အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၃ ဇွန် ၂၀၂၃

၁၉:၃၂:၂၇
1374872

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ကြင်ယာတော် ဟိုမိုင်ဒဟ် သခင်မ အကြောင်း တစ်စေ့တစ်စောင်း

သခင်မကြီး ဟိုမိုင်ဒဟ် သခင်မ အကြောင်း ရှီအဟ်မွတ်စလင်မ်အများစုသည် ကြာဘူး ကြမည်မဟုတ်ချေ။ ဤ အတွက် ကြောင့် တစေ့ တစောင်း ဖြစ်ဖြစ် နားလည်း နိုင်ရန် တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သခင်မကြီး ဟိုမိုင်ဒဟ် သို့မဟုတ် ဟိုမိုင်ဒ သိုလ်မိုဆဖ်ဖါဟ် သခင်မသည် အေမာမ် ဂျအ်ဖရ် ဆွာ ဒစ်က် (အ.စ) ၏ ကြင်ယာတော် ဖြစ်ပါတယ်။ အေမာမ် မူစာကာဇင်းမ် (အ.စ) ၏ မိခင်မွန် ဖြစ်ပါတယ်။ ရီဝါယသ်တော် တစ်ခု အရ ရှီအဟ်များ၏ ‌ခြောက်ပါးမြောက် အေမာမ် (အ.စ) အနေဖြင့် မိမိ ၏ သာဝကတော်များ မှ သာဝကတော် တစ်ပါး ၏ ဖေက်ဟီ (ဓမ္မသတ်ဆိုင်ရာ) မေးခွန်း ကို အဖြေရယူရန် ဟိုမိုင်ဒဟ် သခင်မကြီးထံ မေးမြန်း ရန် မိန့်ကြားခဲ့ ကြောင်း သိရှိရပါတယ်။  ဟိုမိုင်ဒဟ် သခင်မသည် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဝဆီ (ကိုယ်စားလှယ်တော်) ငါးပါးမှ တစ်ပါးဖြစ်ပါတယ်။ ဤသည် ကို ကြည့်ခြင်း ဖြင့် သခင်မကြီး အဆင့်အတန်း ကို သိန်ုင်မည် ဖြစ်ပါတယ်

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) အနေဖြင့် ဟိုမိုင်ဒဟ် သခင်မအား လောကီ တွင် လည်း နှစ်သက် သဘောကျတော် မူပြီး လောကုတ္တရာ အတွက်လည်း ချီးမွမ်းထိုက်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် အနေဖြင့်လည်း သခင်မအား (ရုပ်နှင့်နာမ်)ဆိုင်ရာ အညစ်အကြေးများ မှကင်းစင်သူ အဖြစ် သတ်မှတ်ထားပါတယ်။

သခင်မကြီး ၏ မွေးသက္ကရာဇ် နှင့် အလ္လာဟ်အမိန့် ခံတော်မူသည့်နေ့ ရက် နှင့် ပတ်သက် ပြီး အချက်အလက်များ မရှိကြောင်းသည်ကို တွေ့ရပါမည်။ ဟိုမိုင်ဒဟ် သခင်မ ၏ ဖခမည်းတော် အမည် မှာ «ဆွာအစ်ဒ် ဘရ်ဘရ်» သို့မဟုတ်  «ဆွာလေဟ်» ဖြစ်ပါတယ်။  ဟိုမိုင်ဒဟ် သခင်မ ၏ မျိုးနွယ် နှင့် ပတ်သက်ပြီး ကွဲလွဲမှုများ လာရှိပါတယ်။ သမိုင်းအရင်းအမြစ်များ အထာက်အထားများ တွင် သခင်မကြီး အား ဟိုမိုင်ဒဟ် ဘရ်ဘရ်ရီယဟ် ၊ ဟိုမိုဒဟ် အန်ဒလူစီယဟ်(5) ဟိုမိုင်ဒဟ် မဂ်ရိဘ်ဘီယဟ် (6) ဆိုပြီး ဖော်ပြထားပါတယ်။

