အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၈ ဇူလိုင် ၂၀၂၃

၀၈:၁၉:၁၃
1380209

ဇေလ်ဟဂျ် လ နောက်ဆုံး ရက်၏ ၂ရကတ်နမာဇ် ကို ရအောင်ဖတ်ပါလေ

ယနေ့သည် ဇေလ်ဟဂျ် လ ၂၉ရက်နေ့ ဤ မင်္ဂလာလ၏နောက်ဆုံးနေ့ဖြစ်ပါတယ်။ ဇေလ်ဟဂျ် လ သည် လနှစ် (အာရဘီနှစ်) ၏ နောက်ဆုံးလဖြစ်ပါတယ်။ ဤနေ့တွင် ၂ရကတ်နမာဇ်ဖတ်ရန် နှင့် ဒိုအာပြုရန် ရီဝါယသ်တော် လာရှိပါတယ်။ နမာဇ် ဖတ် နည်း နှင့် ဒိုအာ အား အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

ယနေ့သည် ဇေလ်ဟဂျ် လ  ၂၉ရက်နေ့  ဤ မင်္ဂလာလ၏နောက်ဆုံးနေ့ဖြစ်ပါတယ်။ ဇေလ်ဟဂျ် လ   သည် လနှစ် (အာရဘီနှစ်) ၏ နောက်ဆုံးလဖြစ်ပါတယ်။ ဟဒီးစ်ပါရဂူ မရ်ဟွန်မ် ရှိက်ခ် အဘာစ် ကွမ်းမီ မှမိမိ ၏ ကျမ်း မဖာသီဟိုလ်ဂျေနန် တွင် လနှစ် (အာရဘီနှစ်) ၏ နောက်ဆုံးလ ၏နောက်ဆုံးနေ့ တွင် ပြုကျင့်ရမည့် အမာလ်များ ကို ရေးသားတင်ပြထားပါတယ်။

ဇေလ်ဟဂျ် လ  ၏နောက်ဆုံးနေ့ သည့် အာရဘီနှစ် (ခ) လနှစ် ၏ နောက်ဆုံး နေ့ဖြစ်ပါတယ်။ ဆယက်ဒ် ဘင်န် သွာအူစ် (ရ.ဟ) အနေဖြင့် မိမိ ၏ ကျမ်း “ အစ်က်ဘာလိုလ်အအ်မါလ်” ကျမ်းတွင် ရီဝါယသ်တော် တစ်ခုကို အ‌ခြေခံ ပြီ ဤ အာရဘီနှစ် နောက်ဆုံး လ၏နောက်ဆုံး ရက်နောက်ဆုံးနေ့ တွင် နမာဇ် ၂ရကတ် ဝတ်ပြုရ် တင်ပြထားပါတယ်။

ဖတ်နည်းမှာ  ဇေလ်ဟဂျ် လ နောက်ဆုံး ရက်၏ နမာဇ် ၂ရကတ် ဖတ်ပါ၏ ကုရ်ဘသန်အေလ္လာဟ်

ပထမရကတ် တွင် စူရဟ် ဟမ်ဒ် တစ်ကြိမ် ၊ စူရဟ်သောင်းဟီးဒ် (၁၀)ကြိမ် ၊ အာယာသိုလ်ကုရ်စီ (၁၀) ကြိမ် ဖတ်ရပါမည်။

ဒုတိယရကတ်တွင်လည်း ပထမ ရကတ် အတိုင်းဖတ်ရပါမည်။

နမာဇ်ပြီးနောက်အောက်ဖော်ပြပါ ဒိုအာ ကို ဖတ်ရပါမည်။

اللّٰهُمَّ مَا عَمِلْتُ فِی هٰذِهِ السَّنَةِ مِنْ عَمَلٍ نَهَیْتَنِی عَنْهُ وَلَمْ تَرْضَهُ وَنَسِیتُهُ وَلَمْ تَنْسَهُ وَدَعَوْتَنِی إِلَی التَّوْبَةِ بَعْدَ اجْتِرائِی عَلَیْکَ، اللّٰهُمَّ فَإِنِّی أَسْتَغْفِرُکَ مِنْهُ فَاغْفِرْ لِی، وَمَا عَمِلْتُ مِنْ عَمَلٍ یُقَرِّبُنِی إِلَیْکَ فَاقْبَلْهُ مِنِّی، وَلَا تَقْطَعْ رَجائِی مِنْکَ یَا کَرِیمُ.

ဒိုအာ ၏ အဓိပ္ပာယ်

“အိုအလ္လာဟ်ဟိုအရှင်မြတ် ... ဤနှစ်တွင် အရှင်တားမြစ်ထား သည့် အရှင်မနှစ်မြို့ သည့် အလုပ်ကိုကျနော်မျိုး လုပ်ခဲ့ပါသည်။ကျနော်မျိုး (လုပ်ပြီး)မေ့သွားပါပြီး။သို့‌သော် ထို အလုပ်ကို အရှင်ကတော့ မမေ့ပါ။ အရှင်အနေဖြင့် ကျနော်မျိုးဗြောင်ရဲရဲ ကျူးလွန်ခဲ့သည် အပြစ် ကိုသောင်ဗဟ် ပြုရန် ဖိတ်ခေါ်တော်မူပါသည်။ အို အလ္လာဟ် ဟို အရှင်မြတ် ... အရှင်ထံ ဤအပြစ် အတွက် ဝန်ချတောင်းပန်ပါသည်။ခွင့်လွတ်တော်မူပါ။ အရှင်နှင့်နီး ကပ်စေ သည့် ကျနော်မျိုး၏ လုပ်ရပ်ကို သဘောတူ လက်ခံတော်မူပါ။ ကျနော်မျိုးအရှင်ထံမှမျှော်လင့်ပါသည်။ မျှော်လင့် ချက် ကို ဖြတ်တောက်တော်မူမပါနှင့် ။ အရှင်သည် အလွန် သနားကြင်နာတော်မူသည့် အရှင်ဖြစ်ပါ သည်။”

မိုအ်မင်အနေဖြင့် ဤအထက်ဖော်ပြပါ ဒိုအာ ဖတ်သည့်အခါ ရှိုင်တွာန် ပြောပေမည်။

“ဝမ်းနည်း လိုက်တာ...  ငါအနေဖြင့် တစ်နှစ် ပတ်လုံး ဤလူကို လမ်းလွဲလမ်းမှား အောင် ကြိုးစားခဲ့သမျှ ဤ စကားစုများ (ဒိုအာ)ကြောင့် ပျက်စီးကုန် ပြီး ။ ဤလူအနေဖြင့် မိမိတစ်နှစ် ပတ်လုံးကို ကောင်းကောင်း မွန်မွန် ကုန်ဆုံး စေခဲ့ပါတယ်။ “

အင်န်ရှာအလ္လာဟ် ...

မိုအ်မင်တိုင်း ဖတ်နိုင်ကြပါစေ ...

****************************************************************

END / 251