အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၆ ဇွန် ၂၀၂၃

၁၅:၁၈:၂၅
1375591

အေမာမ် ဘာကဲရ် (အ.စ) ၏ ကွန်နီယသ်တော်များ နှင့် ဘွဲ့တော်များ အကြောင်း

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ၏ ဝမ်းနည်းကြေကွဲဖွယ်ရာ အချိန်အခါတွင် အေမာမ် (အ.စ) အား အချစ်ထားသူ ယောက်တိုင်း အား အလွန် ဝမ်းနည်း ကြေကွဲရကြောင်း ပြောကြားရင် အေမာမ် ဘာကဲရ် (အ.စ) ၏ ကွန်နီယသ်တော်များ နှင့် ဘွဲ့တော်များ ကို တင်ပြ အပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေမာမ် ဘာကဲရ် (အ.စ) ၏ ကွန်နီယသ်တော်များ နှင့် ဘွဲ့တော်များ ဆိုသည်မှာ သမိုင်း စာအုပ်များ နှင့် ရီဝါယသ် (ဟဒီးစ်) ကျမ်း များ တွင် အေမာမ် ဘာကဲရ် (အ.စ) အား ရည်ညွှန်း ထား သည့် စုပေါင်း ကွန်နီယသ် (ဘိုးဘကို အစွဲပြု၍ခေါ်သည့်အမည်) တော်များ နှင့် ဘွဲ့ တော်များ ကိုဆိုလိုခြင်းဖြစ်ပါတယ်။

အေမာမ် (အ.စ) ၏  အမည်မှာ မိုဟမ္မဒ် တစ်ခုတည်းသော ကွန်နီယသ် မှာ အဘူဂျအ်ဖရ် ဖြစ်ပါ သည်။ ရီဝါယသ် တော် တစ်ခု လာရှိသည်မှာ သောင်ရာသ် ကျမ်းတော် တွင် ဘာကဲရ် ဆို သည့် အမည်ဖြင့် လာရှိပါသည်။

ရှီအဟ် နှင့် စွန်နီ ရင်းမြစ်များက ရှီအဟ်မွတ်စလင်မ်တို့၏ ၏ ပဉ္စမမြောက် အေမာမ် (အ.စ) အတွက် အောက်ဖော်ပြပါ ဘွဲ့တော်များ ကို ဖော်ပြထား ပါသည်။

၁။  အမီးန် ယုံကြည်စိတ်ချရသူ (အလွဲသုံးစားမပြုသူ)

၂။ ဘာကဲရ် (ဘာကဲရ်ရိုအုလွန်မ်) အေမာမ် (အ.စ) ၏ အကျော်ကြားဆုံး ဘွဲ့တော် ဖြစ်ပါသည်။

အဓိပ္ပာယ် မှာ ပညာများကို ခွဲခြားပိုင်းခြား ပြသူ ၊ပညာများကို ပြန့်ပွားအောင်ပြုသူ

၃။ ရှာကေရ် အလ္လာဟ်အားကျေးဇူးတင်ရှိသူ

၄။ ရှာဟစ်ဒ် သက်သေ

၅။ ရှဘီးဟ် ဆင်တူသူ အဘယ်ကြောင့် ဆိုသော် အေမာမ် ဘာကဲရ် (အ.စ) သည် မိမိ ဘိုးတော် ရစူ လွလ္လာဟ် (ဆွ)  နှင့် ဆင်တူသည့် အတွက် ဖြစ်ပါသည်။

၆။ ဆွာဘေရ် သည်းခံသူ ၊ခန္တီးတရား ရှိသူ

၇။ အဗ်ဒိုဆွာလေဟ် သီလ၊သမာဓိရှိသည့် အလ္လာဟ် ၏ ကျွန်တော်

၈။ ဟာဒီ လမ်းမှန် ညွှန်ပြသူ

 

ကျမ်းကိုးများ (မူရင်းဘာသာဖြင့်)

1:ابن ابی‌الثلج، تاریخ اهل‌البیت، قم، آل البیت، ۱۴۱۰ق.

2:خنجی اصفهانی، فضل‌الله، وسیله الخادم الی المخدوم، قم، انتشارات انصاریان، ۱۳۷۵ش.

3:سبط بن جوزی، یوسف بن قزاوغلی، تذکرة الخواص من الأمّة فی ذکر خصائص الأئمة، قم، منشورات الشریف الرضی، ۱۴۱۸ق.

4:طبری، محمد بن جریر، دلائل الامامة، قم، بعثت، ۱۴۱۳ق.

5:عطاردی، عزیزالله، مسند الامام الباقر، تهران، عطارد، ۱۳۸۱ش.

6: قرشی، باقرشریف، حیاة الامام الباقر، بیروت، دارالاضواء، ۱۴۱۳ق.

7:مجلسی، محمدباقر، بحارالانوار، تهران، اسلامیه، ۱۳۶۳ش.

8: مجلسی، محمدباقر، جلاء العیون، قم، سرور، ۱۳۸۲ش.

9:مفید، محمد، الارشاد فی معرفة حجج الله علی العباد، قم، کنگره شیخ مفید، ۱۴۱۳ق.

10:https://fa.wikishia.net/view/%D9%81%D9%87%D8%B1%D8%B3%D8%AA_%DA%A9%D9%86%DB%8C%D9%87%E2%80%8C%D9%87%D8%A7_%D9%88_%D9%84%D9%82%D8%A8%E2%80%8C%D9%87%D8%A7%DB%8C_%D8%A7%D9%85%D8%A7%D9%85_%D8%A8%D8%A7%D9%82%D8%B1(%D8%B9)

***************************************************************

END / 251