အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း ဆိုသည်မှာ ဘုံအချိန် တွင် ဇဟိုရ် နမာဇ် နှင့် အစ်ရ် နမာဇ် ကိုပေါင်း၍ လည်းကောင်း မဂ်ရိဘ် နမာဇ် နှင့် အေရှာအ် နမာဇ် ကို ပေါင်း၍ လည်းကောင်း ဝတ်ပြုခြင်းကိုခေါ်ဆိုပါတယ်။ တမန်တော်မြတ်(ဆွ)၏ စွန္နသ်နှင့် အေမာမ် (အ.စ)များ ၏ ဘဝတည် ဆောက်မှုများ တွင် နမာဇ် နှစ်ခု အား ပေါင်းစပ်၍ ဝတ်ပြု ခွင့်ပြုပေးထားကြောင်း အထောက် အထား အကိုး အကားများလာရှိပါတယ်။ စွန်နီ ပညာရှင်များ အနေဖြင့် ဘုံအချိန် တွင် နမာဇ် နှစ်ခု အား ပေါင်းစပ်၍ ဝတ်ပြု ခြင်းကို သက်ဝင် ယုံကြည်ကြခြင်း မရှိကြပေ။ ထို့ကြောင့် ခရီးသွားခြင်းနှင့် ဖျားနာခြင်းကဲ့သို့သော အထူးအခြေ အနေများ တွင်သာ နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း ကို ပြုပိုင်သညဟု လက်ခံကြပါတယ်။
နမာဇ်နှစ်ခု အားပေါင်း၍ ဝတ်ပြုခြင်း နှင့်ပတ်သက် ၍ အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဘဟာနီ ရေးသားထားသည့် (အရဘီ - کتاب الجمع بین الصلاتین علی ضوء الکتاب و السنة، ) စာအုပ်အပါအဝင် အခြား စာအုပ်များ ဖြစ်ပါတယ်။
နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း ၏ မိတ်ဆက်
နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း သည် သည် ရှီအဟ် မဇ်ဟဗ် အရ မည်သည့်အချိန်အခါမျိုးတွင်မဆို အတူတကွ ဇဟိုရ် နမာဇ် နှင့် အဆ်ရ် နမာဇ် သို့မဟုတ် မဂ်ရိဘ် နမာဇ် နှင့် အေရှာအ် နမာဇ် ကို ပေါင်း၍ ဝတ်ပြုခြင်း ကို ရည်ညွှန်းသော ဖေက်ဟ် ပညာရပ် ဆိုင်ရာ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ စွန်နီ မဇ်ဟဗ် တွင် နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း အချိန် တစ်ခု အထူး အတွက် အသုံးပြုထားပါတယ်။ ရှီအဟ် များသည် ယေဘုယျ အား ဖြင့် ဇဟိုရ် နမာဇ် နှင့် အဆ်ရ် နမာဇ် ပြီးနောက် မဂ်ရိဘ် နမာဇ် နှင့် အေရှာအ် နမာဇ် ကို ပေါင်း၍ ဝတ်ပြုကြပါ သည်။ အဲဟ်လေ့စွန္နသ် အနေဖြင့် သီးခြား စီ ဝတ်ပြုကြပါတယ်။
ဖေက်ဟ် (ဓမ္မသတ်) ဆိုင်ရာ စာအုပ်များ တွင် နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း အား (အရဘီ - جمع بین الصلاتین ) အမည် နှင့် တင်ပြ ဆွေးနွေး ထားပါတယ်။ ထိုနည်းတူစွာ သွာဟာရသ် ဆိုသည့် အခန်း ကဏ္ဍ နှင့် ဟဂျ် ကဏ္ဍ များတွင်လည်း ဖော်ပြ ဆွေးနွေးထားပါတယ်။
နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း ၏ တရားဝင်မှုအတွက် သက်သေ အထောက်အထား
