အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၆ ဇွန် ၂၀၂၃

၂၀:၂၄:၂၉
1373532

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် သည်းခံသူ ၏ လက္ခဏာ များ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဘေဟာရိုလ်အန်နဝါရ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلی الله علیه وآله وسلم:
عَلامَةُ الصّابِرِ فِى ثَلاثٍ: اَوَّلُها، اَنْ لايَكْسِلَ، وَالثَّانِيَةُ، اَنْ لايَضْجُرَ، وَالثّالِثَةُ، اَنْ لايَشْكُوَ مِنْ رَبِّهِ عز و جل لاِنَّهُ اِذا كَسِلَ فَقَدْ ضَيَّعَ الْحَقَّ وَ اِذا ضَجِرَ لَمْ يُؤَدِّ الشُّكْرَ، وَاِذا شَكا مِنْ رَبِّهِ عز و جل فَقَدْ عَصاهُ.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“သည်းခံသူ ၏ လက္ခဏာ ၃ရပ် ရှိပါသည်။ (၁) ပျင်းရိမှု မရှိခြင်း (၂) နှလုံး ကျဉ်းမြောင်း ခြင်း မရှိ ခြင်း (စိတ်ပုတ်စိတ်ယုတ်မရှိခြင်း)  (၃)မိမိ ဖန်ဆင်းရှင်  အလ္လာဟ် အား တိုင်တန်ခြင်း မရှိ ခြင်း တို့ ဖြစ်ပါသည်။ အကြောင်း မှာ အကယ်၍  ပျင်းရိသူ ဖြစ်ပါက ဟက်ကို ဖျက်စီး ဖြစ်လိမ့်မည်။ နှလုံး ကျဉ်းမြောင်းသူဖြစ်မည်ဆိုလျှင် ကျေးဇူးသိလိမ့်မည် ကျေးဇူးတင်လိမ့်မည်မဟုတ်ချေ။ အကယ်၍ မိမိ   ဖန်ဆင်းရှင်  အလ္လာဟ် အား တိုင်တန်ခြင်း သည် ဂိုနဟ် (အပြစ်)  ကျူးလွန် ခြင်းဖြစ်ပေလိမ့်မ။ည်။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ်  ကျမ်း၊ ၈၆/၇၁

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး  သည်းခံသူ ၏ လက္ခဏာ သုံးရပ်ကြိ သိရှိရမည် ဖြစ်ပါတယ်။

****************************************************************
END / 251