အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၂ အောက်တိုဘာ ၂၀၂၃

၁၇:၃၄:၂၀
1400514

အဲဟ်လေ့ဘိုက်(သ)(အ.စ) အကြောင်း အကျည်းလေ့လာ ကြပါစို့ (၃)

ဤအပိုင်းတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်၍ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရာများ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောက်လိုက်ရမည့် တာဝန်ဝတ္တရား ၊မိုဝဒ်ဒသ် နှင့် မိုဟဘ်ဘသ် သေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ အဲဟ်လေ့စွန္နသ် ၏ အမြင်တွင် အဲဟ်လေ့ ဘိုက်(သ) (အ.စ)ဆိုသည့် ခေါင်းစဥ်လေး များဖြင့်တင်ပြပါမည် ဖြစ်ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ)  နှင့်ပတ်သက်၍ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရာများ

အာယသ်တော်များ နှင့် ရီဝါယသ်တော်များ ကို အခြေပြု၍ မွတ်စလင်မ်များသည် အဲဟ်လေ့ဘိုက်(သ) (အ.စ)  နှင့်ပတ်သက်၍ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရာများ ရှိပါသည်။ ဤ တာဝန်ဝတ္တရာများကို အခြေခံ၍ မွတ်စလင်မ် များ အနေဖြင့် ၎င်း တာဝန်ဝတ္တရာများ ကို မလွဲမသွေ ထမ်းဆောင်ရမည် ဖြစ်ပါသည်။ ဤ ထမ်းဆောင် ရမည့် တာဝန်ဝတ္တရာများ မှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ)  ၏နောက်လိုက်ရမည့် တာဝန်ဝတ္တရား

အာယသ် သေ အူလူလ်အမ်ရ် ( အလ္လာဟ်ဟို အရှင်မြတ် ၊ တမန်တော်မြတ် (ဆွ) နှင့် ) အသင်တို့အား  အုပ်စိုးသူများ (အေမာမ် ၁၂ပါး (အ.စ)) တို့၏ အမိန့်ကိုနာခံပါလေ။ ) အရ  အလ္လာဟ်ဟို အရှင်မြတ် နှင့် အလ္လာဟ် ဟို အရှင်မြတ် ၏ ရစူလ်တမန်တော်မြတ် (ဆွ) တို့ ၏ အမိန့် ကို လိုက်နာ ၊ နာခံခြင်း နှင့်အတူ အူလူလ်အမ်ရ် ၏ အမိန့်ကို လည်း ခြွင်းချက်မရှိ မဖြစ်မနေ နာခံလိုက်နာ ရမည် ဖြစ်ပါသည်။ (84) ဖွဇ်ဘင်န် ဟစန် သွဘရစီ ၏ အဆိုအရ  ရှီအဟ် အေမာမ် မီယဟ် အိုလမာ ၏ အမြင်တွင် အူလူလ်အမ်ရ် သည် အေမာမ် ၁၂ပါး (အ.စ) ဖြစ်ပါ တယ်။

 

ဟဒီးစ်စေ စကလိုင်းန် အရလည်းဘဲ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာ ရမည် ကို သက်သေ ထူ၍ ရပါသည်။ အကြောင်းမှာ ဤဟဒီးစ်တော် တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ)  အား ကျမ်းတော်မြတ် ကုရ်အာန် ၏ ဘေးတွင် ထားရှိထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဤသို့ဖြစ် ကျမ်းတော်မြတ် ကုရ်အာန်ကို မွတ်စလင်မ်များ လိုက်နာရန် တာဝန်ဝတ္တရား ရှိသည်နှင့်အမျှ အဲဟ်လေ့ဘိုက်(သ) (အ.စ ကို လိုက်နာ ရမည် တာဝန် ဝတ္တရာ ရှိပါ တယ်။ ဟီဂျရီ လေးရာစု နှင့် ငါးရာစု ၏ ရှီအဟ် အေမာမ်မီ ဓမ္မသတ်ပညာရှင် နှင့် မိုသကလင်မ်ဖြစ်သည့် အဘူလလ်ဆွလာဟ် ဟလ်ဘီ ၏အဆိုအရ ဟဒီးစ်စေ စကလိုင်းန် တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ နှုတ်ကပတ်တော်ဘက်စုံ အကြွင်းမဲ့ ဖြစ်ခြင်းကြောင့် အဲဟ်လေ့ဘိုက်(သ) (အ.စ ကို ဘက်စုံ လိုက်နာ ရမည် တာဝန် ဝတ္တရာ လည်း အကြွင်းမဲ့ ဖြစ် ပါသည်။ ဤအတွက်ကြောင့် မွတ်စလင်မ် များသည် မိမိတို့၏ လုပ်ရပ်များ နှင့် အပြောအဆို များတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ ၏ အမိန့်အတိုင်း  လိုက်နာ ရမည် တာဝန် ဝတ္တရား ရှိပါ တယ်။

