အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၃ ဇူလိုင် ၂၀၂၃

၀၆:၄၁:၂၉
1376764

အီးဒ်ဒေဂဒီးရ် ကျင့်စဉ်များ နှင့် အကျိုးဆဝါးဗ် များ

အမီးရိုလ် မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) အား အချစ်ထားသူတိုင်း အီးဒ်ဒေ ဂရီးရ် နေ့မြတ် တွင် ကျင့်ကြံ နိုင်ကြရန် တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးဒ်ဒေဂရီးဒ် ၊ အီးဒ်ဒေ ဝေလာယသ် သည် လာမည့် ဇူလိုင်လ ၇ ရက်နေ့ သောကြာနေ့  ၂၀၂၂၃ နေ့ဖြစ်ပါတယ် ။ ဤအီးဒ်သည် ဆဒါသ် (ဆယက်ဒ်များ ) ၏ အီးဒ် မဟုတ်ပါ ။ တစ်နည်း အားဖြင့် ဝေလာယသ် အေမာမ် အလီ (အ.စ) အပေါ် သက်ဝင်ယုံကြည်သူ သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ သားသမီးများ ၊မျိုးနွယ်ဝင်များ ၏ အီးဒ် ဖြစ်ပါတယ်။

ပြီးနောက်မည်သူမဆို သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) အားအချစ်ထားပြီး ဤအီးဒ်ကို မလုပ်လျင် သခင်မကြီး ဟဇရသ် ဇဲဟ်ရာ (စ.အ) အား ဧကန်မုချ အဖြေပေး ရမည် ဖြစ်ပါတယ် ။သခင်မကြီးအနေဖြင့် နံရိုးများ ကျိုးသည့် တိုင်အောင်  ဝေလာယသ် အေမာမ် အလီ (အ.စ) အား ကာကွယ်ခဲ့ပြီး ၊ သဗ်လီးဂ် ပြုခဲ့ပါတယ်။

အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူထားပါသည်။

“ အလ္လာဟ်ဟိုအရှင်မြတ် အား တိုင်တည်၍ ကျိန်ဆိုပါ၏။ စကြဝဠာ အတွင်း အီးဒ်ဒေဂရီးရ် ထက် အရေးအကြီးဆုံး မည်သည့်နေ့ မှမရှိချေ။ အလ္လာဟ်ဟိုအရှင်မြတ် အား တိုင်တည်၍ ကျိန်ဆိုပါ၏။ ဤအီးဒ်ဒေ ဂဒီးရ် အားပြုလုပ်သူများ အားအလ္လာဟ်ဟို အရှင်မြတ် သခင်သည် ရေတွက်လိုမရနိုင် သည့် နေအ်မသ်တော်များ (ခ) ကောင်းချီးတော်များ ပေးသနားတော်မူမည်။ “

အီးဒ်ဒေဂဒီးရ်နေ့ တွင်ပြုကျင့်ရမည့် ကျင့်စဉ်များ နှင့် ၎င်း တို့၏ အကျိုးဆဝါးဗ်တော်များ

၁။ ရိုဇာ ထားခြင်း

(က) ဂဒီးရ်နေ့ ရိုဇာထားခြင်း သည် လောကတွင် တစ်သက်လုံး ရိုဇာ ထားသည် ဆဝါးဗ်  နှင့် အတူတူ ဖြစ်ပါသည်။

(ခ) ဂဒီးရ် နေ့ တွင် ရိုဇာ ထားခြင်းသည် အလ္လာဟ်ဟိုအရှင်မြတ် အမြင်တွင် နှစ်စဉ်နှစ်တိုင်း အလ္လာဟ်လက်ခံထားသည့် ဟဂျ်ပေါင်း ၁၀၀ နှင့် အလ္လာဟ်လက်ခံထားသည့် အွမ်မရာဟ် ပေါင်း ၁၀၀ ပြုလုပ်သည့် ဆဝါးဗ် နှင့် အတူတူ ဖြစ်ပါသည်။

(ဂ) ဂဒီးရ်နေ့ ရိုဇာ သည် နှစ် ပေါင်း (၆၀) အပြစ်များ ၏ ဒဏ်ကြေး ဖြစ်ပါသည်။

မှတ်ချက် ။ ။ ရိုဇာ ကဇွာရှိသူများ သည် ကဇွာရိုဇာ နီယသ်နှင့် ဂဒီးရ်နေ့ ထားမည်ဆိုလျင် ဂဒီးရ် ဆစဝါးဗ်ကိုပါရရှိ မည်ဖြစ်ပါတယ်။ အကယ်၍ မိမိ၏ ကဇွာရိုဇာရှိလျင် ဂဒီးရ်ရိုဇာ ထား၍ မရချေ။ အကြောင်းမှာ ဂဒီးရ် ရိုဇာသည် မွတ်စ်သဟဗ်ဖြစ်ပါတယ်။

