အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၂ အောက်တိုဘာ ၂၀၂၃

၁၇:၄၁:၄၉
1400516

ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ကြောင်း တစေ့တစောင်း

ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ကြောင်း တစေ့တစောင်း ဆိုသည်မှာ အဲဟ်ကာမ် (ရှရီအီ ဥပဒေသများ နှင့် အကာ ယေက် (ယုံကြည်ချက်များ) ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဂိုဏ်း(မဇ်ဟဗ်) တစ်ခု ၏ နောက်လိုက်များ သည် ထိုဂိုဏ်း (မဇ်ဟဗ်) နှင့် ဘာသာသာသနာ ၏ အစိတ်အပိုင်း အဖြစ်သိရှိကြပါသည်။ သာသနာ့ ပညာရှင် အများစု ၏ အမြင်တွင် တစ်ဦးတစ်ယောက်သည် ဂိုဏ်း (မဇ်ဟဗ်) တရား ၏ အရေးကြီး လိုအပ်ချက်များကို ငြင်းဆို လက်မခံခြင်းသည် ၎င်း ဂိုဏ်း(မဇ်ဟဗ်) တရား မှ ထွက်သွားခြင်းဖြစ်ပါတယ်။ ဆက်လက်၍ လေ့လာကြည့်ပါမယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုဏ်း(မဇ်ဟဗ်)တရား၏ အရေးကြီးလိုအပ်ချက် ဆိုသည်မှာ အဲဟ်ကာမ် (ရှရီအီ ဥပဒေသများ  နှင့် အကာ ယေက် (ယုံကြည်ချက်များ) ဖြစ်ပါတယ်။  ယေဘုယျအားဖြင့် ဂိုဏ်း(မဇ်ဟဗ်) တစ်ခု ၏ နောက်လိုက်များ သည် ထိုဂိုဏ်း (မဇ်ဟဗ်) နှင့် ဘာသာသာသနာ ၏ အစိတ်အပိုင်း အဖြစ်သိရှိကြပါတယ်။

 သာသနာ့ ပညာရှင် အများစု ၏ အမြင်တွင် တစ်ဦးတစ်ယောက်သည် ဂိုဏ်း (မဇ်ဟဗ်) တရား ၏ အရေးကြီး လိုအပ်ချက်များကို ငြင်းဆို လက်မခံခြင်းသည် ၎င်း ဂိုဏ်း(မဇ်ဟဗ်) တရား မှ ထွက်သွားခြင်းဖြစ်ပါတယ်။ သို့သော် ဘာသာ သာသနာ မှ  ထွက်သွား ခြင်း မဟုတ် ချေ။

အေမာမ်မီယဟ် ဂိုဏ်း(မဇ်ဟဗ်) တရား ၏ အရေးအကြီး တကာ အကြီးဆုံး လိုအပ်ချက်မှာ အေမာမ် ဆယ့်နှစ်ပါး ၏ အေမာမ်မသ် အား အလ္လာဟ်ဟို အရှင်မြတ် ဘက် မှဟု ယုံကြည် သက်ဝင် ခြင်း ဖြစ်ပါတယ်။

ပညာရပ်ဆိုင်ရာ အသုံးအနှုန်း ကို နားလည်ခြင်းဖိုလိုပါတယ်။

အရေးကြီးလိုအပ်ချက် ဆိုသည်အဓိပ္ပာယ်မှာ ရှင်းလင်းထင်ရှားပြီး အရေးကြီးလိုအပ်ချက်ဖြစ်ပြီး  ရှရီအီ ဓမ္မသတ် ဆိုင်ရာ ပညာရပ် အသုံးအနှုန်း  သုံးမျိုး ဖြစ်သည့် “ ဘာသာသာသနာ တရား၏ အရေးကြီး လိုအပ်ချက်“ “ ဂိုဏ်း(မဇ်ဟဗ်) တရား၏ အရေးကြီးလိုအပ်ချက်“ နှင့် “ ဖေက်ဟ် (ရှရီအီ ဓမ္မသတ်) ၏ အရေး ကြီးလို အပ်ချက်“ သုံးထား ပါတယ်။

ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက်ကတော့

ဘာသာသာသနာ(ဒီးန်) တရား၏ အရေးကြီးလိုအပ်ချက် ၊ အဲဟ်ကာမ် (ရှရီအီ ဥပဒေသများ) ၊ အကာယေက် (ယုံကြည်ချက်များ) ဖြစ်ပါတယ်။ အစ္စလာမ် အုပ်စုများစု နှင့် ဂိုဏ်း(မဇ်ဟဗ်) ခွဲများသည် ပမာအားဖြင့် ရုပ်ပိုင်းဆိုင်ရာ‌ ကေယမသ် နှင့် နမာဇ်ဖတ်ရန် ဝါဂျစ်ဘ် ဖြစ်ကြောင်းကို  ထင်ရှားဖြတ်သားသည့် ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက် ၏ အစိတ်အပိုင်း အဖြစ်ခံယူထားကြပါတယ်။ ဘာသာ သာသနာ တရား၏ အရေးကြီးလိုအပ်ချက် ကို ငြင်းပယ်ခြင်းသည် အမှန်တကယ် အလ္လာဟ်ဟို အရှင်မြတ် အား သို့မဟုတ် တမန်တော်မြတ် (ဆွ) ကို လိမ်ညာသူဟု ဆိုခြင်း ဖြစ်သွားပေမည်။ ပြီးနောက် အိရ်သေဒါးဒ် (ဇာတ်ပျက်ခြင်း၊အစ္စလာမ်ဘာသာကိုကျောခိုင်းခြင်း) ဖြစ်စေသည့် အကြောင်း အရာများ မှ တစ်ခု ကို ကျူး လွန်ခြင်း ဖြစ်ပေမည်။

ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက်ကတော့

ဂိုဏ်း(မဇ်ဟဗ်) တရား၏ အရေးကြီးလိုအပ်ချက် ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက် ဆိုသည်မှာ အဲဟ်ကာမ် (ရှရီအီ ဥပဒေသများ  နှင့် အကာယေက် (ယုံကြည်ချက်များ) ဖြစ်ပါတယ်။

 ယေဘုယျအားဖြင့် ဂိုဏ်း*မဇ်ဟဗ်) တစ်ခု ၏ နောက်လိုက်များ သည် ထို ဂိုဏ်း နှင့် ဘာသာသာသနာ ၏ အစိတ်အပိုင်း အဖြစ်သိရှိရပါသည်။ ဂိုဏ်း ကဏ္ဍ တိုင်း၏ နောက်လိုက်များသည် မိမိတို့၏ ဂိုဏ်းကိုစစ်မှန်သည့် သာသနာ အဖြစ် လက်ခံထားကြပါတယ်။ ဖေက်ဟ် ပညာ ရှင်များ အနေဖြင့် လည်း ပမာအားဖြင့် ဂျဝါဟေရ်  ကျမ်းရှင် သည် ဂိုဏ်းတရား၏ အရေးကြီး လိုအပ်ချက် သည် ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက် ကဲ့သို့ လူသားများ အတွက်လည်း  အရေးကြီး လိုအပ်ကြောင်းဆိုထားပါတယ်။

ဖေက်ဟ် (ရှရီအီ ဓမ္မသတ်) ၏ အရေးကြီးလိုအပ်ချက် အကြောင်း

ဖေက်ဟ် (ရှရီအီ ဓမ္မသတ်) ၏ အရေးကြီးလိုအပ်ချက်  အား  နည်းလမ်း နှစ်မျိုး ဖြင့် ရှင်းလင်းတင်ပြထား ပါတယ်။

(၁)ရှရီအီဓမ္မသတ်ပညာရှင်များ အားလုံး  အနေဖြင့် အေဂျ်မာအ် (ရှရီအီဓမ္မသတ်ပညာရှင်များ အများစု၏ သဘော တူခြင်း) ပြုထားသည့်အရာများ ဖြစ်ပါသည်။ ပြီးနောက် ရှရီအီဓမ္မသတ်ပညာရှင်များ သဘောတူ လက်ခံ ထား ပါတယ်။

(၂) ဖေက်ဟ် နှင့် အူဆူလေဖေက်ဟ် အခြေခံအုတ်မြစ် ဖြစ်သည့် အရာများဖြစ်ပါသည်။ ၎င်းတို့ မပါဘဲ ဖွဲ့စည်း၍ မရချေ။

