အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၇ ဇွန် ၂၀၂၃

၁၉:၁၅:၀၉
1375763

ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ၂၀၂၃ ဟဂျ်မိန့်ခွန်း

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်ဆယက်ဒ် အလီ ခါမေနာအီ ၏ ၂၀၂၃ ဟဂျ်မိန့်ခွန်း တွင် (စည်းလုံးညီညွတ်ခြင်း) နှင့် (နာမ်ပိုင်းဆိုင်ရာ )ကိစ္စကို အလေးပေး မိန့်ကြားခဲ့ပြီး မွတ်စလင်မ်များ နှင့် မွတ်စလင်မ် နိုင်ငံများ ၊ မွတ်စလင်မ် အစိုးရများ သိထားရမည့် အချက်များ နှင့် ပြုလုပ်ရ မည့် တာဝန် ကို အလင်းပြ မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်ဆယက်ဒ် အလီ ခါမေနာအီ ၏ ၂၀၂၃  ဟဂျ်မိန့်ခွန်း မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။  

 

بسم‌اللّه‌الرّحمن‌الرّحیم

و الحمد للّه ربّ العالمین و صلّی اللّه علی الرّسول الاعظم محمّد المصطفی و آله الطّیّبین و صحبه المنتجبین.

 

ဟဂျ်အီဗရာဟီမီ ၏ ဆုတောင်းချက် နှင့် ၎င်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ ခေါ်ဆိုမှုသည် သမိုင်း၏ နှလုံးသားထဲမှ တစ်ဖန် ကမ္ဘာကြီး တစ်ခုလုံး ကို  တစ်ဖန် မိန့်ခွန်းပြောကြပြီး အလ္လာဟ် ဟို အရှင်မြတ် ကို သတိရနေသူများ၏ စိတ်နှလုံးကို နှိုးဆော်လိုက်ပါသည်။ ဖိတ်ကြားသူ၏ ဖိတ်ခေါ်မှုသည် လူသားအားလုံးကို ဖိတ်ခေါ်နေပါသည်။ و اَذِّن فِی النّاسِ بِالحَجّ[1] ( ထိုပြင်အသင်သည် လူများအား ဟဂျ်ပြုလုပ်ရန် ဖိတ်ခေါ် ကြေညာပါ။ ) ပြီးနောက် ကအ်ဗဟ် သည် လူသားအားလုံးအတွက် မင်္ဂလာရှိသော အိမ်ရှင်နှင့် လမ်းပြသူဖြစ်သည်။ اِنَّ اَوَّلَ بَیتٍ وُضِعَ لِلنّاسِ لَلَّذی بِبَکَّةَ مُبارَکاً وَ هُدیً لِلعالَمین[2] ( အမှန်စင်စစ် လူများ ( ခဝပ်ကိုးကွယ်ရန်) အတွက်  ရှေးဦးစွာ ဆောက်တည်သော အလွန်မင်္ဂလာ ရှိသည့် အိမ်တော် သည် မက္ကာဟ်မြို့ တွင်ရှိ ပြီး စကြာဝဠာ အဖို့ လမ်းညွှန်မှု၏ အချက်အချာ ဖြစ်ပါသည်။ )

မွတ်စ်လင်မ်များအားလုံး၏အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်သည့် ကအ်ဗဟ် သည် အစစ်အမှန်ဝင်ရိုးဖြစ်ပြီး၊ အစ္စလာမ်ကမ္ဘာ ၏ ကွဲပြား မတူညီသောပထဝီဝင် အစိတ်အပိုင်းငယ်တစ်ခု အနေဖြင့် ဟဂျ် အစီအစဉ်သည် လူ့ဘောင် အဖွဲ့ အစည်း ထွန်းကားရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အာမခံချက်ဖြစ်နိုင်ပါသည်။ ဟဂျ် သည် လူသားတစ်ရပ်လုံးကို အထွတ်အထိပ် နာမ်ပိုင်းဆိုင်ရာ နှင့် စာရိတ္တ ၊  ကိုယ်ကျင့် တရားဆိုင် ရာ ဆင့်ကဲ ဖြစ်စဉ်၏ အမြင့်ဆုံးအဆင့်သို့ ဆောင်ကျဉ်းပေးနိုင်ပြီး ၎င်းသည် ယနေ့လူသား၏ မရှိမဖြစ် လိုအပ် သော အရာဖြစ်ပါသည်။

ဟဂျ် သည် ယနေ့နှင့် မနက်ဖြန်တွင် လူသားတို့၏ စာရိတ္တ ကိုယ်ကျင့်တရား ကျဆင်းမှု ကို ဖြစ်စေသည့် နယ်ချဲ့ဝါဒနှင့် ဇီယွန်ဝါဒ၏ အကြံအစည်အားလုံးကို မအောင်မြင်အောင် ထိရောက်မှု မရှိအောင် ပြုနိင်ပါ သည်။

