အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၁ ဩဂုတ် ၂၀၂၃

၂၀:၁၅:၀၁
1386418

စူရဟ် ဖလက်သည် မက္ကီ စူရဟ်များထဲမှ တစ်ခုဖြစ်ပြီး တမန်တော်မြတ် (ဆွ) အပေါ် ကျရောက် သည့် စူရဟ် အမှတ်စဥ်များ အရ အမှတ် ၂၀ မြောက် ဖြစ်ပါတယ်။ ဤစူရဟ် သည် လက်ရှိ ကျမ်းတော်မြတ်ကုရ်အာန် တွင် ၁၁၃ ခု‌မြောက် စူရဟ် ဖြစ်ပါတယ်။ အစောင် ၃၀ မြောက်တွင် ရှိပါသည်။ စူရဟ် ဖလက် အကြောင်း တစေ့တစောင်း ကို အဗ်နာ ချစ်ပရိတ်သတ်များ အတွက် တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စူရဟ် ဖလက် သည် ၁၁၃ ‌မြောက် စူရဟ် ဖြစ်ပါသည်။ မက္ကီ စူရဟ်များ မှ ဖြစ်ပြီး အစောင် ၃၀ ရှိပါတယ်။ ဤစူရဟ်၏ အမည်ကို ဖလက် ဟုပေးထားပြီး အဓိပ္ပာယ် မှာ နံနက် နှင့် အာရုဏ်ဦး ဖြစ်ပြီး ဤ စူရဟ် ၏ ပထမ အာယသ်တော် မှ ကောက်နှုတ် ထားခြင်း ဖြစ်ပါသည်။ စူရဟ် ဖလက် သည်  ကွန်လ် လေး ခု စူရဟ် များ မှ တစ်စူရဟ် ဖြစ်ပါတယ်။ 

ဤ စူရဟ် တော် ၌  အလ္လာဟ် ဟို အရှင်မြတ် သခင် သည် တမန်တော်မြတ် (ဆွ) အား အမိန့်ပေး မိန့်တော်မူသည်မှာ အထူးသဖြင့် ညအမှောင်၏ မကောင်းမှုမှ၊ မန်းမှုတ်ပြုစား အောက်လမ်းပြု တတ်သည့် အမျိုးသမီးများ နှင့် မနာလိုငြူစူ သူ၏ မကောင်းမှုတို့မှ မိမိထံ  ခိုလှုံရန် မိန့်တော်မူပါ တယ်။အချို့ စွန်နီ သဖ်စီးရ် ပညာရှင်များ ၏ အဆို အရ ဤ စူရဟ် သည် ရဟူဒီ (ဂျူး လူမျိုး) ယောက်ကျား တစ်ဦး မှ  အောက်လမ်းလုပ် ပြုစား ၍ ကိုယ်တော်မြတ် (ဆွ) ဖျားနာ သွားသည့် အချိန် ကျရောက် လာသည်ဟု ဖြစ်ပါတယ်။ ဂျီဗရာအီးလ် (အ.စ) ကြွမြန်းလာပြီး စူရဟ် ဖလက် နှင့် စူရဟ် နာစ် အားယူဆောင်လာကာ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အပေါ် သို့ ထို စူရဟ် နှစ်ခု မှာ အာယသ်တော် များ ကို သေလာဝသ် ပြုခဲ့ပါတယ်။ ပြီးနောက် တမန်တော်မြတ် (ဆွ) သည် ဖျားနာနေသည့် အိပ်ယာ မှ ပြန်ထလာ တော်မူခဲ့ပါတယ်။ အချို့ ရှီအဟ် ပညာရှင်များ ၏ အဆိုအရ ဤအကြောင်းကို လက်မခံကြချေ။ တမန် တော်မြတ် မိုဟမ္မဒ် (ဆွ) အပေါ် မှော် အောက်လမ်းလုပ် ၊ပြုစားခြင်း သည် သက်ရောက် မှု မရှိ ဟု ဆိုထားကြပါတယ်။

