အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၂ ဇွန် ၂၀၂၃

၂၀:၃၄:၀၄
1372667

မိမိ ညီနောင် အား အရာ နှစ်ခု ဖြင့် စမ်းသပ်ပါ

အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မိမိ ညီနောင် အား အရာ နှစ်ခု ဖြင့် စမ်းသပ်ပါ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဝစာအေလွတ်ရှ်ရှီအဟ်ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الصادق علیه السلام:
إخْتَبِرُوا إخْوانَكُمْ بِخَصْلَتَينِ: فَإنْ كانَتا فيهِمْ وَإلاّ فَأعْزُبْ ثُمَّ اَعْزُبْ ثُمَّ أعْزُبْ: ألْمُحافَظَةُ عَلَى الصَّلَواتِ فى مَواقيتِها وَالبِرُّ بِالإخْوانِ فِى العُسْرِ وَاليُسْرِ.


အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“မိမိ၏ညီနောင် (မိတ်ဆွေ၊သူငယ်ချင်း) အားအရာ နှစ်ခု ဖြင့် စမ်းသပ်ပါလေ။အကယ်၍ ၎င်း အတွင်း အရည် အချင်းလက္ခဏာ နှစ်မျိုးစလုံး ရှိနေမည်ဆိုလျှင် ၎င်းအားမိတ်ဖွဲ့ပါ။ မိတ်ဆွေ၊ သူငယ်ချင်းဖြစ် ခြင်း ကိုဆက်ပြီး ထိန်းသိမ်းပါ။ မရှိလျှင် ၎င်း နှင့် ဝေးဝေး ‌ရှောင်ပါ။ဝေးဝေးနေပါ။
(၎င်းအရည်းအချင်း လက္ခဏာ နှစ်ခု မှာ)
(၁) နမာဇ်အချိန်ရောက်ရောက်ခြင်း နမာဇ် ဝတ်ပြုခြင်း
(၂) အခက်အခဲ ဖြစ်နေသည့် အချိန် ဆင်းရဲချိန် တွင် ဖြစ်စေ ပျော်ရွှင်ချိန် (ငွေကြေး)အဆင်ပြေချိန် တွင်  ဖြစ်စေ မိမိ ၏ ညီနောင်များနှင့်ကောင်းမွန် စွာဆက်ဆံခြင်း တို့ ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ်ကျမ်း ၊ အတွဲ ၈ ၊ စာမျက်နှာ  ၅၀၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး   မည်သူ မည်ဝါကို မိတ်ဆွေ ဖွဲ့သင့် ကြောင်း ထင်ရှား စွာ သိရှိရမည် ဖြစ်ပါတယ်။  မွတ်စလင်တိုင်း ၊လူသားတိုင်း မိတ်ဆွေကောင်း သူငယ်ကောင်းများ ရရှိ ကြပါစေ ။
****************************************************************
END / 251