အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃ အောက်တိုဘာ ၂၀၂၃

၁၀:၃၉:၀၆
1397577

ဂိုက်ဘတ်သ် သေ အေမာမ် ဇမာန်း (အ.ဂျ) တွင် လူများ ၏ အခြေအနေ

အေမာမ် ဟိုစိုင်းန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဂိုက်ဘတ်သ် သေ အေမာမ် ဇမာန်း (အ.ဂျ) တွင် လူများ ၏ အခြေအနေ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ်  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الحسین عليه السلام:

له غَيْبَةٌ يَرْتَدُّ فيها اَقْوامٌ وَيَثْبِتُ فيها اخَرُونَ فَيَوُذُّونَ وَ يُقالُ لَهُمْ: «مَتى هذَا الْوَعْدُ اِنْ كُنْتُمْ صادِقينَ». اَما اَنَّ الصّابِرَ فى غَيْبَتِةِ عَلَى الاَْذى وَالتَّكْذيبِ بَمِنْزِلَةِ المجاهِدِ بِالسَّيْفِ بَيْنَ يَدَىْ رَسُولِ اللّه ِ صلي الله عليه و آله۔

အေမာမ် ဟိုစိုင်းန် ( အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။

“ ဟဇရသ် မဲဟ်ဒီ (အ.ဂျ) ၏ ဂိုက်ဘတ်သ် (အေမာမ် အကွယ်တွင်ရှိနေသည့်ကာလ)  ကာလ တွင် အုပ်စု တစ်စု သည် မုရ်သဒ်  (မွတ်စလင်မ်မှ ကာဖေရ်)  ဖြစ်သွားပေမည်။ အုပ်စု တစ်စု မှာ ခိုင်မာ စွာရပ်တည်နေမည် ဖြစ်ပါသည်။ ပြီးနောက် ပျော်ရွှင်ခြင်းကို ထုတ်ဖော်ကြမည် ဖြစ်ပါသည်။

မုရ်သဒ်  (မွတ်စလင်မ်မှ ကာဖေရ်)  ဖြစ်သွားသူများ မှ လှောင်ပြောင် ၊ ဒုက္ခပေးပြီး ပြောကြပေမည်။ အကယ်၍ သခင်၏ ကတိ (အေမာမ် ဇမာန်း (အ.ဂျ) ဇဟူးရ် ဖြစ်ခြင်း) ဘယ်တော့ တည်မည်နည်း?

သို့သော်  အကြင်မည်သူမဆို ဂိုက်ဘတ်သ် (အေမာမ် အကွယ်တွင်ရှိနေသည့်ကာလ)  ကာလ တွင် ၎င်းတို့၏ မဟုတ်မမှန် ပြောဆိုခြင်း ဒုက္ခပေးခြင်း ကို သည်းခံမည် ဆိုလျှင် တမန်တော်မြတ် (ဆွ) နှင့်အတူ ဓားဆွဲ၍ ဂျေဟာဒ် ပြုသည့် မိုဂျာဟစ်ဒ် ပမာ ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ်  ကျမ်း ၊ အတွဲ ၅၁ ၊ စာမျက်နှာ ၁၃၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် ဟဇရသ် မဲဟ်ဒီ (အ.ဂျ) ၏ ဂိုက်ဘတ်သ် (အေမာမ် အကွယ်တွင်ရှိနေသည့်ကာလ)  ကာလ တွင် သည်းခံ နိုင်အောင်  ၊ မုရ်သဒ် မဖြစ်အောင် အထူး ကြိုးစား ရမည် ဖြစ်ပါတယ်။ အေမာမ် ဇမာန်း (အ.ဂျ) ၏ စစ်မှန်သည့် တပ်သားတွင် ပါဝင်အောင်၊ အေမာမ့်လူဖြစ်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251