စူရဟ် ဖလက် နှင့် နာစ် အား မို‌အောင်ဝေဇသ်သိုင်းန် ဟုခေါ်ဆို ပါသည်။ အဘယ်ကြောင့်ဆိုသော် သအ်ဝီးဇ် (ခ) အဆောင် လက်ဖွဲ့ အတွက်သေလာဝသ် ပြုရသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ စူရဟ်ဖလက် သေလာဝသ် ပြုခြင်း ကြီးကျယ် မြင့်မြတ်မှုဆင့်ပြန်ချက်လာရှိပါသည်။ “ အကြင်မည်သူမဆို စူရဟ် နှစ်ခု ဖြစ်သည့် ဖလက် နှင့် နာစ် အားသေလာဝသ်ပြုမည်ဆိုလျှင် အလ္လာဟ့် တမန်တော်မြတ်များ (အ.စ) အပေါ် ကျရောက် သည့် ကျမ်းများ အားလုံးကို သေလာဝသ် ပြုသည့် ပမာ ဖြစ်ပါတယ်။ “ ထိုနည်းတူစွာ တမန်တော်မြတ် (ဆွ) ထံ တော် မှ ဆင့်ပြန် ချက်လာရှိပါတယ်။ “ စူရဟ် နှစ်ခု ဖြစ်သည့် ဖလက် နှင့် နာစ် သည် အလ္လာဟ်ဟို အရှင်မြတ် အမြတ်နိုးဆုံး အကြိုက်ဆုံး စူရဟ် များ ဖြစ်ပါတယ်။”

မိတ်ဆက် ပေးရမည်ဆိုလျှင်

(၁)အမည်ပေးခြင်းအကြောင်း

ဤစူရဟ် အား ဖလက် ဟုခေါ်ဆိုပါသည်။ဤစူရဟ် ၏ ပထမ အာယသ် တော်မှ ကောက်နုတ် ထားခြင်း ဖြစ်ပါသည်။ ဖလက်၏ အဓိပ္ပာယ်မှာ နံနက်နှင့် အရုဏ်တက် (ခ) အာရုဏ်ဦးဟူ၍ ဖြစ်ပါသည်။ ဤ စူရဟ် ၏ အခြား အမည် မှာ မို‌အောင်ဝေဇသ်သိုင်းန် (ခိုလှုံခြင်း) ဖြစ်ပါသည်။ “အောဇ် ခေါ်  ခိုလှုံ ခြင်း “ ဆို သည့် စကားလုံး မှ ဖြစ်ပြီး ပထမဆုံး အာယသ်တော် မှ ယူထားခြင်း ဖြစ်ပါသည်။ စူရဟ် ဖလက် နှင့် နာစ် အား မို‌အောင်ဝေဇသ်သိုင်းန် ဟုခေါ်ပါ သည်။ ဤစူရဟ် နှစ်ခု အား အန္တရာယ်ကြုံသောအခါ သေလာဝသ် ပြုရ သည့် အတွက်ကြောင့် မိုရှက်ရှကသိုင်းန် ဟုလည်း ခေါ်ဆိုပါတယ်။

(၂)စူရဟ်ကျရောက်သည့် နေရာ နှင့် ကျရောက်ရသည့် အကြောင်းခံ အကြောင်း

စူရဟ် ဖလက်သည် မက္ကီ စူရဟ်များထဲမှ တစ်ခုဖြစ်ပြီး တမန်တော်မြတ် (ဆွ) အပေါ် ကျရောက် သည့်  စူရဟ် အမှတ်စဥ်များ အရ အမှတ် ၂၀ မြောက် ဖြစ်ပါတယ်။ ဤစူရဟ် သည် လက်ရှိ ကျမ်းတော်မြတ် ကုရ်အာန် တွင် ၁၁၃ ခု‌မြောက် စူရဟ် ဖြစ်ပါတယ်။ အစောင် ၃၀ မြောက်တွင် ရှိပါတယ်။ အလာမဟ် သွဗါသွဗါယီ အလ် မီဇာန်း(န) ကျမ်းတွင် ဤစူရဟ် အား ကျ‌ရောက်ရသည့် အကြောင်းခံ လာ ရီဝါယသ်တော် တစ်ခု ကို အ‌ခြေခံ ပြီး မဒနီ စူရဟ် ဟု ရေးသားထားပါတယ်။

(၃)အာယသ်တော် အရေအတွက်နှင့် အခြားထူးခြားမှုများအကြောင်း

စူရဟ်ဖလက်တွင် အာယသ်တော် ၅ပါး ၊ စကားလုံးတော်ပေါင်း ၂၃လုံး ၊ အက္ခရာတော်ပေါင်း ၇၃လုံး ပါရှိပါ သည်။ ဤစူရဟ်သည် ထုထည် နှင့်ပတ်သက်သော မိုဖာဆေလာသ် စူရဟ်များ ( အသေး စိတ်စူရဟ် များ) ထဲမှ တစ်ခု ဖြစ် ပါသည်။ စူရဟ် ဖလက် သည် ကွန်လ် လေးခုထဲမှ တစ်ခုဖြစ်ပြီး၊ ဆိုလိုသည်မှာ ကွန်လ် ဖြင့် အစပြု  သော စူရဟ်လေးခုဖြစ်ပါတယ်။

