အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃၀ စက်တင်ဘာ ၂၀၂၃

၂၀:၂၄:၃၁
1396964

အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် စစ်မှန်သည့် ရှီအဟ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ်  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الحسن علیه السلام:

اتَّـقِ اللّه وَ لا تَدّْعِيَنَّ شَيْئاً يَقُولُ اللّه لَكَ كَذِبْتَ وَفَجَرْتَ فِى دَعْواكَ، إِنَّ شيعَتَنا مَنْ سَلُمَتْ قُلُوبُهُمْ مِنْ كُلِّ غِشٍّ وَغِلٍّ وَدَغَلٍ، وَلكِنْ قُلْ أَنَا مِنْ مَوالِيكُمْ وَمُحِبّيكُمْ۔

အေမာမ် ဟစန် ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ အေမာမ် ဟစန် (အ.စ) ထံ တစ်ဦး တစ်ယောက် မှ မေးမြန်းလျှောက်ထားလေ၏။ အိုတမန်တော်မြတ် (ဆွ) သားတော် ကျွန်ုပ်သည် သခင် ၏ ရှီအဟ် ဖြစ်ပါသည်။ ထိုအခါ အေမာမ် (အ.စ) မှ မိန့်တော် မူလေ၏။

အလ္လာဟ်ဟို အရှင်မြတ်အား ကြေက်ရွံ့ပါလေ။ (သီလ၊သမာဓိ ရှင်ဖြစ်ပါစေ။) အလ္လာဟ်ဟို အရှင်မြတ် မှ မင်းဟာ လိမ်ပြောသူ ၊ အဓိပ္ပာယ် မဲ့အရေးဆိုမှုကို ပြုသူ ဟု ပြောစရာ မဖြစ်အောင် ကိုယ်မလုပ်နိုင်သည့်အရာကို အရေးမဆိုပါလေနှင့် တာဝန်မယူပါလေနှင့်။

ကျွန်ုပ်၏ ရှီအဟ် သည် အငြိုးအတေး ၊ ငြူစူခြင်းနှင့် လှည့်စားခြင်း အမျိုးမျိုးတို့မှ ကင်းစင်သော စိတ်နှလုံးရှိ သူများဖြစ်ပါသည်။ကောင်းပြီး ဤကဲ့သို့ပြောဆိုပါလေ။ ကျွန်ုပ်သည် သခင် ကိုချစ်မြတ်နိုးသူများ ၊ သခင်ကို သက်ဝင်ယုံကြည်သူများ မှ ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ်  ကျမ်း ၊ အတွဲ ၆၈ ၊ စာမျက်နှာ ၁၅၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် ကိုယ်တိုင် ရှီအဟ် ဖြစ် အောင် မည်သည့် ဂုဏ်အင်္ဂါများ မွေးဖွားရမည် ဆိုသည်ကို အထင်အရှား သိရှိရမှာ ဖြစ်ပါသည်။ အငြိုးအတေး ၊ ငြူစူခြင်းနှင့် လှည့်စားခြင်း အမျိုးမျိုးတို့မှ မကင်းဘဲ မိမိကိုယ်ကို ရှီအဟ် ဟု ပြောဆိုခြင်းလည်း ရှက်ဖွယ် ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ်အား ကြေက်ရွံ့ သီလ ၊သမာဓိ ရှိသည့် ရှီအဟ် သည် မည်သူကိုမျှ မတရား လုပ်မည် မဟုတ်ချေ။

****************************************************************

END / 251