အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၀ ဩဂုတ် ၂၀၂၃

၁၅:၅၄:၅၇
1388119

မိုအ်မင်အား သိက္ခာချခြင်း၏ ရလာဒ်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သည်းခံခြင်း၏ ဆဝါးဗ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆဝါးဗ်ဗိုလ်အအ်မါလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ ပါတယ်။

قال الامام الصادق علیه السلام:

مَن رَوى عَلى مُؤمِنٍ رِوايَةً يُريدُ بِها شَيْنَهُ وَ هَدْمَ مُرُوَّتِهِ لِيَسقُطَ مِن أَعيُنِ النّاسِ، اَخَرَجَهُ اللّه ُ عَزَّوَجَلَّ مِن وِلايَتِهِ اِلى وِلايَةِ الشَّيطانِ.

 

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ အကြင်မည်သူမဆို လူများ၏ အမြင်တွင် သိက္ခာမရှိရန် သိက္ခာ ချရန် သို့မဟုတ် လူအများ အမြင် တန်ဖိုးနည်းရန်ရည်ရွယ်ချက်ဖြင့် မိုအ်မင်တစ်ဦးတစ်ယောက် ၏ အပြစ်အနာအဆာ နှင့်မကောင်းမှု ကို ထုတ်ဖော် မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း အား မိမိ၏ ဝေလာယသ် မှ ထုတ်ပြီး ရှိုင်တွာန် ၏ ဝေလာယသ်တွင် ထည့်တော်မူလေသည်။  ”

ကျမ်းကိုး ။ ။ ဆဝါးဗ်ဗိုလ်အအ်မါလ် ကျမ်း  ၊ စာမျက်နှာ ၅၄၇

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အလ္လာဟ် လူ ဖြစ်လိုလျှင် မိုအ်မင် တစ်ဦး တစ်ယောက်ကို ရည်ရွယ်ချက် ရှိရှိ အပြင်တွင် ဖြစ်စေ မီဒီယာ တွင် ဖြစ်စေ လူမှု ကွန်ယက် တွင် ဖြစ်စေသိက္ခာ မချမိဖို့ လိုပါတယ်။ အချို့သူများသည်မိမိကိုယ်ကို မွတ်စလင်မ်ပါ၊ ရှီအဟ်ပါဟု ခံယူထားပြီး မိမိ ဂုဏ်သိက္ခာ ချမှာ အလွန် ကြောက်ပြီး မိမိ ပြိုင်ဖက်မိမိနဲ့အဆင်မပြေသူအား ဂုဏ်သိက္ခာ ချရာတွင် အလွန် ပျော်ရွှင် တတ် ကြပါတယ်။ ဤလုပ်ရပ်သည် မမှန်ကန်သည့် လုပ်ရပ်ဖြစ်ပါတယ်။ ဤနေရာတွင် တစ်ခုတော့ သတိရှိရန် လိုပါတယ်။ ထိုအချက်မှာ မိမိကိုယ်ကို မိုအ်မင်ဟု ခံယူ ညာသံပေးပြီးလူဘုံ အလယ်မှာ အရက်သောက်နေလို့ အရက်သမားလို့ခေါ်လျှင် မိုအ်မင်အား သိက္ခာချသည်ဟု၍ပြောမရခြင်းပင် ဖြစ်ပါတယ်။

****************************************************************

END / 251