အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ ဩဂုတ် ၂၀၂၃

၂၀:၁၆:၁၂
1386225

အဇါဗ်ဘေကဗ်ရ် (ခ) ကဗ်ရ်၏ပြစ်ဒဏ် ဆိုသည် မှာ အဘယ်နည်း ?

မွတ်စလင်မ်တစ်ဦး တစ်ယောက် အနေဖြင့် အထူးသဖြင့် မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော်၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောက်လိုက် ရှီအဟ် မွတ်စလင်မ်များ အနေဖြင့် အဇါဗ်ဘေကဗ်ရ် (ခ) ကဗ်ရ်၏ပြစ်ဒဏ်အကြောင်း ကို လေ့လာသိ ရှိထား သင့်ပါတယ်။ အကြောင်း မှာ သေခြင်းတရား နှင့်ကဗရ်နှင့် မိုအ်မင်တိုင်း ၊ မိုအ်မေနာ တိုင်း အနှေး အမြန် ၊ ရှေ့ နှင့် နောက် ရင်ဆိုင် ရမည် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဇါဗ်ဘေကဗ်ရ် ဆိုသည်မှာ လူတစ်ဦး တစ်ယောက်သည် သေဆုံး ပြီးနောက် ဗရ်ဇခ် လောကတွင် တွေ့ကြုံရသည့် ခက်ခဲမှု များ နှင့် ဒုက္ခများ ကိုခေါ်ဆိုပါသည်။ ဟဒီးစ်တော်များအရ  ကုန်းတိုက်ကုန်းချော ပြုခြင်း (စကားအပေးအယူပြုခြင်း) ၊ သွဟာရသ် နှင့် နဂျာစသ် ကိစ္စ တွင် ပေါ့လျော့ ခြင်း ခင်ပွန်းသည် အနေဖြင့် အကြောင်းပြချက်မရှိဘဲ မိမိ ဇနီးသည် နှင့် အဝေးနေခြင်း၊ အိမ်သူအိမ်သားများ နှင့် ကောင်းကောင်းမွန်မွန်မဆက်ဆံခြင်း ၊မယဥ်မကျေးဆက်ဆံခြင်း နမာဇ်အား အလေး မထားခြင်း တို့သည် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ် )များ ကို ဖြစ်စေသည့် အကြောင်းခံများ ဖြစ်ပါတယ်။အခြားတစ်ဖက် တွင်လည်း အေမာမ် ဟိုစိုင်းန်(အ.စ) ၏ ဇေယာရသ် ပြုခြင်း၊ နဂျဖ်တွင် ဒဖ်နာ အပြုခံရခြင်း ၊ အဲဟ်လေ့ ဘိုက်(သ)(အ.စ) အားချစ်ခင်မြတ်နိုးခြင်း ၊  ကြာသပတေးနေ့ ဇဟိုရ်အချိန်မှ သောကြာနေ့ ဇဟိုရ်အချိန် အကြား သေဆုံးခြင်း စသည်တို့သည် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်) အဆုံးသတ်စေဖို့ ထိရောက်စေ သည့် အကြောင်းခံများဟုလာရှိပါတယ်။

ဟီဂျရီ ၂ရာစု မိုအ်သဇေလဟ် ဂိုဏ်းကိုတည်ထောင်သူ ဝါဆေလ် ဘင်န် အသွာ ၏ တပြည့်တစ်ဦးဖြစ်သော ဇရာရ်ဘင်န် အိုမရ် မှလွဲ၍ မွတ်စလင်မ် များအားလုံး သည် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ် ) သက်ဝင်ယုံကြည်ကြပါတယ်။ မိုသကလေမီးန်များ (ယုံကြည် ချက် ဆိုင်ရာပညာရှင်  များ)  အနေဖြင့် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်) သက်သေ ထူရန် ကျမ်းတော် မြတ် ကုရ်အာန် ၏ စူရဟ် ဂါဖေရ် အာယသ်တော် အမှတ် ၁၁ အားကိုးကားကြပါတယ်။

ကိုယ်ခန္ဓာပမာ သည် ပြစ်ဒဏ်ပေးခြင်း ခံရမည် သို့မဟုတ် လောကီတွင်ရှိခဲ့သည့် ကိုယ်ခန္ဓာကို ပြစ်ဒစ်ပေးခြင်း ခံရမည် နှင့်  ပတ်သက် ၍ သဘော  ထား ကွဲလွဲမှုများလာရှိပါတယ်။ သို့သော် မိုသကလေမီးန်များ (ယုံကြည် ချက် ဆိုင်ရာပညာရှင်များ ) အများစုသည် သင်္ချိုင်း၏ ပြစ်ဒဏ်သည် အဇါဗ် ဘေကဗ်ရ်  ဗရ်ဇခ်ခီ ခန္ဓာကိုယ် အား ပေးခြင်းခံရမည် ဟု သက်ဝင် ယုံကြည်ကြပါတယ်။

စွန်နီပညာရှင် များ မှ တစ်ဦးဖြစ်သည့် မိုဟမ္မဒ် ဘင်န် အစ္စမာအီးလ် ဘူခါရီ  သည် မိမိ ကျမ်း ဆဟီးဘုခါရီ တွင် တမန်တော်မြတ်(ဆွ) ထံတော် မှ ရီဝါယသ်တော် တစ်ခုကို ဆင့်ပြန်ထားပါတယ်။ ထိုရီဝါယသ်တော် တွင်  သေဆုံးသည် ကျန်ရစ်သူများ၏ မိမိကဗ်ရ်ခေါင်းရင်း၍  ငိုကြွေးမှုကြောင့် အဇါဗ်ဘေကဗ်ရ် ခံရမည်ဟု တင်ပြထားပါတယ်။ စွန်နီ ပညာရှင်များ မှတစ်ဦး ဖြစ်သူ ဆဟီး မွတ်စလင်မ်ကျမ်း အားအကျယ်ဖွင့်ဆို သူ ယဟ်ယာဘင်န်ရှရ်ဖ်နဝဝီ သည် ဤရီဝါယသ်တော် အား သာအ်ဝီးလ် (အနက်ဆိုလိုချက်) ဖွင့်ဆိုထားပါသည်။ ၎င်းအနေဖြင့် အဘယ်ကြောင့်ဆိုသော် အသက်ရှင် သောသူတို့၏ ငိုကြွေးမှုကြောင့် သေလွန်သူများ၏ အဇါဗ်ခံရခြင်း နှင့်ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် ဖွာသွေရ်အာယသ် တော် အမှတ် ၁၈ အရ အခြားသူ၏ ဝန်ကိုမည်သူမျှမထမ်းရ ဆိုသည့် အာယသ်တော် နှင့် သဟဇာတမဖြစ် ကြောင်းဆိုထားပါတယ်။ ထိုပြင် ဟဇရသ် အာအေရှဟ် ၏ အဆိုအရ အထက်ပါရီဝါယသ်တော် သည် တမန်တော်မြတ် (ဆွ)ထံမှ ဆင့်ပြန်ချက် ဆဟီး(မှန်ကန်) သည့်အနေအထား ဖြင့် လာရှိခြင်း မရှိကြောင်း မိန့်ကြားထားပါတယ်။

