အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၂ အောက်တိုဘာ ၂၀၂၃

၁၇:၃၄:၀၀
1400513

အဲဟ်လေ့ဘိုက်(သ)(အ.စ) အကြောင်း အကျည်းလေ့လာ ကြပါစို့ (၂)

ဤအပိုင်းတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှုများ ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အပြစ်မဲ့ခြင်း ၊ အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် အခြားသူများထက် သာလွန် မြင့်မြတ်မှု ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ လှည့်ရခြင်း ၊ ဝေလာယသ် နှင့် ခေါင်းဆောင်မှု ၊ ဝေလာယသ် သေ သက်ဝီးနီ ၊ ဝေလာယသ် သေ သရှ်ရီအီ ဆိုသည့် ခေါင်းစဥ်လေး များဖြင့်တင်ပြပါမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှုများ

မြောက်မြားစွာသော အာယသ်တော် များနှင့် ဟဒီးဆ်တော် များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ် မြင့်မြတ်မှု အမျိုးမျိုးအားဖော်ပြထားပါတယ်။ ဟဒီးစ် ပါရဂူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ ၏ ရှုထောင့် အမြင်အရ ဇေယာရသ် ဂျာမေအ် ကဘီးရ် တွင် အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ ကြီးကျယ်မြင့် မြတ်မှုများ ကို အပြည့်စုံ ဆုံးဖော်ပြထားပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြီးကျယ်မြင့်မြတ်မှုများ မှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အပြစ်မဲ့ခြင်း


အဓိက ဆောင်းပါးများ သည့်  အစ်ဆ်မသ် သေ အေမာမ်မန် ( အေမာမ်များ (အ.စ) ၏ ပြစ်မဲ့ခြင်း )  ဆောင်းပါး နှင့် အစ်ဆ်မသ် သေ  ဟဇရသ် ဇဲဟ်ရာ (စ.အ) ( ဟဇရသ် ဇဲဟ်ရာ (စ.အ) ၏ ပြစ်မဲ့ခြင်း ) တို့ကိုလေ့လာ နိုင်ပါ တယ်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဘဟာနီ  (47) နှင့် ရှီအဟ်အိုလမာ ၏ အဆို အရ စူရဟ် အဲဟ်ဇာဘ် အာယသ်တော် အမှတ် ၃၃ အာယသ်သေ သသွဟီးရ် အဖြစ်ကျော်ကြားသည့် အာယသ် တော် သည်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သန့်ရှင်းစယ်ကြယ်မှု နှင့် အစ်ဆ်မသ် (အပြစ်မဲ့မှု) အတွက်  အထောက် အထား သက်သေ ဖြစ်ကြောင်း ဖြစ်ပါသည်။ ဤအာယသ်တော် ကို အခြေခံ ၍ အလ္လာဟ် ဟို အရှင်မြတ် သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ဂိုနာဟ် (အပြစ်) အားလုံး နှင့် အကျည်းတန်သော လုပ်ရပ်များမှ သန့်ရှင်း အောင်ထားရန် ဆန္ဒ အလို ရှိတော်မူသည် ဖြစ်ပါသည်။ ဤသို့ဖြစ် ဤအာယသ်တော် သည်အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၏ အစ်ဆ်မသ် နှင့် ၎င်းတို့အတွက်သာ ဖြစ်ကြောင်း သက်သေ ထူနေပါ တယ်။

 

