အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂ အောက်တိုဘာ ၂၀၂၃

၂၀:၂၇:၃၃
1397526

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏ ကွန်နီယသ်တော်များ နှင့် ဘွဲ့တော်များ အကြောင်း တစေ့ တစောင်း

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏မွေးနေ့ ရက်မြတ် မင်္ဂလာ အချိန်အခါတွင် ကိုယ်တော် မြတ် (ဆွ) ၏ ကွန်နီယသ်တော်များ နှင့် ဘွဲ့တော်များကို အဗ်နာ ချစ်ပရိတ်သတ်ကြီး အတွက် တင်ပြလိုက် ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) ၏ ကွန်နီယသ်တော်များ နှင့် ဘွဲ့တော်များ ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် ၊ ရှီအဟ် နှင့် စွန်နီ ရေဝါယသ်တော်များ ၏ အရင်းအမြစ်များ တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အား ရည်ညွှန်း ထားသည့်ကွန်နီယသ် (ဘိုးဘကို အစွဲပြု ၍ခေါ် သည့်အမည်) တော်များ နှင့်ဘွဲ့ တော်များဖြစ်ပါတယ်။ အဲဟ်မဒ် (ဆွ) ၊ မိုဟမ္မဒ် (ဆွ) ၊ မဲဟ်မူဒ် (ဆွ)  နှင့် မွတ်ဆ်သဖွာ(ဆွ) တို့သည် မဟာတမန်တော်မြတ်ကြီး ၏ အမည်များ ဖြစ်ပါပြီး အဘူလ်ကာစင်မ် သည် ကိုယ်တော်မြတ် (ဆွ) ၏ ကျော်ကြားသည့် ကွန်နီယသ်တော် ဖြစ်ပါတယ်။

ရှီအဟ် အကျော်အမော် အာလင်မ် ကြီးများ မှ တစ်ပါး ဖြစ်သည့် အလာမာ မဂျ်လေစီ (ရ.ဟ) အနေဖြင့် မိမိ၏ ကျမ်း ဘေဟာရိုလ်အန်နဝါရရ် တွင် မနာကစ်ဘ် အစ်ဘ်နေ ရှဟ်ရေ အာရူဘ် ၏ ဆင့်ပြန်ချက်ကိုကိုးကား၍ ကျမ်းတော် မြတ် ကုရ်အာန်တွင် တမန်တော်မြတ် (ဆွ) အတွက် တင်ပြထားသည့် အမည် နှင့် ဘွဲ့တော်ပေါင်း ၄၀၀ ရှိကြောင်းတင်ပြထားပါတယ် ။ ဤခေါင်းစဥ် နှင့်ပတ်သက်ပြီး တိုက်ရိုက် ရေးသားထားသည့်စာအုပ်များ ရှိပါတယ်။ ထိုစာအုပ်များ တွင် ကိုယ်တော် မြတ်မိုဟမ္မဒ်  (ဆွ) ၏ ဘွဲ့တော် နှင့်  ဂုဏ်လက္ခဏာတော်ပေါင်း တစ်ထောင် ကျော် ကို ရေးသား တင်ပြထားပါတယ်။

ကိုယ်တော်မြတ် (ဆွ) ၏ ကွန်နီယသ်တော်များ

ရှီအဟ် နှင့် စွန်နီ ကျမ်းများ လာမဟာတမန်တော်မြတ်ကြီး (ဆွ) ၏ ကွန်နီယသ် ( (ဘိုးဘကို အစွဲပြု၍ ခေါ်သည့် အမည်) တော်များ မှာ အောက်ပါအတိုင်း ဖြစ်ပါပါတယ်။

အဘူလ်ကာစင်မ်  အဓိပ္ပာယ် မှာ ကာစင်မ်၏ ဖခင် ဖြစ်ပါတယ်။  တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) သည် သားဦး ကာစင်မ် ကိုမွေးဖွားပြီးနောက် ဤ ကွန်နီယသ်တော်ဖြင့် လူသိများ ကျော်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဤအတွက်ကြောင့် အဘူလ်ကာစင်မ် ဟု ကိုယ်တော် အား ခေါ်ဆို ခဲ့ကြပါတယ်။ ထိုပြင် ဂျန္နသ်သုခဘုံကို ခွဲ‌ဝေ ပေးမည့်သူ ဖြစ်သည့် အတွက် ကြောင့်လည်းဖြစ်သည်ဟု ဆိုထားပါတယ်။ (6)ထိုပြင် ကိုယ်တော်မြတ် (ဆွ) သည် အားလုံး၏ဖခင် ဖြစ်သည့်အတွက် အေမာမ် အလီ (အ.စ) ၏ ဖခင်လည်းဖြစ်ပါတယ်။ အေမာမ် အလီ (အ.စ)သည် (ဂျန္နသ်သုခဘုံ နှင့် ဂျဟန္နမ် ငရဲဘုံကို ပိုင်းခြား ပေးမည့်သူ ခွဲဝေပေးမည့်သူ ဖြစ်၍ ) ၎င်း၏ ဖခင် အဘူလ်ကာစင်မ် ဟုလည်း ခေါ်ဆိုခြင်း ဖြစ်ပါ ပါတယ်။

အဘူအီဗရာဟီးမ် ၏ အဓိပ္ပာယ် မှာ အီဗရာဟီးမ် ၏ ဖခင် ဖြစ်ပါတယ်။

အဘူလ်အရာမေလ် အဓိပ္ပာယ် မှာ မုဆိုးမများ၏ ဖခင် ဖြစ်ပါသည်။ သောင်ရာသ် ကျမ်း တွင် ကိုယ်တော်မြတ်(ဆွ) အားဤ ကွန်နီယသ်တော် ဖြင့်ခေါ် ဆိုထားပါတယ်။ ဤကွန်နီယသ် တော် သည် ကိုယ်တော်မြတ် (ဆွ) အနေဖြင့် မုဆိုးမများ အပေါ် ဖခင် တစ်ဦး ပမာ သနားကြင် နာတော်မူသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အဘူလ် အွန်မဟ် အဓိပ္ပာယ် မှာ  အွန်မသ် (နောက်လိုက်နောက်သားများ)၏ ဖခင် ဖြစ်ပါတယ်။

