အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ကြာသပတေးနေ့

၂၇ ဇူလိုင် ၂၀၂၃

၀၅:၂၃:၄၁
1382724

အာရှုရာနေ့ ရိုဇဟ် နှင့်ပတ်သက်ပြီး အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) နှင့် အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) တို့ ၏ သြဝါဒတော်များ

မိမိကိုယ်ကို ကိုယ်တော်မြတ် (ဆွ) ၏ နောက်လိုက်နောက်သား အွန်မသ် အဖြစ် ခံယူထားပြီး ကိုယ်တော်မြတ်(ဆွ) ၏ ဟဒီးစ်စေစကလိုင်းနှင့်အညီ နေထိုင်သူ မွတ်စလင်မ် (ရှီအဟ်+စွန္နီ ) များ အတွက် အာရှုရာနေ့ ရိုဇဟ် နှင့်ပတ်သက်ပြီး အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) နှင့် အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) တို့ ၏ သြဝါဒတော်များ ကိုတင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မိုဟမ္မဒ် အစ်ဗ်နေမွတ်စလင်မ် နှင့် ဇိုရာရဟ် အစ်ဗ်နေအအင်းန် တို့မှ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ထံ အာရှုရာနေ့ ရိုဇဟ် ကိစ္စအား မေးမြန်းလျှောက်ထားလေ၏။ထိုအခါအေမာမ် (အ.စ) မှ အဖြေပေးမိန့်ကြားလေ၏။

کان صومه قبل شهر رمضان، فلما نزل شهر رمضان ترک.

အဓိပ္ပာယ် - “ ဤနေ့ (အာရှုရာနေ့)ကို ရိုဇဟ် ထားခြင်းသည် လမြတ် ရမ်တွာန် ၏ ရိုဇဟ် မထားရခင်က အရင်ထားရန် ဝါဂျစ်ဗ် (မထားမနေရ) ဖြစ်ပါသည်။ သို့သော် လမြတ် ရမ်တွာန် တွင် ရိုဇဟ်ထားရန်ဝါဂျစ်ဗ် ဖြစ်သွားပြီး နောက် အာရှုရာနေ့ကို ရိုဇဟ် ထားရန် ရှောင်ကြဥ် ခဲ့ကြပါသည်။ “

ကြည့် - من لا یحضره الفقیه، ج 2، ص 51، ح 224.

အထက်ပါ ဟဒီးစ်တော် သည် ရှီအဟ်မဇ်ဟဗ်၏ အရေးကြီးကျမ်းကြီး ၄ကျမ်း အနက်မှ တစ်ကျမ်း ဖြစ်သည့် “ မန်လာ ယဟ်ဇိုရိုဟိုလ်ဖကီးယဟ် “ဆိုသည့် ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၅၁ နှင့် ဟဒီးစ်တော် အမှတ် ၂၂၄ ဖြစ်ပါသည်။ ဤအတွက်ကြောင့် ရှင်းနေပါတယ်။ အဲဟ်လေ့ဘိုက်(သ) (အ.စ)၏နောက်လိုက် မှန်လျှင် ရှီအဟ်ဖြစ်စေ ၊ စွန္နီ ဖြစ်စေ အာရှာရာနေ့ တွင်ရိုဇဟ် ထားကြမည် မဟုတ်ချေ။

အခြား ရီဝါယသ်တော် တစ်ခု တွင်လည်း အထက်ပါ မေးခွန်း အား အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ထံ မေးမြန်း ခဲ့ရာ အေမာမ် မှ အဖြေပေးမိန့်ကြားခဲ့ပါတယ်။

صوم متروک بنزول شهر رمضان، والمتروک بدعة.