ဟဒီးစ် စကလိုင်းန် သည် မိုသဝါသေရ် ဟဒီးစ်တော် များ မှ ဖြစ်ပါ တယ်။ ၎င်း ဟဒီးစ်တော် မှ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ၊ ကိုယ်တော်မြတ် (ဆွ) ၏ အနွယ်တော်မွန် (အ.စ) ၏ အပြစ်မဲ့မှု သက်သေများ ထူထားပါ တယ်။ သည်။ အကြောင်းမှာ ဤဟဒီးစ်တော် တွင် ကျမ်းတော်မြတ် ကုရ်အာန် နှင့် တမန်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) မကွဲသွားမည့် အကြောင်း အတူရှိနေမည့် အကြောင်း ကို အတိအလင်း ဖော်ပြထား သည့် အတွက်ကြောင့် ဖြစ်ပါ တယ်။  ဤနည်းဖြင့် မည်သည့်အပြစ် သို့မဟုတ် အမှားကိုမဆို ကျူးလွန်ခြင်းသည် ၎င်းတို့အား ကုရ်အာန်နှင့် ကွဲကွာစေခြင်း ဖြစ်ပေမည်။(52) ထိုနည်းတူစွာ တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) ၏ ဟဒီးစ်တော် မှ အတိအလင်းဖော်ပြထားသည်မှာ အကြင်မည်သူမဆို ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ ဘိုက်(သ) (အ.စ) အား မြဲမြံ စွာ ဆုပ်ကိုင်ထားမည်ဆိုလျှင် လုံးဝ လမ်းလွဲ လမ်းမှား ကို  ရောက်မည် မဟုတ်ကြောင်း ဖြစ်ပါ တယ်။ ဤအတွက်ကြောင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) မအ်စူးမ်  (အပြစ်မဲ့ ) မဖြစ်ပါက အဲဟ်လေ့ ဘိုက်(သ) (အ.စ) အား မြဲမြံ စွာ ဆုပ်ကိုင်ခြင်း ၊ ၎င်းနောက် ခြွင်းချက်မရှိ လိုက်နာခြင်း သည် လမ်းလွဲ လမ်းမှား ကို ရောက်စေမည် ဖြစ်ပါ တယ်။ အခြားဟဒီးစ်တော်များ မှ ဟဒီးစ်တော် တစ်ပါး ဖြစ်သည့်  ဟဒီးစ်စေ စဖီးနဟ် သည်လည်း အဲဟ်လေ့ဘိုက် (သ) (အ.စ)၏ အပြစ်မဲ့ ကြောင်း ကို သက်သေ ထူနေပါတယ်။

 

အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် အခြားသူများထက် သာလွန် မြင့်မြတ်မှု

အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် အခြားသူများထက် သာလွန်မြင့်မြတ်ခြင်း ဆိုသည့် ပင်မဆောင်းပါး ကိုလေ့လာ ရမည် ဖြစ်ပါ တယ်။

ရှိက်ခ် ဆူဒူက် ၏ အဆိုအရ ရှီအဟ်များ ၏ သက်ဝင်ယုံကြည် မှုမှာ တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော် မြတ် မိုဟမ္မဒ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် သာလွန်တကာအသာလွန်ဆုံး ၊ အချစ်ခံရ တကာ အချစ်ခံရဆုံး၊ အလေးစား ထိုက်တကာ အလေးစားအထိုက် ဆုံး အလ္လာဟ် ဟို အရှင်မြတ် ၏ အဖန်ဆင်း ခံများ ဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ် သည် မြေ ၊ ကောင်းကင် ၊ ဂျန္နသ် (သုခဘုံ ) ၊ ဂျဟန္နမ် (ငရဲဘုံ) အခြား အဖန်ဆင်းခံများ ကို တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော် မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့ အတွက်ကြောင့် ဖန်ဆင်းခဲ့ပါသည်။ (55) အလာမဟ် မဂျ်လေစီ ၏ အမြင်အရ အကြင်မည်သူမဆို  ရီဝါယသ်တော်များ (ခ) ဟဒီးစ်တော်များ တွင် ရှာဖွေ လေ့လာ မည် ဆိုလျှင် ဧကန်မုချ တမန်တော်မြတ် (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) တို့သည် သာလွန် မြင့်မြတ် ကြောင်း ဝန်ခံ မည် ဖြစ်ပါသည်။ ဂျာဟေလ် များ (ပညာမဲ့များ) သာလျှင် တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော် မြတ် (ဆွ) ၏ ကြီးကျယ် မြင့်မြတ် သာလွန် ခြင်း ဆိုင်ရာ ဟဒီးစ်များ ကို ငြင်းပယ် ကြမည် ဖြစ်ပါ တယ်။

