အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၉ ဩဂုတ် ၂၀၂၃

၁၆:၂၂:၂၀
1385837

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ရ(အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် နမာဇ်ဇေ ရှက်ဗ်၏ အရေးကြီးမှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့်  ဘေဟာရိုလ်အန်နဝါရ်ကျမ်း  လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الصادق علیہ السلام:

ما مِن عَمَلٍ حَسَنٍ یَعمَلُهُ العَبدُ إِلّا وَلَهُ ثَوابٌ في القُرانِ إِلّا صَلَاةَ اللَّیلِ فَإِنَّ اللّهَ لَم یُبَیِّن ثَوابَهَا لِعِظَمِ خَطَرِها عِندَهُ فَقالَ: «تَتَجافی جُنُوبُهُم عَنِ المَضاجِعِیَدعونَ رَبَّهُم خَوفاً وَ طَمَعاً وَ مِمّا رَزَقناهُم یُنفِقونَ -إِلَی قَولِه- یَعمَلُونَ».

 

အေမာမ်  ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“(အလ္လာဟ်)ကျေးကျွန် ပြုလုပ်သည့် ကောင်းမှု  တိုင်း အတွက်ဆဝါးဗ် အား  ကျမ်းတော် မြတ် ကုရ်အာန် တွင် ဖော်ပြထားပါသည်။ သို့သော် နမာဇ် ဇေရှက်ဗ်သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အမြင်အလွန်အ‌ရေးပါ အရေးကြီးသည့် အတွက် ၎င်း ၏ ဆဝါးဗ် ကို မမိန့်တော်မူထားချေ။ ထိုပြင် ဤကိစ္စ နှင့် ပတ်သက်ပြီး အလ္လာဟ်ဟို အရှင်မြတ် မိန့်တော်မူပါသည်။ ထို(နမာဇ်ဇေရှက်ဗ် ဝ်ပြုသူ)သည် မိမိ၏ ကိုယ်ခန္ဓာ အား အိပ်ရာ မှ ဖယ်ရှား ပြီး (အလ္လာဟ်) ကြောက်စိတ် ၊(အလ္လာဟ်ထံမှ) မျှော်လင့်ချက် ဖြင့် မိမိအား မွေးမြူ ဖန်ဆင်းတော် မူသည့် အရှင်အား’ တမ်းတလေသည်။ ပြီး ငါအရှင်ချီးမြှင့်ထားသည့် ရိုဇီ မှ ပေးကမ်းလှူန်း လေ၏။ ပြီးနောက်သူပြုလုပ်သည့် ကောင်းမှု ကုသိုလ်(များ)တွင် မည်ကဲ့သို့သော် ပီတိများ ပျော်ရွှင်မှုများ ဖုံးကွယ်နေသည်ကို  မည်သူမျှ မသိရှိကြ ချေ။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ်ကျမ်း ၊ အတွဲ ၈  ၊ စာမျက်နှာ ၁၂၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး   မိုအ်မင်များ အနေဖြင့် မိမိတို့၏ နေ့စဥ် နမာဇ် ငါးကြိမ် အပြင် နမာဇ် ဇေရှက်ဗ် လည်း ဝတ်ပြု နိုင်ရန် ကြိုးပမ်း ရပါမည်။ နမာဇ်ဇေ ရှက်ဗ် အား မည်သည့် နီယသ်ဖြင့် ဝ်ပြုရန်လည်း ဟဒီးစ်တော် မှ အတိ အကျ ဖော်ပြထားပါတယ်။  ပြီးနောက်အလ္လာဟ်ဟို အရှင်မြတ် ပေးထားသည့် ရိုဇီ (စားနပ်ရိက္ခာ ) များ ငွေကြေးများ မှ အလ္လာဟ် လမ်းတွင် မျက်နှာ လိုက်ခြင်း ဖက်လိုက်ခြင်း မပြုဘဲ ပေးကမ်း လှူဒါန်း ရမည် ဖြစ်ပါသည်။

****************************************************************

END / 251