အဇါဗ်ဘေကဗ်ရ် (ခ) ကဗ်ရ်၏ပြစ်ဒဏ် ၏ ဆိုလိုချက်ကို လေ့လာကြည့်ကြပါစို့

အဇါဗ်ဘေကဗ်ရ် ဆိုသည် မှာ လူတစ်ဦး တစ်ယောက်သည် သေဆုံး ပြီးနောက် ဗရ်ဇခ် လောကတွင် တွေ့ကြုံ ရင်ဆိုင်ရမည့် ခက်ခဲမှု များ နှင့် ဒုက္ခများ ဖြစ်ပါတယ် ။ ကဗ်ရ်လောကဆိုသည်မှာ ဗရ်ဇခ်လောက ကိုခေါ်ဆိုခြင်း ဖြစ်ပြီး (လူသေ) အား ဒဖ်နာပြုသည့် အချိန်မှ စပြီး ကေယမသ် အချိန်အထိ ကို ခေါ်ဆိုပါတယ်။ ရီဝါယသ် တော်များ တွင် မြေကြီးမီးတောက် ၏ အပူရှိန်၊ တိရိစ္ဆာန်များ အကိုက်ခံရခြင်းနှင့် ကြီးမားသော ထိတ်လန့်မှု တို့ကို အဇါဗ်ဘေကဗ်ရ် ၏ နမူနာအဖြစ် မိတ်ဆက်ပေးထားပါတယ်။

ရှီအဟ်အေမာမ်မီယဟ်  မွတ်စလင်မ်များ၏ အရေးကြီး ကျမ်းကြီး လေးကျမ်း မှ တစ်ကျမ်းဖြစ်သည့် မန်လာယဟ်ဇရိုဟိုလ်ဖကီးယဟ်ကျမ်း လာအေမာမ်  ဂျအ်ဖရ်ဆွာဒဏ်က် (အ.စ)၏ ဟဒီးစ်တော် တစ်ခု အရ မြေကြီး တွင် ဒဖ်နာထားခြင်းမရှိသူများ အပါအဝင်လောကမှထွက်ခွာသွားသူ(သေဆုံးသွားသူ) မှန်သမျှ အားလုံး အဇါဗ်ဘေကဗ်ရ် နှင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရှိရပါတယ်။ထိုနည်းတူစွာ ဘေဟာရိုလ် အန်နဝါရ်ကျမ်း လာ အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ အခြားရီဝါယသ်တော်  ကွယ်လွန်သူအများစုသည် အဇါဗ်ဘေကဗ်ရ် ခံရမည် သိရှိရပါတယ်။

ပြစ်မဲ့ မအ်စူများ (အ.စ)ထံ မှ ဆင့်ပြန် လာရှိသည့် ဒိုအာများ မိုနာဂျာသ်များ တွင်အလ္လာဟ်ဟို အရှင်မြတ် ထံပြင်းထန်သည့် အဇါဗ်ဘေကဗ်ရ် မှ ခိုလုံခွင့်တောင်းဆိုထားပါတယ်။ ဥပမာအားဖြင့်၊ တမန်တော်မြတ် (ဆွ)သည် မိမိ၏ သမီးတော် ရူကိုင်ယဟ် ကို သင်္ဂြိုဟ်ပြီး ဒဖ်နာ ပြီး သောအခါတွင် သမီးတော် အတွက် အဇါဗ်ဘေကဗ်ရ် အား ဖယ်ရှားပေးရန် ဒိုအာတောင်း တော်မူခဲ့ပါတယ်။  သို့မဟုတ် ဖွာတွေမဟ် ဘင်န်သေအစဒ် (အေမာမ်အလီ (အ.စ)၏မယ်တော်) အား ဒဖ်နာ မပြုမည်အလျှင် ပြုတော်မူထား သည့် ကတိတော် အတိုင်း အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ဖွာတွေမဟ်ဘင်န်သေအစဒ် သခင်မ အား အဇါဗ်ဘေကဗ်ရ် မှ လုံခြုံမှု ပေးစေရန် သခင်မ ၏ ကဗ်ရ် တော် အတွင်း လဲလျောင်းတော်မူခဲ့ ပါတယ်။

ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ သမီးတော် ဟဇရသ် ဖွာတွေမဟ် (စ.အ) သခင်မကြီး အနေဖြင့်လည်း မိမိ၏ သေတမ်းစာတွင် မိမိအား ဒဖ်နာ ပြီးနောက် ခေါင်းရင်းတွင် ကျမ်းတော်မြတ် ကုရ်အာန် အား သေလာဝသ် ပြုပေးရန် နှင့်ဒိုအာပြုပေးရန် အေမာမ်အလီ (အ.စ) အား မှာကြားခဲ့ပါတယ်။ ဂျဝါမေအ်ရေဝါယီကျမ်းတွင် ကဗ်ရ်နှင့်ပတ်သက်သည့် ဟဒီးစ်တော်များ ကို သီးခြား အခန်းကဏ္ဍ တစ်ခုအဖြစ် တင်ပြထားပါသည်။အလာမဟ် မဂျ်လေစီ အနေဖြင့် အာရဘီဖြင့် «أحوال البرزخ و القبر و عذابه و سؤاله و سائر ما يتعلق بذلك‏» ဆိုသည့် အခန်း ကဏ္ဍ ဖြင့် ဘေဟာရိုလ်အန်နဝါရ် ကျမ်းတွင် ရီဝါယသ်တော် ၁၂၈ ခုကို ဆင့်ပြန်ထားပါတယ်။


အဇါဗ်ဘေကဗ်ရ် (ခ) ကဗ်ရ်၏ပြစ်ဒဏ် ၏ အကြောင်းခံများ

    اَللَّهُمَّ إِنِّی أَعُوذُ بِک مِنْ عَذَابِ الْقَبْرِ وَ مِنْ ضِیقِ الْقَبْرِ وَ مِنْ ضَغْطَةِ الْقبر.