မိုဘာဟေလဟ် အာယသ် တော်၏ အထောက်အထား သက်သေများ အရ ကေစာအောက်တွင် ပါဝင် သူပုဂ္ဂိုလ်မွန် များ သည် အခြား ဆွဟာဗဟ်များ နှင့် ကိုယ်တော်မြတ် (ဆွ) အိမ်တော်သူ အိမ်တော်သားများ ထက် သာလွန် မြင့်မြတ် ကြပါ တယ်။ ထိုနည်းတူစွာ အာလင်မ်များ ဖြစ်ကြသည့် အလာမဟ် ဟစ်လီ နှင့် ဖွဇ်ဘင်န် ဟစန် သွဗရ်စီ တို့ ၏ အဆိုအရ  ၊ သဖ်စီးရ်ပညာရှင်များအစ်ဂျ်မာအ် ပြုလုပ်ထားကြသည်မှာ ဤအာယသ်တော်  (၃၃ /၃၃) သည် ကေစာအောက်တွင် ပါဝင်သူပုဂ္ဂိုလ်မွန် များ အတွက် သာ လျှင် သီးသန့် ကျရောက်ခဲ့ကြောင်း  ဖြစ်ပါသည်။(58) တမန်တော်မြတ်  (ဆွ) ထံ တော်မှ ဆင့်ပြန် လာရှိသည်မှာ အကယ်၍ မြေပထဝီ ပေါ်တွင် အလီ (အ.စ) ၊ဖွာတွေမဟ် (စ.အ) ၊ ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ)တို့ထက် လေးစားထိုက်သူများ ရှိပါက  အလ္လာဟ် ဟို အရှင်မြတ်သည် ကျွန်ုပ် အား ၎င်းတို့ နှင့်အတူ မိုဘာဟေလဟ် ပြု ဖို့ မိန့်တော် မူမည် ဖြစ်ပါသည်။ သို့သော် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း (  အလီ (အ.စ) ၊ဖွာတွေမဟ် (စ.အ) ၊ ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) ) တို့ ၏ အကူအညီ ဖြင့် မိုဘာဟေလဟ် ပြုရန် ၎င်းတို့ အလွန်သာလွန် မြင့်မြတ်သူများ ဖြစ်ကြကြောင်း ကျွန်ုပ် အား အမိန့်ပေးတော် မူခဲ့ပါ တယ်။

အာယာသွလ္လာဟ် မိုဟမ္မဒ်ဟိုစိုင်းန် မိုဇဖွရ် ၏ အဆိုအရ အာယသ် မိုဝဒသ် သည်လည်းဘဲ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ( ကေစာအောက်တွင် ပါဝင်သူပုဂ္ဂိုလ်မွန် များ) ၏သာလွန် မြင့်မြတ် မှုကို သက်သေ ထူနေကြောင်း ဖြစ်ပါ တယ်။ အကြောင်းမှာ ၎င်းတို့သည် အလ္လာဟ် ဟို အရှင်မြတ် ၏ ရွေးကောက်တော်မူ သောသူများ ဖြစ်ကြသည့် အတွက်ကြောင့် ဖြစ်ပါ တယ်။ အဘယ်ကြောင့်ဆိုသော် ထိုသို့မဟုတ်ပါက၊ ၎င်းတို့အား ချစ်ခင်မြတ်နိုး ရန် ဝါဂျစ်ဗ် ဖြစ်မည်မဟုတ်ချေ။ ထိုပြင် တမန်တော်မြတ်(ဆွ) ၏ သာသနာ ပြုခဲ့မှု အတွက် ဝန်ဆောင်ခ အဖြစ် ၎င်းတို့ အား ချစ်ခင် မြတ် နိုးခိုင်း မည် မဟုတ်ချေ။