၂။ ရေချိုးခြင်း

၃။ နမာဇ်ဇေအီးဒ်ဒေဂဒီးရ် ဖတ်ခြင်း

ဇဟိုရ်နမာဇ် အချိန် ရောက်ဖို့ မိနစ် ၃၀ လောက် အလိုတွင်ဖတ်ရမည်။

၂ရကတ်

ပထမရကတ် ။ ။ စူရဟ်ဟမ်ဒ် ပြီးနောက် စူရဟ်သောင်းဟီးဒ် ၁၀ကြိမ် ၊ အာယသိုလ်ကိုရ်စီ ၁၀ကြိမ် ၊ စူရဟ် ကဒ်ရ် ၁၀ကြိမ် ဖတ်ရမည်။

ဒုတိယရကတ် ။ ။ ပထမရကတ်ကဲ့သို့ဖတ်ရမည်။

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဟဒီးတော်အရ ဟဂျ် အကြိမ် ၁သိန်း နှင့် အွမ်မရာဟ် အကြိမ် ၁သိန်း နှင့်တူညီသည့် စဝါးဗ် ကိုရရှိမည်။

၄။ အီးဒ်ဒီပေးခြင်း

ဝေလာယသ် အမြင် ဖွံ့ ဖြိုးရန် ရည်ရွယ်ချက်ဖြင့် ပေးခြင်း ဖြစ်ပါသည်။

( မိသားစု ကလေးငယ်များ၊ ဇနီးသည်၊ သူငယ်ချင်းများ ၊ မည်သည့် ဆင်းရဲသား မဆို ကို ပေးရ မည်။ )

၁ဒီရဟမ် (ပမာအားဖြင့် ၁ကျပ်) အီးဒ်ဒီပေးခြင်း ဒီရဟမ် ၁၀ သိန်းပေးသည့်ဆဝါးဗ် (၁၀သိန်းပေး သည့်ဆဝါးဗ် ) နှင့် အတူတူ ဖြစ်ပါတယ်။

၅။ အီးဒ် ပြုလုပ်ခြင်း

ဆိုလိုသည်မှာ မိမိကိုယ်ကို လှပအောင် ပြင်ဆင်ခြင်း၊ ရေမွှေး ဖြန်းခြင်း(လိမ်းခြင်း) ၊ ပျော်ရွှင်မှုကို မြင်သာ ထင်သာ အောင်ပြုခြင်း၊ သူတစ်ပါး(မိုအ်မင်) အားပျော်ရွှင် အောင်ပြုခြင်း ဖြစ်ပါသည်။

အကျိုး ဆဝါးဗ်

အလ္လာဟ်ဟိုအရှင်မြတ် သည် ၎င်း ၏ အပြစ်ကြီး၊ငယ်ကို ခွင့်လွတ်ပလပ်တော်မူမည်။ပြီးနောက် အချို့ ကောင်းကင်တမန် ကြီးများ ကို တာဝန် ပေးတော်မူမည်။အီးဒ်ပြုလုပ်သူ တွက် ကောင်းမှု ကုသိုလ် များစဉ် ဆက်မပြတ်ရေးသားမှတ်တမ်းတင်ရန် နှင့် ၎င်း၏ အဆင့်အတန်း ကို တိုးမြှင့်ပေး ရန် ဖြစ်ပါသည်။ ထိုမှသာ ဤ မြင့်မြတ် သည့်ရက်မြတ် နှင့် ထိုက်တန်ရန် ဖြစ်ပါသည်။ အီးဒ်ဒေ ဂရီးရ် ပြုလုပ်သူသည်အကယ်၍ အလ္လာဟ့် အမိန့် ခံယူသွားလျင် ရှဟီးဒ် အဆင့် ကို ရရှိမည် ဖြစ်ပါသည်။ အကယ်၍ အသက်ရှင် မည်ဆိုလျင် အောင်မြင်ပြီး သာယာသည့် ဘဝကို တည် ဆောက် နိုင်ပေမည်။

၆။ အိမ် အတွင်းအီးဒ် ပြုလုပ်ခြင်း

အိမ်အတွင်း အချိုမုန့်များဝေငှ ခြင်း ၊ ကောင်းမွန်သည့် အစားအစာများ ချက်ပြုတ်စားသုံးခြင်း ၊ ကိတ်မုန့် လှီးခြင်း စသည်ဖြင့် … ပါသည်။

