အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၂ အောက်တိုဘာ ၂၀၂၃

၁၇:၃၃:၄၆
1400512

အဲဟ်လေ့ဘိုက်(သ)(အ.စ) အကြောင်း အကျည်းလေ့လာ ကြပါစို့ (၁)

ဤအပိုင်းတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဆင့်နေရာ နှင့် အရေးပါမှု ၊ဆိုလိုချက်ကို သိနားလည်ခြင်း၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) များမှာ ၊ ကေစာ အောက်တွင်ပါဝင်သည့် ပုဂ္ဂိုလ်မွန် များ ၊ ပြစ်မဲ့ ဆယ့်လေးပါး ၊ တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ ၊ စစ်မှန်သည့် မိုအ်မင်များ ဆိုသည့် ခေါင်းစဥ်လေး များဖြင့်တင်ပြပါမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုသည်မှာ မဟာတမန်  တော်မြတ် (ဆွ) ၏ အနွယ်တော်မွန် များ ကိုခေါ်ဆိုပါ တယ်။ ရှီအဟ်စာပေနှင့် ကျမ်းများတွင် ပြစ်မဲ့ မအ်စူမ်  (၁၄)ပါးကို  ခေါ်ဆိုပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ)အတွက် အခြားဆိုလို ချက်များရှိပါသေးတယ် ။ပမာအားဖြင့် ကေစာ အောက်တွင်ပါဝင် သူပုဂ္ဂိုလ်မွန်  ၅ပါး (ပန်းဂျ်သန်ပါက်) နှင့်တမန်တော်မြတ် ုဟမ္မဒ် (ဆွ) ၏ ကြင်ယာတော်များ ဖြစ် တယ်။

ရှီအဟ်ရင်းမြစ်များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် ကြီးကျယ် မြင့်မြတ်မှု ၊ ဝိသေသများ နှင့် ၎င်းတို့နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ ကို ဖော်ပြထားပါတယ်။ ထိုကြောင့် ရှီအဟ် သက်ဝင် ယုံကြည်ချက် အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် အစ်ဆ်မသ် (မှားယွင်းမှုမရှိ ခြင်း၊ပြစ်မဲ့ဖြစ်ခြင်း ) ၏ နေရာ ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါသည်။ ပြီးနောက် တမန်တော်မြတ် (ဆွ) ၏ သာဝကတော်များ အားလုံး ထက် ထိုပြင် အလ္လာဟ်ဟိုအရှင်မြတ် ၏ အဖန်ဆင်းခံများ အားလုံး ထက် သာလွန် မြင့်မြတ်သူများ ဖြစ်ပါသည်။ အစ္စလာမ့် လူ့ အဖွဲ့အစည်း ၏ အုပ်ထိန်းမှု (ဝေလာယသ်) နှင့် ခေါင်းဆောင် မှု တာဝန် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့ ၏ ဖြစ်ပါတယ်။ မွတ်စလင်မ်များ အနေဖြင့် မလွဲမသွေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘာသာရေးသွန်သင်ချက်အားလုံး တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်သို့ ဦးလှည့်ရမည် ဖြစ်ပြီး ၎င်းတို့၏ နောက်လိုက်ဖြစ် ရမည် ဖြစ်ပါတယ်။

ထိုပြင် ရှီအဟ် ရင်းမြစ်များ အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် မိုဝဒသ် (အချစ်မေတ္တာ ) ထား ရန် မွတ်စလင်မ်တိုင်း အတွက် ဝါဂျစ်ဗ် ဖြစ်ပါတယ်။ ရီဝါယသ်တော်များ အရ အစ္စလာမ်၏ အခြေခံအုတ်မြစ် အဖြစ် မိတ်ဆက် ပေးထား ပါတယ်။ သသွဟီးရ် အာယသ်တော် ၊ မိုဝဒသ် အာယသ်တော်  နှင့် ဟဒီးစ်စေ စကလိုင်း ၊လုံခြုံမှုပေးသည့် သင်္ဘော  စသည်ဖြင့် အာယသ်တော်များ ကျော်ကြားသသည့် ဟဒီးစ်တော်များ တွင် အဲဟ်လေ့ ဘိုက်(သ) (အ.စ) ကြီးကျယ်မြင့်မြတ်သည့် အခန်း ဆိုပြီး ပါဝင်ပါတယ်။