ဤစကြဝဠာ အကျိုးသက်ရောက်မှု အတွက် အရေးကြီး လိုအပ်သည့် စည်းမျည်း မှာ မွတ်စလင်မ် များသည် ပထမအဆင့်အနေဖြင့်ဟဂျ်၏  ရှင်သန်မှုကို ဖြစ်စေသည့် ခွသ်ဗဟ် ကို ပထမဦးစွာ ကိုယ်တိုင် သေချာ နားထောင် ပြီးလက်တွေ့ အကောင် အထည် ဖော်ရန် တစ်မိနစ်မျှ အလွတ်မပေးရန် ဖြစ်ပါသည်။

ဤခွသ်ဗဟ် တွင် အဓိကမဏ္ဍိုင်နှစ်ရပ် (စည်းလုံးညီညွတ်ခြင်း) နှင့် (နာမ်ပိုင်းဆိုင်ရာ ) ပါဝင်ပါသည်။ (စည်းလုံးညီညွတ်ခြင်း) နှင့် (နာမ်ပိုင်းဆိုင်ရာ )သည် အစ္စလာမ့်ကမ္ဘာ၏ ရုပ်ဝတ္ထု နှင့် နာမ်ပိုင်း ရေးဆိုင်ရာ တိုးတက်မှုအတွက် အာမခံချက်ဖြစ်ပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်ပါသည်။ (စည်းလုံးညီညွတ်ခြင်း) ဆိုသည်မှာ ဉာဏ်ရည်ဉာဏ်သွေးနှင့် လက်တွေ့ကျသော ချိတ်ဆက်မှု၊ နှလုံးသားများ၊ အတွေးများနှင့် ဦးတည်ချက်များသည် နီးကပ်လာသည်ကို ဆိုလိုပါသည်။၎င်းသည် သိပ္ပံနည်းကျ နှင့် အတွေ့အကြုံ ပေါင်းစပ်မှုဟု ဆိုလိုသည်။ အစ္စလာမ့်နိုင်ငံများ၏ စီးပွားရေးချိတ်ဆက်မှု၊ ဆိုလိုသည်မှာ မွတ်စလင်မ် နိုင်ငံ များ ၏ အပြန်အလှန် ယုံကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်။ ဆိုလိုသည်မှာ မွတ်စလင်မ် များ ၏  ဘုံရန်သူများအပေါ် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလို သည်။

စည်းလုံးညီညွတ်မှုဆိုသည်မှာ ရန်သူ၏ ရေးဆွဲထားသည့် အစ္စလာမ့်ဂိုဏ်းများ၊ လူမျိုး၊ ဘာသာစကားနှင့် အစ္စလာမ့်ကမ္ဘာ၏ မတူကွဲပြားသော ယဉ်ကျေးမှုများကို အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်အောင်ပြုလုပ်သည့် အစီအစဥ်အား မပြုနိုင်အောင်ပြုခြင်း ဖြစ်ပါသည်။ စည်းလုံးညီညွတ်မှုဆိုသည်မှာ မွတ်စလင်မ် လူမျိုးများ သည် ရန်သူများ၏ သွေးထိုးလှုံ့ဆော်မှုဖြင့်မဟုတ်ဘဲ ဆက်သွယ်ရေး၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် အပြန်အလှန် အားဖြင့် အချင်းချင်း သိရှိနားလည်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး၏ အထောက်အပံ့များနှင့် စွမ်းဆောင်ရည်များ ကို သိရှိပြီး  ၎င်းကို အသုံးချနိုင် ရန် စီစဉ်ခြင်း ဖြစ်ပါသည်။

စည်းလုံးညီညွတ်မှုဆိုသည်မှာ အစ္စလာမ့်ကမ္ဘာမှ ပညာရှင်များနှင့် ကမ္ဘာ အစ္စလာမ့် တက္ကသိုလ်များ လက်တွဲ၍ ရပ်တည်နေခြင်းကို ဆိုလိုပါသည်။ အစ္စလာမ် မဇ်ဟဗ် အသီးသီးမှ အိုလမာ အနေဖြင့် တစ်ဦးကိုတစ်ဦး အ‌ကောင်းမြင်ပေးမှု ၊ သည်းခံမှု၊ တရားမျှတမှုတို့ဖြင့် အချင်းချင်း၏ စကားကို  အပြန်အလှန် နားထောင်သင့် ပါသည်။ နိုင်ငံတိုင်း နှင့်မဇ်ဟဗ်တိုင်း၏ လူရည်ချွန် များသည် လူထု အား အပြန်အလှန် တူညီမှုများ နှင့် ရင်းနှီး အောင် သိအောင် ပြုပေးပြီး အတူတူ ဘဝတည်ဆောက်ကြရန် ညီအကိုရင်းပမာ နေထိုင်ရန် လှုံ့ဆော် ပေးရပါမည်။

