အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၃ ဇွန် ၂၀၂၃

၁၇:၃၈:၁၃
1372796

အထူးဆွဲဆောင်မှု အပြည့်ရှိသည့် အေဘာဒသ် တစ်ခု

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အထူးဆွဲဆောင်မှု အပြည့်ရှိသည့် အေဘာဒသ် တစ်ခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မဆွာ ဒေကသိုလ်အစ်ခ်ဝါန်ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الباقر علیه السلام:
تَبَسُّمُ الرَّجُلِ فِى وَجْهِ اَخيهِ حَسَنَةٌ وَ صَرْفُهُ القَذا عَنهُ حَسَنَةٌ وَ ما عُبِدَاللّه ُ بِشَى ءٍ اَحَبُّ اِلَيْهِ مِنْ اِدْخالِ السُّرُورِ عَلى المُؤمِنِ.


အေမာမ် မိုဟမ္မဒ် ဘာကဲရ်  (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“မိမိ၏ညီနောင် ရှေ့ တွင် မနုဿလူသားအနေဖြင့် ပြုံးပြခြင်းသည်လည်းဘဲကောင်းမှု ကုသိုလ် တစ်ခု ဖြစ်ပါသည်။ မိမိ၏ သာသနာ့ ညီနောင် ၏ ဝမ်းနည်းမှု နှင့် အခက်အခဲများ ကို ဖယ်ရှားဖြေရှင်းပေး ခြင်း သည်(လည်း) ကောင်းမှု ကုသိုလ် ဖြစ်ပါသည်။ ထိုနည်းတူစွာမိုအ်မင်ညီနောင် အား ပီတိဖြစ်အောင်ပြု ပေးခြင်း သည်(လည်း) အေဘာဒသ် ဖြစ်ပြီး ဤ အေဘာဒသ် ထက် သာလွန် ကောင်းမြတ် သည့် အေဘာဒသ်  မရှိချေ။ ”

ကျမ်းကိုး ။ ။ မဆွာ ဒေကသိုလ်အစ်ခ်ဝါန်ကျမ်း ၊ စာမျက်နှာ ၅၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး   ကျနော်တို့ ဘာတွေ လုပ်ဆောင် ရမည်ဆိုတာ ကို အသေအချာ မျက်ဝါး ထင်ထင် တွေ့ ရှိရမည်ဖြစ်ပါတယ်။ ဤနေရာတွင် မိုအ်မင် တစ်ယောက် ပျော်ရွှင်မှုသည် ဟလာလ် ဖြစ်ဖို့ တော့ လိုပါတယ်။ ဥပမာ မိုအ်မင် တစ် ယောက် ဖြစ်ပြီး ဇေနာလုပ်တာ ၊ အရက်သောက်တာ ၊ မူးရစ်ဆေးဝါး သုံးတာ ကြိုက်၍ ၎င်းပျော်အောင်ဆိုပြီး ၎င်းဟရာမ် ကိစ္စများ ပြုနိုင်အောင် အကူအညီ မပေးမိ ဖို့ တော့ လုံးဝလိုပါတယ်။

****************************************************************
END / 251