အဓိပ္ပာယ် - အိုအလ္လာဟ် ဟိုအရှင်မြတ် သခင် ၊ အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)၊ ကဗ်ရ် ၏ ကျဉ်းမြောင်းခြင်း၊ ကဗ်ရ်အတွင် ဖိညပ် ခြင်း(ကဗရ်ညပ်ခြင်း)  မှ အရှင် ထံ ခိုလှုံပါ၏။ 

အေလလွတ်ရှ်ရှရာအေအ် ကျမ်း လာ အေမာမ်အလီ (အ.စ) ထံမှ  ဆင့်ပြန်ထားသည့် ဟဒီးစ်တော် တစ်ခု အရ အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)  သည် ကုန်းတိုက်ကုန်းချော (စကား အပေးအယူပြုခြင်း) ၊ သွဟာရသ် နှင့် နဂျာစသ် ကိစ္စ တွင် ပေါ့လျော့ ခြင်း ခင်ပွန်းသည် အနေဖြင့် အကြောင်းပြချက်မရှိဘဲ မိမိ ဇနီးသည် အဝေးနေခြင်း တို့ကြောင့် ဖြစ်စေကြောင်း သိရှိရပါတယ်။

ဖော်ပြထားသော ရီဝါယသ်တော် ကို  ရည်ညွှန်း၍ ရှိက်ခ် အဘာစ် ကွမ်းမီ သည် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)  အဓိက အကြောင်းခံ သည် ဤသုံးခု ဖြစ်ကြောင်း ဆိုထားပါတယ်။ အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်) ကိုဖြစ်စေသည့် အချို့ အကြောင်းခံ များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁)အကျင့်စာရိတ္တပျက်ပြားခြင်း(ခ)ဆက်ဆံရေးကြမ်းတမ်းခြင်းဖြစ်ပါတယ်။ တမန်တော်မြတ် (ဆွ) ထံတော် မှ လာရှိသည့် ရီဝါယသ်တော် တစ်ခု အရ စအ်ဒ်ဘင်န် မအာဇ် သည်မိမိ၏ မိသားစု အပေါ် ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံခဲ့သည့် အတွက် ဖြစ်ကြောင်း လာရှိပါတယ်။ ကျနော်တို့တတွေ အထူး ရှောင်ကြဥ် နိုင်ရန်အလ္လာဟ် ထံ အထူး ဒိုအာတောင်းရမည် ဖြစ်ပါတယ်။

(၂)နမာဇ်အားပေါ့ပေါ့တန်တန် ပြုခြင်း- အာယာသွလ္လာဟ် အလီမစ်ရှ်ကီနီ ရေးသားထားသည့် “ အလ်မဝါအေဇိုလ်အဒဒီယေဟ် “ စာအုပ်တွင် ဆင့်ပြန် လာရှိသည်မှာ  နမာဇ် ဝတ်ပြုရာတွင် ပျင်းရိခြင်း သည် ကဗ်ရ် ၏ ကျဉ်းမြောင်းခြင်း၊ ကဗ်ရ်အတွင် ဖိညပ် ခြင်း (ကဗရ်ညပ်ခြင်း) ကိုဖြစ်စေကြောင်း  ဖြစ်ပါတယ်။မြတ်အလ္လာဟ် ကျနော် မျိုးတို့ အား မည်သည့် အ‌ြေခအနေ တွင် မဆို နမာဇ် အချိန်ရောက်တာနှင့် အပြိုင်တည်း နမာဇ်ကိုတည်ဆောက် နိုင်စွမ်း ပေးသနားတော်မူပါ။

(၃)အလ္လာဟ်ဟိုအရှင်မြတ်၏ နေအ်မသ်တော်များကို ဖြန်းတီးခြင်း- ဟဒီးစ်တော် တစ်ခု အရ မိုအ်မင် အတွက် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်) သည် နေအ်မသ်တော်များကို ဖြုန်းတီး ခြင်းကြောင့် ဖြစ်ကြောင်း လာရှိပါတယ်။ အထူးသတိ ရှိသင့်ပါတယ်။

ထိုနည်းတူစွာရီဝါယသ်တော်များ အရ အတင်းပြောခြင်း မအ်စူမ် အေမာမ်များ ၊အေမာမ် ၁၂ပါး(အ.စ) ၏ ဝေလာယသ် မရှိခြင်း (ဝေလာယသ်ကို လက်မခံခြင်း) ၊ မဇ်လူးမ်များကို မကူညီခြင်း ဝဇူမရှိ ဘဲနမာဇ် ဝတ်ပြုခြင်း တို့သည် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်) ကိုဖြစ်စေသည့် အကြောင်းခံ များဖြစ်ပါတယ်။ ဂျာမေအွစ်စအာဒသ် ကျမ်းတွင် အကြင်မည်သူမဆို မိမိမိခင်အား စိတ်ဆိုးအောင် ပြုမည်ဆို လျှင် အသက်ငင်ခြင်း အဇါဗ်ဘေကဗ်ရ် ခံရခြင်း တို့ကိုပြင်းထန်စွာ ခံစားရမည် ဖြစ်ကြောင်း တင်ပြထား ပါတယ်။

အဇါဗ်ဘေကဗ်ရ် (ခ) ကဗ်ရ်၏ပြစ်ဒဏ် ကို လျော့စေသည့် အကြောင်းခံများ

ရီဝါယသ်ကျမ်းများတွင် ကဗ်ရ်တွင် ဖိညပ်ခံရမှု(ကဗရ်ညပ်ခြင်း) အား လျော့သည့် အကြောင်းခံ များကို တင်ပြထားပါသည်။ ၎င်းမှ အချို့ မှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