အဲဟ်လေ့စွန္နသ် (စွန်နီ) များ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုသည် ခေါ်ဆိုချက်နှင့် ပတ်သက်ပြီး ရှီအဟ်များ နှင့် သဘောထား ကွဲလွဲမှု ရှိပါတယ်။ ၎င်းတို့ထဲမှ အများစုသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဆိုလိုချက်တွင်  ကေစာ တွင်ပါဝင်သူ ၅ ပါး ကို ထည့်သွင်း ထားကြပြီး ၎င်းတို့ ၏ ကြီးကျယ် မြင့်မြတ်မှု နှင့် စပ်လျဥ်းပြီး တင်ပြထားပါတယ်။ ပမာအားဖြင့် ၎င်းတို့အပေါ် အချစ်မေတ္တာ ထား ခြင်း ၎င်းတို့ အပေါ်  အမုန်း ထားရန်ငြိုးထားသည် ဟရာမ် ဖြစ်ကြောင်း ကေစာ တွင်ပါဝင်သူ ၅ ပါး ၏ ကြီးကျယ် မြင့်မြတ်မှု  ပညာနှင့် ပတ်သက်လာလျှင် ၎င်းတို့ဘက်  ဦးလှည့် ရကြောင်း ၎င်းတို့ ၏ အစ်ဆွမသ်(မှားယွင်းမှုမရှိ ခြင်း) တို့ ဖြစ်ပါတယ်။ မွတ်စလင်များ အနေဖြင့် ပါရှန်း၊ အရဗီနှင့် အူရဒူကဲ့သို့သော ဘာသာစကားအမျိုးမျိုးဖြင့် အဲဟ်လေ့ ဘိုက်(သ) (အ.စ) အကြောင်း စာအုပ်များစွာကို ရေးသားခဲ့ကြပါတယ် ။ ပမာအားဖြင့်  ဘာကဲရ် ရှရီးဖ် ကရ်ရှီ ရေးသား ထားသည့်  အရဘီ ဘာသာဖြင့် مَوسوعة‌ُ سیرةِ اَهلِ البیت علیهم السلام အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ အတ္ထုပ္ပတ္တိ စွယ်စုံ ကျမ်း အတွဲ လေးဆယ် ၊ ဆယက်ဒ် အလီ အာရှု ရေးသားထားသည့် အရဘီ ဘာသာဖြင့် مَوسوعة‌ُ اَهلِ البیت علیهم الاسلام အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ အတ္ထုပ္ပတ္တိ စွယ်စုံ ကျမ်း အတွဲ နှစ်ဆယ် ၊ ဂျအ်ဖရ် စိုဘဟာနီ ရေးသားထားသည့် အရဘီ ဘာသာဖြင့်  اَهلُ البیت علیهم السلام سِماتُهُم و حُقُوقُهم فی القرآنِ الکریم ဆိုပြီး ဖြစ်ပါတယ်။ ထိုနည်းတူစွာ အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်ပြီး ကဗျာများနှင့် အနု ပညာလက်ရာများ စွာကိုလည်း ဖန်တီးထား ပါသည်။ ပညာရပ်နှင့် ဘာသာရေးဆိုင်ရာ စင်တာ များကို လည်း အဟ်လေ့ဘိုက်(သ) (အ.စ) အမည် ပေးထားပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏  အဆင့်နေရာ နှင့် အရေးပါမှု

 

ယနေ့ထိတိုင် မွတ်စ်လင်မ်အားလုံးသည် နာစေဘီ (အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုအမုန်းထား သူများ) အနည်းစုမှလွဲ၍ တမန်တော်မြတ် မိုဟမ္မဒ် ၏ (ဆွ) ၏ အဲဟ်လေ့ ဘိုက်(သ) (အ.စ)  ကို စိတ်အား ထက်သန်ပြီး  ချစ်ခင်မြတ်နိုးကြပါတယ်။ အဲဟ်လေ့ ဘိုက်(သ) (အ.စ)  သည် မြင့်မားသည့် နေရာကို ပိုင်ဆိုင်ထားသူများ နှင့် ၎င်းတို့ ၏ ပညာ နှင့် လုပ်ရပ်ကို လက်ခံထားကြပါသည်။ သို့သော် အစ္စလာမ့်ဂိုဏ်းများကြားတွင် ရှီအဟ် ဂိုဏ်းသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ နောက်လိုက်များအဖြစ် လူသိများ ပြီး ကျော်ကြားပါတယ်။ မတ်က်သဗ် ဘေသရိုင်းယိုဟ် (ခ) ရှီအဟ်ကျောင်းတော်  အား အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် သက်ဝင် ယုံကြည် ကြပြီး နောက်လိုက်သည့် အတွက်  မတ်က်သဗ်ဘေ  (ခ) အဲဟ်လေ့ဘိုက်(သ) (အ.စ)  ကျောင်း တော်  ဟုခေါ်ဆို ပါ တယ်။ ထိုနည်းတူစွာ  မတ်က်သဗ်ဘေ ဖေက်ဟီ ရှီအီ ကို မတ်က်သဗ် ဘေဖေက်အီ အဲဟ်လေ့ ဘိုက်(သ) (အ.စ)  ဟုလည်းခေါ်ဆိုပါတယ်။