အဘူဒ်ဒိုရာသိုင်းန်  အဓိပ္ပာယ် မှာ ပုလဲ လုံး နှစ် လုံး ၏ ဖခင်ဖြစ်ပါတယ်။ ပုလဲ လုံး နှစ်လုံး ဆိုသည်မှာ အေမာမ်ဟစန်(အ.စ) နှင့် အေမာမ် ဟိုစိုင်းန်(အ.စ) ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

အဘူလ်ရေဟန်နသိုင်းန် အဓိပ္ပာယ် မှာ ရေဟန်နေ နှစ်ခု ဖခင် ဖြစ်ပါတယ်။ ရေဟန်နသိုင်းန် ဆိုသည်မှာ အေမာမ် ဟစန်(အ.စ) နှင့်အေမာမ် ဟိုစိုင်းန် (အ.စ) နှစ်ပါး ကိုဆိုခြင်းဖြစ်ပါတယ်။ ရေဟန်နေ ၏ အဓိပ္ပာယ် မှာ မွှေးကြိုင်နေသည့် သစ်ဖု သစ်ဥ ကိုခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အဘူလ်စစ်ဘသိုင်းန် အဓိပ္ပာယ် မှာ မျိုးနွယ် နှစ်ခု ၏ ဖခင် ဖြစ်ပါတယ်။ ဟဒီးစ်တော် အရ စစ်ဘသိုင်းန် ဆိုသည် မှာ အေမာမ် ဟစန်(အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) နှစ်ပါး ဖြစ်ပါတယ်။ စစ်ဘ် ဆိုသည်မှာ မျိုးနွယ် နှင့် အွန်မသ် ဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွ) ၏ မျိုးဆက် သည် အေမာမ် ဟစန်(အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) တို့ မှ ရှေ့ ဆက်သည့် အတွက်ကြောင့်လည်း ယူဆ နိုင်ပါတယ်။

အဘူလ်သွာဟေရ် ၏ အဓိပ္ပာယ် မှာ သွာဟေရ်၏ ဖခင် ဖြစ်ပါတယ်။သွာဟေရ် ဆိုသည် မှာ တမန်တော်မြတ်(ဆွ) ၏ သားတော် အဗ်ဒိုလ္လာဟ် ဖြစ်ပါတယ်။ ၎င်းအား သွယစ်ဘ်  ၊ သွာဟေရ် ဆိုသည့် ဘွဲ့တော် ဖြင့် ခေါ်ဆို ကြပါတယ်။အဘူလ်မစာကင်းန်အဓိပ္ပာယ် မှာ  ဆင်းရဲသားများ ၏ ဖခင် ဖြစ်ပါတယ်။

အဘူန်နူးရ် ဝလ် အစ်ရှ်ရာက်၏ အဓိပ္ပာယ် မှာ  အလင်း နှင့် တောက်ပ မှု ၏ ဖခင် ဖြစ်ပါတယ်။ အလင်း နှင့် တောက်ပ မှုဆိုသည်မှာ သမီးတော် ဖွာတွေမဟ် (စ.အ) ၊ပညာ သို့မဟုတ် အီမာန် ဖြစ်ပါတယ်။

ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဘွဲ့တော်များ

ရှီအဟ် နှင့် စွန်နီ ကျမ်းများ အရ ကျမ်းတော်မြတ် ကုရ်အာန် နှင့်  ရီဝါယသ်တော်များ တွင် ဖော်ပြထားသည့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဂုဏ် လက္ခဏာတော်များ နှင့် ဘွဲ့တော်များ မှ အချို့  မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အာခေရွန် ဖီးလ်ဘေအ်စဟ် ၏ အဓိပ္ပာယ် မှာ နောက်ဆုံးစေလွတ်တော်မူခြင်း ခံရသည့် တမန်တော်မြတ် (ဆွ) ဖြစ်ပါတယ်။ အလ်အာမေရ် ၏  အဓိပ္ပာယ် မှာ အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်တော် အတိုင်း အမိန့်ပေးသူဖြစ်ပါတယ်။

အဖ်ဆွဟိုအရပ်ဘ် ၏ အဓိပ္ပာယ် မှာ အရပ်များ စကားအကြွယ် တကာအကြွယ် ဆုံးသူ ဖြစ်ပါတယ်။

အစ်နို ပသွဟာ ဝါ မက္ကဟ် ၏ အဓိပ္ပာယ် မှာ ပသွဟာ  နှင့် မက္ကာဟ် ၏ သားတော် ဖြစ်ပါတယ်။

အစ်ဗ်နိုဇ်ဇဘီဟိုင်းန် ၏ အဓိပ္ပာယ် မှာ အလ္လာဟ် အတွက် ကုရ်ဘာနီ  ပေးခဲ့သူ နှစ်ဦး ( အီစ္စမာအီးလ် (အ.စ) နှင့် အဗ်ဒိုလ္လာဟ် (အ.စ) ) ၏ သားတော်ဖြစ်ပါတယ်။

အစ်ဗ်နိုလ်အဝါသစ်က် ၏ အဓိပ္ပာယ် မှာ အဝါသစ်က်များ ၏ သားတော်ဖြစ်ပါသည်။ အဝါသစ်က် ဆိုသည်မှာ  တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အဖွားတော်များ မှ ဆိုလိုင်းမ် မျိုးနွယ် တွင်  အမျိုးသမီး သုံးဦး၏အမည် များ ဖြစ်ပါတယ်။ ရီဝါယသ်တော် တစ်ခု ၏ အရ စစ်ပွဲတစ်ခု တွင် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် ဓားရေး ပြ ပြီး မိမိ ကိုယ်ကို ဤ ဘွဲ့တော်ဖြင့် မိတ်ဆက် ပေးခဲ့ပါတယ်။ ဤအတွက်ကြောင့် ဆိုလိုင်းမ် မျိုးနွယ်  အား ရဲစွမ်း သတ္တိ ရှိသည့် မျိုးနွယ် ဟုခေါ်ဆိုပါတယ်။

အစ်ဗ်နိုလ်ဖဝါသွေမ်၏ အဓိပ္ပာယ် မှာဖွာတွေမဟ်များ ၏သားတော် ဖြစ်ပါတယ်။ သာရီးခ်ခေ ယအ်ကူဘီ အရ  ကိုယ်တော် မြတ် (ဆွ) ၏ အဖွားတော် များ တွင် ဖွာတွေမဟ် အမည်ဖြင့် လေးဦးရှိပါတယ်။

