အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၉ ဩဂုတ် ၂၀၂၃

၁၉:၀၉:၁၆
1385908

ဟဒီးစ် စေ အစ်ဖ်သေရာက် (ခ) အစ္စလာမ် ဂိုဏ်း ၇၃ ဂိုဏ်းအကြောင်း တစေ့တစောင်း

ဟဒီးစ် စေ အစ်ဖ်သေရာက် (ခ) အစ္စလာမ် ဂိုဏ်း ၇၃ ဂိုဏ်းအကြောင်း တစေ့တစောင်း ကို အဗ်နာ ချစ်ပရိတ်သတ်များ အတွက် ‌တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဒီးစ် စေ အစ်ဖ်သေရာက်ကို အာရဘီစကားဖြင့် حديث الافتراق  လိုခေါ်ပါတယ်။ သည် အစ္စလာမ့် နောက်လိုက်နောက်သားများ အကြား ဂိုဏ်းပေါင်း ၇၀ကျော် ခွဲထွက်မည့် နှင့်ပတ်သက်သည့် မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ဟဒီးစ်တော်ဖြစ်ပါတယ်။ ဤဟဒီးစ်တော်အရ ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) မရှိသည့်နောက်ပိုင်း တွင် အစ္စလာမ့်နောက်လိုက်နောက်သားများ အကြား ဂိုဏ်းပေါင်း ၇၀ကျော် ခွဲထွက်၊ကွဲထွက် မည်ဖြစ်ပြီး တစ်ဂိုဏ်းသာ လွတ်မြောက်မည် (ဂျန္နသ်သီ၊ ဂျန္နသ်သုခဘုံသားများ) မည်ဖြစ်ပါတယ်။ ဖေရ်ကဟ်နာဂျီယဟ်ခေါ် လွတ်မြောက်မည့် ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း နှင့်ပတ်သက်ပြီး အစ္စလာမ် ဂိုဏ်းကွဲ ပညာရှင်များ အကြား သဘောထား အကွဲအလွဲရှိပါတယ်။ ဂိုဏ်းတိုင်းကတော့ သူတို့ဖြစ်ကြောင်း ပြောကြပါတယ်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ ဆင့်ပြန် ချက်လာရှိ သည်မှာ ဖေရ်ကဟ် နာဂျီယဟ်ခေါ် လွတ်မြောက်မည့်ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း သည် အလီ (အ.စ) ၏ ရှီအဟ်များ ဖြစ်ပါတယ်။ ဤအချက်ဟာ အမှန်တရား ကိုလေ့လာသူများ အဖို့ ငြင်းမရသည့် အချက်ဖြစ်ပါတယ်။

ဟဒီးစ် စေ အစ်ဖ်သေရာက် နှင့် ဤဟဒီးစ် နှင့်ပတ်သက်သည့် ကိစ္စများ ကို ကလာမ် ပညာ ရပ်တွင် အေလ်အေဖေရ်ကဟ်ရှနာစီ (ခ) ဂိုဏ်းခွဲ၊ဂိုဏ်းကွဲ များ နှင့်ပတ်သက်သည့် ပညာ နှင့် ဂိုဏ်းများ ၏ ပြဿနာများ နှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြထားပါတယ်။ ဟဒီးစ် စေ အစ်ဖ်သေရာက် သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဟဒီးစ်တော် ဖြစ်ပြီး နည်းလမ်းမျိုးစုံ ဖြင့် ဆင့်ပြန်ချက်များ လာရှိပါတယ်။ ဟဒီးစ်တော်တွင် မီးကိုးကွယ်သူများ တွင် ဂိုဏ်းပေါင်း ၇၀ ခွဲခဲ့ကြောငါး ဂျူးများတွင် ၇၁ ဂိုဏ်းကွဲခဲ့ကြောင်း  နှင့် ခရစ်ယာန် များတွင် ၇၃ ဂိုဏ်း ကွဲ ခဲ့ကြောင်း မိမိ၏ အွန်မသ် (ခ) နောက်လိုက်နောက်သားများ အကြားတွင် ၇၃ ဂိုဏ်း ကွဲမည့် အကြောင်း ၎င်း ဂိုဏ်းကွဲများ အားလုံး တွင် တစ်ဂိုဏ်းသာ လွတ်မြောက်မည်ဂျန္နသ်သီ ဖြစ်မည်ဆိုသည့် ဘက်သို့ ရည်ညွှန်း ထားပါတယ်။ သို့သော် အချို့ ဆင့်ပြန်မှုများ တွင် ၇၂ ဂိုဏ်းသည်လွတ်မြောက် မည်ဖြစ်ပြီး တစ်ဂိုဏ်းသည် ဂျဟန္နမ်မီ(ခ) ငရဲဘုံသမားများဖြစ်ကြောင်း တင်ပြထားပါတယ်။