စည်းလုံးညီညွတ်မှုဆိုသည်မှာ အစ္စလမ်နိုင်ငံရှိ နိုင်ငံရေး၊ ဘာသာရေး ၊ ယဉ်ကျေးမှုဆိုင်ရာ ခေါင်းဆောင် များ သည် ညှိနှိုင်းသည့်နည်းလမ်းဖြင့် လာမည့်ကမ္ဘာ့အစီအစဉ်၏ အခြေအနေများအတွက် မိမိတို့ကိုယ်ကို ကြို တင်ပြင်ဆင်ရပါမည်၊  အခွင့်အလမ်းများနှင့် ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည့် ကမ္ဘာ့ အတွေ့ အကြုံ သစ် တွင် အစ္စလာမ့်နောက်လိုက်နောက်သားများအတွက် သင့်လျော်သော အနေအထားကို ၎င်းတို့ ၏ ကိုယ်ပိုင် ဆန္ဒဖြင့် သတ်မှတ် ရမည် ဖြစ်ပါသည်။ ပထမကမ္ဘာစစ်အပြီး အနောက်အာရှ၏ ခါးသီးသော နိုင်ငံရေးနှင့် နယ် မြေအသွင်ကူးပြောင်းမှု အတွေ့အကြုံကို နောက်တဖန်မဖြစ်အောင် ပြုရမည် ဖြစ်ပါသည်။

နာမ်ပိုင်းဆိုင်ရာ အရေးဆိုသည်မှာ ဘာသာရေးဆိုင်ရာ ကိုယ်ကျင့်တရားကို မြှင့်တင်ခြင်းဟု ဆိုလိုပါသည်။ အနောက်တိုင်း အတွေးအခေါ် ရင်းမြစ်များမှကြာမြင့်စွာ မြှင့်တင်ခဲ့သည့်  ဘာသာရေးကို ပျက်ပြားစေသည့် အကျင့်စာရိတ္တဆိုင်ရာ သည် ကမ္ဘာပေါ်ရှိလူတိုင်း မျက်မြင်တွေ့နေရသည့် အနောက်တိုင်း တွင် ဤ ကိုယ်ကျင့် တရားပျက်ပြားမှု၏ ရလဒ်ဖြစ်ပါသည်။

နာမ်ပိုင်းဆိုင်ရာ နှင့် ကိုယ်ကျင့်တရား၊ ကို ဟဂျ် ၏ လိုက်ဆောင်ရမည့် ကျင့်စဥ်များ မှ အဲဟ်ရာမ် ဝတ်ခြုံ ၏ ရိုးရှင်း မှု ၊ မှားယွင်းသည့်အခွင့်ထူးများကို ငြင်းပယ်ခြင်း ၊ وَ اَطعِمُوا البائِسَ الفَقیر[3] (ဆင်းရဲ နွမ်းပါးသူများ ကို ကျွေးမွေးခြင်း  ) ၊ لا رَفَث وَ لا فُسوقَ وَ لا جِدال[4] (ဟဂျ်ကာလအတွင်း ကိလေသာ ပါသည့် မည်သည့် လုပ်ရပ် မျိုး မဆို ၊မည်သည့် မကောင်းသည့် လုပ်ရပ် နှင့်ခိုက်ရန် ဖြစ်မှု မရှိခြင်း  ) ၊ သောင်ဟီးဒ် (တစ်ဆူတည်းဝါဒ)  ၏ဝင်ရိုး တစ်ဝိုက်တွင်  မျှော်လင့်ချက်အပြည့်အဝ ပါသည် သွဝါဖ် လှည့်ခြင်း ၊ ရှိုင်တွာန် ကို ခဲပေါက်ခြင်း မွတ်ရှ်ရေကီးန် များကို မုန်းတီးကြောင်း ကြေငြာခြင်း မှ သင်ယူရမည် ဖြစ်ပါသည်။

