။ ထိုမဲဟ်ဒီ ၁၂ပါးသည် ၁၂ပါး မြောက် အေမာမ် (အ.ဂျ) ဝဖါသ်ဖြစ်ပြီး နောက် ၎င်း ၏ အရိုက်အရာ ကိုဆက်ခံ မည့် သူများ ဖြစ်ကြပါတယ်။ ဟဒီးစ်စေ ဝဆီယသ် ကို ရည်ညွှန်းသည့် ဟဒီးစ် ၏ နောက်ဆုံး အပိုင်း မှာ အောက်ပါအတိုင်း ဖြစ်တာတွေ့နိုင်ပါတယ်။

«၎င်း (အေမာမ်မဲဟ်ဒီ (အ.ဂျ) ပြီးနောက် မဲဟ်ဒီ ၁၂ပါး ကြွမြန်းလာပေလိမ့်မည်။ မိမိ၏ အရိုက်အရာ ကို ကျွန်ုပ်သားတော်များ မှ အနီးကပ်ဆုံး သားတော် အား ပေးပါမည်။ ၎င်းသည် အမည် သုံးခု ရှိပါမည်။ ၎င်းအမည် တစ်ခုမှာ ပမာအားဖြင့် ကျွန်ုပ် ၏ အမည် ဖြစ်ပေမည်။ အခြား အမည် တစ်ခု မှာ ကျွန်ုပ် ဖခင်၏ အမည် ပမာ အဗ်ဒိုလ္လာဟ် နှင့် အဲဟ်မဒ် ဖြစ်ပါမည်။ တတိယ အမည် မှာလည်း မဲဟ်ဒီ ဖြစ်ပါမည်။ ၎င်းသည် ပထမဦး ဆုံး မိုအ်မင် ဖြစ်ပါသည်။ »

ဤဟဒီးစ်တော် သည် အဲဟ်မဒ် ဒိုလ်ဟစန် (အန်ဆွာ ရိုလ် မဲဟ်ဒီ အုပ်စု၏ ခေါင်း ဆောင် ) ၏ အရေး အကြီးဆုံး သက်သေ အထောက်အထား  ၁၂ပါးမြောက် အေမာမ် (အ.စ) ပြီးနောက် မဲဟ်ဒီ ၁၂ပါး ရှိမည် ကို သက်သေထူထားသည့်ဟဒီးစ်တော် ဖြစ်ပါတယ်။ ၎င်းအနေဖြင့် ဤရီဝါယသ်တော်ကို အထောက်အထား ပြုပြီး မိမိ ကိုယ့်ကို ပထမဦးဆုံး မဲဟ်ဒီ ၊ အေမာမ်ဇမာန်း (အ.ဂျ) ၏ သားတော် ဖြစ် ကြောင်း ထွက်ဆို ထားတာတွေ့နိုင်ပါတယ်။

ရှီအဟ် သာသနာ့ပညာရှင်များ သည် ပထမအချက် အနေဖြင့် ဤ ရီဝါယသ် တော်အား တိကျပြတ်သားကြောင်း (ခိုင်လုံကြေင်း) အတည် မပြုထားကြခြင်းဖြစ်ပါတယ်။ ဒုတိယအချက်မှာ ဤကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို လက်မခံထားကြခြင်း ဖြစ်ပါ တယ်။ ဂျဇာကလ္လာဟ် ...

