အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၅ အောက်တိုဘာ ၂၀၂၃

၁၉:၅၈:၅၅
1398209

ကျမ်းတော်မြတ် ကုရ်အာန်၏ ကြီးကျယ် မြတ်မှု

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကျမ်းတော်မြတ် ကုရ်အာန်၏ ကြီးကျယ် မြတ်မှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျာမေအိုလ်အခ်ဗါရ် ဝလ်အာစာရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

فضل القرآن علی سائر الکلام کفضل اللہ علی خلقه ۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“ကျမ်းတော်မြတ် ကုရ်အာန် ၏ အခြား စကားစုများ (ကျမ်းများ) ထက်  ကြီးကျယ်သာလွန် မြင့်မြတ် မှုသည် အလ္လာဟ် ဟို အရှင်မြတ် သခင်သည်  မိမိ၏ အဖန်ဆင်းခံများ ထက် ကြီးကျယ်သာလွန် မြင့်မြတ် သည့်ပမာ ဖြစ်ပါ သည်။   “

ကျမ်းကိုး ။ ။ ဂျာမေအိုလ်အခ်ဗါရ် ဝလ်အာစာရ် ကျမ်း အတွဲ ၁ ၊ စာမျက်နှာ ၁၈၂

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ ကြီးကျယ် မြင့်မြတ် မှု ကို သိနိုင်ပြီး အလေးထား တန်ဖိုးထား သင့်ပါတယ်။ထိုပြင် ကျမ်းတော်မြတ်ကုရ်အာန် ကို အဓိပ္ပာယ် နှင့် တစ်ကွ နားလည် သဘောပေါက်အောင် သေလာဝသ်ပြုပြီး သဖ်စီးရ်လိုအပ်သည့် အာယသ်တော်များ တွင် ကိုယ်တော်မြတ် (ဆွ) နှင့် ကိုယ်တော်၏ အဲဟ်လေ့ ဘိုက်(သ) (အ.စ) တို့၏ သဖ်စီးရ် ကိုသာ အဓိကထား ပြီးလေ့လာ ရပါမည်။ ပြီးနောက် မိမိဘဝတွင် လက်တွေ့ တည်ဆောက် အကောင်အထည် ဖော်ရမည် ဖြစ်ပါ တယ်။

****************************************************************

END / 251