ဟဒီးစ်စေ စဖီနဟ် အရလည်းဘဲ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာ ရမည် ကို သက်သေ ထူ၍ ရပါ တယ်။ အဘယ်ကြောင့်ဆိုသော် ဤဟဒီးဆ်တော်အရ လွတ်မြောက်ခြင်း သည် ၎င်းတို့နောက်သို့ လိုက်ခြင်းဖြစ်ပြီး ပျက်စီးခြင်းနှင့်လမ်းလွဲ ၎င်းတို့ကို မနာခံခြင်း ကြောင့် ဖြစ်ပါ တယ်။ ဤဟဒီးစ် တော်တွင် တမန်တော်မြတ်(ဆွ) သည် မိမိ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ)  အားဟဇရသ် နူးဟ် (အ.စ) (ခ)  နောဧသင်္ဘော နှင့် ပမာပေး နှိုင်းယှဉ် ထားပါ တယ်။ ဤ ပမာပေး နှိုင်းယှဉ်ထားသည့် အတွက် ကြောင့် အကြင် မည်သူမဆို သာသနာ ကိစ္စ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်သို့ လှည့် မည်ဆိုလျှင် လမ်းမှန် ရပြီး ကယ်တင်ခြင်းခံရမည် ဖြစ်ပါ တယ်။ အကြင်မည်သူမဆို အဲဟ်လေ့ဘိုက်(သ) (အ.စ) ကိုနာမခံမည် နောက်မလိုက်မည် ဆုလျှင် လမ်းလွဲ လမ်းချော် သွားမည် ဖြစ်ပါ တယ်။ အာယာသွလ္လာဟ် ဆယက်ဒ် မီးရ် ဟာမစ်ဒ် ဟိုစိုင်း (န) ၏ အဆိုအရ ဤဟဒီးသ် တော်အပေါ် အခြေခံ၍ အဲဟ်လေ့ ဘိုက်(သ)(အ.စ) ကိုနာခံရန်တာဝန် ဝတ္တရား မှာ ဘက်စုံ နှင့် အကြွင်းမဲ့ခြွင်း ချက်မရှိဖြစ်ပါ တယ်။

မိုဝဒ်ဒသ် နှင့် မိုဟဘ်ဘသ် သေ အဲဟ်လေ့ဘိုက်(သ) (အ.စ)

ရှီအဟ်အေမာမ်မီယဟ်များ ၏ သက်ဝင်ယုံကြည်ချက် အရ အာယသ် သေ မိုဝဒ်ဒသ် နှင့် မိုဟဘ်ဘသ် သေ အဲဟ်လေ့ဘိုက်(သ) (အ.စ) အခြေခံ ၍ မိုဝဒ်ဒသ် ‌‌သေ အဲဟ်လေ့ဘိုက်(သ) (အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ်  အချစ်မေတ္တာ ထားခြင်း) သည် မွတ်စလင်မ် ယောက်တိုင်းမဖြစ်မနေ လိုက်နာ ဆောင်ရွက် ရမည်ဖြစ် ပါ တယ်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် အချစ်ထားရန် မဖြစ်မနေထမ်းဆောင်ရမည့် တာဝန် ဝတ္တရား  ဖြစ်ကြောင်း ကို  (နာစေဘီများ မှ လွဲ၍) မွတ်စလင်မ်တိုင်း လက်ခံ ထားပြီး သာသနာအတွက် မဖြစ် မနေ လိုအပ်သည့် အရာများ မှ တစ်ခု သတ်မှတ် ထားပါ တယ်။

 

