အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၁ အောက်တိုဘာ ၂၀၂၃

၂၀:၂၆:၀၂
1400142

အလ္လာဟ် မိမိ ၏ စာရင်း ဇယား မစစ်ခင်အလျင် ကိုယ့်စာရင်းကို စိစစ်ပါ

အမီးရိုလ် မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အလ္လာဟ် မိမိ ၏ စာရင်း ဇယား မစစ်ခင်အလျင် ကိုယ့်စာရင်းကို စိစစ်ပါ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

                                                                                                           

قال امیرالمؤمنين عليه السلام:

عِبادَ اللّه ِ! زِنُوا أَنْفُسَکُمْ مِنْ قَبْلِ أَنْ تُوزَنُوا،وَ حـاسِبُوها مِـنْ قَبْـلِ أَنْ تُحـاسَبُوا، وَ تَنـَفَّسُوا قَبْـلَ ضِیـقِ الْخِنـاقِ وَانْقادُوا قـَبْلَ عُنـْفِ السِّیاقِ۔

အမီးရိုလ် မိုအ်မေနီ အေမာမ် အလီ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“အလ္လာဟ် ဟို အရှင်မြတ် ၏  ကျေးကျွန်အပေါင်းတို့  မိမိတို့၏ စိတ်များ အားစစ်ဆေးမေးမြန်း ခြင်း မခံရမည် အလျှင် စိစစ် ပါ ၊ စာရင်းအင်း မရှင်းရမည်အလျှင် မိမိကိုယ်ကို စာရင်းအင်းပြုလုပ်ပါလေ။ လည်ပင်းကို အသက်ရှု မတင်းကျပ်မည်အလျှင် (မသေမည်အလျှင်) အမိန့်နာခံ လိုက်နာကျင့်သုံး သူ ဖြစ်ပါစေ ။ ”

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း ၊ ခွသ်ဗဟ် ၈၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် အလ္လာဟ် ဟို အရှင်မြတ် ထံ စာရင်းအင်း မရှင်းခင် အလျှင် မိမိစာရင်း အင်းကို စိစစ် ရမည် ဖြစ်ပါတယ်။ နေ့စဥ် ၊အပတ်စဥ် ပြုလုပ်သင့်ပါတယ်။ အကယ်၍ ကောင်းတာများ နေလျှင် အလ္လာဟ် အား ရှိုက်ရ် ကျေးဇူးတင်နမာဇ် ဖတ်သင့်ပါတယ်။ မကောင်း တာ များနေလျှင်  စစ်မှန်သည့် သောင်ဗဟ် ပြုပြီး နောက်ထပ် မကျူးလွန်မိစေရန် ကြိုးစားရပါမည်။

****************************************************************

END / 251