အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ ဩဂုတ် ၂၀၂၃

၂၀:၂၂:၁၇
1386226

ကျမ်းတော်မြတ် ကုရ်အာန် အကြောင်း တစေ့တစောင်း

ကျမ်းတော်မြတ် ကုရ်အာန် သည် အလ္လာဟ် ဟိုအရှင်မြတ်၏ နှုတ်ကပတ် တော်ဖြစ် ပါသည်။ မွတ်စလင်မ်များ ၏ ကောင်းကင်ကျ ကျမ်း ဖြစ်ပါတယ်။ ဟဇရသ် ဂျီဗရအီးလ် (အ.စ) မှတဆင့် ဟရသ် မိုဟမ္မဒ် (ဆွ) အပေါ် သို့ဝဟီ အဖြစ်ကျရောက်ခဲ့ခြင်းဖြစ်ပါတယ်။ မွတ်စလင်မ် တိုင်း ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက်ပြီး လေ့လာ ထားရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းတော်မြတ် ကုရ်အာန် သည် အလ္လာဟ် ဟိုအရှင်မြတ်၏ နှုတ်ကပတ် တော်ဖြစ် ပါသည်။ မွတ်စလင်မ်များ ၏ ကောင်းကင်ကျ ကျမ်း ဖြစ်ပါသည်။ ဟဇရသ် ဂျီဗရအီးလ် (အ.စ) မှတဆင့် ဟရသ် မိုဟမ္မဒ် (ဆွ) အပေါ် သို့ဝဟီ အဖြစ်ကျရောက်ခဲ့ခြင်းဖြစ်ပါသည်။ မွတ်စ်လင်မ်များသည် ကုရ်အာန်၏ အကြောင်းအရာ နှင့် နှုတ်ကပတ်တော်များကို အလ္လာဟ်ဟို အရှင်မြတ်ဘက်မှ ကျရောက်လာသည်ဟု သက်ဝင်ယုံကြည်ပါသည်။ ထိုနည်းတူစွာ ကျမ်းတော်မြတ်ကုရ်အာန် သည် မိုအ်ဂျေဇဟ်  နှင့် တမန် တော်မြတ် ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ တမန်တော်မြတ် ဖြစ်ခြင်း အတွက် လက္ခဏာ ဖြစ်ပြီး ကောင်းကင်ကျ နောက်ဆုံး ကျမ်းတော်မြတ် ဖြစ်သည်ဟုလည်း ယုံကြည်ကြပါသည်။ဤကျမ်းတော်မြတ် သည် မိုအ်ဂျေဇဟ် ဖြစ်ကြောင်း ကိုယ်တိုင် အလေးပေး တိုက်တွန်းထား ပြီး မိုအ်ဂျေဇဟ်ဖြစ်ကြောင်း ကို သက်သေ အနေဖြင့် မည်သူမျှ မိမိ ပမာ ယူဆောင်လာ နိုင် မဟုတ်ကြောင်း ဆိုထားပါတယ်။ ကုရ်အာန်၏ ပထမ အာယတ်တော် များသည် နူးရ်တောင်ပေါ်တွင်တည်ရှိသော ဟီရာအ် လိုဏ်ဂူ ၌ အစ္စလာမ့် တမန်တော်မြတ် (ဆွ) အပေါ်သို့ ဝဟီ ကျခဲ့ပါ သည်။ ကျော်ကြားသည့် အမြင် မှာ ထို အာယသ်တော်များ သည် ကိုယ်တော်မြတ်မိုဟမ္မဒ် (ဆွ) အပေါ် ကောင်းကင်တမန် မှ တဆင့် ဝဟီဖြင့် ကျရာက်ကြောင်း နှင့် တိုက်ရိုက် ကျရောက်ကြောင်း လာရှိပါသည်။ ကျမ်းမြတ်ကုရ်အာန်သည် သဒရ်ရီဂျီ (ခ) တဖြည်းဖြည်း ခြင်း ကျရောက်ခဲ့သည်ဟု အစ္စလာမ် ဘာသာဝင် အများစုက ယုံကြည်ကြပါတယ် ။သို့ရာတွင် အချို့ ပညာရှင်များ အနေဖြင့် တမန်တော်မြတ် (ဆွ) အပေါ် တဖြည်းဖြည်းခြင်း အာယသ်တော်များ တစ်နှစ် ကျရောက်ပြီးနောက် ကဒဲရ် ညမြတ် တွင် တစ်ကြိမ် တစ်ခါ တည်း ကိုယ်တော်မြတ် (ဆွ) အပေါ် သို့ ကျရောက်ခဲ့သည်ဟု လက်ခံ ယုံကြည် ကြပါတယ်။

ကုရ်အာန် ကျမ်းမြတ်၏ အာယသ် တော်များ ကို တမန်တော်မြတ်(ဆွ) လက်ထက်တွင် တိရိစ္ဆာန်အရေခွံများ၊ စွန်ပလွံ အပင်၏ အသား ၊ စက္ကူနှင့် အထည်များပေါ်တွင် ရေးသားခဲ့ကြပါ  တယ်။တမန်တော်မြတ်မိုဟမ္မဒ် (ဆွ) ကွယ်လွန်ပြီးနောက် ကုရ်အာန်ကျမ်းတော်မြတ်၏ စူရဟ်များ ကို ဆွဟာဗဟ်များ က စုဆောင်းခဲ့ကြပါခြင်း ဖြစ်ပါ တယ်။ သို့သော် စူရဟ်များ ၏ အစဥ် အလိုက် နှင့် ကေရာအသ် များ မတူရှိသည့် မှတ်တမ်း အမြောက် အများ ရှိခ့ပါတယ်။ ဟဇရသ် အွတ်စ်မာန် ၏ အမိန့်အရ ကုရ်အာန် ၏ မှတ်တမ်း တစ်စောင်တည်းကို ပြင်ဆင်ခဲ့ပြီး အခြားရှိပြီးသားမှတ်တမ်း များကို ဖျက်ဆီးခဲ့ပါတယ်။ မိမိတို့ အေမာမ် ၁၂ပါး (အ.စ) ၏ နောက်လိုက် ရှီအဟ် များသည် ဤမှတ်တမ်း (လက်ရှိကုရ်အာန်) အား မှန်ကန်ပြီး ပြည့်စုံ သည်ဟု သက်ဝင်ယုံကြည် ကြပါတယ်။

ကုရ်အာန် ၊ဖိုရ်ကန် ၊ အလ်ကေသာဗ် နှင့် မိုဆွဟဖ် အမည် များ သည် ကုရ်အာန်ကျမ်းမြတ် ၏ အကျော်ကြား ဆုံးသော အမည်များဖြစ်ပါ သည်။ကျမ်းမြတ် ကုရ်အာန် တွင် စူရဟ် ပေါင်း ၁၁၄ စူရဟ် ၊ အာယသ်တော်ပေါင်း ၆၀၀၀ ကျော် နှင့် ဂျိုဇ် (အစောင် ) ၃၀ နှင့်   ဟေဇ်ဗ် (အစိတ်) ပေါင်း ၁၂၀ တည်ရှိပါ သည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် သောင်ဟီးဒ် ၊ ကေယာမသ် ၊ တမန်တော်မြတ်မိုဟမ္မဒ်  (ဆွ) ၏ စစ်ပွဲများ ၊ တမန်တော်မြတ် များ ၏ ဖြစ်ရပ်မှန် များ အစ္စလာမ် သာသနာ တော်၏ ရှရီအီ ဥပဒေများ ကိုယ်ကျင့်တရား ဆိုင်ရာ ချီးမွမ်းထားသည့် ကိုယ်ကျင့်တရား စာရိတ္တများ နှင့် အပြစ်တင်ထားသည့် ကိုယ်ကျင့်တရား များ ရှေးရ်က် နှင့် အရေးခြုံမှု အား တိုက်ဖျက်ရန် စသည် အကြောင်း အရာများ ကို ဖော်ပြထားပါတယ်။

လေးရာစုအထိ ကုရ်အာန်ကျမ်းကို မွတ်စ်လင်မ်များကြားတွင် ကေရာအသ် အမျိုးမျိုး ရေပန်းစားခဲ့ပါသည်။ မွတ်စလလင်မ်များ အကြား ကွဲပြားသည် မှတ်တမ်းများ ၊ အာရဘီ ရေးနည်း ၏ အစ ဖြစ်မှု ၊ ဒေသအလိုက် အသံနေအသံထား မတူညီမှု ကေရာအသ် ပြုသူများ ၏ နှစ်သက်ပုံခြင်းမတူရှိမှု ၊ တို့သည် ကေရာအသ် ကွဲပြားမှုကို ဖြစ်စေသည့် အကြောင်းရင်း ဖြစ်ပါသည်။ ဤရာစုတွင် ကေရာအသ်  ခုနစ်မျိုး ကို  ရွေးချယ်ခဲ့ကြ ပါသည်။ မွတ်စ်လင်မ်များကြားတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ကေရာအသ်  အများဆုံး နည်း မှာ ဟဖ်ဆ်၏  ရီဝါယသ်တော်အရ  ကေရာအသ်ပြုထားသည့် အာဆင်မ်၏ ကေရာအသ် ဖြစ်ပါတယ်။ 

ကုရ်အာန် ၏ ပထမဆုံး အစောင်ပြည့်  ဘာသာပြန်ဆို ခြင်း ကို လေး ရာစုတွင် ပါရှန်း (ဖွာရစီ) ဘာသာ ဖြင့် လည်းကောင်း ၆ ရာစု ( ခရစ်သက္ကရာဇ် ၁၂ခုနှစ်) တွင် လက်တင်ဘာသာဖြင့် လည်းကောင်း ဘာသာပြန်ဆို ရေးသားခဲ့ကြပါ သည်။ ကျမ်းမြတ်ကုရ်အာန် အား ဟီဂျရီ ၉၅၀ ခုနှစ် (ခရစ်၁၅၄၃ ခုနှစ်) တွင် အီတလီ နိုင်ငံ တွင် ပထမဆုံးပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် အား ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်တွင် ဟီဂျရီ သက္ကရာဇ် ၁၂၀၀ခုနှစ် တွင် မွတ်စလင်မ် များ မှ  ပထမဆုံးပုံနှိပ်ခဲ့ကြပါတယ်။ အီရန်နိုင်ငံ သည် ဟီဂျရီ သက္ကရာဇ် ၁၂၄၃ခုနှစ် နှင့် ၁၂၄၈ ခုနှစ် တွင် ကုရ်အာန်ကျမ်းမြတ် ကို ပုံနှိပ်ထုတ်ဝေသည့် ပထမဆုံး မွတ်စလင်မ် နိုင်ငံဖြစ်သည်။ အွတ်စ်မာန် သွာဟဟ် အမည်ဖြင့် ယနေ့လူသိများသော ကုရ်အာန်သည် အီဂျစ်ပုံနှိပ်ထုတ်ဝေ မှု အပေါ် အခြေခံထားပါတယ်။