အဲဟ်မဒ်ဒိုလ်ဟစန် ၏ ဤဟဒီးစ်တော် ဆိုင်ရာ အထောက်အထားများ အနေဖြင့်တင်ပြ ရမည်ဆိုလျှင် အဲဟ်မဒ်ဒိုလ်ဟစန် အနေဖြင့် အထောက်အထားများ ဖြင့် ဤ ဟဒီးစ်စေ ဝဆီယသ်  ပတ်သက်ပြီး မဟ်ဒီ ၁၂ပါးသည် အေမာမ် ဇမာန်း (အ.ဂျ) ပြီးနောက် ကြွမြန်းလာမည် ဖြစ်ကြောင်း မိမိသည် ၎င်း၁၂ပါး အနက်ပထမဆုံး ဖြစ်ကြောင်း ဆိုပါတယ်။ ဟဒီးစ်တော် တွင် «اِبنه» «၎င်းသားတော်» ဆိုသည့် စကားစု အဆို အရ မိမိကိုယ့်ကို အေမာမ်ဇမာန်း (အ.ဂျ) ၏ သား အဖြစ် မိတ်ဆက် ထားခဲ့ခြင်း ဖြစ်ပါတယ်။

ဤသည်ကို အခြခံပြီး မိမိ အကောင်အထည်ဖော်ရမည့် အကြောင်း ကို အေမာမ် ဇမာန်း (အ.စ)  ဇူဟူရ် (ထင်ထင်ရှားရှား လူအများ အရှေ့တွင် ကြွမြန်းလာခြင်း) မပြုမည် အလျင် အေမာမ် ဇမာန်း  (အ.ဂျ) ၏ အစိုးရ မစိုးစံမည်  အလျင် ထွက်ဆိုခဲ့ ခြင်းဖြစ် ပါတယ်။

ရှီအဟ် သာသနာ့ပညာရှင်များ အမြင် ကိုပြောရမည် ဆိုလျှင် ရှီအဟ် သာသနာ့ပညာရှင်များ အမြင်အရ ဟဒီးစ်စေ ဝဆီယသ် အား ကျော်ကြားသည့် မှန်ကန်သည့် ရီဝါယသ်တော်များ နှင့်ဆန့်ကျင်နေကြောင်း ဖြစ်ပါတယ်။ သာဓက အားဖြင့် သွဗရစီ ( ဟီဂျရီ ၅ ရာစု၏ သဖ်စီးရ်ပညာရှင်) ၊ အေရ်ပလီ ( ဟီဂျရီ ၇ ရာစု၏ ဟဒီးစ် ပါရဂူ) ၊ အလာမာ မဂျ်လေစီ ၊ ဟိုရ်အာမေလီ ( ဟီဂျရီ ၁၁ ရာစု၏ ဟဒီးစ်ပါရဂူ)တို့ဖြစ်ပါတယ်။

သွဗရစီ နှင့် အေရ်ပလီ တို့မှ  အေမာမ် မဲဟ်ဒီ (အ.စ) ၏ နောက်တွင် အခြား အစိုးရ မရှိဟု ဆိုထားသည့် မှန်ကန်သည့် ဟဒီးစ်တော် နှင့် ဆန့်ကျင် နေသည်ဟု ဆိုထားကြတာကိုတွေ့ ရပါမယ်။

ဟဒီးစ်စေ ဝဆီယသ် နှင့် ပတ်သက်သည့် စောဒကတက် ထောက်ပြ ချက်များကို လည်း လေ့လာကြည့် မည်ဆိုလျှင် ဤ ဟဒီးစ်စေ ဝဆီယသ် နှင့်ပတ်သက်ပြီး သုတေသီများ တွေ့ရှိခဲ့သည့် အချို့ စောဒက တက်ထောက်ပြ ချက်များ  မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

*ဤရီဝါယသ်တော် သည် ခဗရ်ရေ ဝါဟစ်ဒ်  နှင့် ဝါဟစ်ဒ် ဇန်နီ ဖြစ်ပါတယ် ။ ထို အတွက် ကြောင့် ယုံကြည်ချက်များ ကို သက်သေ ထူ၍ မရချေ။

*ဤဟဒီးစ်တော်အရ တမန်တော်မြတ် (ဆွ) ၏ အရိုက်အရာကို ဆက်ခံသူ ၂၄ ပါး ဖြစ်သွားပေမည်။ အောင်ဆီယာရ် (အေမာမ် ၁၂ပါး (အ.စ)) နှင့် သဟဇာတရှိခြင်း မရှိဘဲ ဖြစ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