ရှဟီးဒ် အောင်ဝဲလ် ၏အဆိုအရ ရှီအဟ် ဖေကဟ် ပညာရှင်များ၏အမြင် တွင် နမာဇ် နှစ်ခုအား(ဇဟိုရ် နမာဇ် နှင့် အစ်ရ် နမာဇ် ကိုပေါင်း၍ လည်းကောင်း မဂ်ရိဘ် နမာဇ် နှင့် အေရှာအ် နမာဇ် ကို ပေါင်း၍ လည်းကောင်း) ဖတ်ခြင်းသည်ပိုင်ပါ တယ်။ အဘယ်ကြောင့်ဆိုသော် ဟဒီးစ်တော်အရ တမန်တော်မြတ်(ဆွ) နှင့်မအ်စူမ် အေမာမ်များ (အ.စ) သည် ပုံမှန် အခြေ အနေများ နှင့် ပုံမှန် မဟုတ်သော အခြေအနေများ (စစ်ပွဲ၊ ကြောက်ရွံ့ ခြင်း၊ ခရီးသွားခြင်း၊ မိုးရွာခြင်းစသည်ဖြင့်) တွင် နေ့စဥ် ဝတ်ပြုရသည့် နမာဇ်များကိုပေါင်း၍ လည်းကောင်း သီခြားစီ လည်းကောင်းဝတ်ပြုခဲ့သည့်အတွက်ကြောင့်ဖြစ်ပါ တယ်။ တမန်တော်မြတ်(ဆွ) ပုံမှန် အခြေ အနေ များ တွင်နမာဇ် နှစ် ခုအားတစ်ချိန်တည်းဝတ်ပြုခြင်း ၏အကြောင်းအရင်းမှာ မိမိ၏အွန်မသ် (နောက် လိုက် နောက်သားများ)အခက်အခဲမဖြစ်အောင် ဒုက္ခမဖြစ် အောင်ပြုခဲ့ဖြစ်ပါ တယ်။ သို့သော် ရှီအဟ် ဖေကဟ် ပညာရှင် များ သည် တမန်တော်မြတ် (ဆွ) မှ နမာဇ် နှစ်ခု ကို သီးသန့် သီးခြားဝတ်ပြုခြင်းကို မွတ်စ် သဟဗ် နှင့် ဘုံအချိန်ဖြစ် နေကြောင်းလက်ခံထားကြပါ တယ်။
စွန်နီဖေကဟ် ပညာရှင် အများ စုသည် သာမန်အခြေအနေများ၊ ပုံမှန် အခြေအနေများတွင် နမာဇ်နှစ်ခု အားပေါင်း၍ဝတ်ပြုခြင်း ကို မပိုင်ဟု ဆိုထားပါ တယ်။ ခရီးသွားခြင်း၊ ဖျားနာခြင်းနှင့် မိုးရွာခြင်းစသည့် အကြောင်းပြချက်များရှိမှသာနမာဇ် နှစ်ခုအား ပေါင်း၍ ဝတ်ပြု ခွင့် ရှိကြောင်း ဆိုထားပါ တယ်။ ထိုနည်း တူစွာတမန်တော်မြတ်(ဆွ) သည် သာမန်အခြေအနေများ၊ ပုံမှန် အခြေအနေများတွင် နမာဇ်နှစ်ခု အားပေါင်း ၍ ဝတ်ပြုခြင်း ကိုဆိုထားသည့်ရီဝါယသ်တော်များကို အကြောင်းပြချက် ရှိသည့် အချိန် ဆို၍ အဓိပ္ပာယ်ဖွင့်ဆို ကြပါ တယ်။ သို့သော် အစ္စလာမ် မဇ်ဟဗ်အားလုံး ၏ ဖေကဟ် ပညာရှင်များ အားလည်း နှစ်ခုအား ပေါင်း၍ ဟဂျ်ကာလတွင် အရ်ဖါသ်ကွင်းပြင် တွင် ဇဟိုရ် နမာဇ် နှင့် အဆ်ရ် နမာဇ် ၊ မွတ်ဇ်ဒလေဖဟ် ကွင်းပြင်တွင် မဂ်ရိဘ် နမာဇ် နှင့် အေရှာအ် နမာဇ် ကိုပေါင်း၍ ဝတ်ပြုခြင်း ကို ပိုင်သည်ဟု ဆိုထားကြပါ တယ်။ မိုဟမ္မဒ် ဘင်န် အီဒရေးစ် ရှာဖေအီ သည် အဲဟ်လေ့စွန္နသ် ၏အေမာမ် လေးပါး နောက်လိုက် ဖေကဟ် ပညာရှင်များကို ဆန့်ကျင်ပြီး ဟဂျ်ကာလတွင် နမာဇ် နှစ်ခု ပေါင်း၍ ဝတ်ပြုရခြင်း ကို ဟဂျ်နှင့် အိုမရဟ် ကြောင့် မဟုတ်ပဲ ခရီးကြောင့် ဟု ဆိုထားပါ တယ်။
ရှီအဟ် နှင့် စွန်နီ အမြင်များ ကွာခြားရခြင်း ၏ အကြောင်းရင်း
