အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ ဇွန် ၂၀၂၃

၁၉:၁၂:၅၂
1372188

သဲဟ်နီယသ် ၏ ဖြစ်ရပ်မှန် အကြောင်းလေ့လာ ကြပါစို့

သဲဟ်နီယသ် ၏ ဖြစ်ရပ်မှန် အကြောင်း ကို အထောက်အထား အကိုး များနှင့်တစ်ကွ လေ့လာ ကြနိုင် ရန် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သဲဟ်နီယသ် ၏ ဖြစ်ရပ်မှန် အကြောင်း မလေ့လာမည် သဲဟ်နီယသ် (မိုဘာရတ်က် ပြောကြားခြင်း ) ကိုပြောကြောင်းသိဖို့လိုပါတဘ်။ ဤ ဖြစ်ရပ် မှန် မှာ ဟဂျသိုလ်ဝေဒါအ် ပြီးနောက် ဂဒီးရ်ခွမ်း တွင် အစ္စလာမ့် တမန်တော် မြတ် (ဆွ) ဘက်မှ အေမာမ် အလီ (အ.စ) ၏ ဝေလာယသ် နှင့် ကိုယ်စားလှယ် အရိုက်အရာ ဆက်ခံ ခြင်းကို ကြေညာပြီး နောက် ထိုနေရာတွင် ရှိနေကြသည့် ဆွဟာဗဟ်များ အထူးသဖြင့် ပထမခလီဖွဟ် နှင့် ဒုတိယခလီဖွဟ် တို့ဘက်မှ အေမာမ်အလီ (အ.စ) အား မိုဘာရတ်က် ပြောကြားသည့် ဖြစ်ရပ်ကိုဆို လိုတာဖြစ်ပါတယ်။

ဤဖြစ်ရပ်မှန်အား အေမာမ် အလီ (အ.စ) ၏အေမာမသ် နှင့် ဝေလာယသ် ၏မှန်ကန်မှု အတွက် အထောက် အထားသက်သေ အဖြစ် သတ်မှတ် ရပါတယ်။  ထိုအတွက် ကြောင့် အလ္လာဟ့် တမန် တော်မြတ်(ဆွ)မှ ဂဒီးရ် ဖြစ်ရပ်တွင် ဟာဂျီများအုပ်စု အကြားမိန့်ခွန်း မိန့်ကြားပြီး ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