ပါဝင်သည့်အကြောင်းအရာများအကြောင်း

အလ္လာဟ်ဟိုအရှင်မြတ်သည် စူရဟ်ဖလက်တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အား အမိန့်ပေးထားပါတယ်။ အထူး သဖြင့် ညအမှောင်၏ မကောင်းမှု၊ မန်းမှုတ်ပြုစား တတ်သည့် အမျိုးသမီးများနှင့် မနာလိုငြူစူ သူ၏ မကောင်းမှု တို့မှ အလ္လာဟ်ဟို အရှင်မြတ်ထံ  ခိုလှုံရန် ဖြစ်ပါတယ်။ အလာမဟ် သွဗါသွဗါယီ ၏ အလ် မီဇာန်း(န) ကျမ်းအဆိုအရ  «النَّفَّاثَاتِ فِي الْعُقَدِ» သည် မန်းမှုတ် အောက်လမ်း လုပ်တတ်သည့် အမျိုးသမီးများ သာ မကဘဲ မည်သူမဆို မှော်ပညာ နှင့် အောက်လမ်းပညာကို ကျင့်သုံးသူများလည်း ပါဝင်ပါတယ်။ သဖ်စီးရ် နမူနာ တွင်လည်း လာ ရှိသည်မှာ - စူရဟ်ဖလက်သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် မွတ်စလင်များအား မကောင်းမှုမှန် သမျှကို အလ္လာဟ် ဟို အရှင်မြတ် ထံ ခိုလှုံရန် သွန်သင်ထားပါတယ်။

စူရဟ် ကျ‌ရောက်ရသည့် အကြောင်းခံကိုလေ့လာကြည့်ပါစို့

ဤစူရဟ် ကျ‌ရောက်ရသည့် အကြောင်းခံနှင့်ပတ်သက် သည့် စွန်နီ အရင်းအမြစ်များလာ ရီဝါယသ်အား ရှီအဟ် ပညာရှင်များ မှလက်မခံထားကြခြင်းဖြစ်ပါတယ်။ အဲဟ်လေ့စွန္နသ် ၏ သဖ်စီးရ် ကျမ်း မှ တစ်ကျမ်း ဖြစ်သည့် အဒ်ဒိုရိုမန်စူရ်ကျမ်း တွင် ရဟူဒီ (ဂျူးလူမျိုး) ယောက်ကျား တစ်ဦး မှ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အား အောက်လမ်းလုပ် ပြုစားခဲ့ကြောင်း တင်ပြထားပါတယ်။ ဂျီဗရာအီးလ် (အ.စ)သည် ကိုယ်တော် မြတ်မိုဟမ္မဒ်  (ဆွ)ထံ  ကြွမြန်းလာပြီး မို‌အောင်ဝေဇသ်သိုင်းန် (စူရဟ်ဖလက် နှင့် စူရဟ်နာစ်) ကို ယူဆောင် လာခဲ့ပါ သည်။ပြီးနောက် ပြောကြားပါ။ ရဟူဒီ (ဂျူးလူမျိုး) ယောက်ကျား တစ်ဦး သည် အသင် ကိုယ်တော်အား အောက်လမ်းလုပ်ထားပါတယ်။ ၎င်းလုပ်ထားသည့်အောက်လမ်း (မှော်) မှာ ရေတွင်း တစ်ခု တွင်ရှိပါသည်။ တမန်တော်မြတ် (ဆွ) မှ အလီဘင်န်အဘီ သွာလစ်ဗ် (အ.စ) ထိုမှော်ကို ယူလာရန်စေလွတ် တော်မူခဲ့ပါ သည်။ ပြီးနောက် ကိုယ်တော်မြတ်(ဆွ) မှ ဟဇရသ် အလီ (အ.စ) အား မှော်အထုံးများ ကို ဖြေရန် အမိန့်ပေး တော်မူပါ သည်။ အထုံးတိုင်း အား မိုအောင်ဝေဇသ်သိုင်းန် မှ အာယသ်တော် တစ်ပါးတစ်ပါးဆီ ကို သေလာဝသ် ပြုပြီး ဖြေလေသည်။ စူရဟ် နှစ်ပုဒ် စလုံး သေလာဝသ် အပြီး အထုံးများ အားလုံးဖြေသွားပြီး ဖြစ်ပါသည်။ တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) လည်း ပြန်လာ ကျန်းမာလာ ပါတယ်။