ရီဝါယသ်တော် များစွာသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သာလွန် မြင့်မြတ် မှုကို ဖော်ပြပါသည်။ပမာ အား ဖြင့် ဟဒီးစ် စကလိုင်းန် အရ တမန်တော်မြတ်(ဆွ)သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ကျမ်းတော်မြတ် ကုရ်အာန် ၏ဘေးတွင်ရှိကြောင်း  ကျမ်းတော်မြတ် ကုရ်အာန် အား စစ်က်လေ အက္က်ဘဲရ် နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) အား စစ်က်လေအဆ်ဂဲရ် ဟု အမည် ပေးထားပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် သည်  မွတ်စ်လင်မ်များထက် သာလွန်သည်နှင့်အမျှ အဲဟ်လေ့ဘိုက် (သ) (အ.စ) သည် လည်း အခြားသူများထက် သာလွန်မြင့်မြတ်ပါ သည်။(61) ဟဒီးစ် အမါန် ကိုလည်း ဘဲ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ သာလွန် မြင့်မြတ် ခြင်း ကြောင်း အထောက်အထားဖြင့် ပြုထားပါသည်။ အကြောင်းမှာ  မြေပထဝီ ပေါ် ရှိ သူများ အတွက် အမါန် (လွတ်မြောက်မှု) ဖြစ်ခြင်းသည် အခြားသူများ ထက် သာလွန် မြင့်မြတ်  ကြောင်း ဖော်ပြနေပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ လှည့်ရခြင်း

 

ဟဒီးစ် စေ စကလိုင်းန် အား အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ လှည့်ရခြင်း သတ်မှတ်ထား ပါ တယ်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွ) သည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ ဘိုက် (သ) (အ.စ) မြဲမြံစွာ ဆုပ်ကိုင်ထားရန် ဖိတ်ခေါ် မိန့်ကြား ထားသည့် အတွက်ကြောင့်  ဖြစ်ပါ တယ်။ ဤသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ လှည့်ရန် အတွက် ဖြစ်ပါသည်။ မွတ်စလင်မ်များ သည် ဘာသာရေး ကိစ္စများ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်သို့ မလွဲမသွေ လှည့် ရမည် ဖြစ်ပါ တယ်။ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ပြီးနောက် မည်သူမျှ ကုရ်အာန်ကျမ်းမြတ် နှင့် တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော် တို့ကို မှန်မှန်ကန်ကန် အဲဟ်လေ့ဘိုက်(သ) (အ.စ) လောက်  လုံး၀ နက်နဲစွာ မသိကြဟု ဆိုပါ တယ်။ ထို့ကြောင့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ပြီးနောက် မွတ်စလင်မ်များသည် သာသနာ၏ အဆုံးအမများနှင့် စီရင်ထုံးများကို နားလည် သဘောပေါက် ရန် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ပညာဘက်သို့ မလွဲ မသွေ လည့်ကို လှည့်ရမည် ဖြစ်ပါ တယ်။

ဝေလာယသ် နှင့် ခေါင်းဆောင်မှု

အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အုပ်ချုပ်မှု နှင့် နိုင်ငံရေး ဦးဆောင်မှု တို့သည် ၎င်းတို့၏ အခြား ကြီးကျယ် မြင့်မြတ် များ  ထဲတွင် ပါဝင်ပါ တယ်။ သည်။တမန်တော်မြတ်(ဆွ) သည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ ဘိုက် (သ) (အ.စ) မြဲမြံစွာ ဆုပ်ကိုင်ထားရန် ဟဒီးစ်  စေ စကလိုင်းန် တွင်  ဖိတ်ခေါ် မိန့်ကြား ထားပါ တယ်။ ဤသည် အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ နိုင်ငံ ရေး ခေါင်းဆောင် မူကို တင်ပြနေခြင်း ဖြစ်ပါ တယ်။ ဟဒီးစ်  စေ စကလိုင်းန် ၏အချို့ ဆင့်ပြန် ချက်များ တွင် စကလိုင်းန် ၏နေရာ ကုရ်အာန် နှင့် အဲဟ်လေ့ ဘိုက်(သ) (အ.စ) အား ခလီဖသိုင်းန် ဆိုသည့် စကားလုံး လာရှိပါ တယ်။ ဤဟဒီးသ်တော်အရ အဲဟ်လေ့ ဘိုက် (သ) (အ.စ) သည်ခလီဖွာ နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အရိုက်အရာကိုဆက်ခံသူများ ၎င်းဆက်ခံမှု သည် ဘက်စုံ ဖြစ်ပြီး နိုင်ငံရေးနှင့် ခေါင်းဆောင်မှုလည်း ပါဝင်ပါသည်။ (67) ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဘဟာနီ ၏ အမြင်အရ တမန်တော်မြတ် (ဆွ) ဂဒီးရ် ဖြစ်စဥ် တွင်  အလီ (အ.စ) နှင့် ၎င်း ၏ အဲဟ်လေ့ ဘိုက်(သ) (အ.စ) အား ခေါင်းဆောင် ရန် နှင့် အုပ်ချုပ် ရန်အတွက် ခန့်အပ်ထား သည်ဟု ဖြစ်ပါသည်။ (68) အချို့ မှ အစ်ဆ်မသ် (အပြစ်မဲ့ခြင်း) ၊ အေမာမ်မသ် ၊ကိုယ်တော်မြတ် ပြီးနောက်  နိုင်ငံရေး ခေါင်းဆောင်မှု တို့သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် သီးသန့် ဖြစ်ကြောင်း ဆိုထားပါ တယ်။ ထိုနည်းတူစွာ နိုင်ငံရေး ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းရင်းများထဲမှ တစ်ခုအဖြစ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာရန် ခြွင်းချက် မရှိ တာဝန်အဖြစ် ယူဆထားပါသည်။ အဘယ်ကြောင့် ဆိုသော် လိုက်နာ ရမည့်တာဝန်မှာ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ် များအပါအဝင် မွတ်စ်လင်မ်များ၏ ဘဝနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့်အရာများ ပါဝင်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းနှင့် အစိုးရနှင့် သက်ဆိုင်သော နိုင်ငံရေး ကိစ္စရပ်များတွင် ၎င်းတို့ကို လိုက်နာရန် မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရား ဖြစ်ပါ တယ်။