 အိုဇိုနို ခိုင်းရ် ၏ အဓိပ္ပာယ် မှာ အကောင်းတကာ အကောင်းဆုံး နားထောင် သူဖြစ်ပါတယ်။  အိုဇိုန် အာယသ်တော် ဘက်သို့ ရည်ညွှန်းနေ ခြင်း ဖြစ်ပါတယ်။

အရ်ရအူဖ် ၏ အဓိပ္ပာယ် မှာ ကရုဏာ ရှိသူ ၊  သနားကြင်နာ သူ  ဟုဖြစ်ပါတယ်။

အရ်ရစူလ် ၏ အဓိပ္ပာယ် မှာ အလ္လာဟ် စေလွတ်တော်မူထားသည့် တမန်တော် ဖြစ်ပါတယ်။

 အလ်ရစူလိုလ်မိုစာဒဒ်၏အဓိပ္ပာယ် မှာ အလ္လာဟ် ဟို အရှင်မြတ် အတည်ပြုပြီး စေလွတ် တော်မူ ခြင်း ခံရသူ ဖြစ်ပါတယ်။

အလ်မိုဒစေရ် ၏ အဓိပ္ပာယ် မှာ ခြုံစောင် ခြုံထားသူဖြစ်ပါသည်။ စူရဟ် မိုဒစေရ် ၏ ပထမ အာယသ်တော် ဘက်ကို ရည်ညွှန်း ထားပါတယ်။

 

အလ်မိုဇမ်မေလ် ၏ အဓိပ္ပာယ် မှာ ကိုယ်ရုံခြုံထားသူ ဖြစ်ပါသည်။ စူရဟ် မိုဇမ်မေလ်  ၏ ပထမ အာယသ်တော် ဘက်သို့ ရည်ညွှန်း ထားပါတယ်။

အလ်အေမာမ် ၏ အဓိပ္ပာယ် မှာ လူသားများ ၏ အေမာမ် ရှေ့ဆောင် ၊ ခေါင်းဆောင် ဖြစ်ပါတယ်။

အလ်အေမာမ် မို မွတ်သကီးန် ၏ အဓိပ္ပာယ် မှာ သီလသမာဓိရှိသူများ ၏ ခေါင်‌ဆောင် ၊ ရှေ့ဆောင် ဖြစ်ပါတယ်။

အွန်မီ ၏ အဓိပ္ပာယ် မှာ စာ မသင်ထားသူ ဖြစ်ပါတယ်။

အမီးန် ၏ အဓိပ္ပာယ် မှာ ယုံကြည် စိတ်ချရသူ ၊ အလွဲသုံးစား မပြုသူ ဖြစ်ပါတယ်။

အလ်မီးနိုလ်မွန်သခဘ် ၏ အဓိပ္ပာယ် မှာ ရွေးချယ်ခြင်း ခံထားရသည့် အလွဲသုံးစား မပြုသူ ဖြစ်ပါ တယ်။

အလ်အောင်လာ ၏ အဓိပ္ပာယ် မှာ မိုအ်မင်များအတွက် ၎င်းတို့ထက် ပို၍ ထိုက်တန်သူ ဖြစ်ပါ တယ်။

အလ်ဘရှရ် ၏ အဓိပ္ပာယ် မှာ လူသားဖြစ်ပါသည်။တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အား ဘရှရ် ဟု ခေါ်ဆိုရခြင်း၏ အကြောင်း အရင်း မှာ ကိုယ်တော် သည် အကြီး မြတ်ဆုံး လူသားဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ဘိုရှ်ရာအီစာ ၏ အဓိပ္ပာယ် မှာ ကိုယ်တော်မြတ် (ဆွ) ပွင့်မည့် အကြောင်း ကို အီစာ (အ.စ) မှ သတင်းကောင်း ပေးခဲ့ပါတယ်။

အလ်ဘရှီးရ် ၏ အဓိပ္ပာယ် မှာ သတင်းကောင်းပေးသူဖြစ်ပါတယ်။

အလ်သကီး ၏ အဓိပ္ပာယ် မှာ သီလ၊သမာဓိ ရှိသူ ၊ မိမိကိုယ်ကို ထိန်းသိမ်း သူဖြစ် ပါတယ်။

စာနီယိုစ်စနိုင်းန် ၏ ဤဘွဲ့တော် အား လာသဟ်ဇန် အာယသ်တော် မှ ကောက်နုတ် ထားခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ် မှာ ဟိဂျရသ် ပြုသည့် အချိန် စူရ် ဂူ အတွင်း  ပုန်းရှောင်နေသူ နှစ်ဦး အနက်မှ ဒုတိယ တစ်ဦး ဖြစ်ပါတယ်။ အလ်ဟာရှေရ် (56)  အဓိပ္ပာယ် မှာ လူအများ ၎င်းနောက်ကို လိုက်စေသူဖြစ်ပါတယ်။ အလ်ဟာမဒ် ၏ အလ္လာဟ် ဟို အရှင်မြတ် အား ချီးမွမ်း ထောမနာ သူ ဖြစ်ပါတယ်။

ဟာမေလိုလ် ဟေရာဝဟ် ၏ အဓိပ္ပာယ် မှာ တောင်ဝှေးရှင် ဖြစ်ပါသည်။ရီဝါယသ် နဘဝီတော် တစ်ခု အရ တောင်ဝှေးသည် နဘီတမန်တော်များ(အ.စ)၏ စွန္နသ် တော် များ မှ တစ်ခုဖြစ်ပါတယ်။

ဟဘီဘွလ္လာဟ် ၏ အဓိပ္ပာယ် မှာ အလ္လာဟ်၏ အချစ်တော် ဖြစ်ပါတယ်။

ဟဘီဘိုလ်မွန်သဂျဘ် ၏ အဓိပ္ပာယ် မှာ ရွေးချယ်ခံ ရသူ  အချစ်တော် ဖြစ်ပါတယ်။

အလ်ဟကင်းမ် ၏ အဓိပ္ပာယ် မှာ ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်ပါတယ်။            