(၁)အဲဟ်လေ့ဘိုက်(သ)(အ.စ) အား ချစ်မြတ်နိုးခြင်း - ဘေဟာရိုလ်အန်နဝါရ်ကျမ်းလာ တမန်တော်မြတ် (ဆွ) ထံမှ ဆင့်ပြန်သည့် ရီဝါယသ်တော် တစ်ခုအရ တမန်တော်မြတ်(ဆွ) နှင့်ကိုယ်တော်၏ အဲဟ်လေ့ဘိုက် (သ)(အ.စ) တို့အား ချစ်ခင်မြတ် နိုးခြင်းသည် ခုနစ်နေရာတွင် အကျိုးပြုမည်ဖြစ်ကြောင်း ၎င်းခုနစ်နေရာမှ တစ်နေရာမှ ကဗ်ရ် ဖြစ်ကြောင်း လာရှိပါတယ်။

(၂)အထူးတိုက်တွန်းထားသည့်မွတ်စ်သဟဗ်နမာဇ်များ ကိုဝတ်ပြုခြင်း -ဆယက်ဒ် ဘင်န် သွာအူးစ် ရေးသား ထားသည့် “အစ်က်ဘာလိုလ်အအ်မာလ်” စာအုပ်တွက် မအ်စူမ်များ(အ.စ)ထံမှ ဆင့်ပြန်ထား သည် ရီဝါယသ် တော်များ အရ ရဂျဘ်လမြတ် နှင့် ရှအ်ဗာန် လမြတ် တွင် ဝတ်ပြုရန် အထူးတိုက်တွန်း ထားသည့် မွတ်စ်သဟဗ် နမာဇ်များ သည် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)   ကိုဖယ် ရှား ပေးကြောင်း လာရှိပါ တယ်။

(၃)နဂျဖ်တွင်ဒဖ်နာခြင်း - ဟစန်ဘင်န် မိုဟမ္မဒ် ဒေလမီ ရေးသားထားသည့် “အေရ်ရှ်ဒိုလ်ကိုလူးဘ်” စာအုပ်တွင် ရီဝါယသ်တော်များ ကိုတင်ပြထားပါသည်။ နဂျဖ်မြေ၏ ထူးခြားချက် တစ်ခုမှာ မိမိ တွင်ဒဖ်နာထားသူများ အတွက် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)   နှင့် နကီးရ်နှင့်မွန်ကရ်တို့၏ အမေးများ ကို ဖယ်ရှား ထားပေး ခြင်း ဖြစ်ပါတယ်။

(၄)ကျမ်းတော်မြတ်ကုရ်အာန်၏ သေလာဝသ် -  ရီဝါယသ်များဆိုင်ရာ ရင်းမြစ်များတွင်  ဖဇွာအေလ် လွတ်စ် စူရဟ် ကဏ္ဍ လာ ဟဒီးစ်တော်များ ၏ဆင့်ပြန်ချက်အရ ကျမ်းတော်မြတ်ကုရ်အာန် ၏ အချို့ စူရဟ် များကိုသေလာဝသ် ပြုခြင်း သည် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)   ကိုဖယ် ရှားပေးကြောင်း လာရှိပါတယ်။ ပမာအားဖြင့် စူရဟ် ဇွတ်ခ်ခရိုဖ် အား အမြဲတမ်း သေလာဝသ်ပြုခြင်း  ၊ သောကြာနေ့တိုင်း စူရဟ် နေစာ အားသေလာဝသ် ပြုခြင်း(25) အိပ်ရာဝင်ချိန် စူရဟ် သကာစိုရ်  အားသေလာဝသ်ပြုခြင်း ဖြစ်ပါတယ်။

(၅)လူသေ(မိုင်ယသ်)ဘေး နှစ်ဘက်တွင် စိုစွတ်နေသည့် တုတ်ချောင်းနှစ်ချောင်ကိုထည့်ခြင်း - ဟဒီးစ် ကျမ်းတစ်ကျမ်းဖြစ်သည့် အလ်ကာဖီကျမ်း တွင်  အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ မှဟဒီးစ်တော် တစ်ပါး ဆင့်ပြန် လာရှိပါတယ်။ လူသေဘေးနှစ်ဖက်တွင်  စိုစွတ်နေသည့် တုတ်ချောင်း နှစ်ချောင်ကိုထည့် ၍ သင်္ချိုင်းတွင်း တွင် ထည့်ခြင်း၏ ဒဿန မှာ  အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)  ကို ဖယ်ရှားပစ်ရန် ဖြစ်ပါ တယ်။ထိုနည်းတူစွာ အခြားရီဝါယသ်တော် တစ်ခု အရ ကဗရ် (မိုင်ယသ်မြှုပ်ထားသည့်မြေပုံ) အပေါ် မြေမြှုပ်ပြီးနောက် ရေ ဖြန်း ခြင်းသည် အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)  ကို ဖယ်ရှားပစ်ရန် အကြောင်းခံ ဖြစ်စေပါတယ်။

ရီဝါယသ်တော်များ အရ အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)  ကို ဖယ်ရှား စေသည့်  (သို့မဟုတ်) လျော့ ချစေသည့် အခြား ကိစ္စများ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁)ဇေယာရသ်သေ အေမာမ်ဟိုစိုင်းန် (အ.စ)

(၂)နမာဇ်တွင် ရကူ အား အပြည့်အဝ ပြုလုပ်ခြင်း

(၃)နမာဇ်ဇေရှက်ဗ် ဖတ်ခြင်း

(၄)ရဂျဗ်လမြတ်တွင် ရိုဇဟ် လေးရက်ထားခြင်း

(၅)ကြာသပတေးနေ့ ဇဟိုရ်အချိန်မှ သောကြာနေ့ ဇဟိုရ်အချိန် အကြား သေဆုံးခြင်း

(၆)ဇနီးသည်အနေဖြင့် ဆက်ဆံရေးကြမ်း သည့်ခင်ပွန်းသည်(သို့မဟုတ်) ဆင်းရဲသည့် ခင်ပွန်းသည်နှင့်အတူ ဘဝတည်ဆောက်ခြင်း

 (၇)ခင်ပွန်းသည်အတွက်မဟာငွေကို ခွင့်လွတ်ပေးခြင်း(35)

(၈)သေဆုံးပြီးနောက်ကျန်ရစ်သည့်သား သမီးများ မှ ကောင်းမှုကုသိုလ် ပြုပေးခြင်းတို့ ဖြစ်ပါတယ်။

