အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ ဩဂုတ် ၂၀၂၃

၁၀:၃၀:၂၅
1386069

ချစ်ကြည် ရင်းနှီးမှုကို တိုးပွားစေသော အလေ့အကျင့်သုံးခု

အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ချစ်ကြည် ရင်းနှီးမှုကို တိုးပွားစေသော အလေ့အကျင့်သုံးခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့်  ဘေဟာရိုလ်အန်နဝါရ်ကျမ်း  လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الجواد علیه السلام:

ثَلاثُ خِصالٍ تُجتَلبُ بِهِنَّ المَحَبَّةُ: الإِنصافُ فِي المُعاشَرَةِ، وَالمُؤاساةُ فِي الشِّدَّةِ وَالاِنطِواعِ ، وَالرُّجوعُ إلى قَلبٍ سَليمٍ.

 

အေမာမ်ဂျဝါဒ် အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“အလေ့အကျင့်နှင့် စရိုက်သုံးပါးသည် ခင်မင်ရင်းနှီးမှုနှင့် ချစ်ခြင်းမေတ္တာကို တိုးပွားစေသည်။

(၁) တရားမျှတစွာ နေထိုင်ခြင်း

(၂) ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွင် အခြားသူများကို စာနာခြင်း

(၃) (အပြစ်များနှင့်) သန့်စင်သန့်ရှင်းသည် နှလုံးသားကို ပိုင်ဆိုင် ခြင်း

တို့ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ်ကျမ်း ၊ ၇၈၊၈၂၊၇၇

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး   ချစ်ခင်ရင်နှီးမှု တွင် ချစ်ခြင်းမေတ္တာ တိုးပွားစေမည့် အချက်များ နှင့် မည်သို့မျိုးပုံနေထိုင်ရမည် ကို  ကျနော်တို့ ရှင်းလင်းစွာ သိရှိရမည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် လက်တွေ့လိုက်နာ ကျင့်သုံး နိုင်အောင် ကြိုပမ်းအားထုတ်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251