ဝေလာယသ် သေ သက်ဝီးနီ

လက်ဘနွန် ရှီအဟ် အာလင်မ် စာရေး ဆရာများ မှ တစ်ပါး ဖြစ်သည့် မိုဟမ္မဒ် ဂျမီးလ် ဟမူဒ် ၏အဆို အရ အချို့ မပြောပလောက်သည့် သူအချို့ မှ လွဲ၍ ရှီအဟ် အေမာမ်မီယဟ် အာလင်မ်များ အနေဖြင့် အေမာမ် ၁၂ပါး(အ.စ) သည် ဝေလာယသ် သက်ဝီးနီ ရှိကြကြောင်း တစ်ညီ တစ်ညွတ် တည်း လက်ခံ ထား ကြပါ တယ်။ဝေလာယသ် သက်ဝီးနီ ဆိုသည်မှာ မနုဿာ လူသားသည် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် အရ ဖန်ဆင်းခြင်း နှင့် ဖန်ဆင်းခြင်းလောကကို လွမ်းမိုးနိုင်ခြင်းဖြစ်ပါသည်။ ပမာအားဖြင့် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ ခွင့်ပြုချက်ဖြင့် ကုသ၍မရသောလူနာကို ကုသပေးနိုင်ခြင်း သို့မဟုတ် သို့လူသေတစ်ဦးအား ပြန်လည်အသက်သွင်းနိုင် ခြင်း တို့ ဖြစ်ပါသည်။(72) ရီဝါယသ်တော် များ တွင် အေမာမ်၁၂ပါး (အ.စ) ၏ ဝေလာယသ် သေ သက်ဝီးနီ   အခန်း ကဏ္ဍ အား မိုသဝါသေရ် ဟဒီးစ်တော် အဖြစ် သတ်မှတ်ထားပါ တယ်။ ၎င်းဟဒီးစ်တော်များ အတွင်းမှ အများအပြား အား စနဒ် ဆဟီးရ် နှင့် စိတ်ချရ ကြောင်း သိရှိရပါ တယ်။