*အေမာမ်ဇမာန်း (အ.ဂျ) အား ခါသမိုလ်အောင်ဆီယာရ် ဟု ဆိုထားသည့် ရီဝါယသ် တော် များ နှင့် ဆန့်ကျင်နေပါတယ်။  ၎င်းနည်းတူစွာ ဤ ရီဝါယသ်တော်သည် ရဂျအသ် ကို ဖော်ပြထားသည် ရီဝါယသ်တော် များစွာ နှင့်လည်း ဆန့်ကျင်နေပါတယ်။

*ဤဟဒီးစ်တော်၏ အထောက်အထားသည် အားနည်း(မမှန်) ပါ။ ရီဝါယသ် တင်ပြသူများ မှာ စိတ်မချရသူများ နှင့် မည်သို့သော်သူများ ဖြစ်ကြောင်းကို မသိရသူ များ ဖြစ်နေပါတယ်။ ဤအတွက် ကြောင့်  ဤဟဒီးစ်စေ ဝဆီယသ် သည် မှန်ကန် သည် ရီဝါယသ်တော်များ ကို ဆန့်ကျင် နိုင်စွမ်း မရှိဖြစ်ပါတယ်။

 

ကျမ်းကိုးများ (မူရင်းဘာသာဖြင့်)

  • آل محسن، علی، الرد القاصم، نجف، مرکز الدراسات التخصصیة للامام المهدی، ۱۴۳۴ق.
  • احمد الحسن، الجواب المنیر عبر الاثیر، اصدارات انصار الامام المهدی.
  • اربلی، علی بن عیسی، کشف الغمة في معرفة الائمة، با مقدمهٔ جعفر سبحانی و سید هاشم رسولی محلاتی، تبریز، نشر بنی‌هاشمی، ۱۳۸۱ش.
  • حر عاملی، محمد بن حسن، الإیقاظ من الهجعة بالبرهان علی الرجعة، تصحیح سید هاشم رسولی محلاتی، ترجمه احمد جنتی، تهران، انتشارات نوید، ۱۳۶۲ش.
  • حر عاملی، محمد بن حسن، إثبات الهداة بالنصوص و المعجزات، تصحیح علاءالدین اعلمی، بیروت، مؤسسة الأعلمی للمطبوعات، ۱۴۲۵ق/۲۰۰۴م.
  • شهبازیان، محمد، ره افسانه، قم، انتشارات مرکز تخصصی مهدویت حوزه علمیه قم، ۱۳۹۶ش.
  • طبرسی، فضل بن حسن، إعلام الوری بأعلام الهدی، قم، مؤسسة آل البیت لاحیاء التراث، ۱۴۱۷ق.
  • شیخ طوسی، محمد بن حسن، الغیبة، تحقیق عبدالله طهرانی و علی احمد ناصح، قم، مؤسسه معارف اسلامی، ۱۴۱۱ق.
  • عاملی نباطی، علی بن یونس، الصراط المستقیم الی مستحقی التقدیم، تصحیح میخائیل رمضان، نجف، المکتبة الحیدریة، چاپ اول، ۱۳۸۴ق.
  • علامه مجلسی، محمدباقر، بحار الانوار، بیروت، دار احیاء التراث العربی، ۱۴۰۳ق.
  • مجتهد سیستانی، مهدی، لوح و قلم: بررسی روایت موسوم به وصیت در کتاب الغیبة شیخ طوسی، قم، دار التفسیر، بی‌تا.
  • محمدی هوشیار، علی، درسنامهٔ نقد و بررسی جریان احمد الحسن البصری، قم، انتشارات تولی، ۱۳۹۶ش.
  • https://fa.wikishia.net/view/%D8%AD%D8%AF%DB%8C%D8%AB_%D9%88%D8%B5%DB%8C%D8%AA

****************************************************************

END / 251