အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၃ ဩဂုတ် ၂၀၂၃

၁၉:၀၀:၃၄
1388854

ဗလီ ဝတ်ကျောင်းတော် သို့ သွားသူ နှစ်ဦး ၏ အ‌ခြေအနေ

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဗလီ ဝတ်ကျောင်းတော် သို့ သွားသူ နှစ်ဦး ၏ အ‌ခြေအနေ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလလ်လွရှ်ရှရာအေအ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق علیه السلام:

يَدخُلُ رَجُلانِ المَسجِدَ أحَدُهُما عابِدٌ و الآخَرُ فاسِقٌ، فيَخرُجانِ مِنَ المَسجِدِ و الفاسِقُ صِدِّيقٌ و العابِدُ فاسِقٌ؛ و ذلِكَ أنَّهُ يَدخُلُ العابِدُ المَسجِدَ و هُوَ مُدِلٌّ بِعِبادتِهِ و فِكرَتُهُ في ذلِكَ، و يَكونُ فِكرَةُ الفاسِقِ في التَّنَدُّمِ عَلى فِسقِهِ، فيَستَغفِرُ اللّه َ مِن ذُنوبِهِ

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ဗလီဝတ်ကျောင်းတော်များသို့ လူနှစ်ဦးဝင်ရောက် ပါသည်။ တစ်ဦးကတော့ အာဗစ်ဒ် (အေဗါဒသ်ပြုသူ) ဖြစ်ပါသည်။ နောက်တစ်ဦးကတော့ ဖာစစ်က် (ဖောက်ပြန်သူ)  ဖြစ်ပါသည်။ သို့သော် ဗလီဝတ်ကျောင်း မှ ပြန်ထွက်သသည့် အခါ ဖာစစ်က် သည် ဆစ်ဒီးက် (မိုအ်မင်) ဖြစ်သွားပြီး မွတ်သကီ က ဖာစစ်က် ဖြစ်သွား ပေသည်။

အကြောင်းရင်းမှာ အာဗစ်ဒ် (အေဗါဒသ်ပြုသူ) ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သောအခါတွင် မိမိ ‌အေဗါဒသ် အပေါ် အထင်ကြီး ပြီး ၎င်း၏ အတွေးအားလုံးသည်  (အေဗါဒသ်နှင့်ပတ်သက်ပြီးမာန ထောင်လွှားခြင်းကို) တွင် ရှိနေပါသည်။ သို့သော် ဖာစစ်က်အနေဖြင့်  မိမိ၏ လုပ်ရပ်များ အပေါ် နောင်တရနေပြီး (ဗလီအတွင်းသို့ ဝင်ရောက် ခြင်း) ပြုခဲ့ပါသည်။ ပြီးနောက် ၎င်းသည် (မိမိ၏ ဂိုနဟ်အပြစ်များ အပေါ် နောင်တရ ပြီး ) အလ္လာဟ်  ထံ မိမိ ဂိုနဟ် (အပြစ်ဒုစရိုက်)များ ကို ခွင့်လွတ်ပလပ်ပေးရန် ဝန်ချတောင်းပန် တောင်းခံသည့် အတွက်ကြောင့် ဖြစ်ပါသည်။  ”

ကျမ်းကိုး ။ ။ အလလ်လွရှ်ရှရာအေအ် ကျမ်း  ၊ ၁ /၃၅၄

မှတ်ချက်  -   အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် ဗလီဝတ်ကျောင်းတို့ မည်သို့မည် ပုံဖြင့် ဝင်ရောက်ရမည်ဆိုတာသိရှိရမည်ဖြစ်ပါတယ်။ ပြီးနောက် မည်သည့် အခါမှ မိမိ၏ကောင်းမှု ကုသိုလ်များနှင့် ပတ်သက်ပြီး အထင်ကြီး စိတ် မဝင်မိဖို့ မိမိ ပြုခဲ့သည့် အပြစ် (ဂိုနဟ်) ဒုစရိုက်များ အတွက်လည်း နောင်တရပြီး အလ္လာဟ် ထံ ဝန်ချ တောင်းပန် ပြီး နောက်ထပ်မကျူးလွန်မိဖို့ ကြိုးစားဖို့ ဆိုတာ ကို သိရှိရမှာ ဖြစ်ပါတယ်။

****************************************************************

END / 251