ဟက္က်ကွန် မိုဘီးန် ၏ အဓိပ္ပာယ် မှာ အမှန်တရားကို ထင်ရှားစွာ ဖော်ထုတ်သူ ဖြစ်ပါတယ်။

ဟေရ်ဇိုလ်အွန်မီယီးန် အဓိပ္ပာယ် မှာ စာမသင်ကြားရသူများ ၏ ခိုလှုံရာ ၊ သောင်ရာသ် ကျမ်းတွင် ကိုယ်တော်မြတ် (ဆွ) အား ဤဘွဲ့တော် ဖြင့် အောက်မေ့ ထားပါတယ်။

အလ်ဟနီးဖ် ၏ အဓိပ္ပာယ် မှာ အမှား ဝါဒကို ကျောခိုင်းပြီး အစ္စလာမ် ဝါဒ အပေါ် ခိုင်မာ  တည်မြဲ စွာရပ်တည်သူ ဖြစ်ပါသည်။

အလ်ခါသမ် ၏ အဓိပ္ပာယ် မှာ အဆုံးသတ်သူ ၊ နောက်ဆုံး တမန်တော်မြတ် ဖြစ်ပါတယ်။

ခါသမ်မိုလ်အန်ဘီယာအ် ၏ အဓိပ္ပာယ် မှာ နောက်ဆုံး တမန်တော်မြတ် ဖြစ်ပါတယ်။

ခါသမ်မိုန်နဘူဝဟ် ၏ အဓိပ္ပာယ် မှာ နဘီဝသ်ကို နိဂုံး ချုပ်စေသူ ဖြစ်ပါတယ်။

ခါသမ်မွန်နဘီယီးန် ၏ အဓိပ္ပာယ် မှာ နဘီများ တွင် နောက်ဆုံးနဘီ ဖြစ်ပါတယ်။

ခလ်ကိုလ္လာဟ် ၏ အဓိပ္ပာယ် မှာ အလ္လာဟ် အဖန်ဆင်းခံ ဖြစ်ပါတယ်။

ခလီဖသိုလ္လာဟ် ဖီးလ်အရ်ဆွေ ၏ အဓိပ္ပာယ် မှာ မြေပထဝီ တွင် အလ္လာဟ် ၏ ကိုယ်စားလှယ်  ခလီဖာ ဖြစ်ပါတယ်။

ခလီလွလ္လာဟ် ၏ အဓိပ္ပာယ် မှာ အလ္လာဟ် ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။

ခိုင်းရိုလ်ဘရီယဟ် ၏ အဓိပ္ပာယ် မှာ အလ္လာဟ်၏ အကောင်းတကာ အကောင်းဆုံး ဆုံး အဖန်ဆင်းခံ ဖြစ်ပါတယ်။

ခိုင်းရိုလ်ဘရှရ် ၏ အဓိပ္ပာယ် မှာအကောင်း တကာအကောင်းဆုံး လူသားဖြစ် ပါတယ်။

ခယရသွလ္လာဟ် ၏ အဓိပ္ပာယ် မှာ အလ္လာဟ် ရွေးချယ်ထားသူ ဖြစ်ပါတယ်။

အဒ်ဒါအီ ၏ အဓိပ္ပာယ် မှာ လူသားများ ကို အလ္လာဟ်ဘက်သို့ ဖိတ်ခေါ်သူ ဖြစ်ပါတယ်။

ဒါဖေအိုဂျိတ်ရှာသေလ်အပါသီးလ် ၏ အဓိပ္ပာယ်မှာ မှားယွင်းသည့် ဆူညံမှုနှင့် ဆူပူမှုကို ဖယ်ရှား ပေးသူ ဖြစ်ပါတယ်။

ဒအ်ဝသွန် အီဗရာဟီးမ် ၏ အဓိပ္ပာယ်မှာ ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ ဆုတောင်းပြည့်၍ ကြွမြန်းလာသူ ၊ ဟဇရသ် အီဗရာဟီးမ် (အ.စ) ၏ အညယသ် အစ်ဘ်သလာ ပါ အီဗရာဟီးမ် (အ.စ)၏ ဒိုအာဘက်သို့  ရည်ညွှန်းပါတယ်။

အဇ်ဖေက်ရ် ၏ အဓိပ္ပာယ်မှာ အလ္လာဟ်ကို အောက်မေ့ခြင်း ၊ လူသားအားအလ္လာဟ် ကိုအောက်မေ့ရန် အတွက် သတိရမှု ကို ဖြစ်စေသူ ဖြစ်ပါတယ်။

အရ်ရဖေအ် ၏အဓိပ္ပာယ်မှာ မြင့်တင်ပေးသူ ဖြစ်ပါတယ်။

ရာကေဘိုလ်ဂျမလ် ၏  အဓိပ္ပာယ်မှာ ကုလားအုတ်စီးသူ ၊ (သောင်ရာသ်ကျမ်းတွင်  ဟဇရသ် မူစာ(အ.စ) ပြီးနောက် တမန်တော်မြတ် နှစ်ပါး အကြောင်းလာရှိ ပါတယ်။ တစ်ပါးမှာ မြည်းစီးသူ ဖြစ်ပြီးနောက် တစ်ပါးမှာ ကုလားအုတ် စီးသူ ဖြစ်ပါသည်။ မြည်းစီးသူမှာ ဟဇရသ် အီစာ (အ.စ) (ခ) ‌ယေရှု (အ.စ)ဖြစ်ပြီး ကုလားအုတ်စီးသူမှာ ဟဇရသ် မိုဟမ္မဒ် (ဆွ) ဖြစ်ပါတယ်။ ဂျူလူမျိုးများတွင် နောက်ဆုံး တမန်တော်မြတ်(ဆွ) သည် ဤဖော်ပြချက်ဖြင့်ဟေဂျာဇ် (ဆော်ဒီ) သို့ ကြွမြန်းလာမည့် အကြောင်းမိတ်ဆက်ပေးထားပါသည်။ အကြောင်းမှာ ထိုဒေသမှ လူများသည် များသော် အားဖြင့် သယ်ယူ ပို့ဆောင်ရေး အတွက် ကုလားအုတ်များအသုံး ပြုသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