ကုရ်အာန်သည် မွတ်စ်လင်မ်များအကြား ပညာများစွာရရှိစေသော အရင်းအမြစ်ဖြစ်လာပါ  တယ်။သဖ်စီးရ်  နှင့် အူလူမေကုရ်အာန် (ကုရ်အာန် ပညာ ရပ်များ) ဖြစ်သည့် အေလ်မေလိုဂါသ် သေကုရ်အာန် (ကုရ်အာန်၏ စကားလုံးများဆိုင်ရာ အဘိဓာန် ပညာ ) ၊ အေလ်မေ အေအ်ရာဘ် ဝဘလာဂသ်သေ ကုရ်အာန် (ကုရ်အာန်၏ စကားအသုံးအနှုန်းများဆိုင်ရာ ပညာ) ၊ ကဆဆိုလ်ကုရ်အာန် ( ကုရ်အာန်ဖြစ်ရပ်မှန်များ ) နှင့် အေအ်ဂျာဇ် ဇိုလ်ကုရ်အာန် ( ကုရ်အာန် သည် အံ့ဖွယ် တန်ခိုးဖြစ်ကြောင်း )တို့ ဖြစ်ပါသည်။ ကုရ်အာန် သည် မွတ်စ်လင်မ် များ၏ ဓလေ့ထုံတမ်းများ နှင့် အနုပညာများ အတွက် အထူးအဆင့် နေရာ အဖြစ် ရှိပါတယ်။ ကုရ်အာန်ခသမ် သိမ်းခြင်း နှင့် ကုရ်အာန် ကေရာအသ် ပြုခြင်း အား ပမာအားဖြင့် မင်္ဂလာပွဲများတွင် ပြုလုပ်ကြပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် အား ဦးခေါင်းပေါ် တင်ပြီး ဒိုအာ ပြုခြင်းသည် ရှီအဟ် များ၏ ဓလေ့များ မှ ဖြစ်ပါသည်။ ကုရ်အာန် ကျမ်းမြတ်၏ အနုပညာဆိုင်ရာ ကဏ္ဍ တွင် အကြီးကျယ်ဆုံး မှာ လက်ရေးလှ၊ ရွှေပိန်းချ၊ အဖုံး ပြုလုပ်ခြင်း ၊ စာပေပညာရပ် နှင့် ဗိသုကာပညာတို့ ဖြစ်ပါတယ်။

အလ္လာဟ် ဟိုအရှင်မြတ် ၏ နှုတ်ကပတ် တော်ဖြစ်ကြောင်း မှတ်သားရမှာဖြစ်ပါတယ်။

မွတ်စ်လင်မ်တို့၏ သက်ဝင်ယုံကြည်ချက်အရ  ကုရ်အာန်သည် အစ္စလာမ့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)အပေါ်  သို့ ဝဟီ (ခ) ဗျာဒိတ်တော်အားဖြင့် ကျပေးတော် မူခဲ့ သည့် အလ္လာဟ် ဟို အရှင်မြတ် ၏  နှုတ်ကပတ် တော်ဖြစ် ပြီး ကုရ်အာန် ရှိ အကြောင်းအရာ နှင့် နှုတ်ကပတ်တော်များသည် အလ္လာဟ် ဟို အရှင်မြတ် ဘက် မှ ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် သည် ပထမဆုံး အကြိမ် နူးရ်တောင်ပေါ်တွင် တည်ရှိသော ဟေရာအ်  လှိုဏ်ဂူတွင် အစ္စလာမ့်တမန်တော်မြတ်မိုဟမ္မဒ်  (ဆွ) အပေါ် သို့ ဝဟီ အဖြစ် ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။ တမန် တော်မြတ် (ဆွ) အပေါ်   သို့ ပထမဆုံး ကျရောက်ခဲ့သည့် အာယသ် တော် မှာ စူရဟ် “အလက်” အစ ပထမ အာယသ် တော်များ ဖြစ်ပါတယ်။ ပထမဆုံး အပြည့် ကျရောက် သည့် စူရဟ် မှာ စူရဟ် ဖွာသေဟဟ် ဖြစ်ပါ တယ်။ မွတ်စ်လင်မ်တို့၏ သက်ဝင်ယုံကြည် မှုအရ  အစ္စလာမ့် တမန်တော်မြတ်မြတ်(ဆွ) သည် နောက်ဆုံး တမန်တော်မြတ် ဖြစ်ပြီး ကုရ်အာန်သည် နောက်ဆုံး ကောင်းကင်ကျ ကျမ်း ဖြစ်ပါ တယ်။

ကုရ်အာန်အား ရယူခဲ့ကြသည့် ပုံစံအားလေ့လာကြည့်ပါစို့

ကုရ်အာန် ကျမ်းမြတ်သည် တမန်တော်များ (အ.စ) ထံ သို့ ဝဟီ (ခ) ဗျာဒိတ်တော်ချပေးသည့် နည်းလမ်း အား သုံးခု ဖြစ်ကြောင်း ပြဆိုထားပါသည်။ အလ်ဟာမ် နည်း ၊ နောက်ကွယ် မှ ကောင်းကင် တမန် များ မှတဆင့်နည်း ဖြစ်ပါတယ်။ အချို့ ပညာရှင်များ မှ «قُلْ مَن كَانَ عَدُوًّا لِّجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّـهِ» အာယသ်တော် “ပြောကြားပါလေ။ အကြင်မည်သူမဆို ဂျီဗရာအီးလ် ၏ရန်သူ ဖြစ်မည်ဆုလျှင် (အမှန်တကယ် အလ္လာဟ့် ရန်သူဖြစ်ပါသည်။ ) အကြောင်းသည်ကား ဂျီဗရာအီးလ် (အ.စ) သည် အလ္လာဟ့် အမိန့်တော် ဖြင့် ကုရ်အာန် ကျမ်းမြတ် အား အသင် (မိုဟမ္မဒ်(ဆွ)) ၏ နှလုံးသား အပေါ်သို့ ချပေးသူဖြစ်ပါသည်။  “ဆိုကြသည်မှာ  ကုရ်အာန် ကျမ်းမြတ် သည် ဂျီဗရာ အီးလ်(အ.စ) မှ တဆင့် နည်း ဖြင့်သာ ကျရောက်ခဲ့  ကြောင်းဖြစ်ပါတယ်။ သို့သော် ကျော်ကြားသည်မှာ ကုရ်အာန် သည် တမန်တော်မြတ် (ဆွ) ပေါ်သို့ အခြား နည်းလမ်းများ ဖြင့် ပမာအားဖြင့် တိုက်ရိုက်နည်း တဆင့်ခံ မပါသည့်နည်း တို့ဖြင့် ကျရောက်ခဲ့ သည် ဖြစ်ပါတယ်။

တစ်ကြိမ်တစ်ခါတည်း နည်း နှင့် ကျရောက်ခဲ့တာလား? တဖြည်းဖြည်းခြင်းနည်း ဖြင့် ကျရောက်ခဲ့ တာလား?

ကျမ်းတော်မြတ်ကုရ်အာန် လာ အချို့ အာယသ်တော်များ အရ ဤကျမ်းမြတ်သည် လမြတ် ရမ်တွာန် ၏ ကဒဲရ်ညမြတ် တွင် ကျရောက်ခဲ့ပါတယ်။ ဤအချက်ကို အခြေခံပြီး ကျမ်းတော် မြတ် ကုရ်အာန် သည် တစ်ကြိမ်တစ်ခါတည်း နည်းသို့မဟုတ် တဖြည်းဖြည်းခြင်းနည်း ကျရောက်ခဲ့ သည့် နှင့်ပတ်သက်ပြီး မွတ်စလင်မ်များ အကြား သဘောထား  ကွဲလွဲမှုများ ရှိပါတယ်။ အချို့ ပညာရှင်များ အဆိုအရ ကုရ်အာန် သည် တစ်ကြိမ်တစ်ခါ တည်းကျရောက်ခဲ့ သည်ဟု ဆိုကြပါ တယ်။ အချို့ ပညာရှင်များ အနေဖြင့် တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) အပေါ် သို့ တဖြည်းဖြည်းခြင်း အာယသ် တော် များ တစ်နှစ် ကျရောက်ပြီးနောက် ကဒဲရ် ညမြတ် တွင် တစ်ကြိမ် တစ်ခါတည်း ကိုယ်တော် မြတ် (ဆွ) အပေါ် ကျရောက်ခဲ့ သည်ဟု လက်ခံ ယုံကြည် ကြပါတယ်။ ကုရ်အာန် ကျမ်းမြတ် သည် တဖြည်းဖြည်း ခြင်း သာ ကျရောက်ခဲ့ကြောင်း လမြတ်ရမ်တွာန် ၏ ကဒဲရ် ညမြတ် တွင် စတင် ခဲ့ ကြောင်း အချို့ ပညာရှင် များ က သက်ဝင် ယုံကြည် ထားပါတယ်။

ကျော်ကြားသည့် အမည်များ သည်ကိုလေ့လာကြည့်ကြပါစို့

ကုရ်အာန်ကျမ်းမြတ် အတွက် နာမည်များစွာကို ဖော်ပြထားပါသည်။ကုရ်အာန် ၊ဖိုရ်ကန် ၊ အလ်ကေသာဗ် နှင့် မိုဆွဟဖ် အမည် များ သည် ကုရ်အာန်ကျမ်းမြတ် ၏ အကျော်ကြား ဆုံးသော အမည်များတယ်။ မိုဆွဟဖ် အမည် အားဟဇရသ် အဘူဘကဲရ် မှ ပေးခဲ့ပါသည်။ အခြားအမည်များ ကိုလည်း ကျမ်းတော်မြတ် ကုရ်အာန် တွင် ဖော်ပြထားပါတယ်။ ကုရ်အာန်ဆိုသည့် အမည်သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ အကျော်ကြားဆုံး အမည် ဖြစ်ပါတယ်။ ဤ စကားလုံး ၏ အဓိပ္ပာယ် မှာ အဘိဓာန် တွင် ဖတ်ရှုရမည်ဟု ဖြစ်ပြီး အလ်နှင့်လမ်တို့နှင့် အတူ ဤစကားလုံးကို  ကုရ်အာန်ကျမ်းတွင် အကြိမ်ငါးဆယ်အသုံးပြုထားပြီး ယင်း အသုံးပြုမှုအား လုံးသည် ကုရ်အာန်ကျမ်းမြတ် ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထိုနည်းတူစွာ ကုရ်အာန်ကျမ်း တော်မြတ်၌ အလ်နှင့်လမ်မပါဘဲ အကြိမ် နှစ်ဆယ်ဖော်ပြထားပြီး ဆယ့်သုံး ကြိမ်  အား ကုရ်အာန်ကျမ်း ဟုအဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။  ကုရ်အာန် ကျမ်းမြတ်သည် ကုရ်အာန်နီ စကားလုံး အရင်း  အမြစ်များ ပါသည့် ဘွဲ့တော်များ နှင့် မိတ်ဆက်ပေး ထားပါတယ်။ ပမာ အားဖြင့် မဂျီးဒ် ၊ ကရီးမ် ၊ဟကီးမ်၊မိုဘီးန် ဖြစ်ပါ သည်။ ကုရ်အာန်ဆိုင်ရာ စာရေးဆရာများ နှင့် ကုရ်အာန် သုတေသီများ မှ ကျမ်းတော်မြတ်နှင့်ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန် ၏ နာမဝိသေန ကို အသုံးပြုရာတွင် ရှီအဟ် များ မှ “ကုရ်အာန် နေမဂျီးဒ် “ ဟု အသုံး ပြုကြပြီး စွန်နီ များ မှ “ “ကုရ်အာန် နေကရီးမ် “ ဟုလက်ခံ  သုံးကြကြောင်း လက်ခံ ယုံကြည် ထားကြပါတယ်။ ဤနာမ ဝိသေသနနှစ်ခု စလုံးသည် ကုရ်အာန် ၏ မူရင်း အရင်းအမြစ်ပါ ရှိပါတယ်။ ဆဒ်ရိုလ်မိုသာ လေဟီးန် အနေဖြင့် အ(စ်)ဖါရ် စာအုပ်တွင် အခန်း တစ်ခုတွင် (အရဘီ - فی القاب القرآن و نعوته ) ဆိုသည့်ခေါင်းစဥ် ဖြင့် ကုရ်အာန်၏ အမည်များနှင့် ဘွဲ့များကို တင်ပြထားပါသည်။ ၎င်းအနေဖြင့်  ကျမ်းတော်မြတ် ကုရ်အာန် ၏ အမည်များ နှင့် ဘွဲ့ပေါင်း နှစ်ဆယ်ကျော် ကို (ကျမ်းတော်မြတ်ကုရ်အာန် အာယသ်တော်များ ကိုးကား ဖော်ပြပြီး ) ရှင်းလင်း တင်ပြထားပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် အဆင့်၊နေရာ   အကြောင်းမှတ်သားကြပါစို့