ရီဝါယသ်တော် တစ်ခု အရ  အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မှ ဟိုမိုင်ဒဟ် သခင်မကြီး ကို ကျွန် ရောင်းသူ တစ်ခု ထံမှ ဝယ်ယူခဲ့ပြီး မိမိ၏ သားတော် အေမာမ် ဂျအ်ဖရ်ဆွာဒစ်(အ.စ) အား ချီးမြှင့်တော် မူခဲ့ကြောင်း လာရှိပါတယ်။ အလာမာ မဂျ်လေစီ ၏ ဆင့်ပြန်ချက်အရ သခင်မကြီးသည် အေမာမ် မူစာဘင်န် ဂျအ်ဖရ် (အ.စ) ၊ အစ်ဟာက် ၊ ဖွာတွေမဟ် တို့၏ မိခင်မွန် ဖြစ်ပါတယ်။

သခင်မကြီး ၏  ကဗဲရ်တော် မှာ ဂျန္နသ်သိုလ်ဗကီးအ် ၏ အရှေ့ ဘက် ရှိ အလ်ဝါလီ မိုရှရဘဟ်အွန်မို အီဗရာဟီးမ် ဆိုသည့် နေရာ တွင် အေမာမ် ရေဇာ (အ.စ) ၏ မိခင်မွန် နဂျ်မဟ်ခါသွန် (သခင်မကြီး၏ ချွေးမတော်) ၏ ကဗဲရ် အနီးတွင် တည်ရှိပါတယ်။

ဟဒီးတော်အကိုးအကား အရင်းအမြစ်များ အရ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အနေဖြင့် မိမိ ၏ သာဝကတော်များ မှ သာဝကတော် တစ်ပါး ၏ ဖေက်ဟီ (ဓမ္မသတ်ဆိုင်ရာ) မေးခွန်း ကို အဖြေရယူရန် မိမိ၏ ကြင်ယာတော်  ဟိုမိုင်ဒဟ် သခင်မကြီးထံ မေးမြန်း ရန် မိန့်ကြားခဲ့ ပါတယ် ။ ထိုနောက်  အေမာမ် (အ.စ) မှ မိမိ သာဝက အား မိမိ၏ အစေခံမ ကို ဟိုမိုင်ဒဟ် သခင်မထံစေလွတ်ပြီး မေးခွန်းမေး၍ အဖြေကို ရယူရန် မိန့်ကြားခဲ့ ပါတယ်။ အေမာမ် ဆွာဒစ်က် (အ.စ) သည် ဟိုမိုင်ဒဟ် ၊သမီးတော် အွန်မိုဖရ်ဝဟ် အား မဒီနာ မြို့သူ၊မြို့သားများ ၏ ရပိုင်ခွင့်များကို ပေးရန် စေလွတ်တော်မူခဲ့ပါတယ်။‌ထိုနည်းတူစွာ ဟိုမိုင်ဒဟ် သခင်မကြီး သည် ( အေမာမ် (အ.စ)၏ သေတမ်းစာ ) အရ အေမာမ် (အ.စ) ၏ ဝဆီ (ကိုယ်စားလှယ်တော်) ငါးပါး မှ တစ်ပါး ဖြစ်ပါတယ်။   

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) အနေဖြင့် ဟိုမိုင်ဒဟ် သခင်မအား လောကီ တွင် လည်း နှစ်သက် သဘောကျတော် မူပြီး လောကုတ္တရာ အတွက်လည်း ချီးမွမ်းထိုက်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ် ။ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် အနေဖြင့်လည်း သခင်မ အား (ရုပ်နှင့်နာမ်)ဆိုင်ရာ အညစ်အကြေးများ မှကင်းစင်သူ ၊ ရွှေတုံး စစ်စစ်ပမာ ဖြစ်သူ ၊ ကောင်းကင်တမန်များ ၏ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသူ အဖြစ် မိန့်ကြား ထားပါတယ်။ ဤအတွက်ကြောင့် ဟိုမိုင်ဒ သိုလ်မိုဆဖ်ဖါဟ် ဆိုသည့် ဘွဲ့ တော် ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် ပါတယ်။ လူအ်လုအ်ဟ် ၊ မဟဇဘ်ဘဟ် အမည် များ သည် လည်း သခင်မကြီး ၏ ဘွဲ့တော် များ ဖြစ်ပါတယ်။