မိုဘာရတ်က် ပြောသည့် စာသား နှင့်ပတ်သက်ပြီး လေ့လာ ကြည့်မည်ဆိုလျှင်ဟဒီးစ်စေ သဲဟ်နီယသ်  ဆိုသည်မှာ ဟဂျသိုလ်ဝေဒါအ် ပြီးနောက် ဂဒီးရ်နေ့ (ဟီဂျရီ ၁၀ခုနှစ် ဇေလ်ဟဂျ်လ ၁၈ ရက်နေ့)  တွင် အစ္စလာမ့် တမန်တော် မြတ် (ဆွ) ဘက်မှ ဟဇရသ်အလီ (အ.စ)  ၏ ဝေလာယသ် နှင့် ကိုယ်စားလှယ် အရိုက်အရာ ဆက်ခံ ခြင်းကို ကြေညာပြီး နောက် ထိုနေရာတွင် ရှိနေကြသည့် ဆွဟာဗဟ်များ အထူးသဖြင့် ပထမခလီဖွဟ် နှင့် ဒုတိယခလီဖွဟ် တို့ဘက်မှ အေမာမ်အလီ (အ.စ) အား မိုဘာရတ်က် ပြောကြားသည့်ဘက်ကို ညွှန်ပြ ခြင်း ဖြစ်ပါတယ်။  ဒုတိယခလီဖွဟ် အိုမရ်ဗင်ခသွာဗ် မှ «بَخٍّ بَخٍّ لَک یا عَلِی أَصْبَحْتَ مَوْلَای وَ مَوْلَی کلِّ مُؤْمِنٍ وَ مُؤْمِنَةٍ»  ဆိုပြီး မောင်လာအလီ (အ.စ) အား မိုဘာရတ်က်ပြောကြားခဲ့တာကိုလေ့လာတွေ့ရှိနိုင်မည်ဖြစ်ပါတယ်။ အဓိပ္ပာယ်မှာ ဂုဏ်ယူပါသည်၊ ဂုဏ်ယူပါသည်၊ဂုဏ်ယူပါတယ် ။ အိုအလီ အသင်သည် ကျွန်ုပ်၏ မောင်လာ ဖြစ်ပြီး မိုအ်မင်အမျိုးသားတိုင်း ၊မိုအ်မင်အမျိုးသမီးတိုင်း ၏ မောင်လာ ဖြစ်ပါတယ်။ အချို့ ကျမ်းကိုးများ တွင် အလီဆိုသည့် စကားလုံး အစား အစ်ဗ်နေအဘီသွာလစ်ဗ် သို့မဟုတ် အမီးရိုလ် မိုအ်မေနီဆိုပြီးလာရှိတာကိုတွေ့ရပါတယ်။  ဤနည်းအတိုင်း အချို့ ကျမ်းကိုးများတွင် မိုအ်မင် နှင့် မိုအ်မေနဟ်ဆိုသည့် စကားလုံးများ အစား မွတ်စလင်ဆိုပြီးလာရှိပါတယ်။  အဲဟ်မဒ်ဗင်ဟန်ဗလ် အနေဖြင့် ဒုတိယခလီဖွဟ် အိုမရ်ဗင်ခသွာဗ် စကား အား ဤကဲ့သို့ ဆင့်ပြန်ထား ပါတယ် ။ «هَنِیئًا یا ابْنَ أَبِی طَالِبٍ، أَصْبَحْتَ وَأَمْسَیتَ مَوْلَی کلِّ مُؤْمِنٍ وَمُؤْمِنَة» အဓိပ္ပာယ်မှာ ဂုဏ်ပြုပါတယ် ။ အို အဘီသွာ လစ်ဗ်၏သားတော် ၊ အသင်သည် အီမာန်ရှင် အမျိုးသားတိုင်း အမျိုးသမီးတိုင်း၏ မောင်လာ အဖြစ် မနက်နှင့် ညနေ ဘဝတည် ဆောက်ခဲ့ပါတယ်ဟု ဖြစ်ပါတယ်။

ဟဇရသ်အလီ  (အ.စ) အား မိုဘာရတ်က် ပြောကြားသည့် ဆွဟာဗဟ်များ (သာဝက တော်များ)နှင့် ပတ်သက်ပြီးတင်ပြရမည်ဆိုလျှင် ဆွဟာဗဟ်များမှ အဘူဘကဲရ် ၊ အိုမရ်ဗင် ခသွာဗ် ၊သွလဟဟ် နှင့် ဇိုဘိုင်းရ် တို့မှ ဂဒီးရ်ခွမ်းတွင် ဟဇရသ် အလီ (အ.စ) ကို မိုဘာရတ်က် ပြောကြားခဲ့ကြ တာဖြစ်ပါတယ်။ အချို့ စာရေးဆရာများ မှ အဘူဘကဲရ်နှင့်အိုမရ် မှ ဤ အလုပ်အား မဟာ တမန် တော်မြတ် (ဆွ) ၏ အမိန့်[၈] အရ ဆန့်ကျင်လျင် ကိုဖ်ရ်  ဖြစ်မည့်[၉] အရ ပြုခဲ့ခြင်း ဖြစ်ပါသည်။  အချို့  ကျမ်းကိုးများတွင် ဤအချိန်အခါ တွင် ဒုတိယခလီဖွဟ် အိုမရ်ဗင်ခသွာဗ် ဘက်မှ ဝမ်း‌မြောက် ကြောင်း ထုတ်ဖော်ပြပြီး အခြား သူများ ထက်အလျင် ဟဇရသ် အလီ (အ.စ) အား မိုဘာရတ်က် ပြောကြားပြီး သို့မဟုတ်အားလုံးထက် အရင်ပထမဆုံး ပြောကြားသူ သို့မဟုတ် အလျင် ပြောကြား သူများ စာရင်းတွင်ပါဝင်ကြောင်း ဖော်ပြထားတာကိုတွေ့ရပါတယ်။

