အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၂ အောက်တိုဘာ ၂၀၂၃

၁၇:၁၃:၃၄
1400506

အိုဂျ်ဗ် ဆိုသည် မှာ အဘယ်နည်း ? လူကြီးမင်းသိပါသလား?

အိုဂျ်ဗ် သည် မကောင်းသည့် အကျင့်စာရိတ္တ များ မှ တစ်ခု ဖြစ်ပါတယ်။ အဓိပ္ပာယ်မှာ မိမိပြုလုပ်သည့် ကောင်းမွန်ကောင်းမြတ်သည့် လုပ်ရပ်များ ကိုကျေနပ်သဘောကျပြီး ကြီးမားသည်ဟု သတ်မှတ်ပြီး အလ္လာဟ် ဟိုအရှင်မြတ်ဘက်မှ ဟု မသတ်မှတ်ဘဲ မိမိ အရည်အချင်းကြောင့်ဟု သတ်မှတ်ခြင်း ကိုခေါ်ဆိုပါ တယ်။ဤအကြောင်း ကို အနည်းငယ် လေ့လာ ကြည့်ပါမယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိုဂျ်ဗ်  သည် မကောင်းသည့် အကျင့်စာရိတ္တ များ မှ တစ်ခု ဖြစ်ပါ တယ်။ အဓိပ္ပာယ်မှာ မိမိပြုလုပ်သည့် ကောင်းမွန်ကောင်းမြတ်သည့် လုပ်ရပ်များ ကိုကျေနပ်သဘောကျပြီး ကြီးမားသည်ဟု သတ်မှတ်ပြီး အလ္လာဟ် ဟိုအရှင်မြတ်ဘက်မှ ဟု မသတ်မှတ်ဘဲ မိမိ အရည်အချင်းကြောင့်ဟု သတ်မှတ်ခြင်း ကိုခေါ်ဆိုပါ တယ်။ စာရိတ္တ ကျင့်ဝတ်ဆိုင်ရာ ပညာရပ်တွင် ခွန်အား၊ အလှ၊ မျိုးရိုး၊ သားသမီးများ ပေါများခြင်း စသည့် အရာများကို အိုဂျ်ဗ် ၏ အကြောင်းခံ တရားများအဖြစ် ဖော်ပြထားပြီး ၎င်း၏ ရလာဒ် မှာ ကောင်းမွန် ကောင်းမြတ်သည့် အလုပ်များပျက်စီးခြင်း ၊ မောက်မာ မာန် မာနဖြစ်ခြင်း နှင့် အသိဥာဏ် ကဖောက်ပြန် ခြင်းတို့ ဖြစ်ပါ တယ်။ စာရိတ္တ ကျင့်ဝတ်ဆိုင်ရာ ပညာရှင်များက အိုဂျ်ဗ် သည် ဂျဟ်လ် (ခ) မောဟ ကြောင့် ဖြစ်ပေါ်လာ သည်ဟု ယုံကြည်ကြပြီး ၎င်းကို သတိနှင့် အသိပညာဖြင့် ကုသနိုင်သည်ဟု ယုံကြည်ကြ တယ်။ ဤမကောင်းသည့် ကျင့်ဝတ်ဒုစရိုက်ကို အကြောင်းတရားနှင့် အရင်းခံများ ဖြင့် ကုသသင့် သည် ဟူသော အချက်ကိုလည်း အခြေခံထားပါ တယ်။