ကုရ်အာန်သည် မွတ်စ်လင်မ်တို့၏ တွေးခေါ်မှု၏ အရေးအကြီးဆုံး အရင်းအမြစ်ဖြစ်ပြီး ဟဒီးစ် နှင့် စွန္နသ် ကဲ့သို့သော အစ္စလာမ့် အတွေးအမြင်များ အတွက် မှတ်ကျောက် စံနှုန်းဖြစ်တယ်။ ဆိုလိုသည်မှာ ကုရ်အာန်၏ သွန်သင်ချက်များနှင့် ဆန့်ကျင်ပါက အခြားသော အစ္စလာမ့် အရင်းမြစ်များမှ ရရှိထားသော သွန်သင်ချက် များ သည် လည်း အကျုံးမဝင်ကြောင်း ဆိုလိုပါတယ်။ အစ္စလာမ့်တမန်တော်မြတ် (ဆွ) နှင့် ရှီအဟ် အေမာမ် များ (အ.စ)၏ ရီဝါယသ် များ ကို  အခြေခံ၍ ဟဒီးစ်တော် များ ကို မလွဲမသွေ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ချိန်ကိုက်ရမည် ဖြစ်ပါတယ်။ အကယ်၍ ကျမ်းတော်မြတ်ကုရ်အာန် အရ မဟုတ်လျင် မလွဲမသွေ ထိုဟဒီးစ်တော် များ အား တရားမဝင် ဟု အတု ဟု သတ်မှတ်ရမည် ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ အစ္စလမ့် တမန်တော်မြတ် (ဆွ) ထံ မှ အစီရင်ခံတင်ပြထားသည်။ “ ငါထံမှ ဆင့်ပြန်သည့် မည်သည့် စကား မဆိုအသင် ထံ ရောက်ရှိလာမည်။ အကယ်၍ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ကိုက်ညီ နေပါက ကျွန်ုပ် ပြောခဲ့သည် ဖြစ်ပြီး အကယ်၍ ဆန့်ကျင်နေပါက ထို စကား ကို မပြောခဲ့ခြင်း ဖြစ်ပေတယ်။ “အေမာမ်ဆွာဒဏ်က် (အ.စ) ထံ မှ လည်း ဟဒီးစ်တော် တစ်ပါး လာရှိသည် မှာ  “ မည်သည့် ဟဒီးစ် မဆို ကျမ်းတော်မြတ်ကုရ်အာန် နှင့် ဆန့်ကျင်နေမည်ဆိုလျှင် ထိုဟဒီးစ်သည် မုသာသာ ဖြစ်ပေသည်။ (ဟဒီးစ်အတု ဖြစ်ပေတယ်။ ) “

ကုရ်အာန် ၏ သမိုင်းအား အောက်ဖော်ပြပါ  အဆင့်များ အတိုင်းလေ့လာကြပါစို့

ရေးသား တည်းဖြတ်ခြင်း

အစ္စလာမ့်တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)သည် ကုရ်အာန်၏ အာကို အာဂုံဆောင်ခြင်း နှင့် မှန်ကန်စွာ သေလာဝသ် ပြုခြင်း နှင့် အာယသ်တော်များ ကို မှန်ကန်စွာ ရေးသား ခြင်း ကို အလွန် အလေးအနက် ထားခဲ့ပါတယ်။ စာတတ်မြောက်သူ အနည်းငယ် ရှိခြင်း တမန်တော်မြတ်တာဝန် ထမ်းဆောင်သည့် အစပထမပိုင်းတွင် စာရေးကိရိယာများ ၏ နည်းပါး ခြင်း  စကားလုံးတစ်လုံးမေ့သွားမည် သို့မဟုတ် မှားယွင်းသွားမည်ကို စိုးရိမ်မိခြင်း တို့ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် အာယသ်တော်များ ကို မှန်မှန်ကန်ကန် အာဂုံဆောင် ခြင်း နှင့် သေလာဝသ် ပြုခင်း အတွက် ကြိုးပမ်းစေခဲ့ပါတယ်။ ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) အာယသ်တော် တစ်ပါး ကျရောက်လာ သည့်အခါ ဝဟီ(ဗျာဒိတ်တော်ကို) သတ်ပုံရေးဆရာများ ကို ဆင့်ခေါ်စေပြီး ရေးသား စေခဲ့ပါတယ်။ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော်များ ကို တိရစ္ဆာန်အရေခွံ၊ စွန်ပလွံသား ၊ အထည်နှင့် စက္ကူများပေါ်တွင်ရေးသား ကြပါတယ်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ကိုယ်တော် တိုင် ဝဟီ(ဗျာဒိတ်တော်ကို) သတ်ပုံရေးခြင်းကို  ကြီးကြပ်ကွပ်ကဲခဲ့ပါ သည်။အာယသ်တော်များ ကို သေလာ ဝသ်ပြု ပြီးနောက် ဝဟီ(ဗျာဒိတ်တော်ကို) သတ်ပုံရေးဆရာများ ကို ရေးမှတ်ထားသည့် အတိုင်း ပြန်လည် ဖတ်ကြားစေပါသည်။ ဤသို့ဖြင့် သတ်ပုံအမှား များ ရှိခဲ့ပါက ပြင် နိုင်ရန် ဖြစ်ပါတယ်။ စူယူသီ ရေးသားသည်မှာ တမန်တော်မြတ် (ဆွ) လက်ထက်တွင် ကုရ်အာန် တစ်အုပ်လုံး ‌ရေးသားထားပြီး ဖြစ်ပါ တယ်။ သို့သော် တစ်နေရာတည်း ရေးသားထားခြင်းမျိုးမရှိခဲ့ချေ။ စူရဟ်များ ကိုလည်း အစီအစဥ် ချထားခြင်း မရှိခဲ့ချေ။ ကျမ်းမြတ် ကုရ်အာန်ကို ၎င်း၏ လက်ရှိပုံစံဖြင့် စုစည်း ထားခြင်းသည် တမန်တော်မြတ် (ဆွ)လက်ထက်တွင် မဖြစ်ပေါ်လာသေးပေ။ အာရဘီ (التمهید فی علوم القرآن، ) ကျမ်း အဆိုအရ တမန်တော်မြတ် (ဆွ) ၏ ခေတ်ကာလတွင် အာယသ်တော်များ ၊ စူရဟ် အမည်များ သတ်မှတ်ထားခြင်း ရှိပြီး ဖြစ်ပါတယ်။ သို့သော် ကျမ်းတော်မြတ်ကုရ်အာန် ၏ နောက်ဆုံး တစ်နေရာတည်း စာအုပ်တစ်အုပ်တည်း အသွင် ပြုခြင်း စူရဟ်များ ၏ အစီအစဥ် ကိုချခြင်းတို့ ကို တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) အလ္လာဟ့်အမိန့်ခံ တော်မူပြီး‌ နောက်ပိုင်း (ကွယ်လွန်ပြီးနောက်ပိုင်း) တွင် ဆွဟာဗဟ်များ ၏ ဆုံးဖြတ် ချက်အရ ပြုလုပ်ခဲ့ကြပါ တယ်။ ကျမ်းတော်မြတ်ကုရ်အာန် အား ပထမဆုံး စုစည်း ပြုစုခဲ့သူမှာ အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ဖြစ်ပါတယ်။ အေမာမ် (အ.စ)အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် များ ကို ကျရောက်ခဲ့ သည့် ရက်များကိုအခြေခံပြီး  စုဆောင်း ခဲ့ခြင်း ဖြစ်ပါတယ်။

မိုဆွဟဖ် များကို တစ်နေရာတည်း စုပေါင်းခြင်း

တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)ကွယ်လွန်ပြီးနောက်တွင်၊ ကိုယ်တော် ၏ ဆွဟာဗဟ် အပေါင်းအဖော်များ သည် ကုရ်အာန်ကျမ်းမြတ် ကို  စတင်စုဆောင်းခဲ့ကြပါသည်။ မိုဆွဟဖ် အမြောက်အများ စုစည်းထားသော်လည်း စူရဟ်များ ၏ အစီအစဥ် နှင့်ကေရာအသ် များ တွင် ကွဲလွဲမှုများ လာရှိနေပါတယ်။ ဤကိစ္စသည်  အုပ်စု တိုင်းမှ မိမိကေရာအသ် သာမှန်ကန်ပြီး အခြား အုပ်အုပ်စု ၏ ကေရာအသ် ကို မှားယွင်းသည်ဟု ယူဆ မှုကို ဖြစ်ပွားစေခဲ့ပါတယ်။ ဟဇရသ် ဟိုဇိုင်ဖဟ် မှ  ဟဇရသ် အွတ်စ်မာန် ကို မိုဆွဟမ်များ ကို တစ်နေရာ တည်း စုစည်းရန် အကြံပြုခဲ့ပါတယ်။ ဟဇရသ် အွတ်စ်မာန် မှလည်း ဆွဟာဗဟ်များ ၏ ခွင့်ပြု သဘော တူညီချက်ဖြင့် ဤစုစည်းမှုကို ပြုလုပ်ရန် အုပ်စု တစ်စု ဖွဲ့ ကို တာဝန် ပေးခဲ့ပါတယ်။ ဟဇရသ် အွတ်စ်မာန် သည် အစ္စလာမ့် မြေအသီးသီးသို့ လူများ ကို စေလွတ် ပြီး  ရှိပြီးသား ကုရ်အာန်ကျမ်းများ အားလုံးကို စုဆောင်းခဲ့ပါ သည်။ပြီးနောက် ၎င်းတို့အား ဖျက်စီးဖြစ်ရန် အမိန့်ပေးခဲ့ပါတယ်။ အလ်သမ်ဟီးဒ် စာအုပ် အရ ကုရ်အာန်ကျမ်းတော်မြတ်များ ကို ပေါင်းစည်းချိန်နှင့် ပတ်သက်ပြီး အလွန် ဖြစ်နိုင်သည်မှာ ဟီဂျရီ ၂၅ ခုနှစ် ဖြစ်ပါတယ်။

ရှီအဟ်အေမာမ်များ (အ.စ) မိုဆွဟဖ် အွတ်စ်မာန် အားလက်ခံ ဆိုင်ရာ ကိစ္စ

ရီဝါယသ် ဟဒီးစ်တော်များ အရ ရှီအဟ် အေမာမ်များ (အ.စ) သည် ကုရ်အာန်များ တစ်နေရာတည်း ပေါင်းစည်းမှု  နှင့် ထိုနည်းတူစွာ အွတ်စ်မာန် ၏ အမိန့်အရ စုစည်းခဲ့သည့် မိုဆွဟဖ် နှင့်ပတ်သက်ပြီး သဘော တူ ကြပါ တယ်။