အလာမဟ် သွဗါသွဗါယီ အနေဖြင့်  အလ်မီဇာန်း(န) ကျမ်းတွင်ရေးသားထားသည်မှာ - တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် အောက်လမ်း မှော်ပညာကို ခံနိုင်ရည်ရှိပါသည်။ ၎င်း အောက်လမ်း မှော်ပညာ ပြုစားမှု သည် ကိုယ်တော် ၏ ခန္ဓာကိုယ် တွင် နာမကျန်းမှု ဖြစ်အောင်ပြုနိုင်ကြောင်း အထောက် အထား သက်သေ မရှိကြောင်း တစ်နည်းအား ဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ အရ ကိုယ်တော် မြတ် မိုဟမ္မဒ် (ဆွ)  နှလုံးသား၊ အသက်၊ ဥာဏ် နှင့် အတွေးအခေါ် များသည် အောက်လမ်း (မှော်ပညာ)နှင့်  ရှိင်တွာန်များ စီးနင်း လွမ်းမိုးမှု မှ လုံခြုံကြောင်း ညွှန်ပြထားပြီး ဖြစ်ပါတယ်။

အောက်လမ်း မှော် ပညာ နှင့်ပတ်သက်ပြီးသဖ်စီးရ် ပညာရှင်များ ၏ အမြင် ကိုလေ့လာ ကြည့်ပါစို့

ဆယက်ဒ် ရဇီး (ကွယ်လွန် ၄၀၆ ဟီဂျရီ) စူရဟ် ဖလက်၏ လေးပါးမြောက် အာယသ်တော် အကျယ် ဖွင့်ဆို ချက်တွင် ဤအာယသ်တော် အား အစ်သေအာရဟ် အဖြစ် အသုံးပြုထား(၁၄) ကြောင်း လာရှိပါသည်။ ဆိုလိုသည်မှာ (အထုံး နှင့်ပမာ ပြုထားသည့် ) ယောက်ကျား များ၏ ခိုင်မာသော ဆုံးဖြတ်ချက်များကို ကောက်ကျစ် စဉ်းလဲသောအားဖြင့်၊ရိယာယ်များဖြင့် ဖျက်ဆီးတတ် သည့် ယောက်ကျားများ ၏ ခွန်အား ကို အားနည်း စေတတ်သည့်  အောက်လမ်းပြုလုပ်သည့် အမျိုးသမီး များ မကောင်းမှု ကိုအလ္လာဟ်ထံ ခိုလုံ ရန် ဖြစ်ပါ သည်။(15) အချို့ စွန်နီ သဖ်စီးရ် ပညာရှင်များ(16)အနေဖြင့်လည်း  အောက်လမ်း  (မှော်) နှင့် နဇရ်ထိခြင်း ကို လက်မခံကြပေ။(17)တစ်ချိန်တည်းမှာပင် အလာမဟ် သွဗါသွဗါယီ မှ စူရဟ် ဘကရဟ် အာယသ် တော် အမှတ် ၁၀၂ တွင်  အောက်လမ်း (မှော်)ပညာ ၏ အဖြစ်မှန် ကို အတည် ပြုထား ကြောင်း ရေး သား တင်ပြထားပါတယ်။

စူရဟ် ၏ ကြီးကျယ်မြင့်မြတ် မှု နှင့် အကျိုး စွမ်းရည် ကိုလေ့လာကြည့်မည်ဆိုပါစို့

တမန်တော်မြတ်(ဆွ) ထံ မှဆင့်ပြန်လာရှိပါသည်။ “အကြင်မည်သူမဆို စူရဟ် နှစ်ခု ဖြစ်သည့် ဖလက် နှင့် နာစ် အားသေလာဝသ်ပြုမည်ဆိုလျှင် အလ္လာဟ့် တမန်တော်မြတ်များ (အ.စ) အပေါ် ကျရောက် သည့် ကျမ်းများ အားလုံးကို သေလာဝသ် ပြုသည့် ပမာ ဖြစ်ပါတယ်။“အေမာမ် ဘာကဲရ် (အ.စ) ထံမှလည်း ဆင့်ပြန်လာ ရှိပါ သည်။ “အကြင်မည်သူမဆို နမာဇ်ဇေရှက်ဗ် ၏ နမာဇ်ဇေဝေသ်ရ တွင် မို‌အောင်  ဝေဇသ်သိုင်းန် စူရဟ်များ  (စူရဟ် ဖလက် နှင့် စူရဟ်နာစ် ) ၊ စူရဟ်သောင်ဟီးဒ် အားဖတ်ရွတ်မည်ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ် မှ ၎င်းမိန့်တော်မူပေမည် ။