အိုဂျ်ဗ်  ဆိုလိုချက် အဓိပ္ပာယ် ကိုလေ့လာ ကြည့်ပါမည်။

အိုဂျ်ဗ် ဆိုသည် အဓိပ္ပာယ်မှာ မိမိပြုလုပ်သည့် ကောင်းမွန်ကောင်းမြတ်သည့် လုပ်ရပ်များ ကိုကျေနပ် သဘောကျပြီး ကြီးမားသည်ဟု သတ်မှတ်ပြီး အလ္လာဟ် ဟိုအရှင်မြတ်ဘက်မှ ဟု မသတ်မှတ်ဘဲ မိမိ အရည် အချင်းကြောင့်ဟု သတ်မှတ်ခြင်းကိုခေါ်ဆိုပါတယ်။ သို့သော် မွတ်လာ အဲဟ်မဒ် နရာကီ အနေဖြင့် အိုဂျ်ဗ် ဆိုသည်မှာ မိမိကိုယ်ကို အထင်ကြီးခြင်းနှင့် ပြီးပြည့်စုံ သည်ဟုထင်မြင်ခြင်းကိုခေါ်ဆိုကြောင်း ဆိုထား ပါတယ်။

မာန်မာန  နှင့် ကြွားဝါ ခြင်း နှင့် ဆက်နွယ်မှု ကိုလေ့လာကြည့်ပါမယ်။

အိုဂျ်ဗ် သည် မာန်မာနနှင့် နီးစပ်သော အဓိပ္ပာယ် ရှိပြီး ကွာြခားချက်မှာ အိုဂျ်ဗ် သည် လူတစ်ဦးသည် မိမိကိုယ်မိမိ အခြားသူများနှင့် မနှိုင်းယှဥ်ဘဲ မာနထောင်လွှားခြင်းဖြင့် မိမိ ကိုယ်မိမိ အခြားသူများ ထက် သာလွန်သည်ဟု ယူဆခြင်းဖြစ်ပါတယ်။

အိုဂျ်ဗ် နှင့် ကြွားဝါ ခြင်းအကြား ခြားနားချက်မှာ အိုဂျ်ဗ် တွင် လူသား အနေဖြင့် အချို့ လုပ်ရပ်များ နှင့် အေဗါဒသ်များကို လုပ်ဆောင် ပြီး အလ္လာဟ် ဟိုအရှင်မြတ် အပေါ်  ဂုဏ်ဖော်ြခင်း မိမိပြုလုပ်ထားသည့် လုပ်ရပ်အား ကြီးမြတ်သည်ဟု မှတ်ယူခြင်းဖြစ်ပါတယ်။ သို့သော် အစ်ဒ်လာလ် (ခ) ကြွားဝါ  ခြင်းတွင် ဖော်ပြပါ အချက်များ အပြင် လူသားအနေဖြင့် ည်သည့်အရာကိုမျှ မကြောက်ရွံ့ဘဲ ထိုအခွင့်အရေးကို ထိုက်တန် သည်ဟု ယူဆခြင်း ဖြစ်ပါတယ်။

အကြောင်းခံများကိုလေ့လာ ကြည့်ပါမည်။

စာရိတ္တ ကျင့်ဝတ်ဆိုင်ရာ ပညာရှင်များက အံ့ဩစရာ အကြောင်းအရင်းများနှင့် လှုံ့ဆော်မှုများကို အမျိုးမျိုး ဖော်ပြထား ကြပါ သည်။ ဖိုက်ဇ်ကာရှာနီ အနေဖြင့် အလ်မိုဟဂျသိုလ်ဘိုင်ဇာအ် အမည်ရှိစာအုပ် တွင် ချောမော မှု နှင့် အလှ တရား ၊ ခွန်အားနှင့် စွမ်းရည်၊ ထက်မြက်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး၊ မျိုးရိုးနှင့် မိသားစု၊အာဏာရှိသူများ နှင့် တန်ခိုးကြီးသူများ၊ သားသမီးများ ကြွယ်ဝမှု၊ စည်းစိမ်နှင့် တွေးခေါ်မှုတို့သည် အိုဂျ်ဗ်  အတွက်  အကြောင်း ရင်းခံ များ ဖြစ်ကြောင်း ဆိုထားပါတယ်။ ၎င်းတို့သည် ထိုနည်း တူစွာ အာယသ်တော်များ ဖြစ်ကြသည့်  «وَ یوْمَ حُنَین اذْ اعْجَبَتْکمْ کثْرتُکمْ» (6) အာယသ်တော် ၇ စူရဟ် ဟရှ်ရ် နှင့်  အာယသ်တော် ၁၀၀ စူရဟ် ကဟ်ဖ် အား အိုဂျ်ဗ် နှင့် ဆက်စပ်နေ ကြောင်း ဆိုထားပါတယ်။ နရာကီ အနေဖြင့်လည်း  အေဗါဒသ် (ခဝပ်ကိုးကွယ်မှု ) တွင် အိုဂျ်ဗ် ဆိုသည်မှာ  တစ်ခု နှင့် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်ပြီး၊ အေဗါဒသ် (ခ) ခဝပ် ကိုးကွယ် ခြင်း ဆိုသည် မှာ အလ္လာဟ်ဟို အရှင်မြတ်  ၏ ရှေ့တော် တွင် အရှက်ရခြင်း နှင့် ကျိုးနွံ ခြင်း ဖြစ်ပြီး အိုဂျ်ဗ် သည် ဤသို့မဟုတ်ခြင်းကိုခေါ်ဆိုပါတယ်။