ဆူယူသီ အနေဖြင့် အေမာမ် အလီ (အ.စ) ထံတော်မှ ဆင့်ပြန် ထားပါသည်။ “ ဟဇရသ် အွတ်စ်မာန် အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် များ ကို တစ်ခုတည်းတစ်နေရာတည်း ပေါင်းစည်းရန်အတွက် မိမိနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပြီး မိမိမှ သဘောတူ ခဲ့ကြောင်း “ ဖြစ်ပါတယ်။ ထိုနည်းတူစွာ အေမာမ်ဆွာဒစ်က် (အ.စ) ထံမှ ဆင့်ပြန်လာ ရှိပါတယ် ။“ တစ်ဦးတစ်ယောက်သည် အေမာမ် ဆွာဒစ်က် (အ.စ) ၏ ရှေ့ တွင် တရားဝင် ကေရာအသ် နှင့်ဆန့်ကျင်ပြီးကျမ်းတော်မြတ် ကုရ်အာန် အား သေလာဝသ် ပြုပါတယ်။ အေမာမ် (အ.စ) မှ၎င်းအား တားမြစ်ခဲ့ပါသည်။“(37)အလ်သမ်ဟီးဒ် ကျမ်း အရ ရှီအဟ် အားလုံးသည် တစ်ညီ တစ်ညွတ် တည်း ယနေ့ လက်ဝယ် ရှိနေသည့် ကုရ်အာန် အား မှန်ကန်ပြီး ပြည့်စုံသည်ဟု ခံယူထား ကြောင်း သိရှိရပါ တယ်။

ကျမ်းတော်မြတ် ကုရ်အာန် ၏ မတူညီသည့် ကေရာအသ်များ အကြောင်း

ဟီဂျရီ ၄ ရာစု အထိ ကျမ်းတော်မြတ် ကုရ်အာန် ၏ ‌ကေရာအသ် မျိူးစုံသည် မွတ်စလင်များ ကြားတွင် ရေပန်းစားခဲ့ပါတယ်။ ကွာခြားချက်အတွက် အရေးကြီးဆုံး အကြောင်းရင်း များမှာ မွတ်စလင် များကြား တွင် မတူညီသည့် ကျမ်းတော်မြတ် ကုရ်အာန် များရှိနေခြင်း ၊ အရဘီ  စာပေရေးနည်း အစဖြစ်ခြင်း၊ နွတ်က်သွဟ် (ဝစ္စပေါက် ၊ အစက် )  အက္ခရာ များ တွင် မရှိခြင်း ၊ဟရ်ကသ် (ဇဗဲရ်၊ဇေ၊ပေ့ရှ် စသည်ဖြင့်) အက္ခရာ များ အပေါ်အောက်တွင် မရှိခြင်း ၊ မတူညီသည့် အသံနေအသံထားများ ရှိနေခြင်း နှင့် ကုရ်အာန် ကာရီများ (ကျမ်းတော်မြတ် ကုရ်အာန် အားသင်ကြားပေးသူများ ) လုပ်ဆောင်ချက် နည်းလမ်းများ မတူခြင်း တို့ ကြောင့် ဖြစ်ပါတယ်။

လေးရာစုတွင်  အဘူဘကဲရ် ဘင်န် မိုဂျာဟစ်ဒ်  ( ၂၄၅ - ၃၂၄ ဟီဂျရီ) ဘဂ္ဂဒက် ကာရီများ ၏ ဆရာ  မှ  ကေရာအသ် ခုနှစ် ခု အား ကေရာအသ် များ မှ ရွေးချယ် ခဲ့ပါသည် ။ ဤ ကာရီများ ၏ ကေရာအသ် သည်  “ကိုရာအေအ်စဗအဟ်” ဆိုပြီး နာမည် ကြီးပါသည်။ ကိုရာအေအ်စဗအဟ် တွင် ကာရီ တစ်ပါး (မည်သို့ မည်ပုံနည်း ဖြင့် ကေရာအသ် ပြုထားသည့်ဆိုသည့် နည်းပြ)  ဟဒီးစ် ဆင့်ပြန်သူ နှစ်ပါး ကိုတင်ပြ ထားပါ သည်။ ပြီးနောက် မွတ်စလင်မ်များ မှ ကေရာအသ် ၁၄မျိုး  ကို လက်ခံ ခဲ့ကြပါတယ်။

အဲဟ်လေ့စွန္နသ် အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန်တွင် စကားလုံး များ တွင် ကွဲပြားသည့် အတိုင်းအတာ များ ရှိသည်ဟု သက်ဝင် ယုံကြည်သောကြောင့် ကုရ်အာန်ကို ဤအတိုင်း အတာတစ်ခုချင်း စီအလိုက် ဖတ်ရှုနိုင်သည်ဟုဆိုထားပါတယ်။ သို့သော် ရှီအဟ် ပညာရှင်များ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ကေရာအသ် တစ်ခု တည်းဖြင့်သာ ကျရောက်ထား ပါဟု ဆိုကြပါသည်။ ရှီအဟ် အေမာမ်များ (အ.စ) သည် ကျမ်းတော်မြတ် ကုရ်အာန်ကို လွယ်ကူစေရန် မတူညီသော ကောရာအသ် များဖြင့်  သေလာဝသ် ပြုခွင့်ပြုထား ပါတယ်။

မွတ်စ်လင်မ်များကြားတွင် အသုံးအများဆုံး ကေရာအသ် မှာ အာဆင်မ် ဖြစ်ပြီး ရီဝယသ် တင်ပြသူမှာ ဟဖ်ဆ် ဖြစ်ပါတယ်။ ရှီအဟ် ကုရ်အာန် သုတေသီများ မှ တစ်ဖွဲ့သည်ဤ ကေရာအသ် ကိုသာ မှန်ကန်ပြီး မိုသဝါသေရ် ဖြစ်သည်ဟု ဆိုထားပါသည်။ အခြား ကေရာအသ်များ  သည် တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) ထံ မှ ရယူထား ခြင်း မဟုတ်ဘဲ ကာရီများ နည်းလမ်း များ ဖြစ်သည်ဟု ဆိုထားပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန် တွင်  ဟရ်ကသ် (ဇဗဲရ်၊ဇေ၊ပေ့ရှ် စသည်ဖြင့်) ထည့်ခြင်း  အကြောင်း

အာရဘီ ဘာသာစကားတွင် အဓိပ္ပာယ်ကို နားလည်ရန် အဲအ်ရာဗ် (ခ) ဟရ်ကသ် (ဇဗဲရ်၊ဇေ၊ပေ့ရှ် စသည်ဖြင့်) ကဏ္ဍ သည် အရေးပါသောအခန်း ကဏ္ဍ ဖြစ်ပါတယ်။ ဤ အတွက်ကြောင့် အဲအ်ရာဗ် ဘက် အာဂုံ ပြုရန် အလွန် အရေးကြီးပါသည်။  အကြောင်းမှာ အဲအ်ရာဗ် တွင် မှားတာ နှင့် အဓိပ္ပာယ် လည်း ပြောင်း သွား ဖြစ်ပါသည်။တစ်ခါတစ်လေ အလ္လာဟ် ဟို အရှင်မြတ် ဆိုလိုချက်  ၏ ဆန့်ကျင်ဘက် အဓိပ္ပာယ် လည်း ဖြစ်သွားပါတယ်။ ဝဟီကို ‌ရေးသားသူများ သည် အစ ပထမပိုင်း တွင် ကျမ်းတော်မြတ်ကုရ်အာန် အက္ခရာများ တွင်  နွတ်က်သွဟ် (ဝစ္စပေါက် ၊ အစက်)  နှင့် အဲအ်ရာဗ် (ဇဗဲရ်၊ဇေ၊ပေ့ရှ် စသည်ဖြင့်) မပါဘဲရေး သားခဲ့ကြပါတယ်။ ဤလုပ်ရပ်သည် တမန်တော်မြတ်  (ဆွ) လက်ထက်တွင် ရှိသူများ အတွက် ပြဿနာ မဟုတ်ချေ။ သို့သော် နောင်လာနောက်သားများ ၊မျိုးဆက်သစ်များ အတွက် အထူးသဖြင့် အရပ် မွတ်စလင်မ် မဟုတ်သူများ အတွက်  တခါတရံ မတူညီသည့် ကေရာအသ်များ နှင့် အဓိပ္ပာယ် ပြောင်းလဲ မှုများ ကို ဖြစ်စေပါသည်။

ထို့ကြောင့် ကုရ်အာန်၏ အဓိပ္ပါယ်မှာ ကွဲပြားမှု၊ ပုံပျက်ခြင်း နှင့် နာမ်ပိုင်း ပြောင်းလဲမှုများ ကို ဖယ်ရှားရန် အဲအ်ရာဗ် ကို အသုံးပြုရန် အလွန်အရေးကြီးပါသည်။(46) ရီဝါယသ်များ ဆိုင်ရာ သမိုင်း အရ  ပထမဆုံး အဲအ်ရာဗ် နှင့် နွတ်က်သွဟ် ကို စတင် သုံးစွဲ ဖန်တီး ခဲ့သူများ နှင့်ပတ်သက်ပြီး အကွဲအလွဲများ လရှိပါသည်။  အများစု သည် အဘူလ်အက်စ်ဝဒ် ဒူဝိုင်းလီ ( ဟီဂျရီ ၆၉  ကွယ်လွန်)  မှ ယဟ်ယာ ဘင်န် ယအ်မိုရ် ၏ အကူအညီ ဖြင့် အဲအ်ရာဗ် ထည့် ခြင်း ကို လုပ်ခဲ့သည် ဟုဆိုပါတယ်။ အစောပိုင်းတွင် အဲအ်ရာဗ် အား ဤကဲ့သို့ ထည့် ခဲ့ပါသည်။ စကားလုံး တိုင်း နောက်ဆုံး အက္ခရာ အပေါ် နွတ်က်သွဟ်( ဝစ္စပေါက်၊အစက်) ဇဗဲရ် ထည့် ခြင်းဖြင့် နဆ်ဗ် အတွက် အောက်တွင် နွတ်က်သွဟ် ဇေ ထည့် ခြင်း ဖြင့်  ဂျရ် နှင့် ကစရဟ် အတွက်  အက္ခရာအပေါ်တွင် ပေ့ရှ် နွတ်က်သွဟ် ထည့် ခြင်း ဖြင့် ရဖ်အ် နှင့်ဇန်မဟ် အတွက် ဆိုပြီး ဖြစ်ပါတယ်။ ရာစုနှစ်တစ်ခုကြာပြီးနောက် ခလီးလ်ဘင်န် ဖရာဟီဒီ (ဟီဂျရီ ၁၇၅) မှ နွတ်က်သွဟ် များ ၏နေရာ တွင် အထူး ပုံသဏ္ဍာန်များဖြင့် အစားထိုးခဲ့သည်။ စတုဂံပုံစံ တွင် အက္ခရာ အပေါ်တွင် တင်ခြင်း ဖြင့်  နဆ်ဗ် အတွက်လည်းကောင်း  စတုဂံ ပုံံစံ အား အက္ခရာ အောက်တွင် ထည့် ခြင်း ဖြင့် ဂျရ် အတွက် လည်းကောင်း ဝေါင်အက္ခရာ ကို အသေးလေး တင်ခြင်းဖြင့် ရဖ်အ် အတွက် လည်းကောင်း လှုပ်ရှား အသွင်တူသည့် နှစ်ခု ကိုပေါင်းပြီး သနဝီးန် အတွက် လည်းကောင်း အသွားပါသည့် အက္ခရာ စင်န် ကို သရှ်ဒီးဒ် အတွက် လည်းကောင်း  ၊ ဆွာဒ်အက္ခရာ ၏ခေါင်းပိုင်း ကို စူကူးန် အတွက် လည်းကောင်း အသုံးပြုခဲ့ပါတယ်။ပြီး ဟီဂျရီ ၂ရာစု ၏ တစ်ဝက်တွင် စစ်ဘဝိုင်း သဒ္ဒါ ပညာရှင် ၏ ကြီးကြပ်မှု ဖြင့် ဘဆွရဟ် သဒ္ဒါ ကျောင်းတော် ၊ ကစာအီ အရဘီ သဒ္ဒါ ပညာရှင် ၏ ကြီးကြပ်မှု ဖြင့် ကူဖွာ သဒ္ဒါ ကျောင်းတော် ၊ တတိယရာစုအလယ်တွင် ဘဂ္ဂဒက် သဒ္ဒါကျောင်းတော် ပေါ်လာပြီး ကျမ်းတော်မြတ် ကုရ်အာန်၏ အဲအ်ရာဗ် ပညာရပ်တွင် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကုရ်အာန် ဘာသာပြန် များ အကြောင်း