ရှီအဟ် နှင့် စွန်နီ အမြင်များ ကွာခြားရခြင်း ၏ အကြောင်းရင်း သည် နေ့စဥ် ဝတ်ပြုရသည့် နမာဇ် ငါး ကြိမ်၏ အချိန်များကြောင့် ဖြစ်ပါ တယ်။ ရှီအဟ် ပညာရှင်များသည် «أَقِمِ الصَّلَاةَ لِدُلُوكِ الشَّمْسِ إِلَىٰ غَسَقِ اللَّيْلِ وَقُرْآنَ الْفَجْرِ ۖ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا » (စကားပြေ အဓိပ္ပာယ်- အိုတမန်တော်မြတ် (ဆွ) နေမွန်းလွဲ ချိန်မှ ညအမှောင်အထိ နမာဇ် ဝတ်ပြုပါလေ။ ပြီးနောက် အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ရွတ်မှု (နမာဇ် ဖဂျ်ရ် ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ) လာရောက်ချိန်ပင်ဖြစ် တယ်။) အာယသ်တော် ကို အခြေခံပြီး ဇဟိုရ် ၊ အဆ်ရ် ၊ မဂ်ရိဘ် ၊ အေရှာအ် နမာဇ်များ ၏ ဘုံအချိန် ၊မြင့်မြတ်သည် အချိန် နှင့် အထူး အချိန် တို့ဖြစ်ကြောင်းဆိုထား ပါ တယ်။ သို့သော် စွန်နီအာလင်မ်များ သည် အထူး အချိန် ကိုသာ လက်ခံ ကြပါတဘ်။ နေ့စဥ် ဝတ်ပြုရသည့် နမာဇ် ငါး ကြိမ်၏ အချိန် ဘုံအချိန် ဖြစ် နေကြောင်း လက်မခံ ကြချေ။ နမာဇ် နှစ်ခုကို စုပေါင်း ဝတ်ပြုခြင်းသည် နမာဇ် တစ်ခု အား သူအချိန်တွင်သူ ဝတ်ပြုခြင်း မဟုတ်ပဲ အခြား အချိန် တွင်ဝတ်ပြုခြင်းဖြစ်သည်ဟု ယုံကြည်ထားကြပါသည်။ သို့သော် ရှီအဟ် ဖေကဟ် ပညာရှင်များ ၏ အမြင် တွင် နမာဇ် အား ၎င်း ၏ အထူး အချိန် တွင် အခြား နမာဇ်ကို ဝတ်ပြု ပိုင်ခွင့်မရှိဘဲ ဘုံ အချိန် ၊မြင့်မြတ်သည် အချိန် တွင် အခြား နမာဇ်ကို ဝတ်ပြုခွင့်ရှိကြောင်းဆိုထားပါ တယ်။ အချို့ စွန်နီ သဖ်စီးရ်ပညာရှင် များ အနေဖြင့်လည်း အချိန် သုံးချိန် ( မို’သောက်ချိန် ၊နေ့လည် နှင့် ည) အား နေ့စဥ် ဝတ်ပြုရသည့် ဝါဂျစ်ဘ် နမာဇ် ငါး ကြိမ် အတွက် ဖြစ်ကြောင်း လက်ခံထားကြပါ တယ်။
နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း အကြောင်းရေးသားထားသည့် စာအုပ်များ
နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း နှင့်ပတ်သက်၍ အဘရဘီ ဘာသာ၊ပါရှန်း (ဖွာရစီ) ဘာသာ ဖြင့် စာအုပ်များ ရေးသား သီးကုံးထားပါသည်။ ပမာအားဖြင့် မရ်ဂျာယေ သက္က်လီးဒ်တော်များ မှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဖ်မာ ဂျအ်ဖရ် စိုဘဟာနီ အရဘီ ဘာသာစကားဖြင့် ရေးသား သီးကုံး ထားသည့် (جمع بین الصلاتین علی ضوء الکتاب و السنة) ဖြစ်ပြီး မိုအ်စေစေဟေအေမာမ် ဆွာဒစ်က် (အ.