အို အလ္လာဟ်၏ ကျေးကျွန် အသင်အတွက် သတင်း ကောင်းဖြစ်ပါ သည်။ အလ္လာဟ် ဟို အရှင်မြတ်သည် ၏ အသင်၏ နမာဇ် ဇေဝေသ်ရ်အား လက်ခံ သဘောတူ လိုက်ပြီး ဖြစ်ပါသည်။”(20) ထိုနည်းတူစွာ တမန်တော်မြတ် (ဆွ) ထံမှဆင့်ပြန် လာရှိပါသည်။ “စူရဟ် နှစ်ခု ဖြစ်သည့် ဖလက် နှင့် နာစ် သည် အလ္လာဟ်ဟို အရှင်မြတ် အမြတ်နိုးဆုံး အကြိုက်ဆုံး စူရဟ် များ ဖြစ်ပါတယ်။“

တမန်တော်မြတ် (ဆွ) ၏ အခြား ဆင့်ပြန် ချက် တစ်ခု လာရှိပါသည်။  “ အကြင်မည်သူမဆို စူရဟ် သောင်ဟီးဒ် ၊ စူရဟ် ဖလက် နှင့် စူရဟ်နာစ် အား ညစဥ်ညတိုင်း ၁၀ကြိမ် ဖတ်ရွတ်မည်ဆိုလျှင် ကျမ်းတော်မြတ် ကုရ်အာန် တစ်အုပ်လုံး အား သေလာဝသ်သည့်ပမာ ဖြစ်ပါသည်။ ပြီးနောက် မွေးခင်ဝမ်းမှ မွေးလာသကဲ့သို့ အပြစ်များ မှ စင်ကြယ် သွားမည် ဖြစ်ပါသည်။ ပြီးနောက် ထိုနေ့ သို့မဟုတ် ည တွင် ကွယ်လွန်ပါက ရှဟီးဒ် အဖြစ် သေဆုံး ခြင်း ဖြစ်ပေသည်။(22) စူရဟ် ဖလက် ၏ အကျိုးစွမ်းရည် နှင့် ပတ်သက်ပြီး ဆင့်ပြန်ချက်လာ ရှိပါသည်။  တမန် တော်မြတ် (ဆွ) သည် အေမာမ် ဟစန် မိုဂျ်သဗါ (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) တို့အား အောင်ဝေ ဇသ်သိုင်းန် သေလာဝသ်ပြု၍ သအ်ဝီးဇ် လက်ဆောင်လက်ဖွဲ့ အဖြစ် ချည်နှောင် အသုံးပြုခဲ့ပါတယ်။

ကျမ်းကိုးထားသည့် ကျမ်းများ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်


  • قرآن کریم، ترجمه محمدمهدی فولادوند، تهران، دارالقرآن الکریم، ۱۴۱۸ق/۱۳۷۶ش.
  • قرآن کریم، ترجمه، توضیحات و واژه نامه: بهاءالدین خرمشاهی، تهران، جامی، نیلوفر، ۱۳۷۶ش.
  • دانشنامه قرآن و قرآن پژوهی، به کوشش بهاءالدین خرمشاهی، ج۲، تهران، دوستان-ناهید، ۱۳۷۷ش.
  • راغب اصفهانی، حسین بن محمد، المفردات فی غریب القرآن، به تحقیق صفوان عدنان داودی، بیروت، دارالعلم الدار الشامیه، چاپ اول، ۱۴۱۲ق.
  • سید رضی، محمد بن حسین، تلخیص البیان فی مجازات القرآن، تهران، مؤسسة الطبع والنشر وزارة الثقافة والارشاد الاسلامی، ۱۴۰۷ق.
  • سیوطی، الدرالمنثور، قم، کتابخانه عمومی آیت الله مرعشی نجفی، ۱۴۰۴ق.
  • طباطبایی، الميزان، قم، دفتر انتشارات اسلامی، ۱۳۸۲ش.
  • طبرسی، مجمع البیان، تهران، مکتبة العلمیة، چاپ اول، ۱۳۳۸ق.
  • مجلسی، بحارالانوار، قم، دفتر انتشارات اسلامی، ۱۴۰۳‌ق.
  • معرفت، محمدهادی، آموزش علوم قرآن، [بی‌جا]، مرکز چاپ و نشر سازمان تبلیغات اسلامی، چ۱، ۱۳۷۱ش.
  • مکارم شیرازی، ناصر، تفسیر نمونه، تهران، دار الکتب الاسلامیه، چاپ اول، ۱۳۷۴ش.


****************************************************************

END / 251