ကုရ်အာန် ၏ ဘာသာပြန်ဆိုမှုသည် အလွန်ရှေးကျသော သမိုင်းကြောင်းရှိပြီး အစ္စလမ်ဘာသာ ၏အစ မှ ပြန်လှည့်ရ မည် ဖြစ်ပါတယ်။ သို့သော်လည်း ကုရ်အာန်၏ ပထမဆုံး ကုရ်အာန် တစ်အုပ်လုံး  ဘာသာပြန် ကို ပါရှန်း ဘာသာ (ဖွာရစီဘာသာဖြင့်)  စတုတ္ထရာစုတွင် ပြန်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ပထမဆုံး ကျမ်းတော်မြတ် ကုရ်အာန် ဘာသာပြန်ဆို သူမှာ ကိုယ်တော်မြတ် (ဆွ) ၏ သာဝကတော် ကြီး ဟဇရသ်စလ်မန် ဖွာရစီ ဖြစ်ပါသည်။၎င်းမှာ ဗစ်မေလ္လာဟ်ဟေရဲဟ်မန် နေရဟီးမ် အား ပါရှန်း (ဖွာရစီ) ဘာသာဖြင့် ပြန်ဆို ခဲ့ပါတယ်။ ) ကုရ်အာန်ကျမ်းမြတ်ကို ဥရောပ ဘာသာစကားဖြင့် ဘာသာပြန် ဆိုခြင်းအား အစပိုင်းတွင် ခရစ်ယာန်ဘုန်းကြီးများနှင့် ဘုန်းတော်ကြီးများက ပြုလုပ်ခဲ့ပါသည်။ ဘာသာရေး ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများတွင် အစ္စလာမ်ကို ဝေဖန်ရန် အတွက် ကျမ်းတော်မြတ် ကုရ်အာန် ပါ ကလာမ်မီ (အလ္လာဟ် နှင့်ပတ်သက်သည့်)  စကားစု အချို့ကို ဘာသာပြန် ဆိုခဲ့ပါသည်။(54) ကုရ်အာန်ကျမ်းမြတ် တစ်အုပ် လုံး ၏ ပထမဆုံး လက်တင် ဘာသာပြန်ကျမ်း ကို ဟီဂျရီ ဆဋ္ဌမရာစု (အေဒီဆယ်နှစ်) တွင် ရေးသား ခဲ့ ပါတယ်။

ပုံနှိပ်ခြင်း

ကုရ်အာန်ကျမ်းကို ခရစ် သက္ကရာဇ် ၉၅၀ ခုနှစ်  (ဟီဂျရီ  ၁၅၄၃ ခုနှစ် )တွင် အီတလီတွင် ပထမဆုံး ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။ ဤပုံနှိပ်ထုတ်ဝေမှု သည် ခရစ်ယာန်  ဘုရားကျောင်းအာဏာပိုင်များ၏ အမိန့်ဖြင့် ဖျက်ဆီးခံခဲ့ရပါသည်။ ပြီးနောက် ဟီဂျရီ ၁၁၀၄ ခုနှစ် ( ခရစ် သက္ကရာဇ် ၁၆၉၂ ခုနှစ် ) ပြီးနောက် ဟီဂျရီ ၁၁၀၈ ခုနှစ် ( ခရစ် သက္ကရာဇ် ၁၆၉၆  ခုနှစ် ) တွင် ဥရောပ ၌ ပုနှိပ် ထုတ်ဝေခဲ့ပါသည်။ မွတ်စလင်မ် ဘက်မှ ပထမဆုံး ကျမ်းတော်မြတ် ကုရ်အာန် ပုံနှိပ် ထုတ်ဝေမှု ကို ဟီဂျရီ ၁၂၀၀ ခု နှစ်တွင် ပုံနှိပ်ဖြစ်ခဲ့ပါတယ်။

မောင်လာအွတ်စ်မာန် မှ  ဤ ပုံနှိပ်မှု ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန်ကို ပုံနှိပ်ထုတ်ဝေသည့် ပထမဆုံး မွတ်စလင်မ် နိုင်ငံမှာ အီရန်နိုင်ငံဖြစ်ပါသည်။ အီရန်နိုင်ငံ သည် ဟီဂျရီ ၁၂၄၃ ခုနှစ် နှင့် ၁၂၄၈ ခုနှစ် တွင် နည်းဟောင်း ဖြင့် နှစ်ခါ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ နောက်နှစ်များတွင်၊ တူရကီ၊ အီဂျစ်နှင့် အီရတ်တို့ကဲ့သို့သော အခြားသော အစ္စလာမ်မစ်နိုင်ငံများသည် ကုရ်အာန်ကျမ်းကို မတူညီသော ပုံနှိပ် ထုတ်ဝေ မှုများ ကို ပြုလုပ်ခဲ့ကြပါတယ်။

အီဂျစ်တွင် ပုံနှိပ်ထားသော ကုရ်အာန်ကို ဟီဂျရီ ၁၃၄၂ ခုနှစ် တွင် အလ်အဇ်ဟရ်  တက္ကသိုလ် ကျောင်းဆရာများ ၏ ကြီးကြပ်မှု ဖြင့် ဟဖ်ဆ် ထံမှ ပာဆင်မ် ဆင့်ပြန်သည့် ရီဝါယသ် ကို  အခြေခံပြီး ပုံနှိပ် ထုတ်ဝေ ခဲ့ပါသည်။ အစ္စလာမ့်ကမ္ဘာက လက်ခံခဲ့သည်။ အွတ်စ်မာန် သွဟဟ် အမည်ဖြင့် ယနေ့ လူသိများသော ကုရ်အာန်ကျမ်းကို ဆီးရီးယားနိုင်ငံသား လက်ရေးလှရေးဆရာက ရေးသားထားပြီး အီဂျစ် ပုံနှိပ်တိုက်မှ ပုံနှိပ် ထားခြင်း ဖြစ်ပါသည်။ ဤကုရ်အာန်ကို အစ္စလာမ့်နိုင်ငံအများစုတွင် ပုံနှိပ်ထားပါသည်။ ဤထုတ်ဝေမှု၏ ထူးခြားချက်မှာ စာမျက်နှာများပေါ်ရှိ စာမျက်နှာ များ တွင် အာယသ် တော်များ  အစီအစဉ်  ဟစ်ဇ်ဗ် (အစိတ်) များ နှင့် အစောင် ၃၀ ကို စနစ်တကျ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

ယနေ့တွင် ကုရ်အာန်ကျမ်းစာပုံနှိပ်ခြင်းကို ဤလုပ်ငန်းနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ၏ ကြီးကြပ်မှု အောက်တွင် လုပ်ဆောင်ပြီး အထူးစည်းမျဉ်းများရှိပါတယ်။ အီရန်တွင် ဒါရိုလ်ကုရ်အာန် နေလ်ကရီးမ် အဖွဲ့အစည်းသည် ကုရ်အာန် ပုံနှိပ် ရာတွင်  ပြုပြင်ရန် နှင့် ကြီးကြပ်ရန် တာဝန်ရှိပါ တယ်။

ကုရ်အာန် ၏ ဖွဲ့စည်းပုံ အကြောင်း

ကုရ်အာန်တွင် စူရဟ် ပေါင်း ၁၁၄ စူရဟ် နှင့် အာယသ်တော် ပေါင်း ခြောက်ထောင် နီးပါးရှိပါ တယ်။ ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော် များ အရေအတွက် အတိအကျနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုရှိပါသည်။အချို့ပညာရှင်များ က ကျမ်းမြတ် ကုရ်အာန်တွင် အာယသ်တော်ပေါင်း ၆၂၃၆ ပါရှိ ကြောင်းကို အေမာမ် အလီ (အ.စ) ထံတော် မှ ဆင့်ပြန် ထားပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် တွင် အစောင် ၃၀ နှင့် ဟေဇ်ဗ် (အစိတ်) ပေါင်း ၁၂၀ ပါဝင်ပါတယ်။

စူရဟ်အကြောင်း

ကျမ်းတော်မြတ်ကုရ်အာန်၏ မတူညီသော ကဏ္ဍများ ၏ ဆက်စပ်နေသည့် အကြောင်းအရာ ကို စူရဟ် ဟုခေါ်ဆိုပါတယ်။ကုရ်အာန် ကျမ်းမြတ် ၏ စူရဟ်များသည် စူရဟ် သောင်ဗဟ် မှ လွဲ၍  ဗစ်မေလ္လာဟ်ဟေရ်ရဲဟ်မန်းနေရဟီးမ် ဖြင့် စတင်ထားပါတယ်။  စူရဟ်များသည့် ကျရောက်သည့် အချိန်အခါ အရ နှစ်မျိုးနျစ်စား ရှိပါသည်။ မက္ကီစူရဟ်များ နှင့် မဒနီ စူရဟ်များ ဖြစ်ပါသည်။ တမန်တော်မြတ်(ဆွ) မဒီနဟ် မြို့ သို့ ဟစ်ဂျရသ် (ပြောင်းရွေ့ ခြင်း) မပြုမီကျရောက်ခဲ့သည့် စူရဟ်များ ကို မက္ကီ စူရဟ်များ ဟုခေါ်ဆိုပြီး တမန်တော်မြတ်(ဆွ) မဒီနဟ် မြို့ သို့ ဟစ်ဂျရသ် (ပြောင်းရွေ့ ခြင်း) ပြီး မှ ကျရေကာက်သည့် စူရဟ်များ ကို မဒနီ ဟုခေါ်ဆိုပါတယ်။