အဓိပ္ပာယ် - “ ဤနေ့ (အာရှုရာနေ့)ကို ရိုဇဟ် ထားခြင်းသည် လမြတ် ရမ်တွာန် ၏ ရိုဇဟ်ထားရန်ဝါဂျစ်ဗ် ဖြစ်သွားပြီး နောက် ရှောင်ကြဥ် ခဲ့ကြပါသည်။ရှောင်ကြဥ် သည့် နေ့ ကို ရိုဇဟ် ထားခြင်းသည် ဗေဒ်အသ် ဖြစ်ပါ သည်။ (စွန္နသ်မဟုတ်ချေ။) “

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ)၏  မုဟရမ် ၉ ရက်နေ့ နှင့် အာရှုနေ့ရိုဇဟ် ဆိုင်ရာ ဟဒီးစ်တော်

الكافی عَنْهُ عَنْ مُحَمَّدِ بْنِ الْحُسَیْنِ عَنْ مُحَمَّدِ بْنِ سِنَانٍ عَنْ أَبَانٍ عَنْ عَبْدِ الْمَلِكِ قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ ع عَنْ صَوْمِ تَاسُوعَا وَ عَاشُورَاءَ مِنْ شَهْرِ الْمُحَرَّمِ فَقَالَ تَاسُوعَا یَوْمٌ حُوصِرَ فِیهِ الْحُسَیْنُ وَ أَصْحَابُهُ بِكَرْبَلَاءَ وَ اجْتَمَعَ عَلَیْهِ خَیْلُ أَهْلِ الشَّامِ وَ أَنَاخُوا عَلَیْهِ وَ فَرِحَ ابْنُ مَرْجَانَةَ وَ عُمَرُ بْنُ سَعْدٍ بِتَوَافُرِ الْخَیْلِ وَ كَثْرَتِهَا وَ اسْتَضْعَفُوا فِیهِ الْحُسَیْنَ ع وَ أَصْحَابَ هُ وَ أَیْقَنُوا أَنَّهُ لَا یَأْتِی الْحُسَیْنَ نَاصِرٌ وَ لَا یُمِدُّهُ أَهْلُ الْعِرَاقِ بِأَبِی الْمُسْتَضْعَفَ الْغَرِیبَ ثُمَّ قَالَ وَ أَمَّا یَوْمُ عَاشُورَاءَ فَیَوْمٌ أُصِیبَ فِیهِ الْحُسَیْنُ ع صَرِیعاً بَیْنَ أَصْحَابِهِ وَ أَصْحَابُهُ حَوْلَهُ صَرْعَى عُرَاةً أَ فَصَوْمٌ یَكُونُ فِی ذَلِكَ الْیَوْمِ كَلَّا وَ رَبِّ الْبَیْتِ الْحَرَامِ مَا هُوَ یَوْمَ صَوْمٍ وَ مَا هُوَ إِلَّا یَوْمُ حُزْنٍ وَ مُصِیبَةٍ دَخَلَتْ عَلَى أَهْلِ السَّمَاءِ وَ أَهْلِ الْأَرْضِ وَ جَمِیعِ الْمُؤْمِنِینَ وَ یَوْمُ فَرَحٍ وَ سُرُورٍ لِابْنِ مَرْجَانَةَ وَ آلِ زِیَادٍ وَ أَهْلِ الشَّامِ غَضِبَ اللَّهُ عَلَیْهِمْ وَ عَلَى ذُرِّیَّاتِهِمْ وَ ذَلِكَ یَوْمٌ بَكَتْ جَمِیعُ بِقَاعِ الْأَرْضِ خَلَا بُقْعَةِ الشَّامِ فَمَنْ صَامَهُ أَوْ تَبَرَّكَ بِهِ حَشَرَهُ اللَّهُ مَعَ آلِ زِیَادٍ مَمْسُوخَ الْقَلْبِ مَسْخُوطاً عَلَیْهِ وَ مَنِ اذَّخَرَ إِلَى مَنْزِلِهِ ذَخِیرَةً أَعْقَبَهُ اللَّهُ تَعَالَى نِفَاقاً فِی قَلْبِهِ إِلَى یَوْمِ یَلْقَاهُ وَ انْتَزَعَ الْبَرَكَةَ عَنْهُ وَ عَنْ أَهْلِ بَیْتِهِ وَ وُلْدِهِ وَ شَارَكَهُ الشَّیْطَانُ فِی جَمِیعِ ذَلِكَ‏.