အရ်ရဟ်မဟ် ၏ အဓိပ္ပာယ်မှာ  ကြင်နာမှု ၊ ကရုဏာ ဖြစ်ပါတယ်။

ရဟ်မသိုလ်အာလမီးန် ၏ အဓိပ္ပာယ်မှာ စကြာဝဠာ အတွက် ကရုဏာ တော် ဖြစ်ပါတယ်။

ရဟ်မသွန် လစ်လ်အာလမီးန် ၏ အဓိပ္ပာယ်မှာ စကြာဝဠာ အတွက် ကရုဏာ တော် ဖြစ်ပါတယ်။

အရ်ရဟီးမ် ၏ အဓိပ္ပာယ်မှာ ဂရုဏာ ရှိသူ ဖြစ်ပါတယ်။

ရစူလ်လို ၕဗ်လေလ်အာလမီးန် ၏ အဓိပ္ပာယ်မှာ စကြာဝဠာ အရှင်သခင်၏ ရစူလ်  (ဆွ)ဖြစ်ပါတယ်။

ရစူလ်လွတ်ရ်ရဟ်မဟ် ၏ အဓိပ္ပာယ်မှာ ကာရုဏာရှင် ရစူလ် (ဆွ) ဖြစ်ပါတယ်။ ဤဘွဲ့တော် ၏ အကြောင်း အရင်း မှာ  တမန်တော်မြတ် (ဆွ) တမန်တော် တာဝန် ဝတ္တရား မှာအမှန်တကယ် ကရုဏာနှင့် ကြင်နာမှု ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါတယ်။

ရစူလ်လိုလ်ဟမာဒီးန် ၏အဓိပ္ပာယ်မှာအလ္လာဟ်ဟို အရှင်မြတ်အား အလွန်ချီးမွမ်း ထောမန ပြု သည့် အမြဲချီးမွမ်း ထောမန ပြုသည့် အွန်မသ် ၏ တမန်တော်မြတ် (ဆွ)  ဖြစ်ပါတယ်။

ရစူလွလ္လာဟ် ၏ အလ္လာဟ်ဟို အရှင်မြတ်စေလွတ်တော်မူသည့် တမန်တော် (ဆွ) ဖြစ်ပါတယ်။

ရူဟိုလ်ဟက် ၏ အလ်ဂါရိုကလီသွ် ဆိုသည့်အရဘီ ၏ ဘာသာပြန်ဖြစ်ပါတယ်။ ဤနာမည်ဖြင့် အင်ဂျီးလ် ကျမ်းတွင်ကိုယ်တော်မြတ် (ဆွ) အားဖော်ပြ ထားခြင်း ဖြစ်ပါတယ်။ အဓိပ္ပာယ် မှာ အမှန် တရား နှင့် အမှား မတရားကို  ပိုင်းခြားပြသူ ဖြစ်ပါတယ်။

ဇိုင်နိုလ်‌ ကေယာမသေ ဝနူရိုဟာဝသာဂျိုဟာ ၏အဓိပ္ပာယ်မှာ  ကျက်သရေမင်္ဂလာ ၊ နူးရ် လင်းရောင်ခြည်၊ ကေယမသ် ၏ သရဖူ ဖြစ်ပါတယ်။

အက်စ်စာအေဟ် ဆိုသည်မှာ ရိုဇဟ် ဆောက်တည်သူ ဖြစ်ပါတယ်။

အက်စ်စဘေက် ၏ အဓိပ္ပာယ်မှာ အားလုံးထက် အရင် သွားရောက်သူ နှင့် အခြားသူများသည် ၎င်း၏ နောက်တွင်ရှိကြပြီး ၎င်းအမိန့်ကို နားခံကြသူများဖြစ်ပါတယ်။ဤအတွက်ကြောင့် စူရဟ် ကေယမသ် ၏ အာယသ်တော် အမှတ် ၁၀ ရှိ “ အက်စ်စဘေကူးန်” ဘက်သို့ ညွှန်း ထားခြင်း ဖြစ်ပါတယ်။

အက်စ်စေရာဂျ် ဆိုသည်မှာ ဆီးမီးခွက် ၊ လမ်းညွှန်သည့် အလင်းရာင်(ဆီးမီးခွက်) ဖြစ်ပါတယ်။ စေရာဂျ်ဂျိို မိုနီးရ် ဆိုသည်မှာတောက်ပသည့်အလင်းရာင်ဖြာထွက်နေသည့် ဆီးမီးခွက် ဖြစ်ပါတယ်။

ဆယက်ဒ်ဒိုလ်မိုစလင်းန် ဆိုသည်မှာ  အလ္လာဟ့် စေတမန်တော်များ အားလုံး၏ ဦးသျှောင် ဖြစ်ပါတယ်။

အက်ဆ်ဆယက်ဒ် ဆိုသည်မှာ ခေါင်းဆောင်၊ ဦးသျှောင် ဖြစ်ပါတယ်။

ဆယက်ဒ် ဒိုဝိုလ်ဒေအာဒံမ် ဆိုသည်မှာ အာဒံမ် ၏ သားသမီးများ အားလုံး၏ သခင် ဖြစ်ပါတယ်။

အရှ်ရှာဖေအ် ဆိုသည်မှာ  အလ္လာဟ်ထံ ကြားဝင်အသနားခံ လျှောက်ပေးမည့်သူ ဖြစ်ပါတယ်။

အရှ်ရှာဟစ်ဒ် ဆိုသည်မှာ သက်သေ ၊ ယေယမသ်နေ့တွင် သက်သေပေးမည့်သူ ဖြစ်ပါတယ်။

အရှ်ရှဖီးအ် ဆိုသည်မှာ အလ္လာဟ်ထံ ကြားဝင်အသနားခံ လျှောက်ပေးမည့်သူ ဖြစ်ပါတယ်။

အရှ်ရှဖီးအ်အိုလ်မွတ်ဇ်နဘီးန် ဆိုသည်မှာ အပြစ်သမားများ  အတွက် အလ္လာဟ်ထံ ကြားဝင်အသနား ခံပေးမည့်သူ ဖြစ်ပါတယ်။

အရှ်ရှဖီးအ်အို မင်န် ဖီဒ်ဒါရီးန် ဆိုသည်မှာ လောကီ နှင့် လောကုတ္တရာသားအပေါင်းတို့ အတွက် အလ္လာဟ်ထံ ကြားဝင်အသနား ခံပေးမည့်သူ ဖြစ်ပါတယ်။