ဟဒီးစ်တော်များ ဆိုင်ရာ အရင်းအမြစ်များ အထောက်အထားများအရသခင်မကြီးထံ မှ ဟဒီးစ်တော် ဆင့်ပြန် ချက်များ လာရှိပါသည်။ သာဓကအားဖြင့် ကလေးငယ်များနှင့် ပတ်သက်သည့်ဟဂျ်ကိစ္စ (18) အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ရှဟာဒသ် နှင့် ပတ်သက်သည့် ဟဒီးစ်တော်များ ပါဝင်ပါတယ်။ ဟဒီးစ်တော် တစ်ပါး အရ အေမာမ် ရေဇာ (အ.စ) ၏ မိခင်မွန် နဂျ်မဟ် ခါသွန် သည် အစေခံ တစ်ဦးဖြစ်ပြီး ဟိုမိုင်ဒဟ် သခင်မကြီးမှ အိမ်မက်မှန်  ကို မြင်မက်ပြီးနောက် မိမိသားတော် အေမာမ် ကာဇင်းမ် (အ.စ) အား ချီးမြှင့်ခဲ့ကြောင်း လာရှိပါတယ်။

ကျမ်းကိုးများ

 

 1/   ابوالفرج اصفهانی، مقاتل الطالبیین، دارالمعرفة، ص۴۱۳.

2 /   اصغرنژاد، حمیده: مادر امام کاظم(ع)، ۱۳۸۹ش، ص۱۰.

3 / قرشی، حیاة الامام موسی بن جعفر(ع)، ۱۴۱۳ق، ج۱، ص۴۲-۴۳.

4/ قرشی، حیاة الامام موسی بن جعفر(ع)، ۱۴۱۳ق، ج۱، ص۴۲-۴۳.

5 /  علامه مجلسی، بحارالانوار، ۱۴۰۳ق، ج۵، ص۲۶۱.

6 / ابن‌عنبه، عمدة الطالب، ۱۴۱۷ق، ص۱۷۷.

7 /  کلینی، الکافی، ۱۳۶۳ش، ج۱، ص۴۷۷.

8 /  علامه مجلسی، بحارالانوار، ۱۴۰۳ق، ج۴۷، ص۲۴۱.

9 /  حسینی جلالی، فدک و العوالی، مشهد، ص۵۵.

10 / کلینی، الکافی، ۱۳۶۳ش، ج۴، ص۳۰۱.

11 /حر عاملی، هداية الأمة، ۱۴۱۲ق، ج۱، ص۳۳۱.

12 / قرشی، حیاة الامام موسی بن جعفر(ع)، ۱۴۱۳ق، ج۱، ص۴۱۵-۴۱۶.

13 /کلینی، الکافی، ۱۳۶۳ش، ج۱، ص۴۷۷.

14/  کلینی، الکافی، ۱۳۶۳ش، ج۱، ص۴۷۷.

15 /  قمی، «هداية الأنام إلی وقایع الأیام»، ص۳۵۹-۳۶۰.

16 / حسون، اعلام النساء المؤمنات، ۱۴۱۱ق، ص۳۱۱.

17 / مسعودی، اثبات الوصیه، ۱۴۱۷ق، ص۱۹۰.

18/ کلینی، الکافی، ۱۳۶۳ش، ج۴، ص۳۰۱؛ حر عاملی، وسائل الشیعه، ۱۴۰۱ق، ج۸، ص۲۰۷.

19 / علامه مجلسی، بحارالانوار، ۱۴۰۳ق، ج۴۷، ص۲.

20 / اربلی، کشف الغمه، ۱۴۲۱ق، ج۲، ص۸۰۳-۸۰۴.

21 /   شیخ صدوق، عیون اخبار الرضا، ۱۴۰۴ق، ج۲، ص۲۴.

****************************************************************

END / 251