မည်သို့ဆိုစေ  ကျမ်းကိုးအများအပြား တွင် ဤဂုဏ်ပြုစကား ပြောသူသည် အိုမရ်ဗင်ခသွာဗ် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။  သို့သော် အချို့ ကျမ်းကိုးများ တွင် အဘူဘကဲရ် နှင့် အိုမရ်ဗင်ခသွာဗ် နှစ်ဦး အတူတကွ မိုဘာရတ်က် ပြောဆို ကြောင်း လာရှိပါတယ်။

ထိုနည်းတူစွာ အချို့ စာအုပ်များတွင် ဟဒီးစ် သဲဟ်နီယသ် ဆယက်ဒ် အာလေ အဒီသို့မဟုတ် ဆရက်ဒ် ဗနီ အဒီ လာရှိပါတယ် ။အိုမရ်ဗင်ခသွာဗ် သည် လည်း အီု ဗင်ကအ်ဗ် မှ ဖြစ်ကြောင်းလာရှိပါတယ် ။  သို့မဟုတ် အခြား နာမည်မပါသူတစ်ဦးဦး  မှဆင့်ပြန် ထားတာလာရှိပါတယ်။

အခြားဆင့်ပြန်ချက် တစ်ခုအရ အိုမရ်ဗင်ခသွာဗ် သည် အေမာမ် အလီ (အ.စ) ၏ ဝေလာယသ် ကြေညာပြီးနောက် လူငယ်တစ်ဦး နှင့်ပတ်သက်ပြီး တွေ့ရကြောင်းကို တမန်တော်မြတ် (ဆွ)အားလျှောက်ထားလေ၏။ ၎င်းလူငယ်မှ ဤအမိန့်အား မိုနာဖေက်များ မှအပ မည်သူမျှ ဆန့်ကျင် ကြမည် မဟုတ် ကြောင်း ပြောကြားလေ၏။ ထိုအချိန်တွင် တမန်တော်ြမတ်ကြီးမှ ထိုလူငယ်သည် ဂျီဘရအီးလ် ဖြစ်ကြောင်း မိန့် တော်မူပါတယ်။

အေမာမ်အလီ (အ.စ) ၏ အေမာမ်မသ် အတွက် သက်သေ အထောက်အထား ကတော့ ဒုတိယခလီဖွဟ်ဘက်မှ အေမာမ် အလီ (အ.စ) အား မိုဘာရတ်က် စကား ပြောကြား ခြင်း သည် အမှန်တကယ် ဂဒီးရ် ဖြစ်စဥ် တွင် မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)ဘက်မှ ဟဇရသ်အလီ (အ.စ) အား ကိုယ်စားလှယ် အရိုက်အရာကို ချီးမြှင့်ခြင်းအခြားသူများထက် အေမာမ်အလီ မြင့်မြတ်ခြင်းကို ကြေညာသည့် သက်သေ အထောက် အထား ဖြစ်ပါတယ်။ အချို့ ကျမ်းကိုးများတွင် အေမာမ် အလီ (အ.စ) သည် နောက်ပိုင်း ပထမခလီဖွဟ် နှင့် တွေ့ချိန် ဤဆိုလိုချက်ကို မိမိခေလာဖသ် ၏ အမှန်တရားအဖြစ် သက်သေထူခဲ့ကြောင်းလာရှိတာကိုတွေ့ရပါတယ်။ ဖိုင်ဇ်ကာရှာနီ ၏ကလည်း ဒုတိယခလီဖွဟ်မှ ဤမိုဘာရတ်က် စကား ပြောကြားပြီးနောက်ပိုင်း ဟဇရသ် အလီ  (အ.စ) အား အမီးရိုလ်မိုအ်မေနီ ဆိုပြီး စလာမ် ပေးကြောင်း လာရှိပါတယ်။