အာယသ် အကြောင်း

အာယသ်ဆိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် ၏ စကားလုံးများ၊ စကားစုများ သို့မဟုတ် ဝါကျများ ကိုခေါ်ဆိုပါသည်။ စူရဟ် သည် အာယသ်တော်များ နှင့် တည်ဆောက်ရခြင်း ဖြစ်ပါတယ်။ စူရဟ် တိုင်းတွင် အရေအတွက်  သတ်မှတ်ထားသည့်အာယသ်တော်များ ပါရှိပါသည်။ (66) ကုရ်အာန်၏ အာယတ်တော်များ သည် ထုထည် (အတိုအရှည်) အားဖြင့် ကွဲပြားပါသည်။စူရဟ်ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၈၂ သည် အရှည်ဆုံး အာယသ်တော်  ဖြစ်ပါတယ်။ “مُدهامَّتان “ စူရဟ် ရဲဟ်မန် ၏ အာယသ်တော် အမှတ် ၆၄   ၊ “والضُّحی” စူရဟ် ဝဒူဟဟ် အာယသ်တော် အမှတ် ၁ ၊  “والفَجر “  စူရဟ် ဖဂျ်ရ် ၏  အာယသ်တော် အမှတ် ၁  ကျမ်းတော်မြတ် ကုရ်အာန် ၏ အတိုဆုံးအာယသ်တော် ဖြစ်ပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ သည် အဓိပ္ပာယ် နှင့် ရှင်းလင်းခြင်းအရ  “မိုဟ်ကန်မ်” နှင့်  “ မိုသရှာဘေဟ် “ ဆိုပြီး  နှစ်မျိုးနှစ်စား ခွဲခြား ထားပါသည်။ “မိုဟ်ကန်မ်” အာယသ်တော်များ ဆိုသည်မှာ အလွန်ရှင်းလင်းသော အာယသ်‌ တော် များဖြစ်ပြီး ၎င်းတို့ နှင့် ပတ်သက်၍ သံသယ ဖြစ်စရာမရှိချေ။ မတူ ညီသော ဖြစ်နိုင်ခြေများကို အဓိပ္ပါယ်များပေးသည့် အာယသ် တော် ကို “ မိုသရှာဘေဟ် “ အာယသ်တော် ဟု ခေါ်ဆိုပါတယ်။ ဤ အမျိုးအစား ခွဲခြား မှု ကို ကုရ်အာန်ကိုယ်တိုင်က တင်ပြထားခြင်း ဖြစ်ပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို အခြား အမျိုးအစား ခွဲခြား ထားမှုလည်း ပြုထားပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော် တစ်ခုခု တွင် ရှိနေသည့် အမိန့် ကို ပြယ်ပျက် သည် အာယသ်တော် အား “နာစေခ် “ အာယသ်တော် ဟု ခေါ်ဆိုပြီး အမိန့်ပြယ်ပျက် ခံရသည့် အာယသ် တော် အား မန်စူးခ် ဟုခေါ်ဆိုပါတယ်။

ဟေဇ်ဗ် (အစိတ်) နှင့်  အစောင်  အကြောင်း

ဟေဇ်ဗ် (အစိတ်) နှင့်  အစောင် သည် မွတ်စ်လင်မ်များ တီထွင်ခဲ့သည့် ကုရ်အာန်၏ ကွဲပြားမှု နှစ်မျိုးနှစ်စား ဖြစ်သည်။ မွတ်စလင်မ်များ အနေဖြင့် ကျမ်းမြတ် ကုရ်အာန်ကိုနေ့စဉ် သေလာဝသ် ပြုရန် သို့မဟုတ် အလွတ် ကျက်မှတ် အာ ဂုံဆောင် ရန် အစီအစဉ်ဆွဲရန် ကြံစည်လုပ်ဆောင်ခဲ့ကြသည်ဟု ယူဆကြရပါတယ်။

ဤကဲ့သို့ ကွဲပြားမှု အမျိုးအစား သည် ကိုယ်နည်းကိုယ်ဟန် ဖြင့် ကွဲပြားမှုကို သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ လာရှိချက်အဆိုအရ တမန်တော်မြတ်(ဆွ) လက်ထက်တွင် ကုရ်အာန်ကို ဟေဇ်ဗ် (အစိတ်) ခုနစ်ခု ခွဲထားပြီး ဟေဇ်ဗ် (အစိတ်) တစ်ခုစီတွင် စူရဟ်များစွာပါရှိသည်။ ထိုနည်းတူစွာ အချို့သောကာလများတွင် ကုရ်အာန်အတွက်  နှစ်စောင် မှ ဆယ်စောင် အထိ ပိုင်းခြားရန် အဆိုပြုထား ပါတယ်။ ယနေ့ ကျမ်းတော်မြတ် ကုရ်အာန် အား အစောင် ၃၀ ပိုင်းခြား ထားပြီး အစောင် တိုင်းတွင် ဟေဇ်ဗ် (အစိတ်) လေးစိတ် ဖြင့် ပုံနှိပ်ထား ပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် ပါ အကြောင်းအရာ

ကုရ်အာန်တွင် ယုံကြည်ချက် ဆိုင်ရာများ ၊ ကိုယ်ကျင့်တရား စာရိတ္တ များ၊ ရှရီအစည်းမျဉ်းများ၊ အတိတ် ဖြစ်ရပ်မှန် များ၊ မိုနာဖေက် (ကြောင်သူတော်များ) နှင့် မွတ်ရှ်ရေက် (အလ္လာဟ်အများ ကြီးကိုးကွယ်သူများ) နှင့် တော်လှန် ခြင်းစသည့် ခေါင်းစဉ်အမျိုးမျိုးကို ဆွေးနွေးထားပါသည်။ ကျမ်းမြတ်ကုရ်အာန်၏ အရေးကြီးသောအကြောင်းအရာအချို့မှာ- သောင်းဟီးဒ် ၊ကေယမသ်( ရှင်ပြန်ထမြောက်ခြင်း) ၊ အစ္စလာမ့် တမန်တော်မြတ် (ဆွ) ၏ လက်ထက်အဖြစ်အပျက်များ ပမာအား ကိုယ်တော်မြတ် (ဆွ) တိုက်ပွဲများ ၊  ကျမ်းတော်မြတ် ကုရ်အာန်လာ  ဖြစ်ရပ်မှန်များ ၊ အစ္စလာမ် ဘာသာ၏ ဝတ်ပြုမှု ၊ ဝန်ဆောင်မှု နှင့် တရားဥပဒေ ပြစ်မှုဆိုင်ရာ စည်းမျဥ်းများ၊ ကောင်းသည့် ကိုယ်ကျင့်တရား နှင့် အကျင့်သီလများ ၊ မကောင်းသည့် ကိုယ်ကျင့်တရား နှင့် အကျင့် များ ရှစ်ရ်က် နေ နေဖာက် (သစ္စာဖောက် ၊ အရေခြုံခြင်း ) မပြုတားမြစ်ထားမှုများ ဖြစ်ပါတယ်။

သဲဟ်ရီးဖ် (ပုံပျက်၊ပန်းပျက်) မဖြစ်ခြင်းကိုလည်းလေ့လာကြည့်ပါမည်။

သဲဟ်ရီးဖ် ဆိုသည်မှာ မကြာခဏ ဆွေးနွေးလေ့ရှိသည့် ကဏ္ဍ တစ်ခု ဖြစ်ပြီး ကျမ်းတော်မြတ် ကုရ်အာန် တွင် စကားလုံးတစ်လုံး သို့မဟုတ် စကားလုံးများ အပို ထည့်ခြင်း သို့မဟုတ် စကားလုံးတစ်လုံးမှ စကားလုံးများ ကို ဖယ်ရှားခြင်း နှုတ်ခြင်း ကိုခေါ်ဆိုပါသည်။အာယာသွလ္လာဟ် အဘူလ်ကာစင်မ် ခူဝီ ရေးသားထားသည်မှာ - မည်သည့် စကားလုံး အပို ကိုမျှ ထည့်မထားကြောင်း မွတ်စလင်မ် များက သဘောတူထားကြပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် တွင် သဲဟ်ရီးဖ် မဖြစ်ခဲ့သည်ဆိုပါမည်။သို့သော် ကျမ်းတော် မြတ် ကုရ်အာန် တွင် စကားလုံး  သို့မဟုတ် စကားလုံးများ တွင် ပြယ်ပျက်ခြင်း နှင့်လျော့သွားခြင်း ပတ်သက် ပြီး သဘောထား ကွဲလွဲမှုများ လာရှိပါတယ်။ အာယာသွလ္လာဟ်  အဘူလ်ကာစင်မ် ခူဝီ ၏ အဆိုအရ ရှီအဟ်  ပညာရှင်များ အကြား ကျော်ကြားသည့်အမြင်မှာ ဤကဲ့သို့သော် သဲဟ်ရီးဖ် (ပုံပျက်ပန်းပျက်) ဖြစ်ခြင်း မရှိခဲ့ကြောင်း ဖြစ်ပါတယ်။

ကုရ်အာန် ၏ စိန်ခေါ်မှု နှင့် အံ့ဖွယ်ရာများ

ကုရ်အာန်ကျမ်းတော်မြတ်၏ အအာယသ်တော် အသီးသီးတွင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွ)၏ ဆန့်ကျင်ဘက် များက တမန်တော်မြတ်(ဆွ) အား အလ္လာဟ် ၏ တမန်တော်အစစ်အမှန်ဟု မယုံကြည်ပါက ကုရ်အာန်ကဲ့သို့ စာအုပ်တစ်အုပ် သို့မဟုတ် စူရဟ်ဆယ် စူရဟ် ပမာ သို့မဟုတ် အနည်းဆုံး စူရဟ်  တစ်စူရဟ် နည်းတူ ယူဆောင်လာရန် ဆိုထားပါတယ်။ မွတ်စလင်မ် များ အနေဖြင့်  ဤကိစ္စကို သဟဒ်ဒီး (ခ)စိန်ခေါ်မှုလို့ ခေါ်ပါတယ်။

သဟဒ်ဒီး ဆိုသည်မှာ ဆိုသည်မှာ ပြိုင်ပွဲ(တိုက်ပွဲ) တစ်ခုတောင်းဆိုခြင်း ဖြစ်ပါသည်။ ဤ သဟဒ်ဒီး (ခ) စိန်ခေါ်မှု ဆိုသည့် စကားလုံးအား  ပထမဆုံး အကြိမ်အဖြစ် ကလာမ် (အလ္လာဟ် အကြောင်း ဆွေး‌နွေး ထားသည့် ) စာအုပ်များတွင် ဖော်ပြ အသုံးပြု ခဲ့ပါ တယ်။ မွတ်စ်လင်မ်တို့၏ ယုံကြည်မှု အရ ကုရ်အာန်ကဲ့သို့ စာအုပ်တစ်အုပ်ကို မည်သူမျှ ယူဆောင်လာနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ကုရ်အာန်၏ အံ့ဖွယ်အမှုများ နှင့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)  တမန်တော်မြတ်ဖြစ်ကြောင်း သက်သေလက္ခာ ဖြစ်ပါတယ်။ ကုရ်အာန် ကျမ်းတော်မြတ် ကိုယ်တိုင် မိမိကိုယ်တိုင် အလ္လာဟ်ဘက်မှ ဖြစ်ကြောင်း ကို အလေးပေး မိန့်ကြားထား ပါတယ်။ ကုရ်အာန် ပမာ အလားတူတစ်ခုကို ယူဆောင်လာရန် မဖြစ်နိုင်ဟု ဆိုထား ပါတယ်။

အေဂျာဇ်ဇေ ကုရ်အာန် (ခ) ကုရ်အာန် ၏ အံ့ဖွယ်ရာများ သည် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပညာရပ်များ မှ တစ်ခု ဖြစ်ပါသည်။ ဤအခန်းကဏ္ဍ တွင် အေဂျာဇ်ဇေ ကုရ်အာန် (ခ) ကုရ်အာန် ၏ ကျမ်းတော်မြတ် ကုရ်အာန် ၏ အံ့ဖွယ် ဖြစ်ကြောင်း ကို စိစစ် ဆွေး‌နွေးထားပါတယ်။

ကုရ်အာန် နှင့် သက်ဆိုင်သော ပညာရပ်များအားလေ့လာကြည့်ပါမည်။

ကုရ်အာန်သည် မွတ်စ်လင်မ်များအကြား ပညာ များစွာရရှိစေသော အရင်းအမြစ်ဖြစ်လာပါသည်။ သဖ်စီးရ် နှင့် အူလူမ်မေကုရ်အာန် သည် ဤပညာ များ မှ ဖြစ်ပါသည်။

သဖ်စီးရ် အကြောင်း တစေ့တစောင်း

သဖ်စီးရ်ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် အာယသ်တော် များ ၏ အကျယ်တဝင့် ရှင်းလင်း ထားသည့် ပညာရပ်ကိုခေါ်ဆိုပါသည်။(80) သဖ်စီးရ် ကုရ်အာန် သည် တမန်တော်မြတ် (ဆွ) လက်ထက်တွင် ကိုယ်တော် မြတ် (ဆွ) ကိုယ်တိုင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