အေမာမ်ခိုမေနီ ၏ ကျဲဟ်လ် ဟဒီးစ် အကျယ်ဖွင့် ကျမ်း ပါ အဆိုအရ ကဗရ် နှင့် ဗရ်ဇက်ခ်လောက ခရီးစဥ် ကြာရှည်မှုမှာ လောကီတပ်မက်ချစ်ခင်ခြင်း အရဖြစ်ကြောင်း ဆိုထားပါသည်။ လောကီ တပ်မက်မှုချစ်ခင်မှု နည်းလေလေ မနုဿလူသား၏ ကဗ်ရ်နှင့်  ဗရ်ဇက်ခ်လောက ပိုမိုတောက်ပ လာပြီး ကျယ်ပြန့်ကာ  ခရီးစဥ် လည်း တိုတောင်းလေဖြစ်ပါတယ်။


ကွယ်လွန်သူ၏ ကျန်ရစ်သူဆွေမျိုးများ ငိုကြွေးခြင်း ဖြင့် ကွယ်လွန်သူအတွက် အဇါဗ်ဘေကဗ်ရ် ကို ဖြစ်စေ ပါသလား?


        စွန်နီရီဝါယသ်တော်များ ဆိုင်ရာ အရင်းအမြစ်များတွင် ရီဝါယသ်တော် တစ်ခု တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ထံတော် မှဆင့်ပြန်လာရှိသည်ဟုဆိုထားပါသည်။ထိုရီဝါယသ်တော် အရ သေဆုံးသူ ၏ ကျန်ရစ်သူ ဆွေမျိုးများ သည် ကွယ်လွန်သူ ၏ ကဗရ် ခေါင်းရင်းတွင် ငိုကြွေးခြင်း ဖြင့် ကွယ်လွန်သူအတွက် အဇါဗ်ဘေကဗ်ရ် ကို ဖြစ်စေကြောင်း ဖော်ပြထားပါတယ်။

       ဤဟဒီးစ်တော် ကိုဆင့်ပြန်သူ ရဝီများမှာ ဒုတိယခလီဖဟ် ၊ အဗ်ဒွလ္လာဟ် ဘင်န် အိုမရ် ဖြစ်ပါသည်။ ဟဇရသ် အာအေရှဟ် မှ တမန်တော်မြတ် (ဆွ) ထံ မှ ဆဟီး (မှန်ကန်သည့်) အနေအထားဖြင့် ဆင့်ပြန်ထားခြင်းမရှိကြောင်းဆိုထားပါ သည်။(39)အဘယ်ကြောင့် ဆိုသော် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော် မူသည်  “ သေဆုံးသည် ကဗရ်တွင် မိမိ ၏ ဂိုနဟ်(အပြစ်)များကြောင့် အဇါဗ်ဘေကဗ်ရ်ခံစားရမည် ဖြစ်ပါသည်။  ၎င်း၏ ကျန်ရစ်သူဆွေမျိုးသား ချင်းများလည်း၎င်း အတွက် ငိုကြွေးနေကြ သည့် အခြေအနေတွင် ဖြစ်ပါတယ်။” (တစ်နည်းအားဖြင့် ငိုခြင်းကြောင်းအဇါဗ်ခံရမည် မဟုတ် ဘဲ ဂိုနဟ်ကြောင့် အဇါဗ် ခံရမည် ဖြစ်ပါသည်။) ဆဟီးမွတ်စလင်မ်ကျမ်းကို အကျယ်ဖွင့်ဆိုသူ နဝါဝိုင်း ၏ အဆိုအရ စွန်နီ အာလင်မ်များသည် အထက်ဖော်ပြပါ ဟဒီးစ်တော်၊ရီဝါယသ်တော် ၏ အနက် အဓိပ္ပာယ် ဖွင့်ဆို ချက်နှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ လာရှိကြောင်းဆိုထားပါတယ်။ အချို့ စွန်နီ အာလင်မ်များ ၏ အဆိုအရ သေဆုံးသူ အနေဖြင့် မိမိသေဆုံးပြီးနောက် မငိုဖို့သေတမ်းမှာခဲ့သူ များ အတွက် ဖြစ်ကြောင်း အချို့ အာလင်မ်များ ၏ အဆိုအရ ငိုကြွေးခြင်းကြောင့် ကဗရ်အတွင်း ကွယ်လွန်သူ အတွက် အဇါဗ် ကျရောက်မည်ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော် {{ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ  }} အဓိပ္ပာယ် အကြင်မည်သူမဆို  အခြားသူများ၏ ဝန် (ဂိုနဟ်) ကို ထမ်းရမည်(ခံရမည်) မဟုတ်ချေ။ဆိုသည်နှင့် သဟဇာတ မဖြစ်ကြောင်းဆိုထားပါတယ်။


ကဗရ် ပြစ်ဒဏ် သည် ဗရ်ဇက်ခ်ခီ ကိုယ်ခန္ဓာနှင့် ခံရမည်လား? သို့မဟုတ် လောကီ ကိုယ်ခန္ဓာနှင့် ခံရမည်လား?


        ကဗရ် ပြစ်ဒဏ် သည် ဗရ်ဇခ်ခီ ကိုယ်ခန္ဓာ နှင့် ခံရမည်လား? သို့မဟုတ် လောကီ ကိုယ်ခန္ဓာ နှင့် ခံရမည်လား? နှင့် ပတ်သက်ပြီးသဘောထား အကွဲအလွဲများ လာရှိပါသည်။ အကီဒဟ်ဆိုင်ရာ ပညာရှင်များ နှင့် ဒဿနပညာရှင်များ ၏ ကျော်ကြားသောယုံကြည်ချက်အရလူသား၏ ရူဟ်(ဝိညာဥ် )သည် သေဆုံးပြီးနောက် ဗဒန်နေမီစာလီ (လောကီ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်ပြီး ကွာခြားချက်မှာ အရေပြား နှင့်အလေး ချိန်တော့ ရှိမည် မဟုတ်ချေ) အဇါဗ်ခံရမည်ဟုဆိုထားပါတယ်။ သို့သော် ရှီအဟ် အေမာမ်မီယဟ် အကီဒဟ်ဆိုင်ရာ ပညာရှင်များ မှ ဆယက်ဒ် မိုရ်သဇာ၊ စဒီဒွတ်ဒ်ဒီးန် ဟွန်မ်ဆီ ရာဇီ တို့မှ သေဆုံးပြီးနောက် ရူဟ်(ဝိညာဥ် )သည် ကိုယ်ခန္ဓာ အတွင်းသို့ ပြန်ဝင်လာမည်ဖြစ်ပြီး ကဗ်ရ်ညပ်ခြင်း အား လောကီရှိ ကိုယ်ခန္ဓာ ဖြင့်ခံရမည်ဟု သက်ဝင်ယုံကြည်ထားကြပါတယ်။ အဗ်ဒိုရ်ရဇာက် လာဟီဂျီ သက်ဝင်ယုံကြည်မှုအရ ရူဟ်(ဝိညာဥ်) ၏ရှင်သန်မှု ကို လက်မခံသူများသည် အဇါဗ်ဘေကဗ်ရ် အားကိုယ်ခန္ဓာ ဖြင့်ခံရမည်ဟု သက်ဝင်ယုံ ကြည်ကြပြီး ရူဟ်(ဝိညာဥ်) ၏ ရှင်သန်မှု ကိုလက်ခံထား သူများ သည် သေဆုံးပြီးနောက် ရူဟ်(ဝိညာဥ်) သည် လောကီ ရှိ ကိုယ်ခန္ဓာ အတွင်းသို့ ပြန်လှည့် လာပြီး အဇါဗ်ဘေကဗ်ရ် သည် ရူဟ်(ဝိညာဥ် ) ခံရမည် သို့မဟုတ် ရူဟ်(ဝိညာဥ် ) နှင့်အတူ ကိုယ်ခန္ဓာ ပါခံရမည် ဟု သက်ဝင်ယုံကြည်ကြပါတယ်။