ကွဲပြားသည့် ဆင့်ပြန်ချက်များ အရ ဤရီဝါယသ်တော်ပါ အစ္စလာမ့် ဂိုဏ်းကွဲများသည် တစ်ခါတစ်ရံ ၇၃  ဂိုဏ်း ဖြစ်ကြောင်း တစ်ခါတစ်လေ ၇၂ ဂိုဏ်း ရှိကြောင်း တစ်ခါတစ်ရံ ၇၁ ဂိုဏ်း ဖြစ်ကြောင်း လာရှိပါတယ်။ဟဒီးစ် စေ အစ်ဖ်သေရာက် ၏ ရှင်းလင်းချက်တွင် ဖေရ်ကဟ်နာဂျီယဟ်ခေါ် လွတ်မြောက်မည့်ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း မှအပ ဂိုဏ်းအများစု (ဂိုဏ်းအားလုံး) သည် လမ်းလွဲလမ်းမှား များ ဖြစ်ကြကြပါတယ်။ ယုံကြည်ချက် များ ဆိုင်ရာ ကွဲလွဲမှု ကို  အခြေခံပြီး တစ်ဂိုဏ်း နှင့် တစ်ဂိုဏ်း အပြန်အလှန် ကာဖေရ် ဖြစ်သည့်ဟု ဆိုကြပြီး ရန်ငြိုးပြုတာတွေကိုလုပ်ကြပါတယ်။ ဖေရ်ကဟ်(ခ) ဓမ္မသတ်ဆိုင်ရာ ဖေရ်ကဟ် ပညာရှင်များ ဓမ္မသတ်ပညာရှင်များ အားလုံးသည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် စွန္နသ် တော် ဘက်သို့လှည့်ကြပါတယ်။ မတတ်နိုင်သူများ (လမ်းလွဲလမ်းမှား သမား များ) လည်း ဖြစ်သည်နောက် ဂျန္နသ် သုခဘုံသားများလည်း ဖြစ်သည်ဆိုသည်မှာ မဖြစ်နိုင်ချေ။ အချို့ ရှင်းပြသူများ အနေဖြင့် ဤဟဒီးစ်တော် သည် မွတ်စလင်မ်များ ၏ လောကီကိစ္စ မှန်သမျှ ပမာအားဖြင့် အသက် ၊ ဥစ္စာပစ္စည်း ၊ အစိုးရ ၊ အပြန်အလှန် ရန်ငြိုးထားမှု ဂိုဏ်းကွဲများ ဖြစ်သွားမှု ပါဝင်နိုင်ကြောင်း တင်ပြ ထားကြပါ တယ်။

ဟဒီးစ် စေ အစ်ဖ်သေရာက် သည် ရှီအဟ်များ၏ ကျမ်းကြီးလေးကျမ်း နှင့် စွန်နီ များ၏ ဆဟီးဟ် ကျမ်းကြီး ခြောက်ကျမ်းတွင် ဆင့်ပြန်ထားခြင်း မရှိပါဘူး။ ဖေရ်ကဟ်သုတေသီများ ပမာအားဖြင့် နောင်ဗခ်သီ အနေဖြင့် ဖေရ်ကိုရှ်ရှီအဟ် စာအုပ်တွင် ထိုနည်းတူစွာ အဘူလ်ဟစန် အရှ်အရီ ၏ ကေသာဗို မကာလာသေလ် အစ္စလာမ်မီယီးန် တွင် လည်းဘဲ ဤဟဒီးစ်တော် ဘက်သို့ ရည်ညွှန်း ဖော်ပြထားခြင်းမရှိချေ။ အစ်ဗ်နေဟဇ်မ်အန်ဒိုလိုစီ အနေဖြင့်လည်း  ယုံကြည်နိုင်အောင်အထိလည်း လက်ခံထားမှုမရှိသလို ကန့်ကွက် ငြင်းဆိုမှုလည်း မပြုထားပါဘူး။ အစ်ဗ်နေ ဝဇီးရ် ၏ သုတေသန ပြုချက်အရ ဤဟဒီးစ်တော် ၏ နောက်ဆုံး အပိုင်း ( တစ်ဂိုဏ်း မှအပ ကျန် ဂိုဏ်းများ အားလုံး သည် ဂျဟန္နမ်ဂိုဏ်းဖြစ်ကြောင်း) သည်  အတု (ဖန်တီးထားမှု) ဖြစ်ကြောင်း ဆိုထားပါတယ်။

