အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၁ ဩဂုတ် ၂၀၂၃

၂၀:၁၄:၃၅
1386416

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သည်းခံခြင်း၏ ဆဝါးဗ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စီရသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့်  ဘေဟာရိုလ်အန်နဝါရ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الصادق علیه السلام::

مَنِ اُبْتُلِيَ مِنَ اَلْمُؤْمِنِينَ بِبَلاَءٍ فَصَبَرَ عَلَيْهِ كَانَ لَهُ مِثْلُ أَجْرِ أَلْفِ شَهِيدٍ  .

 

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ မိုအ်မင်များ အတွင်း မှ  မည်သူမဆို ရင်ဆိုင် နေရသည့် ဘေးဒုက္ခ အပေါ် သည်းခံ မည် ဆိုလျှင် (အလ္လာဟ်ဟို အရှင်မြတ် ) သည် ၎င်း အား ရှဟီးဒ် ၏ ဆဝါးဗ်  ကို ချီးမြှင့် တော်မူမည် ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း  ၊အတွဲ ၆၈ ၊ စာမျက်နှာ  ၁၅၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ ဘေးဒုက္ခများ အခက်အခဲများ  အတွက်သည်းခံနိုင် အောင် ကြိုးစားရမည်ဖြစ်ပါတယ်။ သည်း ခံခြင်းသည် ပြောရသည်မှာ လွယ်ကူပြီး လက်တွေ့ ‌ဆောက်တည်ရတွင် အလွန်ခက်ခဲ့ပါတယ်။သည်းခံ နိုင်စွမ်း ရရှိနိုင်ရန် အတွက် မြတ် အလ္လာဟ် ထံ ဒိုအာပြုရမည် ဖြစ်ပါတယ်။

****************************************************************

END / 251