အဗ်ဒိုလ်မလစ်က် အနေဖြင့် အေမာမ် ဆွာဒစ်က် (အ.စ)ထံ မုဟရမ်လ ၏ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့ ကို ရိုဇဟ် ထားခြင်း ကိစ္စ နှင့်ပတ်သက်ပြီး  ဤ နှစ်ရက်တွင် ရိုဇဟ် ထားလို့ ရပါသလား ? ဟု မေးမြန်းလျှောက်ထားလေ၏။

အေမာမ် (အ.စ) မှ အဖြေပေး ‌မိန့်ကြားလေ၏။ မုဟရမ် ၉ရက်နေ့ဆိုတာ ကရ်ဗလာ ကွင်းပြင်မှာ  အေမာမ် ဟိုစိုင်းန်(အ.စ) နှင့် ကိုယ်တော်၏သာဝကတော်များ (အ.စ) ကို (ထိုအချိန်က) ဆီးရီးယားနိုင်ငံသားများ က ဝိုင်းရံ ထားခဲ့ပါသည်။ အစ်ဗ်နေမရ်ဂျာနဟ် အိုဗိုင်းဒိုလ္လာဟ် အစ်ဗ်နေ ဇေယာဒ် (လ.န) နှင့် အဗ်နေစအ်ဒ်  (လ.န) တို့သည် မိမိ တို့ စစ်တပ်၏ စစ်သား အရေအတွက်များလာသည်ကိုတွေ့မြင်ရသည့်အတွက် အလွန်ဝမ်းသာကြပြီး ထိုနေ့တွင် အေမာမ် ဟိုစိုင်းန်(အ.စ) နှင့် အေမာမ် ၏သာဝကတော်များ (အ.စ) ကို အားနည်းသည်ဟု သတ်မှတ်ခဲ့ကြပါသည်။ ပြီးနောက် ထိုနေ့ တွင် မည်သူမျှ အေမာမ် ဟိုစိုင်းန် (အ.စ)ကို ကူညီဖို့ လာရောက် ကြတော့မည်မဟုတ်ဟု ယုံကြည်ခဲ့ကြပါသည်။ပြီးနောက် အေမာမ် ဆွာဒစ်က် (အ.စ) သည် ငိုကြွေး ပြီး မိန့်ကြား လေ၏။

ကျွန်ုပ်၏ မိခင်ဖခင်အား အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် စတေးပါသည်။ အေမာမ် ဟိုစိုင်းန် (အ.စ) နိုင်ငံရပ်ခြားမှာ ရှိနေချိန် အားနည်းသည် ဟု သတ်မှတ်ခဲ့ကြပါသည်။

ပြီးနောက် မိန့်လေ၏။သို့သော် အာရှုရာနေ့သည်           

محمد بن یعقوب عن الحسین بن علی الهاشمی عن محمد بن الحسین عن محمد بن سنان (عن أبان عن عبد الملک) قال: سألت أبا عبد الله علیه السلام عن صوم تاسوعاء وعاشوراء من شهر المحرم؟ فقال:... ما هو یوم صوم. وما هو إلا یوم حزن ومصیبة دخلت على أهل السماء وأهل الأرض وجمیع المؤمنین. ویوم فرح وسرور لابن مرجانة وآل زیاد وأهل الشام. غضب الله علیهم وعلى ذریاتهم...

အဓိပ္ပာယ် - “ ဤနေ့သည် အေမာမ် (အ.စ)ပူဆွေးသောက ဝေဒနာကို ခံစားနေပြီး ဒဏ်ရာ ရနေသည့် အခြေအနေ တွင်  မိမိ၏ သာဝကတော် များ အလယ်‌မြေပြင်ပေါ်တွင် လဲကြနေသည့် အချိန် ဖြစ်ပါသည်။ ထိုနေ့၌ အေမာမ် ၏သာဝကတော် များ ၏ အလောင်းများသည်လည်း အေမာမ် အနီးအနား တွင်  ကိုယ်လုံးတီးဖြင့် ကျဆုံးနေသည် ဖြစ်ပါသည်။ အခုလို အခြေအနေ တွင် ရိုဇဟ် ထားဖို့ ဖြစ်နိုင်ပါသလား?  