အကျိုးဆက်များ ကိုလေ့လာ ကြည့် ပါမည်။

ရီဝါယသ်တော်များ၊ဟဒီးစ်တော် များတွင် အိုဂျ်ဗ် နှင့်ပတ်သက်သည့် အကျိုးဆက်များ ကိုဖော်ပြထား ပါတယ်။

(၁)ကောင်းသောအကျင့်ကို ဖျက်ဆီးခြင်း - တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ထံ မှ ဆင့်ပြန်လာရှိသည်မှာ အိုဂျ်ဗ်သည် မနုဿ လူသား၏ နှစ်ပေါင်း ၇၀  ကောင်းမှု ကုသိုလ်များကို ဖျက်စီးဖြစ်ကြောင်းဖြစ်ပါတယ်။ ထိုနည်းတူစွာ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဟဒီးစ် တော် အရ လူနှစ်ယောက် တစ်ယောက် မှာ ဖာစစ်က်(အလ္လာဟ်အမိန့်တော်များအားလုံး ကို မလိုက်နာသူ၊အာယသ်တော်များ ကိုငြင်းဆိုသူ စသည်ဖြင့် )  ဖြစ်ပြီး နောက်တစ်‌ယောက် မှာ အာဗစ်ဒ် ( ခဝပ်ကိုးကွယ်ဝတ်ပြုသူ)   တို့သည် ဗလီထဲသို့ ဝင်ရောက်ခဲ့ကြပြီး ဗလီ ဝတ်ကျောင်းတော် မှ ပြန် ထွက်လာသည့် အခါ ဖာစစ်က်သည် အာဗစ်ဒ် ဖြစ်သွားပြီး အာဗစ်ဒ် သည် ဖာ စစ်က် ဖြစ်သွားလေ၏။ အကြောင်းမှာ အာဗစ်ဒ်သည် ဗလီဝတ်ကျောင်းတော် တွင်အိုဂျ်ဗ် ဖြစ်သွားပြီး မိမိခဝတ်ကိုးကွယ်မှု အား အထင်ကြီး ဂုဏ်ယူ ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။ သို့သော် ဖာစစ်က်သည် သောင်ဗဟ်ပြုရန်သောက ရှိခဲ့ပြီး အစ်သေဂ်ဖါရ် (ဝန်ချတောင်းပန်) ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

(၂)မာန်မာန - အိုဂျ်ဗ် အား မာန်မာန ၏ အရင်းအမြစ် အဖြစ် ယူဆကြပါတယ်။

(၃)အပြစ်များ(ဂိုနဟ်များ) ကို မေ့လျော့ ခြင်းသို့မဟုတ် လျှော့ ထွက်ခြင်း

(၄)လုပ်ရပ်များကို ကြီးမားကြောင်းသတ်မှတ်ခြင်း၊ အေဗါဒသ် (ခဝတ်ကိုးကွယ်ခြင်း) တွင်အလ္လာဟ် အပေါ် ဂုဏ်ဖော်  ပြခြင်း