အေမာမ် အလီ (အ.စ) ၊ အစ်ဗ်နေအဘာစ် ၊ အဗ်ဒွလ္လာဟ် ဘင်န် မစ်အူးဒ် ၊ အိုဗိုင်းဘင်န် ကအ်ဗ် တို့သည့် တမန်တော်မြတ် (ဆွ) ပြီးနောက် ပထမဆုံး သဖ်စီးရ် ပညာရှင်များ ဖြစ် ကြပါတယ်။ ကျမ်းတော် မြတ် ကုရ်အာန် အား ပုံစံ နည်း အမျိုးမျိုး ဖြင့် သဖ်စီးရ် ပြုထားကြပါသည်။ ၎င်းပုံစံ နည်းအမျိုးမျိုး မှ အချို့ မှာ ဤကဲ့သို့ ဖြစ်ပါသည်။ သဖ်စီးရ်မောင်ဇူအီ ၊ သဖ်စီးရ် သရ်သီးဘီ၊ သဖ်စီးရ် ကုရ်အာန် ဗေ ကုရ်အာန် ။ ရီဝါရီ သဖ်စီးရ် ၊ သဖ်စီးရ် အေလ်မီ ၊ သဖ်စီးရ် ဖေက်ဟီ ၊ သဖ်စီး ဖလ်စဖီ နှင့် သဖ်စီးရ် အေရ်ဖာနီ တို့  ဖြစ်ကြပါတယ်။

အူလူမ်မေကုရ်အာန် (ကုရ်အာန် ပညာရပ်များ )

ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက်ပြီး ဆွေး‌နွေးသည့် ပညာရပ်များ အစုအဝေး ကို အူလူမ်မေ ကုရ်အာန် ဟုခေါ် ဆိုပါသည်။ သရီးခ်ကုရ်အာန် (ကုရ်အာန်သမိုင်း) ၊ အာယာသ်သိုလ်အဲဟ်ကာမ် ( အဲဟ်ကာမ် ဆိုင်ရာ အာယသ်တော်များ) ၊ အေလ်မေလိုဂါသ်သေ ကုရ်အာန် (ကျမ်းတော်မြတ်ကုရ်အာန် ၏ အဘိဓာန် ဆိုင်ရာ ပညာ) ၊ အေလ်မိုအဲအ်ရာဗ် ဝါ ဗလာဂသ် သေကုရ်အာန် ( ကျမ်းတော်မြတ်ကုရ်အာန် ၏ သဒ္ဒါ နှင့် ဘာသာဗေဒ ဆိူင်ရာ ပညာရပ်) ၊ အ(စ်)ဗာဗိုလ်နိုဇူးလ် ( ကျရောက်ရသည့် အကြောင်းခံများ ) ၊ ကဆဆိုလ် ကုရ်အာန် ( ကုရ်အာန် ကျမ်းမြတ်လာ ဖြစ်ရပ်မှန်များ ) ၊ အေဂျာဇ်ဇေ ကုရ်အာန် (ခ) ကုရ်အာန် ၏ အံ့ဖွယ်ရာများ၊ အေလ်မိုကေရာအသ်  ( ကေရာအသ်ဆိုင်ရာပညာရပ်) ၊ အေလ်မေမက္ကီ ဝါ မဒနီ ၊ အေလ်မေ မိုဟ်ကန်မ် ဝါမိုသရှာဗေဟ် ၊ အေလ်မေ နာစေခ်ဝါ မန်ဇူးခ် တို့ ဖြစ်ပါတယ်။

ထုံးတမ်း စဥ်လာများ အဖြစ် ကျမ်းတော်မြတ်ကုရ်အာန် ကို အသုံးပြုပုံလေးကိုလေ့လာကြပါမည်

ကျမ်းတော်မြတ်ကုရ်အာန်သည် မွတ်စ်လင်မ် တစ်ဦးချင်းစီ ၏ဘဝနှင့် စုပေါင်းဘဝတွင် အထူး အရေးပ့ အရေးကြီး ပါသည်။ မွတ်စ်ဂျစ်ဒ်များ ၊ အေမာမ် များ (အ.စ) ၏ ရောင်ဇာတော် များ ၊ အေမာမ်သားတော်များ (အ.စ) ၏  ဂူဗိမာန် များ နှင့် အိမ်များ တွင် အများ ဆိုင်ရာ ကုရ်အာန် ခွာနီများ ကို ပြုလုပ်ကြပါသည်။ (86) ကဒဲရ် ညမြတ် များ တွင် ကျမ်းတော်မြတ်ကုရ်အာန် အား ဦးခေါင်း ပေါ် တင်ပြီး ဒိုအာ တောင်းသည့် အလေ့အထ ထုံးတမ်း အစဥ်အလာ သည် ရှီအဟ်များ ၏ အလေ့ အထ  ထုံးတမ်း စဥ်လာ များ မှ ဖြစ်ပါသည်။ ဤ ထုံးတမ်းစဥ်လာ တွင် ကုရ်အာန်ကို ခေါင်းပေါ်တင်ထားစဉ် ပြီး အလ္လာဟ်ထံတော်တွင် အလ္လာဟ် ကိုယ်တိုင်အား ကုရ်အာန် နှင့် မအ်စူမ်၁၄ပါး (အ.စ) အား အမှီပြု  ကျိန်ဆို ပြီး အပြစ်များ ခွင့်လွတ်ပလပ်ပေးရန် တောင်းဆို ခြင်း ဖြစ်ပါတယ်။

မွတ်စလင်မ်များ ၏  မြောက်များ စွာသော အစီအစဥ်များ ပမာအားဖြင့် တရားပွဲများ၊  လူမှုရေးဆိုင်ရာများ ဥပမာ လက်ထပ် ထိမ်းမြားပွဲ တို့တွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ အချို့ ကို ‌ကေရာအသ် ပြုကြပါတယ်။ အီရန် ရှိ ရိုးရာဓလေ့များထဲမှ တစ်ခုသည် ကုရ်အာန် ကျမ်းမြတ် နှင့် အိမ်အသစ်သို့ ဝင်ရောက်ကြ ခြင်း ဖြစ်သည်။ အိမ်သို့ ရွှေ့ပြောင်းသည့်အခါတွင် အီရန်နိုင်ငံသားများသည် ၎င်းတို့ ၏ အိမ်သစ်ကို ကုရ်အာန်ကျမ်းဖြင့် ဦးစွာဝင်ရောက်ပြီးနောက် အခြားအိမ်သုံးပစ္စည်းများကို ယူဆောင်လာကြပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန်သည် အီရန်လူမျိုးများ၏ နော်ရိုဇ် (အီရန် နှစ်သစ်ကူး)  ထုံးတမ်း စဥ် လာ များနှင့် ခိုင်မာ သော ဆက်စပ်မှု ရှိသည်။ အီရန် နိုင်ငံ တွင် နော်ရိုဇ် အချိန်အခါတွင် စားပွဲပေါ်တွင် ကျမ်းတော်မြတ် ကုရ်အာန် ဟဖ်စ်စင်န် ( စင်န်အက္ခရာနှင့်စသည့် ပစ္စည်းခုနှစ်မျိုး) နှင့်အတူ ထားရှိပြီး နှစ်သက်ကူးသည့် အချိန် ထိုထားရှိထားသည့် ကျမ်းတော်မြတ် ကုရ်အာန် မှ အာယသ်တော်များ အချို့ ကို သေလာဝသ် ပြုကြပါတယ်။ ထိုနည်းတူစွာ ထို့အပြင် အချို့သော မိသားစုများတွင် အကြီးအကဲများသည် ကုရ်အာန်ဖြင့်  အီးဒ်ဒီ ပေးကြသည်။ ဆိုလိုသည်မှာ လူကြီး များသည် ပိုက်ဆံအနည်းငယ် အား ကျမ်းတော်မြတ်ကုရ်အာန် တွင် ထည့်ညှပ် ပြီး ကလေးများ ကို ဖွင့်ခိုင်း ပြီး အီးဒ်ဒီ ကို ယူခိုင်း ခြင်း ဖြစ်ပါတယ်။

အရှေ့တိုင်းသားများ၏အမြင်ကိုလေ့လာ ကြည့်ပါစို့

မွတ်စလင်မ်မဟုတ်သည့် ပညာရှင် များသည် ကျမ်းမြတ် ကုရ်အာန်၏ စာပေ ၊ အကြောင်းအရာနှင့် ကျမ်းတော်မြတ်ကုရ်အာန် ဝဟီ ဖြစ်ခြင်း နှင့်ပတ်သက်ပြီး  သုတေသနများစွာ ပြုလုပ်ခဲ့ကြပါတယ်။ အရှေ့တိုင်းပညာရှင်အချို့က ကုရ်အာန်ကို အစ္စလာမ့် တမန်တော်မြတ်၏ နှုတ်ကပတ်တော်ဟု မှတ်ယူကြ ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန်၏ အကြောင်းအရာသည် ရဟူဒီ (ဂျူး )နှင့် ခရစ်ယာန် အရင်းအမြစ်များ နှင့် ဂျဟီလီ ခေတ် (အမိုက်အမှောင်ခေတ်) ကဗျာ များ မှကောက်နုတ်ထားသည်ဟုဆိုကြပါတယ်။ အချို့က ကုရ်အာန်ကို ဝဟီ (ဗျာဒိတ်တော်) အဖြစ် ရှင်းရှင်းလင်းလင်း ယူဆကြပြီး ယင်းကို လူ့စကားထက် သာလွန် သည်ဟု ယူဆကြပါတယ်။

Richard Bell ၏ အဆိုအရ ကျမ်းတော်မြတ်ကုရ်အာန် ၏ သဒ္ဒါစာပေကဏ္ဍ တွင် ထပ်ခါတလဲလဲ နှင့်  ပုံစံတူအများအပြားနည်းလမ်း ကိုသုံးထားပါသည်။ထိုနည်းလမ်းသည် ရဟူဒီ (ဂျူး )နှင့် ခရစ်ယာန်တို့ ၏ "حُنَفاء" ဆိုသည့် နည်းလမ်းမှ ကောက်နုတ် ထားခြင်းဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်လည်း Noldeke သည် ကုရ်အာန်၏ စူရဟ်များ အထူးသဖြင့် မက္ကီ စူရဟ်များကို စာပေအမြင်ဖြင့် အေဂျာဇ်ဇေ ကုရ်အာန် (ခ) အဖြစ်လက်ခံထားပြီး ကုရ်အာန်၏ အာယသ် တော်များကို  မိုအ်မင်များ ၏ စိတ်နှလုံးကို နှစ်သက်စေ သည့် ကောင်းကင် တမန်များ တေးသီချင်း နှင့် ခိုင်း နှိုင်ထားပါသည်။ ပြင်သစ်အရှေ့တိုင်းဝါဒီ Maurice Bocay သည် အေဂျာဇ်ဇေ  အေလ်မီ ကုရ်အာန် အား ဆင်ခြင်သုံးသပ်  ကြည့်ပြီးရေးသားသည်မှာ-ကုရ်အာန် ကျမ်းမြတ် ၏ အချို့အာယသ်တော်များသည် ခေတ်သစ်သိပ္ပံပညာဆိုင်ရာ တီထွင်မှုများနှင့် လုံးဝ ကိုက်ညီပါ တယ် ။

နောက်ဆုံး ရလာဒ် မှာ ကျမ်းတော်မြတ်ကုရ်အာန် မူလ ဇစ်မြစ် သည် အလ္လာဟ် ဟို အရှင်မြတ် ထံ မှ ဖြစ်ပါသည်။  သောင်ရာသ်ကျမ်း ဇဘူရ် ကျမ်း အင်န်ဂျီးလ်ကျမ်းနှင့် ဆဟ်ဖ် ဆိုသည်မှာ မည်သည့် ကျမ်းကို ခေါ်ဆိုကြောင်း ကိုလည်း အသေးစိတ် အကျယ်တဝင့် မဟုတ်လျှင်တောင် တစေ့တစောင်းလေ့လာ မှတ်သားသင့်ပါတယ်။

ကျမ်းကိုးထားသည့် ကျမ်းများ နှင့် စာမျက်နှာ များ မှာ အောပ်ပါအတိုင်း ဖြစ်ပါတယ်

·  · مصباح یزدی، قرآن‌شناسی، ۱۳۸۹، ج۱، ص۱۱۵-۱۲۲.