အရှ်ရှမ်းစ် ဆိုသည်မှာ သူရိယ နေမင်း ဖြစ်ပါတယ်။

အရှ်ရှမ်းစ်စိုဘိုင်းနလ်ကမရိုင်းန် ဆိုသည်မှာ  စန္ဒာလမင်း နှစ်ခု ကြား မှ သူရိယ နေမင်း ဖြစ်ပါတယ်။

အရှ်ရှဟီးဒ် ဆိုသည်မှာ  ရှဟီးဒ် (သာသနာ့ အာဇာနည်)  ၊ သက်သေထွက်ဆိုသူ ဖြစ်ပါတယ်။

အလ်ဆွာဟစ်ဘ် ဆိုသည်မှာ သူငယ်ချင်း၊ မိတ်ဆွေကူညီသူ၊ အဖော် ဖြစ်ပါတယ်။

အလ်ဆွာဟစ်ဘ်ဘိုလ်ဂျဘီးန် နေလ်အဇ်ဟရ် ဆိုသည်မှာ အတောက်ပဆုံး နဖူးပိုင်ရှင် ဖြစ်ပါတယ်။

အလ်ဆွာဟစ်ဘ်ဘိုသ်သာဂျ်‌ဂျေ ဝလ်မဂ်ဖရ် ဆိုသည်မှာ သရဖူပိုင်ရှင် နှင့် ကိုယ်တိုင်ပိုင်ဆိုင်သူ ၊ရဲစွမ်းသတ္တိရှိသူ ၊ စစ်မြေပြင်တွင် ရန်သူများကိုတိုက်ခိုက်သူ ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ်ဟစဘ်ေအက်သွ်ဟရ် ဆိုသည်မှာ အသန့်ရှင်းဆုံးပိုင်ရှင်နှင့်ဇစ်မြစ် ၊ ပုလဲ၊ မျိုးရိုးဗီဇ ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ် ဟတ်ဒ်ဒေလ်အက်မရ်  ဆိုသည်မှာ  တောက်ပသည့် ပါးပြင်ပိုင်ရှင် ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ်ခွသ်ဘသေဝလ်မင်ဘဲရ် ဆိုသည်မှာ ခွသ်ဘဟ် နှင့် မင်ဘဲရ် ပိုင်ရှင် ၊ တရားဟောဆရာ ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုဒ်ဒီးန် နေလ်အဇ်ဟရ် ဆိုသည်မှာ အကောင်းတကာအကောင်းဆုံးသာသနာ ပိုင်ဆိုင်သူ ၊ အကောင်းတကာ အကောင်းဆုံးဘာသာ အားလူသား များ အတွက် အလ္လာဟ် ထံမှယူဆောင်လာသူ ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ်လဝါအေ ရောင်မလ်ကေယမသ်  ဆိုသည်မှာ  ကေယမသ် တွင် အလံ ကိုင်ဆောင် မည့်သူ ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ်မိုလ်ဟမဟ် ဆိုသည်မှာ  ရဲစွမ်းသတ္တိ ကို ဖန်တီးသူ ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ်နစဘေလ်အရှ်ဟရ်ဆိုသည်မှာ အကျော်ကြားဆုံး မျိုးရိုးဇာတိ  ပိုင်ရှင်၊ မည်သူမျှ ၎င်းထက်မျိုးရိုး ဇာတိအရ ကောင်းသူ မရှိ သူ ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ်ဝဂျ်ဟေရ် အန်နဝရ် ဆိုသည်မှာ  ထွန်းလင်းတောက်ပနေသည့် မျက်နှာပိုင်ရှင် ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ် ဝကာရ် ဝစ်စကီနဟ်  ဆိုသည်မှာ တည်ငြိမ်အေးချမ်းသူ ၊ ဂုဏ်သိက္ခာရှိသူ ဖြစ်ပါတယ်။

ဆွာဟစ်ဘ်ဘိုလ်မကာမေလ်မဲဟ်မူဒ် ဆိုသည်မှာ  ကောင်းမြတ်သည့်နေရာ နှင့် အဆင့်ကိုပိုင်ဆိုင်သူ၊ အလ္လာဟ်ထံ ၎င်း အတွက် မဲဟ်မူဒ်နေရာ ရှိပါတယ်။

အက်ဆ်ဆွာဒစ်က် ဆိုသည်မှာ မှန်ကန်သူ ဖြစ်ပါတယ်။

အလ်ဆစ်ဒ်က် ဆိုသည်မှာ အမှန်ပြောသူ၊သစ္စာရှင် ဖြစ်ပါတယ်။

အဆ်ဆွေရာသိုလ်မွတ်စ်သကီးမ် ဆိုသည်မှာ  ဖြောင့်မတ်မှန်ကန်သသည့်လမ်းဖြစ်ပါတယ်။

ဆဖီယိုလ္လာဟ် ဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ရွေးချယ်ခြင်း ခံထားရသူ ဖြစ်ပါတယ်။

အဆ်ဆဖီယိုလ်မွတ်က်ရိုဘ် ဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ရွေးချယ် ခြင်းခံထားရသူ၊ အလ္လာဟ်ထံတော်တွင် နီးကပ်ခွင့်ရသူ (အလ္လာဟ်နှင့်ရင်းနှီးကျွမ်းဝင်သူ) ဖြစ်ပါတယ်။

အလ်ဇိုဟူက် ဆိုသည်မှာအလွန်ပြုံးသူ ဖြစ်ပါတယ်။

အသွ်သွာဟေရ် ဆိုသည်မှာ သန့်ရှင်းသန့်စင်သူ ဖြစ်ပါတယ်။

သွာဟာ ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် ၏ ဟူရူဖေမိုကသွအဟ် များ မှ တစ်ခု ဖြစ်ပါတယ်။ ရီဝါယသ်တော် အရ တမန်တော်မြတ် (ဆွ) ၏ နာမတော်များမှ တစ်ခု ဖြစ်ပါတယ်။ အဓိပ္ပာယ်မှာ «یا طالِبُ الْحَقِّ الْهادی اِلَیْه »  ဖြစ်ပါတယ်။ ဆိုလိုသည်မှာ အိုအမှန်တရားကို ရှာဖွေသူ ပြီး ထိုအမှန် တရားဘက်သိူ့ လမ်းညွှန်ပေးသူ ဖြစ်ပါတယ်။