ဟာဂျီ ညီအစ်ကို မောင်နှမများ ခင်ဗျား ၊ ဟဂျ်ကာလ၏အခွင့်ကောင်း ကို အသုံးချပြီး ဤထူးခြားသော (ဟဂျ်) တာဝန်၏လျှို့ဝှက်ချက်များကို စူးစမ်းဆင်ခြင်ကာ ၎င်းကို မိမိ ဘဝတစ်သက်တာလုံး ခရီးဆောင်အိတ်အဖြစ် ပြုလုပ်ရပါမည်။(စည်းလုံးညီညွတ်ခြင်း) နှင့် (နာမ်ပိုင်းဆိုင်ရာ ) သည် ဤအချိန်အခါတွင် အတိတ်ကာလထက် နယ်ချဲ့ ဇီယွန် ဝါဒ ၏ ရန်ငြိုးဖွဲ့ခြင်း ဖျက်ဆီး ခြင်း နှင့် ပိုမို၍ ရင်ဆိုင်နေရပါသည်။ အမေရိကန် နှင့် နယ်ချဲ့ အသိုင်းအဝိုင်းများသည် မွတ်စလင်မ် များ၏ စည်းလုံးညီညွတ်မှုနှင့် မွတ်စလင်မ် နိုင်ငံများ၊ မွတ်စလင်မ် အစိုးရများအကြား အပြန်အလှန်နားလည်မှု၊ နှင့် မွတ်စလင်မ် မျိုးဆက်သစ်လူငယ်များ၏ ဘာသာရေး စိတ်ဓာတ်ကို ပြင်းထန်စွာ ဆန့်ကျင်ပြီး ဤအရာများကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်နေကြ ပါသည်။ကျွန်ုပ်တို့အားလုံး၊  ကျွန်ုပ်တို့လူမျိုးများ အားလုံး နှင့် ကျွန်ုပ်တို့၏  အစိုးရများအားလုံး၏ တာဝန် ဝတ္တရား မှာ ဤအန္တရာယ်ရှိသော အမေရိကန်နှင့် ဇီယွန်ဝါဒီအစီအစဉ် များ ရှေ့ တွင် ကြံ့ကြံ့ခံ ရပ်တည်ရမည် ဖြစ်ပါသည်။  အလီးမ် နှင့် ကဒီးရ် ဖြစ်တော်မူသည့် အလ္လာဟ်ဟို အရှင်မြတ် ထံတော် မှ အကူအညီ တောင်းခံရမည် ဖြစ်ပါသည်။ မိမိ တို့ အတွက် မွတ်ရှ်ရက်များကို မုန်းတီးကြောင်း ပြသသည့် စိတ်ဓာတ်ကို ခိုင်ခံ့အောင် ပြုရမည် ဖြစ်ပါသည်။ ပြီးနောက် မိမိကိုယ်ကို မိမိမဘဝ၏ ပတ်ဝန်းကျင် တွင် ထို(စိတ်ဓာတ်) ပြန့်ပွား အောင် လေးနက်၊နက်ရှိုင်း အောင် ပြုရန် တာဝန်ရှိသည် ဟု နားလည်သဘောပေါက်ရမည် ဖြစ်ပါ သည်။

အလ္လာဟ်ဟို အရှင်မြတ် ထံတော် တွင် အီရန်နိုင်ငံသား ဟုတ်သူများ နှင့်မဟုတ်သူဟာဂျီများ အားလုံး အတွက် စွမ်းအား နှင့် လက်ခံအတည်ပြုထားသည့်ဟဂျ်  ဖြစ်ရန်  ဆုတောင်းဒိုအာ ပြုရင်း လူကြီးမင်းတို့ အားလုံး အ တွက် ဟဇရသ်ဗကီးယသွလ္လာဟ်ဟေလ်အအ်ဇန်းမ် (အရ်ဝါဟိုနာဖေဒါဟ်) (အေမာမ် ဇမာန်း (အ.ဂျ) ၏ ဆု တောင်းပြည့် ဒိုအာ ရရှိရန် ဆန္ဒပြုအပ်ပါသည်။

والسّلام علیکم و رحمة اللّه

ဇေလ်ဟဂျ်လ မြတ် ၆ရက်နေ့ ၊ဟီဂျရီ ၁၄၄၄ခုနှစ်

အီရန်လ သီးရ် ၄ရက် ၊အီရန်သက္ကရာဇ် ၁၄၀၂ခုနှစ်

ခရစ်သက္ကရာဇ် ဇွန်လ ၂၅ရက်နေ့ ၊ ၂၀၂၃ခုနှစ်

****************************************************************

END / 251


[1] စူရဟ်ဟဂျ်  ၊ အာယသ်တော် အမှတ် ၂၇

[2] စူရဟ် အာလေ့အင်န်မ်ရာန် ၊ အာယသ်တော် အမှတ် ၉၆

[3] စူရဟ်ဟဂျ်  ၊ အာယသ်တော် အမှတ် ၂၈

[4] စူရဟ်ဘကရဟ်  ၊ အာယသ်တော် အမှတ်၁၉၈