အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃၀ စက်တင်ဘာ ၂၀၂၃

၂၀:၂၄:၀၃
1396963

လိမ်ညာ မုသား စကား ကိုရှောင်ကြဥ် ရန် အေမာမ် စဂျာဒ် (အ.စ) ၏ အလေးပေးတိုက်တွန်း မှု

အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လိမ်ညာ မုသား စကား ကိုရှောင်ကြဥ် ရန် အလေးပေးတိုက်တွန်း မှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဆူလေကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام السجاد علیه السلام:

اِتَّقُوا الْكِذْبَ، الصَّغيرَ مِنْهُ و الْكَبيرَ فى كُلِّ جِـدٍّ وَ هـَزْلٍ؛ فَاِنَّ الرَّجُلَ إذا كَذِبَ فِى الْصَّغيرِ اِجْتَرَأَ عَلَى الْكَبيرِ.

အေမာမ် စဂျာဒ် ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ လိမ်ညာမုသား ဆိုခြင်း မှ ရှောင်ကြဥ်ပါလေ။ လိမ်ညာမုသားဆိုမှုသည် ငယ်သည်ဖြစ်ပါစေ ကြီးသည်ဖြစ်ပါစေ။ (ရှောင်ကြဥ် ပါလေ။ ) လိမ်ညာ မုသားစကားဆိုသူသည် အတိပြောသည် ဖြစ်စေ သို့မဟုတ် နောက်ပြောင် ပြောသည်ဖြစ်ပါစေ (ရှောင်ကြဥ်ရပါမည်ဖြစ်ပါသည် ။) အကြောင်းမှာ အကြင်မည်သူမဆို ငယ်သည့် လိမ်ညာ မုသား ကိုပြောဆိုမည်ဆိုလျှင် ကြီးသည့်လိမ်ညာ မုသားစကားကိုလည်း ပြောဆို ရဲလာမည် ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။”

ကျမ်းကိုး ။ ။ အဆူလေကာဖီ ကျမ်း ၊ အတွဲ ၄ ၊ စာမျက်နှာ ၃၅ ၊ ဟဒီးစ် တော် ၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် အေမာမ် စဂျာဒ် (အ.စ) ကို ချစ်သူ မှန်လျှင် အေမာမ် (အ.စ) ၏  ရှီအဟ် ဖြစ်ကြောင်း သက်သေ ထူလိုလျှင် လိမ်ညာ မုသား စကားဆို ခြင်း ကို လုံးဝရှောင်ကြဥ် ရမည် ဖြစ်ပါ တယ်။ လိမ်ညာ မုသား စကားသည် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ၊ အတိဖြစ်စေ ၊ နောက်၍ ဖြစ်စေ မပြောမိဖို့ အထူးသတိပြုရမည် ဖြစ်ပါတယ်။ ယုတ်စွာ တစ်ဦး တစ်ယောက်မှ မိမိအား ထမင်းစားပြီးပီလား? ဟု မေးမြန်းလာချိန် တွင် အားနာပြီး ရှက်ပြီးမစားရသေးဘဲ နှင့် စားပြီးပြီဟု မဖြေမိဖို့ လိုအပ်ပါတယ်။

****************************************************************

END / 251