ရီဝါယသ်တော်များတွင် ဦး‌နှောက် အသိဥာဏ် ဖျက်စီးသွားခြင်း ပျက်စီးခြင်း အထီးကျန်ခြင်း တို့သည်  အိုဂျ်ဗ် ၏ အကျိုးဆက်များ ဖြစ်ပါသသည်။ထိုနည်းတူစွာ အိုဂျ်ဗ် အား  ဗဟုသု တတိုးပွါး ခြင်းနှင့် ပြီးပြည့်စုံခြင်း သို့ ရောက်ရန် အတားအဆီးတစ်ခုအဖြစ် မိတ်ဆက် ပေးထား ပါ တယ်။  

နဲဟ်ဂျိုဗလာဂါဟ်ကျမ်းလာ  ရီဝါယသ်တော်အရ လူတစ်ဦးကို စိတ်ဆိုးစေသည့် သို့မဟုတ် တောင်းပန် စေသည့်  အပြစ်သည် ၎င်းကို အိုဂျ်ဗ် ဖြစ်စေသည့် ကောင်းမှုကိုသိုလ်များ ထက် သာလွန်ပါသည်။ (19)

ကုသမှုကိုလည်း‌လေ့လာ ကြပါမည်။

ဖိုက်ဇ်ကာရှာနီ သည် အိုဂျ်ဗ်  အား ရောဂါတစ်ခု အဖြစ် သတ်မှတ်ပြီး ၎င်းဤရင်းခံမှာ ဂျဟ်လ် (ခ)မောဟ နှင့်  မသိနားမလည်ခြင်း ဖြစ်ကြောင်းဆိုထားပါသည်။ ပြီးနောက် ရောဂါတိုင်းကို ၎င်း၏ အဆိပ်ဖြေဆေးဖြင့် ကုသနိုင်သည်ဟု သူယုံကြည်သောကြောင့် အိုဂျ်ဗ် ကိုလည်းဘဲ သတိနှင့် အသိပညာဖြင့် ကုသနိုင်သည်ဟု သူယုံကြည်ပါတယ်။

ဖိုက်ဇ်ကာရှာနီ နှင့် အခြားသော စာရိတ္တ ကျင့်ဝတ်ဆိုင်ရာ ပညာရှင်အချို့က အဆိုပါ အိုဂျ်ဗ် ကို ကုသရန် အတွက် ၎င်း၏ အကြောင်းတရားများနှင့် အရင်းအမြစ်များကို အာရုံစိုက်ထားရမည်ဟု ထင်မြင် ယူဆကြပါ တယ်။

အကယ်၍ အိုဂျ်ဗ်  ဖြစ်ရသည့် အကြောင်းမှာ အလှတရား၊ ခွန်အားနှင့် သားသမီး များ ကြွယ်ဝခြင်းကဲ့သို့သော် အလ္လာဟ်ဟို အရှင်မြတ်၏  ၏ နေအ်မသ်တော်များ (ခ) ကောင်းချီး များထဲမှ တစ်ခုဖြစ် ပါက၊ ထိုသူအား ပေးသနားတော်မူသော အလ္လာဟ် ဟို အရှင်မြတ် သည် မျက်စိတစ်မှိတ် အတွင်း ထိုကောင်းချီး များ ကို ၎င်းထံ မှ ဖယ်ထုတ်နိုင်သည်ဟူသော အချက်ကို အာရုံ စိုက်သင့် တယ်။