အာယသ် မိုဝဒ်ဒသ် မှ မိန့်ကြားနေသည်မှာ - “ (ရေစာလသ် (တမန်တော်မြတ်၏ တာဝန်ဝတ္တရာများ အားလုံး ကို ထမ်းဆောင်ခြင်း) ) အတွက် အခကြေးငွေအဖိုးအခ အား အသင်တို့ထံ မှ မတောင်းဆိုချေ။ သို့သော် ဆွေမျိုး သားချင်း အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်ထားမြတ်နိုးရန် တောင်းဆိုပါ တယ်။“ဤအာယသ် တော်သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ်နိုးရန် ဝါဂျစ်ဗ် ဖြစ်သည်ဆိုသည့် အထောက်အထား များ မှ တစ်ခု ဖြစ်ပါသည်။(94) မိုဖာစေရိုကုရ်အာန် တစ်ပါးလည်း ဖြစ် ၊ မရ်ဂျယေ သက္က်လီးဒ် တော် တစ်ပါး၏ ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အဖ်အွဇ်မာ နာစေရ် မကာရေမ် မို ရှီးရာဇီး ၏ အဆိုအရ ရှီအဟ်သဖ်စီးရ် ပညာရှင်များ အားလုံးသည် ဤအာယသ်တော် အား အဲဟ်လေ့ ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း သဖ်စီးရ် ပြုခဲ့ကြပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အချစ် သည် အေမာမ် (၁၂) ပါး (အ.စ) ၏ အေမာမ်မသ် နှင့် ဦးဆောင် မှုကို လမ်းခံစေသည့် အကြောင်းခံ တစ်ခု ဖြစ်ကြောင်း ဖြစ်ပါ တယ်။

အာယာသွလ္လာဟ် မိုဟမ္မဒ်ရေဇာ မိုဇဖရ်ကဲ့သို့ အာလင်မ်များ၏ အဆိုအရ  တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန်လာရှိသည့် မိုသဝါ သေရ် ဟဒီးစ်တော်များအရ အဟ်လေ့ဘိုက်(သ) (အ.စ) အားအချစ်မေတ္တာ ထားခြင်းသည် အီမာန်သက်ဝင်ယုံကြည်မှု ၏လက္ခဏာ ဖြစ်ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) အားမုန်းတီး ခြင်းသည် မိုနာဖေက် ၏ လက္ခဏာ  ဖြစ်ကြောင်း အဲဟ်လေ့ဘိုက်(သ) (အ.စ)အား အချစ်ထားသူသည် အလ္လာဟ် ဟို အရှင်မြတ် နှင့် တမန်တော်မြတ် (ဆွ) အား အချစ် ထားသူဖြစ်ပါသည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ)အား အချစ်ထားသူသည် အလ္လာဟ် ဟို အရှင်မြတ် နှင့် တမန်တော်မြတ် (ဆွ) အား အချစ် ထားသူဖြစ်ပါ သည်။ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ရန်သူ အဖြစ် သတ်မှတ်သူ သည် အလ္လာဟ် ဟို အရှင်မြတ် နှင့် အရှင်၏ တမန်တော်မြတ် (ဆွ) အား ရန်သူ အဖြစ်သတ်မှတ်သူ ဖြစ်ပါ တယ်။

အချို့သော ရီဝွယသ် များ အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ချစ်ခြင်းမေတ္တာသည် အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်ဖြစ် ကြောင်း လာရှိပါ တယ်။

အာယာသွလ္လာဟ် မိုဟမ္မဒ်ရေဇာ မိုဇဖရ် ၏ အဆိုအရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် မိုဝဒ်ဒသ် နှင့် မိုဟဘ်ဘသ် ဝါဂျစ်ဗ် ဖြစ်ရသည့် အကြောင်းမှာ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် အလ္လာဟ် ဟို အရှင်မြတ်  နှင့် နီးစပ်သည့် အတွက်ကြောင့် ပြီးနောက် အဲဟ်လေ့ဘိုက်(သ) (အ.စ) အဆင့်အတန်းရာထူး နှင့် ဂုဏ်သိက္ခာ သည် အလ္လာဟ် ဟို အရှင်မြတ်အမြင် တွင် ရှိသည့် အတွက်ကြောင့် ပြီးနောက် အလ္လာဟ် ဟိုအရှင်မြတ် နှင့် ကင်းဝေးစေမှုကို ဖြစ်စေသည့် ရှေးရ်ကန် နှင့် ဂိုနာဟ်(အပြစ်ဒုစရိုက်) များ မှ သန့်ရှင်း စင်ကြယ်သည့် အတွက် ကြောင့် (ပြစ်မဲ့ဖြစ်သည့်အတွက်ကြောင့်) ဖြစ်ပါ တယ်။

 