အကျိုး ဆဝါးဗ်

ဤသို့ပြုခြင်းဖြင့် ဥစ္စာပစ္စည်း နှင့် စားနပ်ရိက္ခာ တွင် ဗရ်ကသ် (ကောင်းမြတ်သည့်မင်္ဂလာ) ဖြစ်မည်။အလုပ်အကိုင် ပိုမို၍ ကောင်းမွန်မည်။

၇။ ယောက်တိုင်းကို ပြုံး၍ တွေ့ခြင်း

ဂဒီးရ်နေ့ တွင် ဤလုပ်ရပ်ကို ပြုသူသည် လိုအင်ဆန္ဒပေါင်း ၁၀၀၀ပြည့်ဝမည်။ (အင်န်ရှာအလ္လာဟ်)

၈။ အိမ်နီးနားခြင်းများ ကို အချို့ မုန့် ပေးခြင်း စားစရာ ပို့ခြင်း

ဆွေမျိုးသားချင်းများနှင့်တွေ့ဆုံခြင်း အခြား မိုအ်မင်များ နှင့် တွေ့ဆုံခြင်း

၉။ ငွေချေးခြင်း

ငွေချေးခြင်းသည် အစ္စလာမ်သာသနာ တွင် ကောင်းသည့် လုပ်ရပ်တော့မဟုတ်ချေ။ သို့သော် မတတ်နိုင်၍ အဆုံး ငွေချေး၍ အီးဒ်ဂဒီးရ် ပြုလုပ်ခြင်း သည်အန်ဗီယာ (အ.စ) ၊အောင်လီယာ (အ.စ) ရှိုဟဒါ တို့နှင့်အတူ ရှိမည်ဖြစ်ပြီး   ၎င်း၏ အသက် ၊ဥစ္စာပစ္စည်း နှင့် အလုပ်အကိုင်တွင် ဗရ်ကသ် ဖြစ်မည်။

မောင်လာအလီ (အ.စ) မိန့်တော်မူ၏။

" ဂဒီးရ်နေ့တွင် ချေးသည်ငွေ ကျွန်ုပ် ပြန်ဆပ်ရန် အာမခံပါသည်။"

မှတ်ချက်။ ။ ပြန်မဆပ်မည်ဆိုသည့် နီယသ်နှင့်ငွေချေးခြင်းသည် အစ္စလာမ် သာသနာ တွင်ခိုးခြင်း ဖြစ်သည် ဆိုသည်ကိုလည်း သတိပြုရပါမည်။

၁၀။ များနိုင်သလောက်များများ  အခြားသူများ အီးဒ်ဂဒီးရ် အတွက် မိုဘာရတ်က် ပြောခြင်း

မိုမင် တစ်ဦး နှင့် တစ်ဦးတွေ့ချိန် ဤကဲ့သို့

اَلْحَمْدُ لِلَّهِ الَّذِی جَعَلَنَا مِنَ الْمُتَمَسِّکِینَ بِوِلاَیَهِ أَمِیرِ الْمُؤْمِنِینَ وَ الْأَئِمَّهِ عَلَیْهِمُ السَّلاَمُ

ပြောရမည်။

အကျိုး ဆဝါးဗ်

ဤကဲ့သို့ရွတ်ဆိုသူသည် အန်ဗီယာ (အ.စ) ၊အောင်လီယာ (အ.စ) ရှိုဟဒါ တို့နှင့်အတူ ရှိမည် ဖြစ်သည်။

၁၁။ သူငယ်ချင်းတစ်ဦးတစ်ယောက် (သို့မဟုတ်) ဆင်းရဲသား တစ်ဦး တစ်ယောက် အား ငွေရေးကြေးရေး အကူအညီပေးခြင်း ၊ (သို့မဟုတ်) ထမင်းဖိတ် ကျွေးခြင်း ၊ အဝတ်အသစ် လက်ဆောင်ပေးခြင်း

အကျိုး ဆဝါးဗ်

ဘာသာမဲ့ခြင်း နှင့်ဆင်းရဲခြင်းမှ လုံခြုံမည်။ ၁ဒီရဟမ် (ပမာအားဖြင့် ၁ကျပ်) ကူညီခြင်းသည် ဒီရဟမ် ၁၀ သိန်းပေးသည့်ဆဝါးဗ် (၁၀သိန်းပေး သည့်စဝါးဗ် ) နှင့် အတူတူ ဖြစ်ပါတယ်။