        အရှ်အရီမဇ်ဟဗ် ကိုတည်ထောင်သူ အဘူလ်ဟစန် အရှ်အရီ ၏ ယုံကြည်ချက်အဆို အရ အဇါဗ်ဘေကဗ်ရ် နှင့်ပတ်သက်ပြီး မွတ်စလင်မ်များ အကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်းဆိုထား ပါတယ်။ ၎င်း အနေဖြင့် မွတ်စလင်မ် အများစုသည် အဇါဗ်ဘေကဗ်ရ် အပေါ်သက်ဝင်ယုံကြည် ကြပြီး  မိုအ်သဇေလဟ် ဂိုဏ်း နှင့် ခဝါရေဂျ် ဂိုဏ်း တို့သည့် အဇါဗ်ဘေကဗ်ရ် အပေါ်သက်ဝင်ယုံကြည် မှု မရှိကြကြောင်း ဆိုထားပါ သည်။  သို့ရာတွင် အစ်ဗ်နုအဘီအလ်ဟဒီးဒ် သွဗကာသ်သိုလ်မိုအ်သဇေလဟ် စာအုပ်တွင် ဃာဇီအလ် ကဇွာထံ မှဆင့်ပြန်တင်ပြသည် မှာ ဝါဆေလ် ဘင်န် အသွာ ၏တပည့်တစ်ဦးဖြစ်သော ဇရာရ်ဘင်န် အိုမရ် သည် အဇါဗ်ဘေကဗ်ရ် အပေါ်သက်ဝင်ယုံကြည် မှု မရှိကြောင်း ဤအတွက်ကြောင့် မိုအ်သဇေလဟ် အားလုံး ကို အဇါဗ်ဘေကဗ်ရ် အပေါ်သက်ဝင်ယုံကြည် မှုမရှိကြဟု ဆိုထားကြောင်း အမှန်တော့ မိုအ်သဇေလဟ် များသည် အဇါဗ်ဘေကဗ်ရ် အပေါ်သက်ဝင်ယုံကြည် ကြကြောင်း ၎င်း မိုအ်သေဇေလဟ် ဂိုဏ်း ဝင် အချို့ လူအနည်းစု သာ အဇါဗ်ဘေကဗ်ရ် အပေါ်သက်ဝင်ယုံကြည် မှူမရှိ ကြကြောင်း အများစု မှာ သက်ဝင် ယုံကြည် မှု ရှိကြောင်း ဆိုထားပါ သည်။ သို့သော်၎င်း တို့အနေ ဖြင့် အဇါဗ်ဘေကဗ်ရ် သည် ရူဟ်(ဝိညာဥ် ) နှင့်သာ သက်ဆိုင်ကြောင်း ကိုယ်ခန္ဓာ နှင့် မသက်ဆိုင်ကြောင်း သက်ဝင် ယုံကြည်ကြပါတယ်။


ကျမ်းတော်မြတ်ကုရ်အာန် ၏ သက်သေ အထောက်အထားများ ကိုလည်းလေ့လာကြည့်ပါစို့


    သို့ဖြစ်ပါ၍ အလာမဟ် မဂျ်လေစီ မှ ရှိက်ခ်ဘဟာအီ ထံမှ ဆင့်ပြန် သည်မှာကလမီစာအုပ်များ (အကီဒဟ်ဆိုင်ရာစာအုပ်များ) တွင် အဇါဗ်ဘေကဗ်ရ် အတွက်သက်သေ အထောက်အထား အဖြင့် {{ قالُوا رَبَّنا أَمَتَّنَا اثْنَتَيْنِ وَ أَحْيَيْتَنَا اثْنَتَيْنِ}} အဓိပ္ပာယ် အိုအလ္လာဟ်ဟိုအရှင်မြတ်သခင် အရှင်အနေ ဖြင့် ကျွန်တော်မျိုးတို့ အား နှစ်ကြိမ် သေဆုံးစေခဲ့ပြီး နှစ်ကြိမ် ရှင်သန်စေခဲ့ပါတယ်။ သက်သေအထောက်အထားပြုထားပါသည်။ ဤနည်းအားဖြင့် ပထမသေဆုံး ခြင်းသည် ဤလောက တွင် ဖြစ်ပြီး ဒုတိယ သေဆုံး ခြင်း မှာကဗ်ရ် ဖြစ်ကြောင်း ဆိုထားပါသည်။ ထိုနည်း တူစွာ ပထမ ရှင်ခြင်း ကို ကဗရ်မှ ရှင်ခြင်း ဖြစ်ပြီး ဒုတိယ ရှင်ခြင်း မှာ ကေယမသ်နေ့ တွင် ဖြစ်ကြောင်း ဆိုထားပါတယ်။ အလာမဟ် မဂျ်လေစီ ၏ ဂျဝါမေအ် အလ်ဂျာမေအ် ပါ အဆိုအရ အချို့ သဖ်စီပညာရှင်များ ပမာ အားဖြင့် အဗ်ဒွလ္လာဟ်ဘင်န် အိုမရ် ဘိုင်ဇာဝီ ၊ ဖဇ်ွဘင်န် ဟစန် သွဘရစီ တို့သည် အထက်ဖော်ပြပါ အာယသ်တော်ပါ  နှစ်ခါ သေဆုံး ခြင်း နှင့် နှစ်ခါ ရှင်သန်ခြင်း ဆိုသည် မှာ သန္ဓေ မတည်မီ သေဆုံးခြင်း နှင့် လောကတွင် သေဆုံး ခြင်း ဖြစ်ကြောင်း ၊ သန္ဓေမတည်ပြီးနောက် ရှင်သန် ခြင်း ကေယမသ်နေ့ တွင် ရှင်သန်ခြင်း ဖြစ်ကြောင်း အနက်ဖွင့်ဆို ထားကြပါတယ်။ ထိုနည်းတူစွာ အလာမဟ် မဂျ်လေစီ အနေဖြင့် ပထမအမြင်အား မဂျ်မအိုဘယန်း တွင် ဖဇ်ွဘင်န် ဟစန် သွဘရစီ နှင့် ဖခ်ရေရာဇီ တို့မှ ဆိုထားသည်ဟု ဆိုထားပါတယ်။