ဟဒီးစ် ပါရဂူ ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ် မိုဟမ္မဒ်ဒီ ရိုင်ရှဲဟ်ရီ ၏ အဆိုအရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် အဇါဒါရီများ (ဝမ်းနည်းခြင်းများ) ပြုလုပ်ခြင်း သည် အဲဟ်လေ့ဘိုက်(သ) (အ.စ)  အား ချစ်ခင် မြတ်နိုးကြောင်း   ဖော်ထုတ်ပြသည့် နည်းလမ်းများ မှ တစ်ခု ဖြစ်ပြီး အရေးအကြီး တကာ အကြီးဆုံး အလ္လာဟ် ဟို အရှင်မြတ်  ၏ ရှအာအေရ် (အထိမ်းအမှတ်များ) ကို ရိုသေလေးစား ခြင်းလည်း ဖြစ်ပါ တယ်။) ထိုနည်းတူစွာ အေမာမ် များ(အ.စ) ၏ ကဗဲရ် (ဂူဗိမာန်တော်များ) ကိုဇေယာရသ် ပြုခြင်း၊ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ပျော်ရွှင် ဝမ်းမြောက်သည့် အချိန် ( ပြစ်မဲ့ ၁၄ပါး(အ.စ) ၏ မွေးနေ့များ ၊ အီးဒ်‌ဒေ ဇဲဟ်ရာစသည်ဖြင့်) တွင် ဝမ်းမြောက်ပျော်ရွှင်ပွဲများကို ကျင်းပခြင်း ၊ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ကြီးကျယ် မြင့်မြတ်မှုများ ကို တင်ပြခြင်း မိမိသားသမီးများ ၏ အမည် များ ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အမည်များ ပေးခြင်း တို့သည် အဲဟ်လေ့ ဘိုက်(သ) (အ.စ)  အား ချစ်ခင် မြတ်နိုး ကြောင်း   ဖော်ထုတ်ပြ သည့် နည်းလမ်းများ ဖြစ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ)  အား ဂုဏ်ပြုရိုသေလေးစားခြင်း၊ ၎င်းတို့အပေါ် ဆလ်ဝသ် ပို့သခြင်း၊ အဲဟ်လေ့ ဘိုက်(သ) (အ.စ) ကြီးကျယ် မြင့်မြတ်မှုများ နှင့် ဝမ်းနည်း ကြေကွဲဖွယ်ရာများ ဒုက္ခများကို တင်ပြခြင်း၊ခွမ်းစ် ထုတ်ခြင်း ၊ (အဲဟ်လေ့ ဘိုက်(သ) (အ.စ) )) အတွက် ပေးကမ်းလှူဒါန်း၊ကူညီခြင်း တို့သည် အဲဟ်လေ့ ဘိုက်(သ) (အ.စ)  နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ မှ ဖြစ်ပါ တယ်။

အဲဟ်လေ့စွန္နသ် ၏ အမြင်တွင် အဲဟ်လေ့ ဘိုက်(သ) (အ.စ)

ကေစာအောက်ရှိပုဂ္ဂိုလ်မွန်များ (ပန်းဂျ်သန်) သည်  အဲဟ်လေ့ ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း နှင့် ပတ်သက် ၍ စွန်နီပညာရှင်များ ၏ အမြင် နှင့် ရှီအဟ် ပညာရှင်များ ၏ အမြင်သည် အတူတူ ဖြစ်ပါသည်။ စွန်နီ ရင်းမြစ် အမျိုးမျိုးရှိ ဟဒီးစ်တော်အများအပြား တွင် တမန်တော်မြတ် (ဆွ) သည် ထပ်ခါတလဲလဲ အလီ (အ.စ) ၊ ဖွာတွေမဟ် (စ.အ) နှင့် ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) တို့အား အဲဟ်လေ့ ဘိုက်(သ) (အ.စ) ဖြစ်ကြောင်း မိတ်ဆက်ပေးသည့်  ဆင့်ပြန်ချက်များ လာရှိပါ တယ်။