တမန်တော်မြတ်(ဆွ) ၏ စွန္နသ် (လုပ်ရပ်၊ပြောရပ်နှင့် နှုတ်ဆိတ်ပေးမှု)အား စံ နှင့် သက်တမ်းရှိမှု အဖြစ် ရှီအဟ် နှင့် စွန်နီ သဘောတူလက်ခံထားကြပါသည်။ ရှီအဟ်နှင့် စွန်နီ အနေဖြင့်  စွန္နသ်သေနဘဝီ  အား ရှရီအီဆိုင်ရာ စီရင်ထုံး များ ချမှတ် သည် အရင်းအမြစ်များ မှ တစ်ခု အဖြစ် လက်ခံ ကြပါသည်။ သို့သော် ရှီအဟ်များ အနေဖြင့် စွန်နီ များ နှင့် မတူဘဲ အာယသ်တော်များ နှင့် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဟဒီးစ် တော်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     ကို အခြေခံ ၍ စွန္နသ် သေအဲဟ်လေ့ဘိုက်(သ) (အ.စ) ( အေမာမ်၁၂ပါး (အ.စ)  နှင့် ဟဇရသ် ဇဲဟ်ရာ (စ.အ)) ကိုလည်းဘဲ စံ အဖြစ် နှင့် ရှရီအီ ဥပဒေများ  အတွက် အရင်း အမြစ် နှင့် သက်သေ အထောက် အထားများ အဖြစ် လက်ခံ ထားကြပါတယ်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကျောင်းတွင်တင်ပြထားသော အစ္စလာမ်ဘာသာ သည် စစ်မှန်ပြီး ၊ ပြီးပြည့်စုံ သည် ဟု ရှီအဟ်များက သက်ဝင် ယုံကြည်ကြပါတယ်။

 

ရှီအဟ် နှင့် စွန်နီ ရီဝါယသ်တော်များ ရင်းမြစ်များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ် မြင့်မြတ် မှု ၊ ဝိသေသများ နှင့် အဲဟ်လေ့ဘိုက်(သ)(အ.စ) ၎င်းတို့နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများ အခန်း ကဏ္ဍ များ ကို ဆင့်ပြန်ဖော်ြပထားပါသည်။(6) တမန်တော် မြတ်ကြီး(ဆွ)သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ကာကွယ်စောင့်ရှောက်ရန်နှင့် လေးစားရန် အကြိမ်ကြိမ် အမိန့်ပေးတော်မူ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြောင်း  ပါရှန်း(ဖွာရစီ) ၊ အရဗီ၊ အူရဒူ စသည့် ဘာသာ စကားအမျိုးမျိုး ဖြင့် မွတ်စလင်များမှ ရှီအဟ် ဖြစ်စေ သို့မဟုတ် စွန်နီဖြစ်စေ မှ  စာအုပ်များ နှင့် ဆောင်းပါး များစွာကို ရေးသား ထားပါတယ်။

အထူးသဖြင့် ရှီအဟ် မွတ်စလင်များသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ၎င်းတို့၏ ဝမ်းနည်းခြင်း နေ့ရက်များအတွင်း ဝမ်းနည်း ပူဆွေးခြင်း နှင့် ပျော်ရွှင်ဖွယ် နေ့ရက် များ အတွင်း ပျော်ရွှင်ခြင်းစသည့် နည်းလမ်း အမျိုးမျိုးဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အမြဲတစေ စိတ်ဝင်တစား ပြသခဲ့ကြပါတယ်။ ကဗျာများ  နှင့် လက်ရေး လှရေးခြင်း ကဲ့သို့သော အနုပညာမြောက်မြားစွာကို အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြောင်း လည်း ဖန်တီးထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ပတ်သက်သော ကျော်ကြားသော ကဗျာများထဲတွင် ဖေဒူစီ ၏ကဗျာ ( ကျွန်ုပ် သည် တမန်တော်မြတ်(ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကျေးကျွန် တစ်ဦး ဖြစ်ပါသည်။ ဝစီ ၏ ခြေတော်ရင်း ချီးမွမ်းသူ မြေမှုန့်) ဖြစ်ပါတယ်။  ပြီးနောက် စအ်ဒီ  အနေဖြင့် ( စအ်ဒီ အကယ်၍ ချစ်သူ လုပ်မည် ငယ်ရွယ်မှု ဘဝကို တည်ဆောက်မည်ဆိုလျှင် မိုဟမ္မဒ် (ဆွ) နှင့် ၎င်း ၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အချစ်မေတ္တာ သည် လုံလောက်ပေတယ်။ ) စွန်နီ ဖေကဟ်ပညာ ရှင်များ မှ တစ်ပါး ဖြစ်သည့် (စွန်နီအေမာမ် ကြီး လေးပါး မှ တစ်ပါး ဖြစ် သည့် ရှာဖေအီ ၏ကဗျာ မှာ ( یا أهلَ بیتِ رسولِ الله حُبُّکُم فَرضٌ مِنَ اللّه ِ فِی القُرآنِ أنزَلَهُ ) အဓိပ္ပာယ် မှာ အို အလ္လာဟ့် တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏ အဲဟ်လေ့ဘိုက် (သ) (အ.စ) အပေါင်းတို့ ၊ အသင်တို့အား ချစ်ခြင်းမေတ္တာ ထားခြင်းသည် အလ္လာဟ် ဘက်တော် မှ ဝါဂျစ်ဗ် အဖြစ် မိန့်တော်မူ ထားပြီး ကျမ်းတော်မြတ်ကုရ်အာန်တွင် ဖော်ပြထားပါတယ်။

