အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၁ ဩဂုတ် ၂၀၂၃

၁၉:၄၁:၀၈
1388394

ဗလီ သို့သွားခြင်း ၏ ကြီးကျယ်မြင့်မြတ်မှု

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဗလီ သို့သွားခြင်း ၏ ကြီးကျယ်မြင့်မြတ်မှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်အမာလီလေလ်ဆူဒူက်  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق علیه السلام:

علَيكُم بِإتيانِ المَساجِدِ؛ فإنّها بُيوتُ اللّهِ في الأرضِ، و مَن أتاها مُتَطَهِّرا طَهَّرَهُ اللّهِ مِن ذُنوبِهِ و كُتِبَ مِن زُوّارِهِ فَأكثِرُوا فيها مِن الصَّلاةِ و الدُّعاءِ.

 

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ဗလီဝတ်ကျောင်းတော်များသို့ လာရန်မှာ အသင်တို့၏ တာဝန် ဝတ္တရား ဖြစ်ပါသည်။အကြောင်း မှာ ဗလီဝတ်ကျောင်းတော် များသည် မြေပထဝီ တွင် အလ္လာဟ်ဟို အရှင်မြတ်၏ အိမ်တော်များ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ အကြင်မည်သူမဆို သန့်ရှင်းစင်ကြယ် ပြီး (ဝဇူသို့မဟုတ် ဂိုစ်လ်သို့မဟုတ် သယမွန်မ်) ဖြင့်  ဗလီဝတ်ကျောင်းတော် သို့ သွားရောက်မည် ဆိုလျှင် အလ္လာဟ် ဟိုအရှင်မြတ်သည် ၎င်း၏ ဂိုနဟ် အပြစ်များကို သန့်စင်စေတော်မူမည်။ ပြီးနောက်၎င်းအား မိမိအားဇေယာရသ် ပြုသူများ ၏ စာရင်းတွင် ထည့် မှတ် တော်မူပေမည်။ ဤအတွက်ကြောင့် ဗလီဝတ်ကျောင်းတော်များတွင်  များနိုင်သလောက်များများနမာဇ် ဝတ်ပြုရမည် ၊ ဒိုအာ နှင့် မိုနာဂျာသ် ပြုရမည်  ဖြစ်ပါသည်။  ”

ကျမ်းကိုး ။ ။ အလ်အမာလီလေလ်ဆူဒူက် ကျမ်း  ၊ ၄၄၀ /၅၈

မှတ်ချက်  -   အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် ဗလီဝတ်ကျောင်းတို့ မည်သို့မည် ပုံသွား ရမည် ဆိုတာ နှင့် ဗလီဝတ် ကျောင်းတော်သို့ ရောက်ပြီး ဘာလုပ်ရမည်ဆို တာ အထင်အရှား တွေ့မြင် သိရှိနားလည် ရမည်ဖြစ် ပါတယ်။ အခုခေတ်တွင် လူအချို့သည် ဗလီဝတ် ကျောင်းသို့လာရောက်ပြီး ဒွန္နယဟ်  အကြောင်း၊ အတင်း ၊ဟိုအကြောင်းဒီအကြောင်းပြော၍ အချိန်ဖြုန်းနေကြကြောင်း ဝမ်းနည်းဖွယ် တွေ့မြင် နိုင်မှာဖြစ် ပါတယ်။ ဗလီသို့ မသန့်ရှင်းဘဲ (ဝဇူ(သို့) ဂိုစ်လ် (သို့) သယမွန်မ် ) မရှိဘဲ လာရောက် ခြင်း၊ ထိုင်ခြင်း စသည်တို့ကို ရှောင်သင့်ပါတယ်။ ဂိုစ်လ် ထိုက်နေသည့်အချိန်တွင် ဗလီအတွင်းနေခြင်းသည်ဟရာမ် ဖြစ်ပါတယ်။

****************************************************************

END / 251