ဝေလာယသ် သေ သရှ်ရီအီ

ဝေလာယသ် သေ သရှ်ရီအီ   အား အဓိပ္ပာယ် နှစ်မျိုး အဖြင့် အသုံး ပြုပါသည်။

*ဝေလာယသ်  ( ပစ္စည်းဖြစ်စေ အသက်ဖြစ်စေကို ပိုင်ရှင်ထက် သာလွန်၍ အသုံးပြုနိုင်ခြင်း) ဖြစ်၍ လူထု ၏ ပစ္စည်းဥစ္စာများ နှင့် အသက်များ ကို ၎င်းတို့ထက် သာလွန် ၍ အသုံး ပြုနိုင် ခြင်းဖြစ်ပါသည်။(75) ဤအဓိပ္ပာယ် အရ တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) တို့ ၏  ဝေလာယသ် သေ သရှ်ရီအီ   ကွဲပြားမှု ခြားနားမှုမရှိချေ။(76) အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ အနေဖြင့် ဤ ဝေလာယသ် သေ သရှ်ရီအီ  အမျိုး အစား အား သာသာနာ အတွက် အရေးကြီး လိုအပ်ချက်များ မှ တစ်ခု အဖြစ်လက်ခံ ထား ပါ တယ်။

*ဝေလာယသ် သေ သရှ်ရီအီ ၏ ဒုတိယ အဓိပ္ပာယ်မှာ  အဲဟ်ကာမ်များ တွင်  ဝင်ရောက်စွပ်ဖက်ခွင့် ရှိ ခြင်း ဖြစ်ပါ တယ်။

အချို့သော ရှီအဟ် ပညာရှင်များ မှ တမန်တော်မြတ်  (ဆွ) ဝေလာယသ် အား အချို့ အဲဟ်ကာမ်များ အတွက် သရှ်ရီအီ ဖြစ်ကြောင်း ဆိုထားကြပါ တယ်။ သို့သော် အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် သရှ်ရီအီ ဖြစ်ကြောင်း ကိစ္စ တွင် ရှီအဟ် အာလင်မ်များ အကြား သဘောထားကွဲလွဲမှုများရှိနေပါသည်။ အချို့ ပညာရှင် များ အနေဖြင့် ဟဒီးစ် စေ မွတ်စ်သဖီးဇ်  သို့ မဟုတ် မိုသဝါသေရ်  အများအပြားကို အခြေခံ ပြီး (80) အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် အား ဝေလာယသ် သရှ်ရီအီ အဖြစ်သတ်မှတ် လက်ခံထားကြပါ တယ်။ အခြားတစ်ဖက်တွင် ဤ အုပ်စု ကို ဆန့်ကျင်၍ သရှ်ရီအီ လုပ်ခွင့် ဥပဒေ တည်ဆောက်ခွင့် မှာ အလ္လာဟ် ဟို အရှင်မြတ် အတွက်သာလျှက် သီးသန့် ဖြစ်ကြောင်း လက်ခံပြီး တမန်တော်မြတ်  (ဆွ) နှင့် အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် သေ သရှ်ရီအီ    အား ငြင်းဆို ကြသူများ ဖြစ်ပါသည်။(82) ဆယက်ဒ် အလီ မီလာနီ အနေဖြင့် အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ် သရှ်ရီအီ သည် ကသွအီ (လုံးဝသေချာ ကြောင်း) နှင့် ပတ်သက်၍ သက်သေ အထောက်အထား အများအပြား ရှိကြောင်း ဆိုထား ပါ တယ်။

မူရင်းကျမ်းကိုးများ         

 

      برای نمونه نگاه کنید به محمدی ری‌شهری، اهل بیت علیهم السلام در قرآن و حدیث، ۱۳۹۱ش، ص۲۴۶-۵۲۱.

    محمدی ری‌شهری، اهل‌بیت علیهم‌السلام در قرآن و حدیث، ۱۳۹۱ش، ص۴۰۵.

    سبحانی، منشور جاوید، ۱۳۸۳ش، ج۴، ص۳۵۷.

    برای نمونه نگاه کنید به سیدمرتضی، الشافی فی الإمامة، ۱۴۱۰ق، ج۳، ص۱۳۴؛ طبرسی، اِعلام الوری باَعلام الهدی، ۱۴۱۷ق، ج۱، ص۲۹۳-۲۹۴؛ بحرانی، مِنارالهدی، ۱۴۰۵ق، ص۶۴۶؛ سبحانی، الاِلهيات‏، ۱۴۱۲ق، ج۴، ص۱۲۵.