၁၂။ ရိုဇဟ်ထားသူ ကို ဝါဖြေပေးခြင်း

အကျိုး ဆဝါးဗ်

ဂဒီးရ်နေ့ ရိုဇာ ထားသူအား ဝါဖြေပေးခြင်းသည် فئام فئام  မိုအ်မင်များ ကို ဝါဖြေပေးသည့်စဝါးဗ် ရရှိပေမည်။

မောင်အလီ (အ.စ) မှ فئام فئام  ဆိုမိန့်ပြီး လက်ချောင်းများ ကို ၁၀ အထိ ရေတွက် ပြတော်မူခဲ့ ပါသည်။

တစ်ဦးတစ်ယောက်မှ ထရပ်ပြီး မေးမြန်းလေ၏။ အို … အမီးရွလ်မိုအ်မေနီ (အ.စ) ! فئام فئام  ဆိုသည်မှာ အဘယ်နည်း ?  အဖြေပေးမိန့်တော်မူ၏ ။ အန်ဗီယာ(အ.စ)  နှင့်  ဆစ်ဒီးက် နှင့် ရှိုဟဒါ ၁သိန်း  အားပြောဆိုခြင်းဖြစ်သည်။ တစ်နည်းအား ဖြင့် အန်ဗီယာ(အ.စ)  နှင့်  ဆစ်ဒီးက်  နှင့် နှင့် ရှိုဟဒါ ၁သိန်း  အား ရိုဇာ ဖြေပေးသည့် စဝါးဗ် ရရှိမည်ဖြစ်ပါသည်။

၁၃။ မောင်လာ အလီ (အ.စ) ၏ ဇေယာရသ် ကို မောင်လာ ၏အချစ် နှင့် သတိဂရုပြု၍ ဖတ်ခြင်း

ဇေယာရသ် အမီးနိုလ္လာဟ် ဖတ်လျင် ပိုမို၍ ကောင်းပါသည်။

၁၄။ ဂဒီးရ် နေ့ တွင် အောက်ဖော်ပြပါ ဒိုအာ အား အကြိမ် ၁၀၀ ဖတ်ရွတ်ပေးခြင်း

»الْحَمْدُلِلَّهِ الَّذِی جَعَلَ کَمَالَ دِینِهِ وَ تَمَامَ نِعْمَتِهِ بِوِلاَیَةِ أَمِیرِ الْمُؤْمِنِینَ عَلِیِّ بْنِ أَبِی طَالِبٍ  « .

၁၅ ။ ဆဒ်ကာပေးခြင်း

မောင်လာအလီ (အ.စ) မိန့်တော်မူ၏။

ဂဒီးရ် နေ့ တွင် ၁ဒီရဟမ် ဆဒ်ကာပေးခြင်းသည် ဒီရဟမ် ၂သိန်းဆဒ်ကာ ပေးသည် စဝါးဗ် ကို ရပါမည်။ (မြန်မာစကားအရဆိုလျင် ၁ကျပ် ဆဒ်ကာပေးခြင်းသည် ၂သိန်း ဆဒ်ကာ ပေးခြင်း ၏ စဝါးဗ် ကို ရပါမည်။ )

၁၆ ။ ဆလ်ဝသ် ဖတ်ရွတ်ခြင်း

အေမာမ် ဂျအ်ဖရ်ဆွာဒစ်  (အ.စ) မိန့်တော်မူသည်။

ဂဒီးရ်နေ့ တွင် မိုဟမ္မဒ် (အ.စ) နှင့် အာလေ့ မိုဟမ္မဒ် (အ.စ) အပေါ် ဆလ်ဝသ် များများပို့ သကြ ပါလေ။

၁၇ ။ လက်ဆွဲ နှုတ်ဆက်ခြင်း

အေမာမ် အလီ (အ.စ) မိန့်တော်မူသည် ဂဒီးရ်နေ့ တစ်ဦး နှင့်တစ်ဦးတွေချိန် လက်ဆွဲ  နှုတ်ဆက်ပါ။ စလာမ်ပေးပါလေ။

အကိုးအကားများ

(၁) نوشته علامه محمد شفر نجفی

(၂)  حوزه نمایندگی ولی فقیه در امور حج وزیارت

(၃) ویکی فقه

အမီးရိုလ်မိုအ် မေနီ အေမာမ် အလီ (အ.စ)  အား အချစ်ထားသူတိုင်း ဂဒီးရ် နေ့ အား အကြီးဆုံး အီးဒ်နေ့  အဖြစ် ကျင်းပသူတိုင်း ရှရီအီ လိုအင်ဆန္ဒ အဝဝ ပြည့် စုံ အောင်မြင်ကြပါစေ ... အာမီးန်

****************************************************************

END / 251