ဤကဲ့သို့ အခြေအနေတွင် အချို့ ရှီအဟ် ကျမ်းများ နှင့် စွန်နီ ကျမ်းများ ၊ အချို့ ဂိုဏ်းကွဲများ အကြောင်း ရေးသားသည့် စာရေးဆရာများ အနေဖြင့် ဤဟဒီးစ်တော် ကို ဆင့်ပြန် ထားကြပြီး လက်ခံ ထားကြပါတယ်။ အချို့ ဂိုဏ်းကွဲများ အကြောင်း ရေးသားသည့် စာရေးဆရာများ ပမာ အားဖြင့် အစ်‌ဗ်ဒိုကာဟေရ်ဘင်န် သွာဟေရ် ဘဂ္ဂဒတ်ဒီ ရှဲဟ်ဖူရ် ဘင်န် သွာဟေရ် အစ်ဖရာနီ အစ်‌ဗ်နေ အစ်ဗ်ဒိုရ်ရဟ်မာန် မိုလ်သွီ ရှာဖေအီ (15) တို့မှာ အစ္စလာမ် ဂိုဏ်းကွဲ ၇၃ ဂိုဏ်း ဟုဆိုထား ကြပြီး ဟဒီးစ် စေအစ်ဖ်သေရာက် သည် မရှ်ဟူရ် ဟဒီးစ် မွတ်စ်သဖီးဇ်ဟဒီးစ်  အပြင် မိုသဝါသေရ် ဟဒီးစ် သို့မဟုတ် မိုသဝါသေရ်နီးပါး (18) ဖြစ်ကြောင်း ဆိုထားကြပါတယ်။

အာယာသွလ္လာဟ် စိုဘ်ဟာနီ အနေဖြင့် မွတ်စ်သဖီးဇ်ဟဒီးစ် ဖြစ်ကြောင်း ဆင့်ပြန်ချက်များ အများအပြား ရှီအဟ်ကျမ်းများ စွန်နီကျမ်းများတွင်လာရှိသဖြင့် အားနည်းသည့် ဟဒီးစ် နိုင်ကြောင်း ဆင့်ပြန်ထားမှု အထောက်အထား အမျိုးမျိုးသည် စိတ်အေး ၊စိတ်ချရသည်အရင်းအမြစ်များ ကို ဖြစ်စေကြောင်း ဆိုထားပါသည်။(19) ထိုနည်းတူစွာ မိုဟမ္မဒ် အဲဟ်မဒ် မိုကဒစီ ( ဟီဂျရီ ၃၈၁ခုနှစ်ကွယ်လွန်) အဲဟ်စန်နို သကာစီးမ်ဖီးမအ်ရေဖသိုလ်အကာလီးမ် ကျမ်းတွင် ဤ ရီဝါယသ်တော် အား အခြား ရီဝါယသ်တော် ထက်ပိုမို၍ ကျော်ကြားကြောင်း တင်ပြထားပြီး ဂျန္နသ်သီဂိုဏ်းမှာ ၇၂ ဂိုဏ်း ဖြစ်ကြောင်း ၁ဂိုဏ်းသာ ဂျဟန္နမ်မီ ဖြစ်ကြောင်း မိမိအနေဖြင့် ဒုတိယ ရီဝါယသ်တော်သည် ပိုမို၍ မှန်ကန်သည်ဟု လက်ခံ ယုံကြည်ကြောင်း  ရေးသားထားပါသည်။ 