ထိုနည်းတူစွာ စွန်နီ ရင်းမြစ်များတွင်လာရှိသည်မှာ တမန်တော်မြတ် (ဆွ) သည် အလီ(အ.စ) ၊ ဖွာတွေမဟ် (စ.အ) နှင့် ဟစန် (အ.စ) နှင့် ဟိုစိုင်းန် (အ.စ) တို့ပတ်သက်ပြီး ဤကဲ့သို့ မိန့်ကြားတော်မူထားပါ တယ်။ “အကြင် မည်သူမဆို ၎င်းတို့ အားချစ်ခင်မြတ် နိုးခြင်းသည် ကျွန်ုပ် အား ချစ်ခင်မြတ် နိုးခြင်း ဖြစ်ပေသည်။ အကြင်မည်သူမဆို ၎င်းတို့အား ရန်ပြု ရန်ငြိုး ထားခြင်းသည် ကျွန်ုပ် အား ရန်ပြုရန်ငြိုးထားခြင်း ဖြစ်ပေ တယ်။ “အခြားရီဝါယသ်တော်တစ်ပါးတွင် တမန်တော်မြတ် (ဆွ) ထံ မှ ဆင့်ပြန်လာရှိသည်မှာ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား အချစ်ထားသူများသည် ကေယမသ်နေ့ တွင် ကျွန်ုပ်နှင့်အတူရှိနေမည် ဖြစ်ပြီး ကျွန်ုပ်နှင့် အဆင့် အတူ တွင် ရှိနေ မည်ဖြစ်ပါ တယ်။ စွန်နီ သဖ်စီးရ် ပညာရှင်များ မှ တစ်ပါး ဖြစ်သည့်ဖခ်ရ် ရာဇီးအနေဖြင့် တမန်တော်မြတ် (ဆွ) သည် အလီ (အ.စ)၊ဖွာတွေမဟ် (စ.အ)၊ ဟစန် (အ.စ) ၊ ဟိုစိုင်းန် (အ.စ) သည် ချစ်ခင်မြတ်နိုးပေသည်။ တမန်တော်မြတ်(ဆွ) ပြုလုပ်သည့် အတိုင်း လိုက်နာရမည်မှာ မွတ်စလင်အွန်မသ် တစ်ခုလုံး အတွက် ဝါဂျစ်ဗ် (ခ) မဖြစ်မနေရ ပြုလုပ်ရမည် ဖြစ်ပါ တယ်။ ဤ အထောက်အထား အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်မြတ် နိုးရမည် မှလည်း ဝါဂျစ်ဗ် (ခ) မပြုမနေရ ဖြစ်ကြောင်း ဆိုထားပါ တယ်။ ဟီဂျရီ ၁၀ ရာစု နှစ် ၏ ရှာဖေအီမဇ်ဟဗ် ၏ အာလင်မ်များ မှ တစ်ပါး ဖြစ်သူ အစ်ဘ်နေဟဂျ်ရ် ဟီသမီ မှလည်း ဟဒီးစ်တော်များ အရ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ်နိုး ရမည်မှာ ဝါဂျစ်ဗ် (ခ) မဖြစ်မနေရ ပြုလုပ်ရမည် ဖြစ်ပြီး ၎င်းတို့အား မုန်းတီးခြင်းကို ပြင်းထန်သည် ဟရာမ် လုပ်ရပ် ဖြင့် လာရှိကြောင်း တင်ပြထားပါ တယ်။  ဤ အာလင်မ်၏ ပြောကြား ချက် အရ အာလင်မ်များ ဖြစ်ကြသည့် ဘိုင်ဟကီ နှင့် ဘဂ်ဝီ တို့သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ်နိုး ခြင်း သာသနာ ၏ အရေးကြီး တာဝန် ဝတ္တရားများ မှ တစ်ခု ဖြစ်ကြောင်း မှတ်ယူ ထားကြောင်း သိရှိရပါသည်။ (109) စွန်နီ ဓမ္မသတ် ပညာရှင်ကြီး လေးပါး (အေမာမ် လေးပါး ) မှ တစ်ပါး ဖြစ်သူ ရှာဖေအီ မှလည်းဘဲ အချို့ အာယသ် တော်များ တွင်      အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ်နိုး ခြင်းကို မပြုမနေရ ဖြစ်ကြောင်း  တင်ပြထားပါ တယ်။

 

“یا أهلَ بیتِ رسولِ الله حُبُّکُم..... فَرضٌ مِنَ الله فِی القرآنِ أنزَلَهُ“

 

အဓိပ္ပာယ် စကားပြေ - အိုအလ္လာဟ့်ရစူလ် (ဆွ) ၏အနွယ်တော်မြတ် တို့ ၊ လူကြီးမင်းတို့အားအချစ်ထားရန် မပြုမနေရဖြစ်ကြောင်း အလ္လာဟ် ဘက်မှချမှတ်သည့် အမိန့် တစ်ခု ဖြစ်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန် တွင် ချမှတ်ထားပြီး ဖြစ်ပါ တယ်။

 