ထို့အပြင်၊ သမိုင်း တစ်လျှောက်တွင် ဤကောင်းချီးများ ကို ရရှိထားပြီး နည်းမှန်လမ်းမှန်ဖြင့် အသုံးမပြု ထံမှ သံဝေဂ တရားသင်ခန်းစာ များ ရယူရမည် ဖြစ်ပါသည်။ တန်ခိုးနှင့် စွမ်းရည်ကြောင့် ဖြစ်ပေါ်လာသော အိုဂျ်ဗ် ကုသမှု၏ နမူနာတစ်ခုအနေဖြင့်၊ ၎င်းသည် အလ္လာဟ် ဟို အရှင်မြတ် ၏ တန်ခိုးတော်၏ ကြီးမြတ်မှုကို အာရုံစိုက်ပြီး အရှင်မြတ် ၏ ဖန်ဆင်းခဲ့ရာမှ လူသားများ၏ ဖန်ဆင်းခြင်းအဆင့်များကိုပါ အာရုံစိုက် နေပါသည်။ ထို့အပြင် အကယ်၍ အိုဂျ်ဗ်  အတွေးအမြင်များကြောင့် ဖြစ်ပေါ်လာပါက ဤအတွေးအမြင် အား ကျမ်းတော်မြတ် ကုရ်အာန် သို့မဟုတ် ဟဒီးစ်တော်များ၏ တိကျသေချာသော သက်သေအထောက် အထား ဖြင့် စိစစ်ခြင်း ထိုအပြင် မွတ်ဂျ်သဟစ်ဒ် များ ထံ တင်ပြခြင်း ဖြင့် အစဥ်အမြဲတားဆီးရမည် ဖြစ်ပါတယ်။

အေမာမ် ဘာကဲရ် (အ.စ) မှ ဂျာဘေရ် ဘင်န် ယဇီးဒ် ဂျအ်ဖီ ကို မှာကြားတော်မူခဲ့သည့် သေတမ်းစာ အရ  စိတ်အလိုဆန္ဒ ကို သိရှိနားလည် ခြင်းဖြင့် အိုဂျ်ဗ် ၏လမ်းကို ပိတ် နိုင်ကြောင်း ဖြစ်ပါတယ်။

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.      Ibn Shuba Harrani, Hasan bin Ali, Tohf al-Aqool, revised by: Ali Akbar Ghafari, Qom, Jamia Madrasin, 1363 AH.

2.       Ibn Qudama Moghdisi, a summary of Minhaj al-Qasadin, published by Shoaib and Abdul Qadir Arnout, Damascus 1398 AH/1978 AD.

3.      Payandeh, Abolqasem, Nahj al-Fasaha, Tehran, Danesh, 2002.

4.      Tamimi Amadi, Abdul Wahid bin Muhammad, Gharral al-Hakm and Darr al-Kalam, corrected by: Mahdi Rajaee, Qom, Dar al-Kitab al-Islami, 1410 AH.

5.      Ray Shahri, Mohammad, Mizan al-Hikma, 2005.

6.      wikishia.net.

7.      Faiz Kashani, Muhammad Bin Mortaza, Al-Mahja Al-Bayda fi Tahdhib al-Ahya, Edited by: Ali Akbar Ghafari, Qom, Al-Nashar al-Islami Foundation, Bita. Kilini, Muhammad bin Yaqub, Al-Kafi, revised by: Ali Akbar Ghafari and Muhammad Akhundi, Tehran, Darul Kitab al-Islamiya, 1407 AH.

8.       Majlisi, Mohammad Baqir, Bihar al-Anwar, Beirut, Darahiya al-Trath al-Arabi, 1403 AH.

9.      Naraghi, Ahmed, Meraj al-Saadat, Qom, Hijrat Publications, 1378.

10.  Naraghi, Mohammad Mahdi, Jame al-Saadat, Qom, Iranian Press Institute, 1963 AD/1383 AH.

11.  Nahj al-Balagheh, correction: Sobhi Saleh, Qom, Hijra, 1414 AH.

 

****************************************************************

END / 251