စ) မှ အီရန်သက္ကရာဇ် ၁၃၈၈ ခုနှစ်တွင် ထုတ်ဝေခဲ့ပါ တယ်။ ဤစာအုပ် အတွင် နမာဇ်နှစ်ခုအားပေါင်း၍ ဝတ်ပြုခြင်း ပိုင်ကြောင်း ကို အာယသ်တော်များ ရီဝါတော်များ ကို ကိုးကားပြီးတင်ပြထားပါ တယ်။ အဗ်ဒိုလ်လသီးဖ် ဘဂ္ဂဒတ်ဒီ မှ အရဘီ ဘာသာဖြင့် ရေးသားထားသည့် (الجمع بین الصلاتین) ၊ မွတ်က်ဘလ် ဝါဒီအီ မှ အရဘီ ဘာသာဖြင့် ရေးသားထားသည့် ( الجمع بین الصلاتین فی السفر) ၊ ဆယက်ဒ် မိုဟမ္မဒ်ရေဇာ မိုဒရေစီ မှ ပါရှန်း ဘာသာဖြင့် ရေးသားထားသည့် ( جمع بین صلاتین و حدود آن) ၊ နဂျ်မွန်ဒ် ဒီးန် အက္စ်ကရီ မှ အရဘီ ဘာသာဖြင့် ရေးသားထားသည့် (الجمع بین الصلاتین)တို့ဖြစ်ပါ
(1) آلوسی، سید محمود، روح المعانی فی تفسیر القرآن العظیم، تحقیق علی عبدالباری عطیه، بیروت، دارالکتب العلمیه، ۱۴۱۵ق.
(2) ابن ادریس حلی، محمد بن منصور، السرائر الحاوی لتحریر الفتاوی، قم، دفتر انتشارات اسلامی وابسته به جامعه مدرسین حوزه علمیه قم، ۱۴۱۰ق.
(3) بخاری، محمد بن اسماعیل، صحيح البخاری، بیروت، دارالفكر للطباعه و النشر و التوزيع، ۱۴۰۱ق.
(4) جزیری، عبدالرحمن بن محمد، الفقه علی المذاهب الاربعه، بیروت، دارالکتب العلمیه، ۱۴۲۴ق/۲۰۰۳م.
(5)سبحانی، جعفر، الانصاف فی مسائل دام فیها الخلاف، قم، مؤسسه امام صادق(ع)، ۱۳۸۱ش.
(6) سبحانی، جعفر، «جمع میان دو نماز از دیدگاه کتاب و سنت»، فصلنامه فقه اهلبیت، ش۴۵، بهار ۱۳۸۵ش.
(7)سبحانی، جعفر، العقیدة الاسلامیة علی ضوء مدرسة اهلالبیت علیهمالسلام، قم، مؤسسة الامام الصادق علیهالسلام، ۱۴۱۹ق.
(8) سرخسی، محمد بن احمد، المبسوط، بیروت، دارالمعرفه، ۱۴۱۴ق/۱۹۹۳م.
شهید اول، محمد بن مکی، ذکری الشیعة فی احکام الشریعة، قم، مؤسسة آل البیت علیهمالسلام، قم، ۱۴۱۹ق.
(9) شیخ انصاری، مرتضی بن محمدامین، کتاب الطهارة، قم، کنگره جهانى بزرگداشت شیخ اعظم انصارى، چاپ اول، ۱۴۱۵ق.
(10) شیخ صدوق، محمد بن علی، علل الشرائع، قم، کتابفروشی داوری، ۱۳۸۵ش/۱۹۶۶م.
(11) كلینی، محمد بن یعقوب، الکافی، قم، دارالکتب الاسلامیه، تصحیح علیاکبر غفاری و محمد آخوندی، ۱۴۰۷ق.
(12) مسلم، مسلم بن حجاج، صحيح مسلم، بیروت، دار احياءالتراث العربی، ۱۳۷۴ق.
(13) موسوی، عبدالرحیم، جمع بین دو نماز، ترجمه حسینعلی عربی، قم، مجمع جهانی اهلبیت، ۱۳۹۳ش.
(14) نووی، محیالدین، المنهاج شرح صحيح مسلم بن الحجاج، بیروت، دار احیاءالتراث العربی، ۱۳۹۲ق.
****************************************************************
END / 251