 

အထူးသဖြင့် ရှီအဟ် မွတ်စလင်များသည် မိမိ တို့၏ကလေးများကို နာမည်ပေးရာတွင် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အမည် ပေးခြင်း ကို အထူးအာရုံစိုက်ခဲ့ကြပါ တယ်။ ထို့အပြင် မွတ်စလင်များ မှလည်း အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အမည် များ ဖြင့် စင်တာ များစွာ ကို အမည်ပေး တည်ထောင်ထားပါသည်။  တက္ကသိုလ်များ ပမာအား ဖြင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) တက္ကသိုလ် ၊ တီဟီရန် ဂျော်ဒန် နိုင်ငံ ရှိ အဲဟ်လေ့ဘိုက် (သ) (အ.စ)  တက္ကသိုလ် ဖြစ်ပါတယ်။ ထိုနည်းတူစွာ အဖွဲ့ အစည်း မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မြောက်များစွာ သော ဗလီ ဝတ်ကျောင်း များ ကိုလည်း အဲဟ်လေ့ ဘိုက် (သ) (အ.စ) အမည် များ ပေးထားပါ တယ်။ အဲဟ်လေ့ဘိုက် (သ) (အ.စ) ကို အလံများ ဘာသာရေး ကမ္ပည်းစာ များ တွင်လည်း အသုံးပြု ကြ ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဆိုလိုချက်ကို သိနားလည်ခြင်း

အလီရဗ်ဗါနီ ဂိုလ်ဗိုင်ဂန်နီ ၏ အဆိုအရ ရှီအဟ် ရင်းမြစ်များတွင် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ဆိုလိုသည့် အဓိပ္ပါယ်ကို အရိပ်အမြွက် မပါဘဲ အသုံး ပြုထားပါတယ်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဆွေမျိုး သားချင်းများ မှ အုပ်စု တစ်စု ဖြစ်ပါသည်။ အထူး အဆင့်နေရာ နှင့် ဂုဏ်သိက္ခာ ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါသည်။ ၎င်းတို့ ၏ အပြောအဆိုနှင့် အပြုအမူများသည် အမှန် တရား စံနှုန်း  နှင့် အမှန်တရား လမ်းညွှန် ဖြစ် ပါ တယ်။

 

ရာဂစ်ဘ်အစ္စဖဟာနီ အဆိုအရ အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် (သတ်မှတ်ချက်မရှိဘဲ) အကြွင်းမဲ့ ပုံစံဖြင့် တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) မိသားစုဝင် ကို ရည်ညွှန်းပြီး ၎င်းတို့အား ပညာရပ်ဆိုင်ရာ အသုံး အနှုန်း ဖြစ်သည့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ဖြင့် သိရှိကြပါတယ်။  ကျမ်းတော်မြတ်ကုရ်အာန် အကျယ်ဖွင့်ဆို ရှင် နှင့် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပညာရပ်များ ၏ သုတေသီ ဟစန် မွတ်စ်သဖဝီ  နှင့် ဟဒီးစ်ပါရဂူ  အာယာသွလ္လာဟ် မိုဟမ္မဒ် ရိုင်ရှဲဟ်ရီ  တို့၏ အဆိုအရ အဲဟ် ၏ မှန်ကန်ပြီး ပြည့်စုံသော အဓိပ္ပါယ်မှာ လူပုဂ္ဂိုလ် သို့မဟုတ် ပစ္စည်းများ သည် ၎င်း နှင့် အနီးကပ် ပတ်သက်မှု ရှိ နေခြင်း ဖြစ်ပါသည်။ ၎င်းနည်းဖြင့် အဆင့်အတန်း များ ရှိပါသည်။ အားကောင်း နှင့် အားနည်းခြင်း ၊ ဇနီး နှင့် သားသမီးများ ၊ မြေးများ ၊ သားမက် အားလုံးသည် အဲဟ်‌ စာရင်း တွင် ပါဝင်ပါတယ်။ ထိုနည်းတူစွာ တမန်မြတ် (အ.စ) တိုင်း ၏ နောက်လိုက်နောက်သား (အွန်မသ် )  တိုင်းသည် ထိုတမန်တော်များ (အ.စ) ၏ အဲဟ် ဖြစ်ပါသည်။ အိမ် သို့မဟုတ် မြို့ ၌နေထိုင်သူများကိုလည်း အိမ် သို့မဟုတ် မြို့ ၏ အဲဟ် ဟု မှတ်ယူကြပါတယ်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဘိဓာန်  ဆိုင်ရာ အဓိပ္ပာယ် မှာ အိမ်တွင် နေထိုင်သူများဖြစ်ပါတယ်။