အေမာမ် ရှာဖေအီ မှ အခြား ကဗျာအပိုဒ် တစ်ခု တွင် ရေးသားထားသည်မှာ

 

“إنْ كانَ رَفْضاً حُبُّ آلِ مُحَمَّد..... فَلْيَشْهَد الثََقلان أنّى رافِضی“

 

 

အဓိပ္ပာယ် စကားပြေ - အကယ်၍ အာလေ့မိုဟမွမဒ် (ဆွ) အား ချစ်ခြင်းသည်ရဖ်ဇ်(ရဖေဇီ) ဖြစ်မည်ဆိုလျှင် ဂျင်န် နှင့်လူသားများသက်သေပေးကြပါလေ။ ကျွန်ုပ်သည်လည်း ရာဖေဇီ ဖြစ်ပေ တယ်။

 

စွန်နီသဖ်စီးရ်ပညာရှင်များ မှ တစ်ပါး ဖြစ်ပြီး အလ်ကရှာဖ် သဖ်စီးရ် ကျမ်း အား ရေးသားသီးကုံးသူ ဇမခ်ရှရီ မှအာယသ် မိုဘာဟေလဟ် အား ကေစာအောက်တွင်ပါဝင်သူ ပုဂ္ဂိုလ်မွန်များကြီးကျယ်မြင့်မြတ်မှု ၊ သာလွန် မြင့်မြတ်မှ အတွက် အခိုင်တကာအခိုင်မာဆုံး သက်သေ အထောက်အထား ဖြစ်ကြောင်းခံ ယူထားပါ တယ်။ အာယာသွလ္လာဟ် ဂျဖ်ဖရ် စိုဘဟာနီ ၏ အဆိုအရ စွန်နီ ပညာရှင် အများအပြားသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် ပညာ နှင့် သာသနာနားလည် မှု တွင် သာလွန်ကြောင်း ပိုမို တတ်သူများ သိရှိသူများ ဖြစ်ကြောင်း ကို ဝန်ခံ ထားကြခြင်း ဖြစ်ပါ တယ်။) ဥပမာအားဖြင့်၊ ဟနဖီမဇ်ဟဗ် ကို တည်ထောင်သူ နှင့် စွန်နီ ဥပဒေပညာရှင် လေးပါး (အေမာမ်လေးပါး ) အနက်မှ တစ်ပါး ဖြစ်သူ အဘူဟနီဖဟ် မှ အေမာမ် ဂျအ်ဖရ် ဘင်န် မိုဟမ္မဒ် (အ.စ) ထက် သာလွန်သည့်  ဓမ္မသတ် ပညာရှင်တစ်ပါး ကိုပင်  ကျွန်ုပ်မ တွေ့ဖူး ကြောင်းဆိုပြီး ဆင့်ပြန်ချက်လာ ရှိပါသည်။ (114) သာဘေအီးန် များ မှ တစ်ပါး ဖြစ်သူ ဟီဂျရီ ပထမရာစု နှင့် ဒုတိယ ရာစု၏ ဖေကဟ် ပညာရှင် တစ်ပါး နှင့် စွန်နီ ဟဒီးစ် ပါရဂူတစ်ပါး ဖြစ်သူ မိုဟမ္မဒ် ဘင်န် မွတ်စလင်မ် ဘင်န် ရှဟာဘ် ဇိုဟ်ရာ အနေဖြင့် ဤဝါကျအား အေမာမ် စဂျာဒ် (အ.စ) အတွက် ဆင့်ပြန် ထား ကြောင်း လာရှိပါသည်။ (115) ရှာဖေအီ မဇ်ဟဗ် ကို တည်ထောင်သူ နှင့် စွန်နီ ဥပဒေပညာရှင် လေးပါး (အေမာမ်လေးပါး ) အနက်မှ တစ်ပါး ဖြစ်သူ ရှာဖေအီ မှလည်း အေမာမ် စဂျာဒ် (အ.စ) အား မဒီနာ မြို့သူ မြို့သား များ ၏ အကောင်းတကာအကောင်း ဖေကဟ် ပညာရှင် အဖြစ် လက်ခံ ထားပါ တယ်။