·  ·  میرمحمدی زرندی، تاریخ و علوم قرآن، ۱۳۶۳ش، ص۴۴؛ مصباح یزدی، قرآن‌شناسی، ۱۳۸۹، ج۱، ص۱۲۳.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۱۲۴-۱۲۷.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۱۲۷.

·  ·  مطهری، مجموعه آثار، ۱۳۸۹ش، ج۳، ۱۵۳.

·  ·  سوره شورا، آیه۵۱.

·  ·  سوره بقره، آیه ۹۷.

·  ·  میرمحمدی زرندی، تاریخ و علوم قرآن، ۱۳۶۳ش، ص۷.

·  ·  یوسفی غروی، علوم قرآنی، ۱۳۹۳ش، ص۴۶؛ معرفت، التمهید، ۱۴۱۲ق، ج۱، ص۵۵و۵۶.

·  ·  سوره بقره، آیه ۱۸۵؛ سوره قدر، آیه ۱.

·  ·  اسکندرلو، علوم قرآنی، ۱۳۷۹ش، ص۴۱.

·  ·  مصباح یزدی، قرآن‌شناسی، ۱۳۸۹، ج۱، ص۱۳۹؛ اسکندرلو، علوم قرآنی، ۱۳۷۹ش، ص۴۱.

·  ·  اسکندرلو، علوم قرآنی، ۱۳۷۹ش، ص۴۲.

·  ·  اسکندرلو، علوم قرآنی، ۱۳۷۹ش، ص۴۲و۴۹.

·  ·  یوسفی غروی، علوم قرآنی، ۱۳۹۳ش، ص۲۸.

·  ·  یوسفی غروی، علوم قرآنی، ۱۳۹۳ش، ص۲۸.

·  ·  مصباح یزدی، قرآن‌شناسی، ۱۳۸۹ش، ج۱، ص۴۳.

·  ·  خرمشاهی، قرآن و قرآن پژوهی، ص۱۰.

·  ·  الملا صدرا، الحكمة المتعالية في الأسفار العقلية الأربعة، ۱۹۸۱م، ج۷، ص۵۲.

·  ·  مطهری، مجموعه آثار، ۱۳۹۰ش، ج۲۶، ص۲۵و۲۶.

·  ·  مطهری، مجموعه آثار، ۱۳۹۰ش، ج۲۶، ص۲۶.

·  ·  کلینی، کافی، ۱۴۰۷ق، ج۱، ص۶۹.

·  ·  کلینی، کافی، ۱۴۰۷ق، ج۱، ص۶۹.

·  ·  رامیار، تاریخ قرآن، ۱۳۶۹ش، ص۲۲۱و۲۲۲.

·  ·  رامیار، تاریخ قرآن، ۱۳۶۹ش، ص۲۵۷.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۲۸۰و۲۸۱.

·  ·  رامیار، تاریخ قرآن، ۱۳۶۹ش، ص۲۶۰.

·  ·  سیوطی، الإتقان، ۱۳۶۳ش، ج۱، ص۲۰۲؛ سیوطی، ترجمه الأتقان، ج۱، ص۲۰۱.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۲۷۲-۲۸۲.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۲۸۱.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۳۳۴.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۳۳۴-۳۳۷.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۳۳۸و۳۳۹.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۳۴۶.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۳۴۳-۳۴۶.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۳۴۱.

·  ·  حر عاملی، وسائل الشیعه، ۱۴۱۲ق، ج۴، ص۸۲۱.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۳۴۲.

·  ·  ناصحیان، علوم قرآنی در مکتب اهل بیت، ۱۳۸۹ش، ص۱۹۵.

·  ·  معرفت، التمهید، ۱۴۱۱ق، ج۲، ص۱۰، ۱۲، ۱۶، ۲۵.

·  ·  ناصحیان، علوم قرآنی در مکتب اهل بیت، ۱۳۸۹ش، ص۱۹۵-۱۹۷.

·  ·  ناصحیان، علوم قرآنی در مکتب اهل بیت، ۱۳۸۹ش، ص۱۹۸.

·  ·  ناصحیان، علوم قرآنی در مکتب اهل بیت، ۱۳۸۹ش، ص۱۹۹.

·  ·  ناصحیان، علوم قرآنی در مکتب اهل بیت، ۱۳۸۹ش، ص۱۹۹، ۲۰۰.

·  ·  محمدی ری‌شهری، شناخت‌نامه قرآن، ۱۳۹۱ش، ج۳، ص۳۱۲.

·  ·  محمدی ری‌شهری، شناخت‌نامه قرآن، ۱۳۹۱ش، ج۳، ص۳۱۴.

·  ·  محمدی ری‌شهری، شناخت‌نامه قرآن، ۱۳۹۱ش، ج۳، ص۳۱۵.

·  ·  محمدی ری‌شهری، شناخت‌نامه قرآن، ۱۳۹۱ش، ج۳، ص۳۱۵.

·  ·  محمدی ری‌شهری، شناخت‌نامه قرآن، ۱۳۹۱ش، ج۳، ص۳۱۵.

·  ·  محمدی ری‌شهری، شناخت‌نامه قرآن، ۱۳۹۱ش، ج۳، ص۳۱۶و۳۱۷.

·  ·  رامیار، تاریخ قرآن،۱۳۶۹ش، ص۶۵۳.

·  ·  آذرنوش، «ترجمه قرآن به فارسی»، ص۷۹.

·  ·  رامیار، تاریخ قرآن، ۱۳۶۹ش، ص۶۵۳.

·  ·  رحمتی، «ترجمه قرآن به زبان‌های دیگر»، ۱۳۸۲ش، ص۸۴.

·  ·  رحمتی، «ترجمه قرآن به زبان‌های دیگر»، ۱۳۸۲ش، ص۸۴.

·  ·  معرفت، پیشینه چاپ قرآن کریم، سایت دانشنامه موضوعی قرآن.

·  ·  معرفت، «پیشینه چاپ قرآن کریم»، سایت دانشنامه موضوعی قرآن.

·  ·  «نظارت بر چاپ و‌ نشر قرآن کريم»، سایت تلاوت.

·  ·  «تاريخچه و وظايف و اهداف»، سایت تلاوت.

·  ·  یوسفی غروی، علوم قرآنی، ۱۳۹۳ش، ص۳۲.

·  ·  مستفید، «جزء»، ص۲۲۹، ۲۳۰.

·  ·  جوادی آملی، تسنیم، ۱۳۸۹ش، ج۲، ص۴۱۱.

·  ·  جمعی از محققان، «آیه بسمله»، ص۱۲۰.

·  ·  معرفت، التمهید، ۱۴۱۲ق، ج۱، ص۱۳۰.

·  ·  مجتهد شبستری، آیه، ۱۳۷۰ش، ص۲۷۶.

·  ·  مجتهد شبستری، «آیه»، ص۲۷۶.

·  ·  مجتهد شبستری، «آیه»، ص۲۷۶.

·  ·  طباطبایی، المیزان، ۱۴۱۷ق، ج۳، ص۲۱؛مکارم شیرازی، تفسیر نمونه، ۱۳۷۴ش، ج۲، ص۴۳۳.

·  ·  سوره آل عمران، آیه ۷.

·  ·  معرفت، التمهید، ۱۴۱۱ق، ج۲، ص۲۹۴.

·  ·  مستفید، «جزء»، ص۲۲۸، ۲۲۹.

·  ·  مستفید، «جزء»، ص۲۲۹، ۲۳۰.

·  ·  خرمشاهی، «قرآن مجید»، ص۱۶۳۱، ۱۶۳۲.

·  ·  خوئی، البیان فی تفسیر القرآن، ۱۴۳۰ق، ص۲۰۰.

·  ·  خوئی، البیان فی تفسیر القرآن، ۱۴۳۰ق، ص۲۰۱.

·  ·  سوره اسراء، آیه ۸۸؛ سوره هود، آیه ۱۳؛ سوره یونس، آیه ۳۸.

·  ·  معموری، تحدی، ۱۳۸۵ش، ص۵۹۹.

·  ·  سوره طور، آیه ۳۴.

·  ·  معرفت، اعجاز القرآن، ۱۳۷۹ش، ج۹، ص۳۶۳.

·  ·  عباسی، تفسیر، ۱۳۸۲ش، ج۷، ص۶۱۹.

·  ·  معرفت، التفسیر والمفسرون، ۱۴۱۸ق، ج۱، ص۱۷۴.

·  ·  معرفت، التفسیر والمفسرون، ۱۴۱۸ق، ج۱، ص۲۱۰و۲۱۱.

·  ·  معرفت، التفسیر والمفسرون، ۱۴۱۹ق، ج۲، ص۱۴تا۲۰، ۲۲، ۲۵، ۳۵۴، ۴۴۳، ۵۲۶.

·  ·  اسکندرلو، علوم قرآن، ۱۳۷۹ش، ص۱۲.

·  ·  هاشم‌زاده، «کتابشناسی علوم قرآن»، ص۳۹۵، ۳۹۶، ۳۹۷، ۴۰۱، ۴۰۸؛ معرفت، التمهید، ۱۴۱۲ق، ج۱، ص۱۱-۱۹.

·  ·  «آداب ختم قرآن در ماه رمضان»، گلستان قرآن، ص۳۶.

·  ·  «مراسم قرآن به سر گرفتن»، پایگاه اطلاع‌رسانی حوزه.

·  ·  موسوی آملی، قرآن در رسوم ايرانی، ۱۳۸۴، ص۴۷.

·  ·  «آداب رفتن به خانه جدید»، سایت مرکز ملی پاسخگوی به سؤالات شرعی.

·  ·  موسوی آملی، «قرآن در رسوم ايرانی»، ص۴۷.

·  ·  محمودزاده، «هنر خط و تذهیب قرآنی»، ص۳.

·  ·  برای نمونه نک: جباری راد، «نورنگاران معاصر»، ص۶۶.

·  ·  برای نمونه نک: راستگو، «تجلی قرآن در ادب فا رسی»، ص۵۶؛ جعفری، «تأثير قرآن در شعر فارسی»، ص۵۴؛ ترابی، «تأثير قرآن در شعر و ادب فارسی»، ص۵۲.

·  ·  گرابار، «هنر، معماری و قرآن»، ص۶۹.

·  ·  گرابار، «هنر، معماری و قرآن»، ص۷۱و۷۲.

·  ·  عبدالتواب، مباحثی در فقه‌اللغة، ۱۳۶۷ش، ص۱۲۵ـ۱۳۴.

·  ·  کریمی، «مستشرقان و قرآن»، ص۳۵.

·  کریمی، «مستشرقان و قرآن»، ص۳۵.

****************************************************************

END / 251