ဤဖြစ်ရပ်မှန်သည် ဖြစ်ခဲ့သသည့်အချိန်ကတော့ ကျမ်းကိုး အများအပြား ၏ အဆိုအရ ဆွဟာဗဟ် သာဝကတော် များမှ ဂဒီးရ်နေ့ တွင် အစ္စလာမ့် တမန်တော် မြတ် (ဆွ) ဘက်မှ ဟဇရသ်အလီ (အ.စ)  ၏ ဝေလာယသ် နှင့် အရိုက်အရာ ကိုယ်စားလှယ် ဆက်ခံ ခြင်းကို ကြေညာပြီး နောက် မိုဘာရတ်က် များ ပြောကြကြောင်း လာရှိပါတယ်။  အခြား ဆင့်ပြန်ချက် တစ်ခု အဆိုအရ ဟဇရသ်အလီ (အ.စ) အား ကိုယ်စားလှယ် အရိုက်အရာ ကြေညာပြီးနောက် တမန်တော်မြတ် (ဆွ) မှ ဟဇရသ် အလီ (အ.စ) အတွက် တဲ တစ်လုံး သီးသန့်  လုပ်ပြီး ဆွဟာဗဟ် သာဝကတော် များ အားလုံး ကို တစ်ယောက်ပြီး တစ်ယောက် မောင်လာအလီ (အ.စ) မိုဘာရတ်က် စကားပြောကြားဖို့ ၎င်းတဲ့ အတွင်း ဝင်ဖို့ အမိန့်ပေးခဲ့ကြောင်းလာ ရှိတာကို လေ့လာ နိုင် မှာဖြစ်ပါတယ်။

တချို့ ကျမ်းကိုးများ အရ ဤဖြစ်ရပ်မှန် အား မိုဘာဟေလဟ်နေ့ သို့မဟုတ် အက်ဒ်‌ဒေ အစ်ခ်ဝသ် အတူ ဆက်နွယ်မှုပြုပြီး မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ဘက်မှ အေမာမ် အလီ (အ.စ) အား ကိုယ်စားလှယ် အရိုက်အရာ ကို ပေးအပ်ခြင်းကို ကြေညာပြီး နောက်ပိုင်း အိုမရ်ဗင်ခသွာဗ် မှ  ဟဇရသ် အလီ (အ.စ) အား မိုဘာရတ်က်  ပြောကြားခဲ့ကြောင်း လာရှိပါတယ်။

ကျမ်းကိုးများ (မူရင်းဘာသာဖြင့်)