အစ်ဘ်နေဟဂျ်ရ် ဟီသမီ မှ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ကျမ်းတော်မြတ်ကုရ်အာန် နှင့် မိမိ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အား စစ်က်လ် (အရာ) နှစ်ခု အဖြစ် အမည်ပေးခဲ့ပြီး စစ်က်လ် ဆိုသည်မှာ တန်ဖိုးရှိသည့်အရာ အရေးကြီးသည့် အရာ ကို ခေါ်ဆို ခြင်း ဖြစ်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) သည်အဖိုးတန်အရေးကြီး အရာ နှစ်ခု ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုအရာ နှစ်ခု စလုံး သည်သာသနာပညာ၊လျှို့ဝှက်ချက်များ၊ ကြီးမြတ်သောဆင်ခြင်တုံတရားများ နှင့် င့် ရှရ်အီ စီရင်ထုံးများ၏  ရတနာသိုက်ဖြစ်ကြောင်းဆိုထားပါ တယ်။ ထို့ကြောင့်၊ ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား မြဲမြံစွာ ဆုပ်ကိုင်ထားရန် ကျမ်းတော်မြတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ)တို့ကို လိုက်နာရန် နှင့် ၎င်းတို့ထံ မှ အသိပညာ သင်ယူရန် တိုက်တွန်းထားပါ တယ်။ အစ်ဘ်နေဟဂျ်ရ် ၏ သက်ဝင် ယုံကြည်ချက် အရ အဟ်လေ့ဘိုက်(သ) (အ.စ) အား လိုက်နာ ရန် သက်သေထူနေသည့် ဟဒီးစ်တော် များ လာရှိပြီး ကေယမသ် နေ့တိုင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အားလိုက်နာ ရန် တိုက်တွန်း ထား ပါသည်ဟု ဖြစ်ပါ တယ်။ ထိုနည်း တူစွာ ကျမ်းတော်မြတ် ကုရ်အာန် အားလည်းဘဲ မြဲမြံစွာ ဆုပ်ကိုင် ထားရန် ဖြစ် ပါ တယ်။

 

အလီရဗ်ဘာနီ ဂိုလ်ဗိုင်ဂါနီ  ၏ ရှုထောင့် အမြင်အရ စွန်နီ ပညာရှင်များ အချို့ ၏ ယုံကြည်ချက် အရ အဟ်လေ့ဘိုက်(သ) (အ.စ) ၏ အစ်ဆ်မသ် သေအခ်လာကီ ( ကိုယ်ကျင့်တရား၊စာရိတ္တ ဆိုင်ရာတွင် အပြစ်မဲ့မှု) နှင့် အစ်ဆ်မသ် သေ အမလီ ( လက်တွေ့ကျင့်သုံးမှုတွင် အပြစ်မဲ့မှု) တွင် သံသမရှိ အငြင်းပွား စရာ ၊ သဘောထားကွဲလွဲမှုမရှိ ကြောင်း သဘောထားကွဲလွဲကြသည်မှာ အစ်ဆ်မသ် သေအေလ်မီ ( ပညာတွင် အပြစ်မဲ့မှု) ဖြစ်ကြောင်း ဖြစ်ပါ တယ်။

မူရင်းကျမ်းကိုးများ

 

  طبرسی، مجمع‌البیان، ۱۳۷۲ش، ج۳، ص۱۰۰؛ طباطبایی، المیزان، ۱۳۹۰ق، ج۴، ص۳۹۱

    طبرسی، مجمع‌البیان، ۱۳۷۲ش، ج۳، ص۱۰۰.

    نگاه کنید به حلبی، الکافی فی الفقه، ‌۱۴۰۳ق، ص۹۷.

    حلبی، الکافی فی الفقه، ‌۱۴۰۳ق، ص۹۷.

    مظفر، دلائل‌الصدق، ۱۴۲۲ق، ج۶، ص۲۶۲ و ۲۶۳.

    سبحانی، الالهيات‏، ۱۴۱۲ق، ج۴، ص۱۰۸.

    میر حامد حسین، عبقات الانوار، ‌۱۳۶۶ش، ج۲۳، ص۹۷۵.

    مظفر، عقائدالامامیه، ۱۳۸۷ش، ص۷۲؛ موسوی زنجانی، عقائد الامامیة الاثنی عشریة، ۱۴۱۳ق، ج۳، ص۱۸۱.

    مظفر، عقائدالامامیه، ۱۳۸۷ش، ص۷۲؛ موسوی زنجانی، عقائد الامامیة الاثنی عشریة، ۱۴۱۳ق، ج۳، ص۱۸۱.

    سوره شوری، آیه ۲۳.