သို့သော် ကျမ်းတော်မြတ်ကုရ်အာန် အကျယ်ဖွင့်ဆို ရှင် နှင့် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ပညာရပ်များ ၏ သုတေသီ ဟစန် မွတ်စ်သဖဝီ သည် ဘိုက်(သ) (အိမ်)  ဆိုသည် မှာ အိမ်မဟုတ်ဘဲ မိသားစု ဖြစ်ကြောင်း ဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) များမှာအဲဟ်လေ့ဘိုက်(သ) (အ.စ) များမှာ မည်သူမည်ဝါများ ဆိုသည့် ကိစ္စ  နှင့်ပတ်သက်ပြီး ရှီအဟ် နှင့် စွန်နီ ပညာရှင်များ အကြား ကွဲပြား မှုများ လာရှိပါတယ်။

ကေစာ အောက်တွင်ပါဝင်သည့် ပုဂ္ဂိုလ်မွန် များ

ဖွာဇ်လ် ဘင်န် ဟစန် သွဗရစီ ၏ အဆိုအရ မွတ်စလင်မ်များ  အေဂျ်မာအ် (တညီတညွတ် တည်းလက်ခံ အတည်ပြုထားခြင်း) ဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) များမှာ အာယသ် သသွဟီးရ် လာ တမန်တော်မြတ် (ဆွ) ၏ အိမ်တော်သူ၊ အိမ်တော်သား များ ဖြစ်ပါသည်။ ပြီးနောက် ရှီအဟ် ၊ စွန်နီ နှစ်ဂိုဏ်း စလုံး ၏ ရီဝါယသ်တော်များ အရ ရှီအဟ် အမြင်အရ  အာယသ် သသွဟီးရ် သည် တမန်တော်မြတ် (ဆွ)၊ ဟဇရသ် အလီ (အ.စ) ၊ဟဇရသ် ဖွာတွေမဟ် (စ.အ) ၊ အေမာမ် ဟစန် (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) တို့ ဖြစ်ကြပါ တယ်။ အလာမဟ် သွဗသွဗအီ အနေဖြင့် အာယသ် သသွဟီးရ် နှင့်ပတ်သက်ပြီး ပြောကြား သည် မှာ အဲဟ်လေ့ဘိုက် ( အ.စ) သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ အသုံးအနှုန်း အရ အထူး အမည် ဖြစ်ပြီး ပန်းဂျ်သန် (ငါးပါး) ( တမန်တော်မြတ် (ဆွ)၊ ဟဇရသ် အလီ (အ.စ) ၊ဟဇရသ် ဖွာတွေမဟ် (စ.အ) ၊ အေမာမ် ဟစန် (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) ) သာလျင် ဖြစ်ကြောင်း ဆိုထားပါသည်။ ယေဘုယျ အားဖြင့် ၎င်းကို ဆွေမျိုး အားလုံး အတွက်လည်း အသုံးပြုပါတယ်။

ဟစန် မွတ်စ်သဖဝီ ၏ အဆိုအရ အာယသ် သေသသွဟီးရ် တွင် လာရှိသည့် အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်ကြောင်း ဆိုထားပါသည်။ အကြောင်း မှာ အချို့ သဖ်စီးရ် ပညာရှင်များ ၏ ထင်မြင်ချက်နှင့် ဆန့်ကျင်သောကြောင့် ဖြစ်ပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဆိုသည့် စကားစု တွင် ရစူလ်လွလ္လာဟ် ဆိုသည့် စကားစု တွင် မထည့်ထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ပြစ်မဲ့ ဆယ့်လေးပါး

ရဗ်ဘာနီ ဂိုလ်ဗိုင်ဂါနီ ၏ အဆိုအရ ရှီအဟ် စာအုပ်များ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အရိပ်အမြွက် မရှိဘဲ အသုံး ပြုသည့် အခါ တမန်တော်မြတ် (ဆွ) ၏ ဆွေမျိုးတော်စပ်သော အထူးအုပ်စု ပြစ်မဲ့ အုပ်စု ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ အာယသ်တော်များ ဟဒီးစ်တော် များ ကို အ‌ခြေခံပြီး ထိုပြစ်မဲ့ အုပ်စု မှာ ဆယ့်လေးပါး ဖြစ်ကြောင်း ဖြစ်ပါသည်။ (31) အချို့သော ဟဒီးစ်တော် များတွင် ရှီအဟ် အေမာမ် (၁၂ပါး ) ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) အဖြစ် မိတ်ဆက်ပေးထားပါတယ်။ ဟဒီးစ်‌တော် တစ်ခု တွင်  တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) ထံ ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) များသည် မည်သူများ ဖြစ်ကြပါ သနည်း ? ဟု မေးမြန်းထားကြောင်းလာ ရှိပါသည်။ တမန်တော်မြတ် (ဆွ) မှလည်း  အလီ (အ.စ) ၊ ကျွန်ုပ် ၏ သားတော် နှစ်ပါး ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) ပြီး ဟိုစိုင်းန် (အ.စ) မျိုးဆက် မှ ကိုးပါး ဟု အဖြေပေး မိန့်ကြားခဲ့ပါတယ်။