    ابن بطریق، یحیی بن حسن، عمدة عیون صحاح الأخبار فی مناقب إمام الأبرار، قم، جامعه مدرسین، ۱۴۰۷ق.
    ابن حنبل، احمد بن محمد، مسند الإمام أحمد بن حنبل، تحقیق عبدالله بن عبدالمحسن ترکی و دیگران، بیروت، مؤسسة الرسالة، ۱۴۱۶ق.
    ابن شاذان قمی، شاذان بن جبرئیل، الروضة فی فضائل أمیر المؤمنین علی بن أبی طالب(ع)، تحقیق علی شکرچی، قم، مکتبة الأمین، ۱۴۲۳ق.
    ابن طاووس، علی بن موسی، طرف من الأنباء و المناقب، تحقیق قیس عطار، مشهد، تاسوعا، ۱۴۲۰ق.
    ابن عبدالبر، یوسف بن عبدالله، الاستیعاب فی معرفة الاصحاب، تحقیق علی محمد البجاوی، بیروت، دارالجیل، ۱۴۱۲ق.
    ابن عساکر، علی بن حسن، تاریخ مدینة دمشق و ذکر فضلها و تسمیة من حلها من الأماثل أو اجتاز بنواحیها من واردیها و أهلها، تحقیق علی شیری، بیروت، دارالفکر، ۱۴۱۵ق.
    ابن کثیر، اسماعیل بن عمر، البدایة و النهایة، بیروت، دارالفکر، ۱۴۰۷ق.
    اربلی، علی بن عیسی، کشف الغمة فی معرفة الأئمة، تحقیق هاشم رسولی محلاتی، تبریز، بنی هاشمی، ۱۳۸۱ق.
    امینی، عبد الحسین، الغدیر فی الکتاب و السنة و الأدب، قم، مرکز الغدیر للدراسات الاسلامیه، ۱۴۱۶ق.
    بحرانی، سید هاشم بن سلیمان، مدینة معاجز الأئمة الإثنی عشر، قم، مؤسسة المعارف الإسلامیة، ۱۴۱۳ق.
    التفسیر المنسوب الی الامام ابی محمد الحسن بن علی العسکری(ع)، تحقیق مدرسه امام مهدی(عج)، قم، ‌۱۴۰۹ق.
    حسکانی، عبیدالله بن عبدالله، شواهد التنزیل لقواعد التفضیل، تهران، وزارت فرهنگ و ارشاد اسلامی، ۱۴۱۱ق.
    حلی، علی بن یوسف بن المطهر، العدد القویة لدفع المخاوف الیومیة، قم، کتابخانه آیة‌الله مرعشی نجفی، ۱۴۰۸ق.
    خصیبی، حسین بن حمدان، الهدایة الکبری، بیروت، البلاغ، ۱۴۱۹ق.
    خطیب بغدادی، احمد بن علی، تاریخ بغداد، تحقیق مصطفی عبد القادر عطا، بیروت، دارالکتب العلمیة، ۱۴۱۷ق.
    دیلمی، حسن بن محمد، إرشاد القلوب إلی الصواب، قم، الشریف الرضی، ۱۴۱۲ق.
    دیلمی، حسن بن محمد، غرر الاخبار و دُرَر الآثار فی مناقب ابی الائمة الاطهار، تحقیق اسماعیل ضیغم، قم، دلیل ما، ۱۴۲۷ق.
    شامی، یوسف بن حاتم، الدر النظیم فی مناقب الأئمة اللهامیم، قم، جامعه مدرسین، ۱۴۲۰ق.
    صدوق، محمد بن علی، الأمالی، تهران، کتابچی، چاپ ششم، ۱۳۷۶ش.
    طبرسی، فضل بن حسن، إعلام الوری بأعلام الهدی، تهران، اسلامیه، چاپ سوم، ۱۳۹۰ق.
    فیض کاشانی، محمد محسن، نوادر الأخبار فیما یتعلق بأصول الدین، تهران، مؤسسه مطالعات و تحقیقات فرهنگی، ۱۳۷۱ش.
    کراجکی، محمد بن علی، کنز الفوائد، تحقیق عبدالله نعمة، قم، دارالذخائر، ۱۴۱۰ق.
    کوفی، فرات بن ابراهیم، تفسیر فرات الکوفی، تحقیق محمدکاظم، تهران، وزارت فرهنگ و ارشاد اسلامی، مؤسسة الطبع و النشر، ۱۴۱۰ق.
    مجلسی، محمدباقر، بحارالأنوار الجامعة لدرر أخبار الأئمة الأطهار، بیروت،‌دار إحیاء التراث العربی، چاپ دوم، ۱۴۰۳ق.
    مفید، محمد بن محمد بن نعمان، الإرشاد فی معرفة حجج الله علی العباد، قم، کنگره شیخ مفید، ۱۴۱۳ق.
    مفید، محمد بن محمد بن نعمان، مسار الشیعة فی مختصر تواریخ الشریعة، چاپ شده در «مجموعة نفیسة فی تاریخ الأئمة(ع)»، بیروت، دارالقاری، ۱۴۲۲ق.
    هلالی، سلیم بن قیس، کتاب سلیم بن قیس الهلالی، تحقیق محمد انصاری زنجانی خوئینی، قم، الهادی، ۱۴۰۵ق.
    https://fa.wikishia.net/view/%D9%85%D8%A7%D8%AC%D8%B1%D8%A7%DB%8C_%D8%AA%D9%87%D9%86%DB%8C%D8%AA

***************************************************************

END / 251