ဖေရ်ကဟ်နာဂျီယဟ်ခေါ် လွတ်မြောက်မည့်ဂိုဏ်း ဂျန္နသ်သီ ဂိုဏ်း နှင့်ပတ်သက်ပြီး ဂိုဏ်း အသီးသီး၏ အိုလမာ အကြား အကွဲအလွဲ အမြင်များ လာရှိပါတယ်။ယေဘုယျ အားဖြင့်  ဂိုဏ်းအသီးသီး တိုင်း မိမိတို့ ဂိုဏ်းကို သာ ဖေရ်ကဟ်နာဂျီယဟ် ဖြစ်ကြောင်းကျန် ၇၂ ဂိုဏ်း မှ ပျက်စီး ကြမည် ဖြစ်ကြောင်း လက်ခံထားကြပါတယ်။ ရှီအဟ်အေမာမ်မီယဟ်  အာလင်မ်များမှ တစ်ပါး ဖြစ်သည့် ဂျမားလ်လွတ်ဒ်ဒီးန် ရာဇီ အနေဖြင့် သဗ်ဆေရသိုလ် အဝါမ် ဖီး မအ်ရေဖသိုမကာလာသ်သေလ်အနာမ် ကျမ်း တွင် အစ္စ်မာအီလီယေဟ် ၏ အာလင်မ်များ မှ တစ်ပါးဖြစ်သည့် ဂျအ်ဖရ် ဘင်န် မန်ဆူရ်ရိုယမန် အနေဖြင့် စရာအေရိုဝအစ်စရာရို န်နသွကာအ် ကျမ်း တွင် စွန်နီ အာလင်မ်များ မှ တစ်ပါးဖြစ်သည့် ရှဲဟ်ရေစ်သာနီ အနေဖြင့် ကေသာဗိုလ် မေလလ်လိုဝန်နဟ်ရ် ကျမ်းတွင် ဖေရ်ကဟ်နာဂျီယဟ် မှာ မိမိတို့ ဂိုဏ်းသာ ဖြစ်ကြောင်း တင်ပြ ထားကြပါတယ်။

ဟီဂျရီလေးရာစု ၏ အကျော်အမော် ဟီုးစ်ပါရဂူ ရှိက်ခ်ဆူဒူက် အနေဖြင့် မိမိ၏ ကမာလွတ်ဒ်ဒီးန် ဝ သမာမွန်န် နေအ်မဟ် ကျမ်းတွင် ဟဒီးစ်စေ စကလိုင်းန် အထောက်အထား ဖြင့် မည်သူမဆို ကျမ်းတော်မြတ် ကုရ်အာန် နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ)(အ.စ) ကို မြဲမြံစွာဆုပ်ကိုင်ထားမည်ဆိုလျင် ဖေရ်ကဟ် နာဂျီယဟ် အသင်းဝင် ဖြစ်ကြောင်း ဆိုထားပါသည်။ ထိုနည်းတူစွာ အလာမာမဂျ်လေစီ ဘေဟာရိုလ်အန်နဝါရ် ကျမ်းတွင် အေမာမ် အလီ (အ.စ) မိန့်ကြား တော်မူထားသည့် ငါ၏ရှီအဟ်များသည် အဲဟ်လေ့နေဂျာသ် (ဂျန္နသ်သီ) ဖြစ်ကြောင်း ဟဒီးစ် တော်ကို ဆင့်ပြန်ထား ပါတယ်။ အလာမာဟစ်လီ အနေဖြင့်လည်း (မှန်ကန်သည့်) ဟဒီးစ်တော်များ ကို ကိုးကားပြီး အေမာမ် ၁၂ပါး (အ.စ) ၏ နောက်လိုက်များ သာ ဖေရ်ကဟ်နာဂျီယဟ် ဖြစ်ကြောင်း မိတ်ဆက်ပေးထားပါတယ်။ ပြီးနောက် ရှီအဟ်ဖေရ်ကဟ် (ခ) ရှီအဟ်ဂိုဏ်းမှန်ကန် ကြောင်း အထောက်အထား သက်သေများဖြင့် သက်သေထူ တင်ပြထားပါတယ်။

ဤအခြေအနေမှာပင် စွန်နီများ အနေဖြင့် ဟဒီးစ်တော်များကို ကိုးကားပြီး ဖေရ်ကဟ်နာဂျီယဟ် သည် ဂျမာအသ် ဖြစ်ကြောင်း သို့ အများစု ဖြစ်ကြောင်း သို့မဟုတ် ခိုလဖာယေရာရှေဒီးန် (ဟဇရသ် အဘူဘကဲရ် ၊ဟဇရသ်အုမရ်၊ ဟဇရသ် အွစ်မန် ၊ဟဇရသ် အေမာမ်အလီ (အ.စ) (ခ) ခလီဖာလေးပါး) နောက်လိုက်သူများ ဖြစ်ကြောင်း ဆိုထားကြပါသည်။ အခြား  ဟဒီးစ် စေအစ်ဖ် သေ ရာက် လ,ရှိသည်မှာ ဇင်ဒီးကာန် ဂိုဏ်းမှ အပ ကျန် အစ္စလာမ်ဂိုဏ်းကွဲများအားလုံး ဖေရ်ကဟ် နာဂျီယဟ် ဖြစ်ကြောင်း ဆိုထားပါတယ်။     