ရှီအဟ် အေမာမ်မီယဟ် နှင့် စွန်နီ ပညာရှင်အများအပြား၏ သက်ဝင် ယုံကြည်ချက်အရ ရှီအဟ် အေမာမ် များ အားလုံးသည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင်ပါဝင်သည်ဟု ဖြစ်ပါ တယ်။ ဟဒီးစ် ပါရဂူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ ၏ သက်ဝင် ယုံကြည်ချက်အရ အာယသ်သေ သသွဟီးရ် ၏စေယာက်(ခ) စကားစပ်(အရိပ်အမြွက်) နှင့် အကြောင်းအရာ အရ ၎င်း တမန် တော်မြတ် (ဆွ) မှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို မိတ်ဆက် ပေးခဲ့သည့် ကရာအင်န် (ခ) အထောက်အထား အရ ဤအာယသ်တော် အာယသ် သေ သသွဟီးရ် ၏ ဆိုလိုချက် အရ တမန်တော်မြတ် (ဆွ) ၏ မိသားစု ဝင်များ မှ အထူး အုပ်စု တစ်စု ဖြစ် ပြီး တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မရှိသည့် နောက်ပိုင်း တွင် အွန်မသ် (ကိုယ်တော်မြတ် (ဆွ) နောက်လိုက် နောက်သားများ ) အတွက် လမ်းညွှန်မှုနှင့် ဦးဆောင်မှုကို အပ်နှင်းခြင်းခံခဲ့ရသူများ ဖြစ် သည်ဟု ဖြစ်ပါ တယ်။

တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ

အချို့သောစွန်နီ သဖ်စီးရ် ပညာရှင်များ သည် အာယသ် သေ သသွဟီးရ် ပါ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ သာဖြစ်သည်ဟု မှတ်ယူကြပါ တယ်။ အချို့သော စွန်နီ ပညာရှင်များ သည် အာယသ် သေ သသွဟီးရ် ပါ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် ပန်းဂျ်သန် (ငါးပါး ) နှင့် တမန် တော်မြတ် (ဆွ) ၏ ကြင်ယာတော်များဖြစ်သည်ဟု မှတ်ယူကြပါသည် တယ်။  ဇိုက်ဘင်န် အလီ ထံမှဆင့် ပြန် လာ ရှိသည်မှာ အကယ်၍ အာယသ်သေ သသွဟီးရ် ပါ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် တမန်တော်မြတ် (ဆွ) ၏ ကြင်ယာတော်များ ဖြစ်မည်ဆိုလျှင် အာယသ်တော် တွင် သုံးထားသည့် နာမ်စားများသည် ယောက်ျား နာမ်စားများ အစား ဣတ္ထိနာမ်စားများကို အသုံးပြုသင့်သည်ဟု ဆိုထားပါ တယ်။ ထိုနည်းတူစွာ များပြားလှသည့် ရီဝါယသ်တော်များ ၊အထောက်အထား သက်သေများ အရ တမန်တော်မြတ် (ဆွ) ၏ ကြင်ယာ တော်များ နှင့်ပတ်သက်နေသည့် အာယသ်တော်များ ၏ သဖ်စီးရ် နှင့် အာယသ် သေသသွဟီးရ် ၏ သဖ်စီးရ် တို့ တွင် ကွဲလွဲမှုများကြောင့် ဤ အာယသ်တော် ( သသွဟီးရ်) တွင် တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) ၏ ကြင်ယာ တော်များ ပါဝင် ခြင်း မရှိကြောင်း ဖြစ်ပါ တယ်။

 

သွေးသားအရတော်စပ်သည့် တမန်တော်မြတ်(ဆွ) ၏ ဆွေမျိုးသားချင်းများ အတွက် ဆဒ်ကဟ် သည် ဟရာမ် ဖြစ်ပါသည်

 

အချို့ စွန်နီပညာရှင် များ၏ ရီဝါယသ် တော်များ အရ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ သွေးသားအရ  တော်စပ်သည့် ဆွေမျိုး သားချင်းများအားလုံး အတွက် ဆဒ်ကဟ် သည် ဟရာမ် ဖြစ်ပါသည်။ ပမာအားဖြင့် ဟဇရသ် အလီ (အ.စ) မိသားစု ၊ ဟဇရသ် အကီးလ် ၏ မိသားစု ၊ ဟဇရသ် အဘာစ် ၏ မိသားစု နှင့် ဟဇရသ် ဂျအ်ဖရ် ၏ မိသားစု သည် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ( သွေးသားအရ တော်စပ်သည့် ) မိသားစုဝင်များ (အဲဟ်လေ့ ဘိုက်(သ) (အ.စ)) များ ဖြစ်ကြပါ တယ်။