    برای نمونه نگاه کنید به: فاضل مقداد، اللوامع الالهیه، ۱۴۲۲ق، ص۴۰۰؛ مظفر، عقائدالامامیه، ۱۳۸۷ش، ص۷۲؛ موسوی زنجانی، عقائد الامامیة الاثنی عشریة، ۱۴۱۳ق، ج۳، ص۱۸۱؛ فخر رازی، التفسیر الکبیر، ۱۴۲۰ق، ج۲۷، ص۵۹۵.

    مکارم شیرازی، تفسیر نمونه، ‌۱۳۷۲ش، ج۲۰، ص۴۰۷.

    مظفر، عقائدالامامیه، ۱۳۸۷ش، ص۷۲؛ موسوی زنجانی، عقائد الامامیة الاثنی عشریة، ۱۴۱۳ق، ج۳، ص۱۸۱.

    برای نمونه نگاه کنید به کلینی، الکافی، ۱۴۰۷ق، ج۲، ص۴۶؛ شیخ صدوق، من لایحضره الفقیه، ۱۴۱۳ق، ج۴، ص۳۶۴.

    مظفر، عقائدالامامیه، ۱۳۸۷ش، ص۷۳.

    محمدی ری‌شهری، فرهنگ‌نامه مرثیه سرایی و عزاداری سیدالشهدا، ۱۳۸۷ش، ص۱۱-۱۲.

    اکبریان، «محبت اهل‌بیت(ع) در قرآن»، ص۴۲.

    اکبریان، «محبت اهل‌بیت(ع) در قرآن»، ص۴۴.

    خادمی، «محبت به پیامبر و اهل‌بیت از دیدگاه قرآن و روایات»، ص۲۵.

    خادمی، «محبت به پیامبر و اهل‌بیت از دیدگاه قرآن و روایات»، ص۲۶.

    محمدی ری‌شهری، اهل بیت علیهم السلام در قرآن و حدیث، ۱۳۹۱ش، ص۸۱۱-۸۳۳.

    برای نمونه نگاه کنید به نیشابوری، صحیح مسلم، دار احیاءالتراث العربی، ج۴، ص۱۸۷۱؛ ترمذی، سنن‌الترمذی، ۱۹۹۸م، ج۵، ص۷۵، ۲۰۴، ج۶، ص۸۳، ۱۳۲، ۱۸۲؛ ابن‌عساکر، تاریخ دمشق، ۱۴۱۵ق، ج۱۴، ص۱۳۸، ۱۴۰، ۱۴۸، ج۴۱، ص۲۵، ج۴۲، ص۱۱۲، ج۶۷، ص۲۵؛ ذهبی، تاریخ‌الاسلام، ۲۰۰۳م، ج۲، ص۶۲۷.

    برای نمونه نگاه کنید به ابن‌عساکر، تاریخ دمشق، ۱۴۱۵ق، ج۱۴، ص۱۵۴؛ ذهبی، تاریخ‌الاسلام، ۲۰۰۳م، ج۲، ص۶۲۷.

    ترمذی، سنن‌الترمذی، ۱۹۹۸م، ج۶، ص۹۰؛ ذهبی، تاریخ‌الاسلام، ۲۰۰۳م، ج۲، ص۶۲۷.

    فخر رازی، التفسیر الکبیر، ۱۴۲۰ق، ج۲۷، ص۵۹۵.

    ابن‌حجر، الصواعق المحرقة، ۱۴۱۷ق، ج۲، ص۵۰۶.

    شافعی، دیوان الامام الشافعی، قاهره، ص۱۲۱.

    شافعی، دیوان الامام الشافعی، قاهره، ص۸۹.

    زمخشری، الکشاف، ۱۴۰۷ق، ج۱، ص۳۷۰.

    سبحانی، سیمای عقاید شیعه، ۱۳۸۶ش، ص۲۳۴.

    ذهبی، سیر اعلام النبلاء، ۱۴۰۵ق، ج۶، ص۲۵۷.

    ابوزرعه دمشقی، تاریخ ابی‌زرعة الدمشقی، مجمع اللغة العربیة، ص۵۳۶.

    ابن ابی‌الحدید، شرح نهج البلاغه، ۱۴۰۴ق، ج۱۵، ص۲۷۴.

    ابن‌حجر هیتمی، الصواعق المحرقة، ۱۴۱۷ق، ج۲، ص۴۴۲.

    ابن‌حجر هیتمی، الصواعق المحرقه، ۱۴۱۷ق، ج۲، ص۴۴۲.

  ربانی گلپایگانی، «اهل‌بیت»، ص۵۵۶.         

****************************************************************

END / 251