အစ္စလာမ်မီ ဂိုဏ်းအသီးသီးမှ အာလင်မ်များသည် မိမိတို့ ဂိုဏ်းမှအပ ကျန် ဂိုဏ်းများ အားလုံး ကို ပျက်စီးမည့် ဂိုဏ်းဟု လက်ခံထားကြပါသည်။ (33) သို့သော် စွန်နီ မာလကီ ဂိုဏ်း၏ အာလင်မ် တစ်ပါး ဖြစ်သူ အီဗရာဟီးမ် ဘင်န် မူစာ ရှာသွဘီ ( ဟီဂျရီ ၇၉၀ ကွယ်လွန်) အနေဖြင့် ၇၂ ဂိုဏ်း ပျက်စီးဆိုသည်မှာ အကလီ (ဥာဏ်အရ) ၊ နကလီ (ကုရ်အာန်၊ဟဒီးစ်တော်ဆင့်ပြန်ချက်များ) အရ ခိုင်လုံမှုမရှိကြောင်း ဆိုထားပါတယ်

စွန်နီ အာလင်မ် အစ်ဗ်နေဟဇ်မ်အန် (ဟီဂျရီ ၄၅၆ ခုနှစ်ကွယ်လွန်) မှ ကေသာဗို ဖေက်ဟီယိုလ်မို ဟလ်လီဗေလ်အာစာရ် ကျမ်းတွင် ဟဒီးစ်တော် «تفترق اُمتی علی بضع وسبعین فرقة اعظمهم فتنة علی امتی قوم یقیسون الامور...» သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)  မှ မိန့်ဆို ထားကြောင်း ဆင့်ပြန် ထားပါသည်။ဖော်ပြပါ ဟဒီးစ်တော်ကို သက်သေပြုပြီး ပျက်စီးမည့် ဂိုဏ်းသည်  ဓမ္မသတ်ကိစ္စတွင် ကယာစ်(ခ)မိမိထင်မြင်ချက်  ပြုသူများသည် ပျက်စီးမည့် ဂိုဏ်း ဖြစ်ကြောင်း တင်ပြထားပါတယ်။

ကျမ်းကိုးများ (မူရင်းဘာသာဖြင့်)


 