    نگاه کنید به طباطبایی، المیزان فی تفسیر القرآن، ۱۳۹۰ق، ج۱۶، ص۳۱۲-۳۱۳؛ سبحانی، الاهیات علی هدی الکتاب و السنة و العقل، ۱۴۱۲ق، ج۴، ص۱۲۵-۱۲۹؛ سبحانی، منشور جاوید، ۱۳۸۳ش، ج۴، ص۳۵۷-۳۶۴.

    نگاه کنید به صفار، بصائرالدرجات، ۱۴۰۴ق، ص۴۱۲-۴۱۴؛ شیخ صدوق، عیون اخبار الرضا(ع)، ۱۳۷۸ق، ج۱، ص۲۲۹ و ج۲، ص۳۰-۳۱، ۶۲.

    نگاه کنید به ابن‌عطیه، ابهی‌المداد، ۱۴۲۳ق، ج۱، ص۱۳۰؛ بحرانی، منارالهدی، ۱۴۰۵ق، ص۶۷۰؛ سبحانی، منشور جاوید، ۱۳۸۳ش، ج۱، ص۴۰۷.

    شیخ مفید، المسائل الجارودیه، ۱۴۱۳ق، ص۴۲؛ ابن‌عطیه، ابهی‌المداد، ۱۴۲۳ق، ج۱، ص۱۳۱؛ بحرانی، منارالهدی، ۱۴۰۵ق، ص۶۷۱.

    نگاه کنید به ابن‌عطیه، ابهی‌المداد، ۱۴۲۳ق، ج۱، ص۱۳۱؛ بحرانی، منارالهدی، ۱۴۰۵ق، ص۶۷۱؛ حمود، الفؤاد البهیة، ‌۱۴۲۱ق، ج۲، ص۹۴-۹۵.

    میر حامد حسین، عبقات‌الانوار، ۱۳۶۶ش، ج۲۳، ص۹۷۵-۹۷۸، ۹۸۱.

    شیخ صدوق، الاعتقادات، ۱۴۱۴ق، ص۹۳.

    مجلسی، بحارالأنوار، ۱۴۰۳ق، ج۲۶، ص۲۹۷ و ۲۹۸.

    برای نمونه نگاه کنید به طبرسی، مجمع‌البیان فی تفسیر القرآن، ۱۳۷۲ش، ج۲، ص۷۶۳ و ۷۶۴؛ مظفر، دلائل‌الصدق، ۱۴۲۲ق، ج۴، ص۴۰۳ و ۴۰۴.

    حلی، نهج الحق و کشف الصدق، ۱۹۸۲م، ص۱۷۷؛ طبرسی، مجمع‌البیان فی تفسیر القرآن، ۱۳۷۲ش، ج۲، ص۷۶۳؛ شوشتری، احقاق‌الحق، ۱۴۰۹ق، ج۲، ص۴۶.

    قندوزی، ینابیع‌المودة، ۱۴۲۲ق، ج۲، ص۲۶۶؛ شوشتری، احقاق‌الحق، ۱۴۰۹ق، ج۹، ص۲۰۸، ج۱۴، ص۱۴۵، ج۳۴، ص۳۱۰.

    مظفر، دلائل‌الصدق، ۱۴۲۲ق، ج۴، ص۳۸۹-۳۹۰.

    .ربانی گلپایگانی، «اهل‌بیت»، ص۵۵۶.

    نگاه کنید به ابن‌عطیه، ابهی‌المداد، ۱۴۲۳ق، ج۱، ص۸۱۹؛ مظفر، دلائل‌الصدق، ۱۴۲۲ق، ج۶، ص۲۵۹.

    سبحانی، سیمای عقاید شیعه، ۱۳۸۶ش، ص۲۳۱ و ۲۳۲.

    ربانی گلپایگانی، «اهل‌بیت»، ص۵۵۸.

    سبحانی، سیمای عقاید شیعه، ۱۳۸۶ش، ص۲۳۱ و ۲۳۲.

    شیخ صدوق، کمال الدین و تمام النعمة، ۱۳۹۵ق، ج۱، ص۲۴۰؛ ابن‌حنبل، مسند احمد بن حنبل، ۱۴۱۶ق، ج۳۵، ص۴۵۶ و ۵۱۲؛ هیثمی، مجمع‌الزوائد، دارالکتاب العربی، ج۹، ص۱۶۳؛ شوشتری، احقاق‌الحق، ۱۴۰۹ق، ج۹، ص۳۷۵ و ج۱۸، ص۲۷۹-۲۸۱.

