အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃ အောက်တိုဘာ ၂၀၂၃

၁၁:၂၄:၁၉
1397583

လောကီလောကုတ္တရာ အတွင် အကောင်း တကာ အကောင်းဆုံး ကိုယ်ကျင့်တရား

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် လောကီလောကုတ္တရာ အတွင် အကောင်း တကာ အကောင်းဆုံး ကိုယ်ကျင့်တရား ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သုဟ်ဖိုလ်အကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ عليه وآله وسلم:

ألا ادلكم علي خير اخلاق الدنيا والأخرة ؟ تصل من قطعك وتعطي من حرمك وتعفو عمن ظلمك۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“ဤလောကီ နှင့် နောင် လောကုတ္တရာ ၏ အကောင်း တကာ အကောင်းဆုံး ကိုယ်ကျင့်တရား အား အသင်တို့ ကို ပြောပြရမည်နည်း? ထိုကိုယ်ကျင့်တရား မှာ အသင်ကို အဆက်အသွယ် ဖြတ် သူအား အသင် မိတ်ဆွေ ဖွဲ့ပါလေ။ အသင်အား မပေးကမ်းသူ အား ပေးကမ်းပါလေ။ အသင်အပေါ် ဇိုလ်မ်(မတရားညှဥ်းပန်းမှု၊ရက်စက်မှု၊ဖိနှိပ်မှု စသည်ဖြင့်)  လုပ်သူအား ခွင့်လွတ်ပေးပါလေ။ “

ကျမ်းကိုး ။ ။ သုဟ်ဖိုလ်အကူးလ် ကျမ်း ၊ စာမျက်နှာ ၄၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် ဤလောကီ နှင့် နောင် လောကုတ္တရာ ၏ အကောင်း တကာ အကောင်းဆုံး ကိုယ်ကျင့်တရား ကို ထင်ထင်ရှားရှား သိရှိရမည် ဖြစ်ပါတယ်။ လက်တွေ့ ကျင့်နိုင် ရန် ကြိုးစားရပါမည်။ လွယ်ကူ သည်အလုပ်တော့ မဟုတ်ချေ။ ဟဒီးစ်တော်ပါ အချက်များ ကို ဖတ်ရ ၊နားထောင်ရသည်မှာ  လွယ်သလောက် လက်တွေ့ ကျင့်သုံးရန် အထူး ခက်ခဲပါတယ်။ အင်န်ရှာအလ္လာဟ် မြတ်အလ္လာဟ် ကျနော်တို့ အား လက်တွေ့ ကျင့်သုံးနိုင် ခွင့် ပေးသနား တော်မူပါစေ။

****************************************************************

END / 251