  • ابن ابی‌عاصم، احمد بن عمرو، السنة، ریاض، چاپ باسم‌بن فیصل جوابره، ۱۴۱۹ق/۱۹۹۸م.
  • ابن حنبل، احمد بن محمد، مسند، تحقیق: ابوالمعاطی نوری، بیروت، عالم الکتب، بیروت، ۱۴۱۹ق.
  • ابن حنبل، احمد بن محمد، فضائل الصحابه، تحقیق محمد عباس وصی الله، بیروت، مؤسسة الرساله، ۱۴۰۳ق/۱۹۸۳م.
  • ابن ماجه، محمد بن یزید، سنن ابن ماجه، تحقیق: محمدفؤاد عبدالباقی، بیروت، دارالفکر، بی‌تا.
  • ابن‌حزم، ابومحمد، الفِصَل فی‌الملل و الأهواء و النحل، بیروت، چاپ محمدابراهیم نصر و عبدالرحمان عمیره، ۱۴۰۵ق/۱۹۸۵م.
  • ابن‌حزم، ابومحمد، المُحَلّی بالآثار، تحقیق: احمد شاکر، بیروت، دارالجیل، بی‌تا.
  • ابن‌طاووس، سید علی، الطرائف فی معرفة مذاهب الطوائف، بیروت، چاپ علی عاشور، ۱۴۲۰ق/۱۹۹۹م.
  • ابن‌وزیر، محمد بن ابراهیم، العواصم و القواصم فی الذَّبِّ عن سنة ابی‌القاسم، بیروت، چاپ شعیب ارنؤوط، ۱۴۱۵ق/۱۹۹۴م.
  • اسفراینی، شهفور بن طاهر، التبصیر فی‌الدین و تمییز الفرقة الناجیة عن‌الفرق الهالکین، بروت، چاپ محمد زاهد کوثری، ۱۴۰۸ق/۱۹۸۸م.
  • الآمدی، علی بن محمد، الإحکام فی أصول الأحکام، المکتب الاسلامی، دارالکتب العلمیة، بی‌تا.
  • الیمن، جعفر بن منصور، سرائر و اسرارالنطقاء، بیروت، چاپ مصطفی غالب، ۱۴۰۴ق.
  • بغدادی، عبدالقاهر، الفرق بین الفرق و بیان الفرقة الناجیة منهم، بیروت، دار الجیل- دار الآفاق، ۱۴۰۸ق.
  • ترمذی، محمد بن عیسی، سنن الترمذی، بیروت، دارالفکر، ۱۴۰۳ق.
  • حاکم نیشابوری، محمد بن عبدالله، المستدرک علی الصحیحین، تحقیق: مصطفی عبدالقادر عطا، بیروت، دارالکتب العلمیة، ۱۴۱۱ق.
  • دانی، عثمان بن سعید، السنن الواردة فی الفتن و غوائلها و الساعة و اشراطها، تحقیق: ضاءالله بن محمد ادریس مبارکفوری، ریاض، دارالعاصمة، ۱۴۱۶ق.
  • دیلمی، شیرویة بن شهردار، الفردوس بمأثور الخطاب، تحقیق سعید بن بسیونی زغلول، بیروت، دار الکتب العلمیة، ۱۴۰۶ق/۱۹۸۶م.
  • رازی، جمال‌الدین، تبصرة العوام فی معرفة مقالات الانام، چاپ عباس اقبال آشتیانی، تهران، اساطیر، ۱۳۶۴ش.
  • زیلعی، عبداللّه بن یوسف، تخریج الاحادیث و الآثار الواقعة فی تفسیرالکشاف للزمخشری، ریاض، چاپ سلطان‌بن فهد طبیشی، ۱۴۱۴ق.
  • سبحانی، جعفر، بحوث فی‌الملل و النحل، مؤسسة النشر الإسلامی، بی‌تا.
  • شاطبی، ابراهیم بن موسی، الاعتصام، بیروت، دار المعرفه، ۱۴۲۰ق.
  • شهرستانی، محمد بن عبدالکریم، الملل و النحل، چاپ الشریف الرضی، ۱۳۶۴ش.
  • شیخ صدوق، محمد بن علی، کتاب الخصال، قم، چاپ علی‌اکبر غفاری، ۱۳۶۲ش.
  • شیخ صدوق، محمد بن علی، کمال‌الدین و تمام النعمة، تصحیح علی‌اکبر غفاری، تهران، اسلامیه، چاپ دوم، ۱۳۹۵ق.
  • طبرانی، ابوالقاسم، المعجم الکبیر، بیروت، داراحیاء التراث العربی، ۱۴۰۴ق.
  • طبرانی، سلیمان بن احمد، المعجم‌الکبیر (ج۱۸)، بغداد، مطبعةالامة، بی‌تا.
  • علامه حلی، حسن بن یوسف، منهاج الکرامة فی معرفة الامامة، مؤسسه عاشورا، ۱۳۷۹ش.
  • علامه مجلسی، محمدباقر، بحارالانوار، بیروت، مؤسسة الوفاء، ۱۴۰۳ق.
  • مظفر، محمدحسین، دلائل الصدق، مؤسسه آل البیت(ع)، ۱۴۲۲ق.
  • مقدسی، محمد بن احمد، احسن التقاسیم فی معرفة الاقالیم، بیروت، دار صادر، بی‌تا.
  • ملطی شافعی، محمد بن احمد، التنبیه والرد علی اهل الاهواء و البدع، قاهره، مکتبة مدبولی، ۱۴۱۳ق.
  • مناوی، محمد عبدالرئوف، فیض‌القدیر: شرح الجامع الصغیر، بیروت، ۱۳۹۱ق/۱۹۷۲م.
  • هیثمی، علی بن ابی‌بکر، مجمع الزوائد و منبع الفوائد، بیروت، دارالمعارف، ۱۴۰۶ق.



          ****************************************************************

END / 251