စစ်မှန်သည့် မိုအ်မင်များ

အချို့ ရီဝါယသ်တော် များအရ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)နှင့် သွေးသား တော်စပ် သည် ဖြစ်စေ မတော်စပ်သည် ဖြစ်စေ မှန်ကန်သည့် တမန်တာ် မြတ် (ဆွ) ၏ အမိန့်တော်များ ကို လိုက်နာ ဆောင်ရွက် ပြီးကြံ့ကြံ့ခံ ရပ်တည် ကြသည့်  မွတ်စလင်မ် များ လည်းပါဝင်ကြောင်း ဖြစ်ပါ တယ်။ ထိုနည်းတူစွာ အချို့ ရီဝါယသ်တော်များ အရ တမန်တာ် မြတ် (ဆွ) သည် မိမိ ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် ဟဇရသ် စလ်မာန် ဖါရစီ နှင့် ဟဇရသ် အဘူဇရ် ဂဖါရီ  ကိုလည်း ထည့်သွင်းထား တော်မူပါသည်။ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံတော် မှ ဆင့်ပြန် လာရှိသည်မှာ အကြင်မည်သူမဆို သီလသမာဓိရှိမည်သူ ကောင်းမြတ် သည့် အလုပ်များကို လုပ်ဆောင်သူ ဖြစ်မည် ဆိုပါ က ကျွန်ုပ် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ပေတယ် ။

မူရင်းကျမ်းကိုးများ

 

·  «بیانات در دیدار میهمانان شرکت کننده در چهارمین مجمع جهانی اهل بیت(ع)»، وبگاه دفتر حفظ و نشر آثار آیت‌الله خامنه‌ای؛ «بیانات در دیدار شرکت‌کنندگان در اجلاس «محبان اهل‌بیت(ع) و مسئله تکفیری‌ها»، وبگاه دفتر حفظ و نشر آثار آیت‌الله خامنه‌ای.

·  ·  سبحانی، منشور عقاید امامیه، ۱۳۷۶ش، ص۸ و ۹ و ۲۶۳؛ هاشمی شاهرودی، «مکتب فقهی اهل بیت(ع)»، پرتال جامع علوم انسانی.

·  ·  نگاه کنید به هاشمی شاهرودی، «مکتب فقهی اهل بیت(ع)»، پرتال جامع علوم انسانی.

·  ·  مرکز اطلاعات و منابع اسلامی، فرهنگ‌نامه اصول فقه، ۱۳۸۹ش، ص۳۹۸-۴۰۰.

·  ·  سبحانی، منشور عقاید امامیه، ۱۳۷۶ش، ص۸؛ «بیانات در دیدار میهمانان شرکت کننده در چهارمین مجمع جهانی اهل بیت(ع)»، وبگاه دفتر حفظ و نشر آثار آیت‌الله خامنه‌ای.

·  ·  برای نمونه نگاه کنید به محمدی ری‌شهری، اهل‌بیت علیهم‌السلام در قرآن و حدیث، ۱۳۹۱ش، ص۱۸۱-۱۰۲۰.

·  ·  نگاه کنید به محمدی ری‌شهری، اهل‌بیت علیهم‌السلام در قرآن و حدیث، ۱۳۹۱ش، ص۷۶۱-۷۶۵.

·  ·  نگاه کنید به: «کتاب‌شناسی اهل‌بیت(ع)»، پایگاه اطلاع‌رسانی حدیث شیعه.

·  ·  مظاهری، «عزاداری»، ص۳۴۵

·  ·  برای نمونه نگاه کنید به «کشورهای عربی میلاد پیامبر(ص) را چگونه جشن می‌گیرند؟»، خبرگزاری ایکنا؛ «برگزاری جشن میلاد امام رضا (ع) در کشورهای مختلف جهان»، خبرگزاری مهر؛ «جشن میلاد حضرت ولی عصر (عج) در کشورهای مختلف جهان برگزار شد»، خبرگزاری تقریب.

·  ·  برای نمونه نگاه کنید به «در رثای اهل بیت علیهم السلام»، وبگاه امام هشت.

·  ·  برای نمونه نگاه کنید به «السلام علیکم یا اهل بیت النبوة»، وبگاه معلی.

·  ·  «شاهنامه، آغاز کتاب بخش ۷، اندر ستایش پیامبر»، وبگاه گنجور.

·  ·  «قصیده شماره ۱۶، در ستایش حضرت رسول(ص)»، وبگاه گنجور.

·  ·  شافعی، دیوان الامام الشافعی، قاهره، ص۱۲۱.

·  ·  «اسم‌هایی که مردم ایران از صدسال پیش تا به حال دوست دارند»، خبر آنلاین.

·  ·  «دانشگاه بین‌المللی اهل‌بیت(ع)»، وبگاه دانشگاه بین‌المللی اهل‌بیت.

·  ·  «آشنایی با مراکز علمی اردن: دانشگاه آل‌البیت»، خبرگزاری تقریب.