အသွ်သွယစ်ဗ် ဆိုသည်မှာ သန့်ရှင်းစင်ကြယ်သူ ဖြစ်ပါတယ်။

အဇ်ဇွာဟေရ် ဆိုသည်မှာ ထင်ရှားသူ ဖြစ်ပါတယ်။

အလ်အာဗစ်ဒ် ဆိုသည်မှာ  အလ္လာဟ်အားခဝပ်ကိုးကွယ်သူ ၊ အေဗါဒသ် ပြုလုပ်သူ ဖြစ်ပါတယ်။

အလ်အာကစ်ဗ် ဆိုသည်မှာ ၎င်းနောက်တမန်တော်ဖြစ်မည်သူ မရှိသူ ဖြစ်ပါတယ်။

အလ်အာမေလ် ဆိုသည်မှာ အလုပ်လုပ်သူ၊လှုပ်ရှားသူ ၊ တက်ကြွသူ ဖြစ်ပါတယ်။

အလ်အဗ်ဒ် ဆိုသည်မှာ ကျွန် ၊ အလ္လာဟ်၏ ကျွန် ဖြစ်ပါတယ်။

အဗ်ဒိုလ္လာဟ် ဆိုသည်မှာ အလ္လာဟ်၏ ကျွန် ဖြစ်ပါတယ်။

အလ်အဗ်ဒ် ဒိုလ်မိုအ်ယဒ် ဆိုသည်မှာ အလ္လာဟ်သဘာတူ လက်ခံထားသည့်ကျွန် ဖြစ်ပါတယ်။

အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ဆိုသည်မှာ အတည် ငြိမ်ဆုံး လက်ကိုင် ၊ အခိုင်မာဆုံး  အထောက်အထား ဖြစ်ပါတယ်။

အလ်အသူဖ် ဆိုသည်မှာ ကြင်နာသူ ၊ခွင့်လွတ်သူ ဖြစ်ပါတယ်။

အလ်အလီ ဆိုသည်မှာ  မြင့်မြတ်သူ ဖြစ်ပါတယ်။

အလ်ခေါက်စ် ဆိုသည်မှာ  ကူညီသူ ဖြစ်ပါတယ်။

အလ်ဂိုက်စ် ဆိုသည်မှာ မိုး ၊ ကိုယ်တော်မြတ် (ဆွ) သည် ရက်ရော ၍ ခွင့်လွတ် သည့် အတွက်ကြောင့် မိုးဟု ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ဖွာရွတ်က် ဆိုသည်မှာ အမှားအမှန် ကို ပိုင်းခြားသူ ဖြစ်ပါတယ်။

အလ်ဖသ်သာဟ် ဆိုသည်မှာ အလွန်အောင်ပွဲခံသူ ဖြစ်ပါတယ်။

အလ်ဖာသေဟ်   ဆိုသည်မှာ အောင်နိုင်သူ ဖြစ်ပါတယ်။

ကာအစ်ဒ် ဒိုလ် ဂိုက်ရေလ်မိုဟဂျ်ဂျလီးန် ဆိုသည်မှာ ထူးခြားသူများ ၏ခေါင်းဆောင် ဖြစ်ပါတယ်။

ကာဗေလိုလ်ဟဒီယဟ် (၁၅၈) လက်ဆောင်လက်ခံပေးသူ ဖြစ်ပါတယ်။

ကာစင်မ် (၁၅၉) ပိုင်းခြားပေးသူ ၊ ဝေငှပေးသူ ဖြစ်ပါတယ်။

အလ်ကသ်သာလ် (၁၆၀) ရန်သူများ ၏ ကျူးကျော်မှုကို ဖျက်စီး သည်သူ

အလ်ကိုစန်မ် ၏ အဓိပ္ပာယ် နှစ်မျိုး ရှိပါသည်။ ( ကျယ်ပြန့်ခြင်း၊ ပြည့်စုံခြင်း) အလွန်တရာ ခွင့်လွတ်သူ ဖြစ်ပါတယ်။

ကဒမိုဆစ်ဒ်က်  ဆိုသည်မှာ ကောင်းသည်အမည်၊ နာမည်ပျက်မရှိသူ ဖြစ်ပါတယ်။

အလ်ကမရ်ဆိုသည်မှာ လမင်း ဖြစ်ပါတယ်။

အလ်က(စ်)မ် ဆိုသည်မှာ လူထုအကြား လက်ဆောင် ၊ထိုကဲ့သို့ ခွဲဝေပေးသူ ဖြစ်ပါတယ်။

အလ်ကာဖီ ဆိုသည်မှာ  လူထုအတွက် လုံလောက်သူ၊ ၎င်းအတွက်အခြားသူများမလိုအပ်သူ ဖြစ်ပါတယ်။

အလ်ကရီးမ်ဆိုသည်မှာ မွန်မြတ်၊ဂုဏ်သိက္ခာ ရှိသူ ဖြစ်ပါတယ်။

အလ်မာဟီ ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကုဖ်ရ်ကိုချေဖျက်ရန် အကြောင်းခံပြုထားသူ ဖြစ်ပါတယ်။

မာမွန် ဆိုသည်မှာ  ဖြောင့်မတ်သူ၊သူတော်စင် ၊သီလသမာဓိရှိသူ ၊ စိတ်ချယုံကြည်ရသူ၊ လူထုအား သောက၊ဒုက္ခ မှလုံခြုံမှုပေးသူ ဖြစ်ပါတယ်။

အလ်မိုအ်မင် ဆိုသည်မှာ မိုအ်မင် ၊ အလ္လာဟ်ဟို အရှင်မြတ်အပေါ် သက်ဝင် ယုံကြည်သူ ဖြစ်ပါတယ်။

အလ်မိုဘာရတ်က် ဆိုသည်မှာ မင်္ဂလာရှိသူ၊ ကောင်းချီးမင်္ဂလာ၊ကုသိုလ်တရားနှင့်ပြည့်စုံသူ ဖြစ်ပါ တယ်။