    ربانی گلپایگانی، «اهل‌بیت»، ص۵۶۲.

    سبحانی، سیمای عقاید شیعه، ۱۳۸۶ش، ص۲۳۱.

    ربانی گلپایگانی، «اهل‌بیت»، ص۵۶۱.

    ربانی گلپایگانی، «اهل‌بیت»، ص۵۶۱.

    حمود، الفوائد البهیة، ۱۴۲۱ق، ج۲، ص۱۱۷.

    مکارم شیرازی، پیام قرآن، ۱۳۸۶ش، ج۹، ص۱۵۴؛ حمود، الفوائد البهیة، ۱۴۲۱ق، ج۲، ص۱۱۸؛ حسینی میلانی، اثبات الولایة العامة، ۱۴۳۸ق، ص۱۶۶.

    حمود، الفوائد البهیة، ۱۴۲۱ق، ج۲، ص۱۳۷؛ حسینی میلانی، اثبات الولایة العامة، ۱۴۳۸ق، ص۱۶۸.

    حمود، الفوائد البهیة، ۱۴۲۱ق، ج۲، ص۱۳۷؛ حسینی میلانی، اثبات الولایة العامة، ۱۴۳۸ق، ص۲۳۳.

    خویی، مصباح‌الفقاهه (المکاسب)، ۱۴۱۷ق، ج۵، ص۳۸؛ صافی گلپایگانی، ولایت تکوینی و تشریعی، ۱۳۹۲ش، ص۱۳۳؛ حسینی میلانی، اثبات الولایة العامة، ۱۴۳۸ق، ص۱۱۱؛ حمود، الفوائد البهية، ‌۱۴۲۱ق، ج‏۲، ص۱۱۲.

    خویی، مصباح‌الفقاهة (المکاسب)، ۱۴۱۷ق، ج۵، ص۳۸؛ صافی گلپایگانی، ولایت تکوینی و ولایت تشریعی، ۱۳۹۲ش، ص۱۳۳، ۱۳۵، ۱۴۱.

    صافی گلپایگانی، ولایت تکوینی و ولایت تشریعی، ۱۳۹۲ش، ص۱۴۱.

    سبحانی، منشور جاوید، ۱۳۸۳ش، ج۱۰، ص۱۸۰؛ حسینی میلانی، اثبات الولایة العامة، ۱۴۳۸ق، ص۲۶۷و۲۶۸؛ صافی گلپایگانی، ولایت تکوینی و تشریعی، ۱۳۹۲ش، ص۱۲۶؛ جوادی آملی، شمیم ولایت، ۱۳۸۳ش، ص۹۲.

    برای نمونه نگاه کنید به: مؤمن، «ولایة ولی المعصوم(ع)»، ص۱۱۵؛ حسینی میلانی، اثبات الولایة العامة، ۱۴۳۸ق، ص۲۷۲و۲۷۳.

    حسینی میلانی، اثبات الولایة العامة، ۱۴۳۸ق، ص۳۴۳؛ عاملی، الولایة التکوینیة و التشریعیة، ص۶۰، ۶۱، ۶۳.

    مؤمن، «ولایة ولی المعصوم(ع)»، ص۱۰۰، ۱۱۸؛ حسینی میلانی، اثبات الولایة العامة، ص۳۵۶؛ عاملی، الولایة التکوینیة و التشریعیة، ص۶۰.

    نگاه کنید به مغنیه، الجوامع و الفوارق، ۱۴۱۴ق، ص۱۲۷، ۱۲۸؛ صافی گلپایگانی، ولایت تکوینی و ولایت تشریعی، ۱۳۹۲ش، ص۱۳۰-۱۳۲؛ فهری، «الولایة التشریعیة و التکوینیة»، ص۳۸۴-۳۸۸.

  حسینی میلانی، با پيشوايان هدايت‌گر، ۱۳۸۸ش، ص۳۸۳.

 

****************************************************************

END / 251