·  ·  نگاه کنید به «مجمع جهانی اهل‌البیت(ع)»، وبگاه مجمع جهانی اهل‌البیت؛ «آشنایی با مراکز اسلامی اردن؛ مؤسسه اندیشه اسلامی آل البیت اردن»، خبرگزاری تقریب؛ «نگاهی به فعالیت‌های جهانی مؤسسه فرهنگی آل‌البیت»، پایگاه اطلاع‌رسانی حوزه.

·  ·  نگاه کنید به: «ماجرای ساخت مسجد اهل‌بیت در ورودی شهر قم»، خبرگزاری رسا؛ «مناجات شعبانیه در مسجد اهل‌بیت(ع) سمنان طنین‌انداز می‌شود»، خبرگزاری شبستان.

·  ·  برای نمونه نگاه کنید به «پرچم مخمل السلام علیکم یا اهل بیت النبوة»، وبگاه انتشارات مشهور.

·  ·  ربانی گلپایگانی، «اهل‌بیت»، ص۵۵۵.

·  ·  راغب اصفهانی، مفردات الفاظ القرآن، ۱۴۱۲ق، ص۹۶.

·  ·  مصطفوی، التحقیق فی کلمات القرآن الکریم، ۱۳۶۸ش، ج۱، ص۱۶۹ و ۱۷۰؛ محمدی ری‌شهری، اهل بیت علیهم السلام در قرآن و حدیث، ۱۳۹۱ش، ص۱۱.

·  ·  ربانی گلپایگانی، «اهل‌بیت»، ص۵۵۳.

·  ·  نگاه کنید به فراهیدی، كتاب العين، ۱۴۰۹ق، ج‏۴، ص۸۹؛ ابن‌فارس، معجم المقاییس اللغة، ۱۴۰۴ق، ج۱، ص۱۵۰؛ ابن‌منظور، لسان‌العرب، ۱۴۱۴ق، ج‏۱۱، ص۲۸.

·  ·  مصطفوی، التحقیق فی کلمات القرآن الکریم، ۱۳۶۸ش، ج۱، ص ۱۷۰.

·  ·  طبرسی، اِعلام‌الوری باَعلام الهدی، ۱۴۱۷ق، ج۱، ص۲۹۳؛ طبرسی، مجمع‌البیان، ۱۳۷۲ش، ج۸، ص۵۵۹ و ۵۶۰.

·  ·  طباطبایی، المیزان فی تفسیر القرآن، ۱۳۹۰ق، ج۱۶، ص۳۱۲.

·  ·  مصطفوی، التحقیق فی کلمات القرآن الکریم، ۱۳۶۸ش، ج۱، ص۱۶۹ و ۱۷۰.

·  ·  ربانی گلپایگانی، «اهل بیت»، ص۵۵۵.

·  ·  نگاه کنید به کلینی، الکافی، ۱۴۰۷ق، ج۱، ص۴۲۳؛ خزاز رازی، کفایةالاثر، ۱۴۰۱ق، ص۱۵۶ و ۱۷۱؛ شیخ صدوق، عیون اخبار الرضا(ع)، ج۱، ص۲۲۹.

·  ·  خزاز رازی، کفایة الاثر، ۱۴۰۱ق، ص۱۷۱

·  ·  زینلی، مفهوم‌شناسی و مصداق‌یابی اهل‌بیت(ع)، ۱۳۸۷ش، ص۲۴.

·  ·  محمدی ری‌شهری، اهل بیت علیهم السلام در قرآن و حدیث، ۱۳۹۱ش، ص۱۳.

·  ·  برای نمونه نگاه کنید به طبرانی، التفسیر الکبیر، ۲۰۰۸م، ج۵، ص۱۹۳؛ ثعلبی، الکشف و البیان، ۱۴۲۲ق، ج۸، ص۳۵ و ۳۶.

·  ·  نگاه کنید به بشوی، حقوق اهل‌بیت در تفاسیر اهل‌سنت، ۱۳۹۰ش، ص۳۵.

·  ·  قمی، تفسیرالقمی، ۱۳۶۳ش، ج۲، ص۱۹۳.

·  ·  نگاه کنید به بشوی، حقوق اهل‌بیت در تفاسیر اهل‌سنت، ۱۳۹۰ش، ص۳۵ و ۳۶.

·  ·  نیشابوری، صحیح مسلم، دار احیاء التراث العربی، ج۴، ص۱۸۷۳-۱۸۷۴.

·  ·  ربانی گلپایگانی، «اهل‌بیت»، ص۵۵۴.

·  · صفار، بصائرالدرجات، ۱۴۰۴ق، ص۱۷ و ۲۵؛ شیخ صدوق، عیون اخبار الرضا، ۱۳۷۸ق، ج۲، ص۶۴.

·  ·  شیخ طوسی، الاَمالی، ۱۴۱۴ق، ص۵۲۵؛ طبرسی، مکارم‌الاخلاق، ۱۳۹۲ق، ص۴۵۹.

·  ·  ابوحنیفة مغربی، دعائم الاسلام، دارالمعارف، ج۱، ص۶۲.

****************************************************************

END / 251