နမူနာများကတော့

အေမာမ်မီယဟ် ဂိုဏ်း(မဇ်ဟဗ်) တရား၏ အရေးကြီးလိုအပ်ချက် ၏ အရေးအကြီးဆုံး အချက်မှာ အေမာမ်မသ် အပေါ် သက်ဝင်ယုံကြည် မှု  နှင့် အေမာမ် များကို မအ်စူးမ် (ပြစ်မဲ့ ) များ ဟု သက်ဝင် ယုံကြည် ခြင်း ဖြစ်ပါတယ်။ ရှီအဟ် ဂိုဏ်း တရား ၏ အခြား အရေးကြီး မရှိမဖြစ် လိုအပ်ချက်များ မှ “ဟိုင်ယာ အလာ ခိုင်းရေလ်အမလ်” အား အဇါန်၏ အစိတ်အပိုင်းအဖြစ်သက်ဝင်ယုံကြည်ခြင်း နှင့် မိုသအ်ဟ် အား ဟလာလ် ဖြစ်ကြောင်း သက်ဝင် ယုံကြည် ခြင်းတို့ ဖြစ်ကြောင်း ဖော်ပြ နိုင်ပါတယ်။

ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက်  ငြင်းဆိုခြင်း အတွက် ရှရီအီအမိန့်ကတော့

ရှရီအီဓမ္မသတ်ပညာရှင်အများစု အနေဖြင့် ဂိုဏ်း(မဇ်ဟဗ်)တရား၏ အရေးကြီးလိုအပ်ချက်  များ မှ တစ်ခုကို  ငြင်းဆို သူသည် ရှီအဟ် မဇ်ဟဗ်(ဂိုဏ်း) မှ ထွက်သွားစေကြောင်း သက်ဝင် ယုံကြည်ထားကြပါတယ်။ အခြားတစ်ဖက်တွင် ဟဒါအေက် ကျမ်းရှင် ကဲ့သို့ ရှရီအီဓမ္မသတ်ပညာရှင် သည် ဂိုဏ်းတရား၏ အရေးကြီးလိုအပ်ချက် ကို  ငြင်းဆိုသူ အား ဇတ်ပျက်သူ (အစ္စလာမ်ဘာသာအားကျောခိုင်းသွားသူ ) ဖြစ် သည်ဟု လက်ခံဆိုထားပါတယ်။ ထိုနည်းတူစွာ ဂျဝါဟေရ်  ကျမ်းရှင် သည် ဂိုဏ်းတရား၏ အရေးကြီး လိုအပ်ချက် ကို  ငြင်းဆိုသူ အား ဘာသာသာသနာ တရား၏ အရေးကြီးလိုအပ်ချက်ကဲ့သို့ ဖြစ်ပြီး ဇတ်ပျက်သူ ဟု လက်ခံဆိုထားပါတယ်။ အချို့ ( ပမာအား ဖြင့် ဆယက်ဒ် အဗ်ဒိုလ်အအ်လာ စဗ်ဇဝါရီ ) ဂိုဏ်းတရား၏ အရေးကြီး လိုအပ်ချက် ကို  ငြင်းဆိုခြင်း သည် ရေစာလာသ် နှင့် သောင်ဟီးဒ် ကို ငြင်းဆိုခြင်းသာလျှင် ဇတ်ပျက်ကြောင်း လက်ခံ ယုံကြည်ထားပါတယ်။

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.      Fiqh and Law Review Quarterly, Year 1, No. 3-4, article Unnecessary Effort for Necessary Explanation.

2.      Mohammad Hasan bin Baqir, Sahib Jawahar, Jawahar al-Kalam Fi Sharah Shaaree al-Islam, Beirut, Dar Ahya Al-Trath al-Arabi.

3.       Sarat al-Najat fi Ajuba al-Istftataat, Mirza Javad Tabrizi, first edition, Barzizide publishing house, 1418 AH.

4.      wikishia.net.

5.      Mahezab al-Ahkam fi bayan halal va haram, Seyyed Abdul Ali Sabzevari, first edition, Dar al-Tafseer publishing house, 1430 AH.

6.      Persian jurisprudence, under the supervision of Ayatollah Seyyed Mahmoud Shahroudi, Publications of the Institute of Islamic Jurisprudence.

7.      Al-Masua'a al-Fiqhiyyah, Qom, Islamic Fiqh Encyclopaedia Institute, 1423 AH.

8.       Al-Masua'a al-Faqihah al-Missera, Muhammad Ali Ansari, Qom, Majmael al-Fikr al-Islami, 1424 AH.

 

****************************************************************

END / 251