မိုဘာရတ်က်ကိုလ်အမရ် ဆိုသည်မှာ ကောင်းချီးမင်္ဂလာနှင့် ကောင်းသောအမိန့်များကို ပေးသူ ဖြစ်ပါ တယ်။

အလ်မိုဘရှေရ် ဆိုသည်မှာ သတင်းကောင်း ပေးသူ ဖြစ်ပါတယ်။

အလ်မိုဘီးန် ဆိုသည်မှာ အလင်းပြသူ ၊ရှင်းလင်းရှင်းပြသူ ဖြစ်ပါတယ်။

အလ်မိုသဗစင်မ် ဆိုသည်မှာ အပြုံးပိုင်ရှင် ၊ ရှုံ့မဲ့သည့်မျက်နှာ မရှိသူ ဖြစ်ပါတယ်။

အလ်မိုသဝကေလ်  ဆိုသည်မှာ အလ္လာဟ် အပေါ် အားကိုး မျှော်ကိုးသူ ဖြစ်ပါတယ်။

အလ်မိုဂျ်သဗာ ဆိုသည်မှာ ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။

ကိုးကားထားသည့် မူရင်းကျမ်းများ

·  بن ابی‌الثلج، محمد بن احمد و دیگران، مجموعة نفیسة فی تاریخ الأئمة(ع) من آثار القدماء من علماء الإمامیة الثقات، بیروت، دار القاریء، ۱۴۲۲ق.

·  ابن سعد، محمد بن سعد، الطبقات الکبری، به تحقیق محمد عبد القادر عطا، بیروت، ۱۴۱۰ق/۱۹۹۰م.

·  ابن سید الناس، عیون الاثر، بیروت، دار القلم، ۱۴۱۴ق.

·  ابن شاذان، شاذان بن جبرئیل، قم، رضی، ۱۳۶۳ش.

·  ابن شهرآشوب، محمد بن علی، مناقب آل ابی‌طالب، قم، علامه، ۱۳۷۹ق.

·  ابن مشهدی، محمد بن جعفر، المزار الکبیر، به تحقیق و تصحیح جواد قیومی اصفهانی، قم‏، دفتر انتشارات اسلامی وابسته به جامعه مدرسین حوزه علمیه قم‏، ۱۴۱۹ق.

·  بحرانی، سید هاشم بن سلیمان، البرهان فی تفسیر القرآن، تحقیق و تصحیح قسم الدراسات الاسلامیة مؤسسة البعثه، قم، مؤسسة بعثه، ۱۳۷۴ش.

·  بخاری، محمد بن اسماعیل، صحیح البخاری، به تحقیق محمد فؤاد عبد الباقی، بیروت، دار طوق النجاة، ۱۴۲۲ق.

·  بعلی، محمد بن ابی‌الفتح، المطلع علی الفاظ المقنع، به تحقیق محمود الارناؤوط و یاسین‌محمود خطیب، بی‌جا، مکتبة السوادی للتوزیع، ۱۴۲۳ق.

·  تبریزیان، عباس، اسماء الرسول المصطفی و القابه و کناه و صفاته، با تلاش هاشم خاتمی، بیروت، دار الاثر، ۱۴۲۳ق.

·  «لوحة حلية بخط الأستاذ سيروان البرزنجي»، حروفیات، تاریخ بازدید: ۲۹ مهر ۱۴۰۰ش.

·  زرندی، محمدبن یوسف، نظم درر السمطین، بیروت، دار إحیاء التراث العربی، ۱۴۲۵ق.

·  شیخ حر عاملی، محمد بن حسن، اثبات الهداة، مقدمه سید شهاب‌الدین مرعشی نجفی، بیروت، مؤسسة الاعلمی للمطبوعات، ۱۴۲۵ق.

·  شیخ صدوق، محمد بن علی‏، معانی الأخبار، تحقیق و تصحیح علی‌اکبر غفاری، قم، دفتر انتشارات اسلامی وابسته به جامعه مدرسین حوزه علمیه قم‏، ۱۴۰۳ق.

·  صالحی شامی، محمد بن یوسف، سبل الهدی والرشاد فی سیرة خیر العباد، وذکر فضائله وأعلام نبوته وأفعاله وأحواله فی المبدأ والمعاد، به تحقیق عادل أحمد عبد الموجود وعلی محمد معوض، بیروت، دار الکتب العلمیة، ۱۴۱۴ق/۱۹۹۳م.

·  طبرسی، فضل بن حسن، اعلام الوری، به تحقیق و تصحیح مؤسسه آل البیت، قم، آل‌البیت، ۱۴۱۷ق.

·  طریحی، فخرالدین بن محمد، مجمع البحرین، به تحقیق و تصحیح احمد حسینی اشکوری، تهران، مرتضوی، ۱۳۷۵ش.

·  فیومی، احمد بن محمد، المصباح المنیر فی غریب الشرح الکبیر للرافعی، قم، مؤسسة دار الهجره، ۱۴۱۴ق.

·  قسطلانی، احمد بن محمد، المواهب اللدنیة بالمنح المحمدیة، القاهرة، المکتبة التوفیقیة، بی‌تا.

·  کفعمی، ابراهیم بن علی، المصباح جنة الامان الواقیه و جنة الایمان الباقیه، قم، دار الرضی، ۱۴۰۵ق.

·  مجلسی، محمدباقر، بحارالانوار، تهران، اسلامیه، ۱۳۶۳ش.

·  محمدی‌پارسا، عبدالله، «بررسی جایگاه تاریخی و عرفانی امام علی(ع) در هنر خوشنویسی اسلامی»، در الهیات هنر، شماره ۱۱، زمستان ۱۳۹۶ش.

·  ملیجی، عاطف قاسم امین، اسماء النبی فی القرآن و السنه، به اشراف سالم محمود، قاهره، عام الفکر، ۱۴۱۹ق.

·  نعیمی، محمدعارف، اسماء النبی لغةً و اصطلاحاً، اشراف خالق داد، لاهور، جامعة پنجاب قسم اللغة العربیه، ۲۰۰۶م.

·  یعقوبی، احمد بن اسحاق، تاریخ الیعقوبی، بیروت، دار صادر، بی‌تا.


****************************************************************

END / 251

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အောက်ခြေ မှတ်စုများ

{{မှတ်စုများ}}

 

ကျမ်းကိုးများ