ကအ်ဗဟ်ဝတ်ကျောင်းတော်၏အရှင်၊မြတ်အလ္လာဟ်  အား ကျိန်ဆိုပါသည်။ လုံးဝ ရိုဇဟ်ထားလို့ မရသည့် အခြေ အနေဖြစ်ပါ သည်။ဤနေ့သည် ရိုဇဟ် ထားရမည့် နေ့ မဟုတ်ချေ။ တစ်နည်းအား ဖြင့် ဤနေ့ တွင် ဝမ်းနည်းကြေကွဲသောကဖြစ်ရမည့်နေ့ ဖြစ်ပါသည်။ ဤနေ့တွင် ကောင်းကင် နှင့်မြေပထဝီရှိသူများအားလုံး နှင့် မိုအ်မင်များ အားလုံးသည်ဝမ်းနည်းကြေကွဲသောကဖြစ်ခဲ့ကြပါသည်။

အာရှုရာနေ့ သည် အစ်ဗ်နေ မရ်ဂျာနဟ်(လ.န) ၊ အာလေ့ ဇယာဒ် (လ.န) နှင့် (ထိုအချိန်ထိုအခါက) ဆီးရီးယား သားများ အတွက် ပျော်ရွှင်စရာနေ့ ဖြစ်နိုင်ပါသည်။အလ္လာဟ် ဟိုအရှင်မြတ် အမျက်တော် ၎င်းတို့အပေါ်၎င်းတို့၏ သားသမီးများ အပေါ် ကျရောက်ပါစေ။ အာရှုနေ့ တွင် ဆီးရီးယား မြေမှအပ ကျန်မြေအားလုံးသည် ငိုကြွေး ခဲ့ပါသည်။

အကြင်မည်သူမဆို ဤနေ့ (အာရှုရာနေ့) တွင်ရိုဇဟ် ထားမည်ဆိုလျှင် သို့မဟုတ် ဘရ်ကသ်ရှိသည့် နေ့အဖြစ်သတ်မှတ် မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ်သည် ၎င်းကို အာလေ့ဇယာဒ် နှင့်အတူ ရှင်ပြန် ထစေမည်။ ထိုအချိန် တွင် ၎င်း၏ အခြေအနေ မှာ နှလုံးသားသည် မတ်စ်ခ်(ရုပ်ပြောင်း) ဖြစ်နေပြီးဖြစ်ပြီး၎င်း အပေါ်အလ္လာဟ် ၏ အမျက်တောင် စူးရှခံရပြီးဖြစ်မည်၊ ပြစ်ဒဏ် ခံရပြီး ဖြစ်ပါမည်။

အကြင်မည်သူမဆို ဤနေ့ (အာရှုရာနေ့) တွင် မိမိအိမ် ၌ ပျော်ရွှင်နေသည့် အခြေအနေ တွင် တစ်စုံ တစ်ရာကိုသိမ်းဆည်း ထားမည်ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ်သည် ၎င်း၏ နှလုံး သားကို ဖောက်ပြန် မှုတွင် ထားစေမည်။ ထိုအခြေအနေတွင် အလ္လာဟ် နှင့် တွေ့ ဆုံ ရမည် ဖြစ်ပါသည်။ ၎င်းနှင့် ၎င်းသားသမီးများ ကို ဗရ်ကသ် (ကောင်းချီးမင်္ဂလာ) နှင့် ဝေး စေပါမည်။ ပြီးနောက် ရှိုင်တွာန် အား ၎င်းတို့အားလုံး နှင့် အတူ ရှိစေပေ မည်။

ကြည့် -  بحار الأنوار (ط - بیروت)  ج‏45  ص95 / وسائل الشیعه (آل البیت)، شیخ حر عاملی، ج 10، ص 460.ح 13847

အခုလို အနှစ်ချုပ် တင်ပြ ချက်ကြောင့် လူကြီးမင်းများ အနေဖြင့် အာရှုရာနေ့ တါင် ရိုဇဟ် ထားသင့်မသင့်သည်ကိုထင်ထင်ရှားရှား သိရှိသွားပြီး ဟု မျှော်လင့်မိပါတယ်။

****************************************************************

END / 251