     အလာမဟ် မဂျ်လေစီ အနေဖြင့် “မအီရှက်သို စနကာ “ တွင် အာယသ်တော်  {{ وَمَنْ أَعْرَضَ عَنْ ذِكْرِي فَإِنَّ لَهُ مَعِيشَةً ضَنْكًا وَنَحْشُرُهُ يَوْمَ الْقِيَامَةِ أَعْمَىٰ }} အဓိပ္ပာယ် အကြင်မည်သူမဆို ငါအရှင်အား အောက်မေ့ခြင်းကို ငြင်းပယ်မည်ဆိုလျှင် ၎င်းအတွက် ဘဝ ကျဥ်းမြောင်း မည် ဖြစ်ပါတယ်။ ပြီးနောက် ကေယမသ်နေ့ တွင် မျက်ကန်း အဖြစ် ပြန်လည် ထမြောက် စေပေမည်။(52) အာယသ်တော် ပါ {{ مَعِيشَةً ضَنْكًا }} စကားလုံး အား အဇါဗ်ဘေကဗ်ရ် (ကဗ်ရ်၏ပြစ်ဒဏ်)  ၏ သဖ်စီးရ်  ဟုဆိုထားပါတယ်။

     ထိုနည်းတူစွာ မဂျ်မအိုဘယန်း (ဟီဂျရ္ ၆ရာစုတွင်ရေးထားတယ်။) တွင် အချို့ သဖ်စီးရ် ပညာရှင်များ ၏ဆင့်ပြန် ချက်ကို တင်ပြထားပါသည်။ အဇါဗ် စကားလုံး နှစ်ခါပါ အာယသ်တော် {{ سَنُعَذِّبُهُمْ مَرَّتَيْنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍ }} ၎င်းတို့အား ငါအရှင်မြတ်သည် ပြစ်ဒဏ် နှစ်ကြိမ်  ပေးတော်မူမည် ။ပြီးနောက် အဆုံးတွင် ၎င်းတို့သည် ဂျဟန္နမ် ငရဲ၏ ပြင်းထန်သည့် ထာဝရပြစ်ဒဏ် ခံရမည်ဖြစ်ပါသည်။၎င်းကို အဇါဗ်ဘေကဗ်ရ်  နှင့် အဇါဗ်ဘေကေယမသ် ဆိုပြီးသဖ်စီးရ် ပြုထားပါတယ်၊ ရှီအဟ်သဖ်စီးရ်ပညာရှင် အလာမဟ်သွဗသွဗာယီ ( ကွယ်လွန် အီရန် သက္ကရာဇ် ၁၃၆၀ခုနှစ်) ၏အဆိုအရ အာယသ် တော် (( النَّارُ يُعْرَضُونَ عَلَيْهَا غُدُوًّا وَعَشِيًّا وَيَوْمَ تَقُومُ السَّاعَةُ أَدْخِلُوا آلَ فِرْعَوْنَ أَشَدَّ الْعَذَابِ}} အဓိပ္ပာယ် ၎င်းတို့သည် မီးရှေ့ တွင် မနက်နှင့် ည ထုတ်ဖော်ပြသခြင်း ခံကြရပါသည်။ တစ်နေ့ ကေယမသ်နေ့ ဖြစ်သည့်အခါ ဖေရ်အောင်(ဖာရောဘုရင်) ၏ မိသားစုဝင်များ ကို အလွန်ပြင်းထန်သည့် အဇါဗ် (ပြစ်ဒဏ်) တွင် ဝင်ရောက်ခိုင်းသည့် အသံ ပေးပေမည်။ အား သက်သေ အထောက်အထား ပြု၍ ဖေရ်အောင် (ဖာရောဘုရင်) မိသားစုဝင်များ ကို နှစ်ကြိမ်တိုင်တိုင် စီရင်ခံရမည်ကို ညွှန်ပြထားပါတယ်။ ပထမဦးစွာ သူတို့ကို မီးတင်ရှို့ပြီးနောက် မီးအတွင်း၌ ထားရမည်ဟု ညွှန်ပြထားပါတယ်။ ပထမမီးသည် ကေယမသ် မတိုင်ခင် ဗရ်ဇခ် လောက အဇါဗ် ၊ အဇါဗ်ဘေကဗ်ရ် ဖြစ်ကြောင်း ဆိုထားပါတယ်။

အဇါဗ်ဘေကဗ်ရ် နှင့်ပတ်သက်သည့် စာအုပ် အချို့ကို တင်ပြလိုက်ပါတယ်

     အဇါဗ်ဘေကဗ်ရ် နှင့်ပတ်သက်သည့် စာအုပ်များ မှာ ပါရှန်းဘာသာဖြင့်ရေးသားထားသည့် ရှိက်ခ်အဘာစ် ကွမ်းမီရေးသားသီးကုံးထား သည့်  “ မနာဇေလိုခ်အာခေရဟ် “ ၊ မိုဟမ္မဒ် ရှိုဂျာအီရေးသားထားသည့် “ အူရူဂျ်ဂျေရူဟ် “ နေအ်မသ်သွလ္လာဟ် ဆွာလေဟီ ဟာဂျီအာဗါဒ်ဒီရေးသား ထားသည့် “ အန်စာန် အဇ် မရ်ဂ် သာ ဗရ်ဇခ် “ တို့ဖြစ်ပါသည်။ ထိုနည်းတူစွာ အဇါဗ်ဘေကဗ်ရ် အတွက်သီးသန့်ရေးသားထားသည် စာအုပ်များလည်း ရှိပါသည်။ ၎င်းတို့မှာ အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁)မဟ်ဒီ ဖရ်ပူဒီ ပါရှန်းဘာသာဖြင့် ရေးသားပြီး အီရန် သက္ကရာဇ်၁၃၈၅ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေ ထားသည့် “ သဲဟ်ကီးကီ ကုရ်အာန်နီ ဝ ရဝါယီ သရ်ဘာရေဟ် အဇါဗ်ဘေကဗ်ရ် “ ဖြစ်ပါသည်။ ထိုနည်းတူစွာ “ အဇါဗ်ဟာယေ ကဗ်ရ် ၊သဲဟ်ကီးကီ ကုရ်အာန်နီ ဝ ရဝါယီ သရ်ဘာရေဟ် အာလန်မ်မေ ကဗ်ရ် “ဆိုသည့် ခေါင်းစဥ် ဖြင့်လည်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

(၂)ဂျာဘေရ် ရေဇ်ဝါနီ ပါရှန်းဘာသာဖြင့် ရေးသားထားသည့် “ အာလန်မ်မေကဗ်ရ် ၊ရာဇ်ဇေဘိုဇိုက် “ဖြစ်ပါတယ်။

ကျမ်းကိုးထားသည့် ကျမ်းများ နှင့် စာမျက်နှာ များ မှာ အောပ်ပါအတိုင်း ဖြစ်ပါတယ်

  • قرآن.
  • اردبیلی، سید عبدالغنی، تقریرات فلسفه، تهران، مؤسسه تنظیم و نشر آثار امام خمینی، ۱۳۸۵ش.
  • ابن‌ابی‌الحدید، عبدالحمید بن هبةالله، شرح نهج البلاغة، تصحیح محمد ابوالفضل، قم، مکتبة آیةالله مرعشی نجفی، ۱۴۰۴ق.
  • ابن‌طاووس، علی بن موسی، اقبال الاعمال، تهران، دارلکتب الاسلامیه، ۱۴۰۹ق.
  • ابن‌قولویه، جعفر بن محمد، کامل الزیارات، تصحیح عبدالحسین امینی، نجف، دارالمرتضویه، ۱۳۵۶ش.
  • اشعری، ابوالحسن، مقالات الاسلامیین و اختلاف المصلین، آلمان-ویسبادن، فرانس شتاینر، ۱۴۰۰ق.
  • امام خمینی، سید روح‌الله، شرح چهل حدیث، قم، مؤسسه تنظیم و نشر آثار امام خمینی، ۱۳۸۰ش.
  • بخاری، محمد بن اسماعیل، صحیح البخاری، تحقیق محمدزهیر بن ناصر الناصر، دارالطوق، ۱۴۲۲ق.
  • دیلمی، حسن بن محمد، ارشادالقلوب الی الصواب، قم، الشریف الرضی، قم، ۱۴۱۲ق.
  • شیخ صدوق، محمد بن علی، الامالی، تهران، کتابچی، ۱۳۷۶ش.
  • شیخ صدوق، محمد بن علی، من لایحضره الفقیه، تهران، نشر صدوق، ۱۳۶۷ش.
  • شیخ صدوق، محمد بن علی، علل الشرائع، قم، کتابفروشی داوری، ۱۳۸۵ش/۱۹۶۶م.
  • طبرسی، حسن بن فضل، مکارم الاخلاق، قم، الشریف الرضی، ۱۴۱۲ق/۱۳۷۰ش.
  • طبرسی، فضل بن حسن، مجمع البیان فی تفسیر القرآن، مقدمه محمدجواد بلاغی، تهران، انتشارات ناصرخسرو، ۱۳۷۲ش.
  • طوسی، محمد بن حسن، الامالی، تصحیح: موسسة البعثة، قم، دارالثقافة، قم، ۱۴۱۴ق.
  • قمی، شیخ عباس، سفینه البحار و مدینه الحکم و الاثار، قم، دفتر انتشارات اسلامی، ۱۳۷۸ش.
  • قمی، شیخ عباس، منازل الآخره، منازل الآخرة والمطالب الفاخرة، تحقیق سید یاسین موسوی، مؤسسة النشر الاسلامی.
  • «عالم قبر، راز بزرگ»، سایت کتابخانه ملی، تاریخ بازدید: ۱۰ مهر ۱۳۹۹ش.
  • «عالم قبر»، سایت بازار کتاب، تاریخ بازدید: ۱۰ مهر ۱۳۹۹ش.
  • علامه طباطبایی، سید محمدحسین، المیزان فی تفسیر القرآن، قم، مکتبة النشر الاسلامی، ۱۴۱۷ق.
  • کلینی، محمد بن یعقوب، کافی،‌ تهران، دار الکتب الإسلامیة، ۱۴۰۷ق.
  • لاهیجی، عبدالرزاق، گوهر مراد، مقدمه زین‌العابدین قربانی، تهران، سایه ۱۳۸۳ش.
  • مجلسی، محمدباقر بن محمدتقی، بحار الانوار، تصحیح جمعی از محققان، بیروت، داراحیاء التراث العربی، ۱۴۰۳ق.
  • مشکینی اردبیلی، علی، تحریر المواعظ العددیه، قم، انتشارات الهادی، ۱۳۸۲ش.
  • ملایری، موسی، «نظریه‌های بدن برزخی-بررسی و نقد»، پژوهش دینی، شماره۲۱، زمستان ۱۳۸۹ش.
  • نراقی، محمدمهدی، جامع السعادات، قم، مؤسسه مطبوعاتی ایرانیان، ۱۳۸۳ش.
  • نوری، میرزاحسین، مستدرک الوسائل، قم، مؤسسه آل البیت لاحیاء التراث، ۱۴۰۷ق.
  • نووی، یحیی بن شرف، المنهاج فی شرح صحیح مسلم بن الحجاج، بیروت، دارحیاء النراث العربی، ۱۳۹۲ق.


****************************************************************

END / 251