အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၅ အောက်တိုဘာ ၂၀၂၃

၂၀:၃၀:၃၄
1401504

အာခေရသ်(ခ) လောကုတ္တရာအတွက် ဆုံးမသြဝါဒတော် တစ်ပါး

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အာခေရသ်(ခ) လောကုတ္တရာအတွက် ဆုံးမသြဝါဒ တော် တစ်ပါး ကို မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الرضا عليه السلام:

"من فرج عن مؤمن فرج الله عن قلبه يوم القيامة ۔

အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“ အကယ်၍ အကြင်မည်သူမဆို မိုအ်မင် တစ်ဦးဦး ၏ အခက်အခဲ ကို ဖြေရှင်း ပေမည်၊ ပြေလည် အောင်ပြု ပေးမည်၊ ပီတိ ဖြစ်အောင် ပြုပေးမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် လည်းဘဲ ကေယမသ်နေ့ တွင် ၎င်း၏ ခက်ခဲသည် အထုံးဖွဲ့များကို ဖြေပေးတော်မူမည် ။ (အခက်အခဲများကို ဖြေရှင်း ပေးမည်ဖြစ်ပါသည်။ )  ”

ကျမ်းကိုး ။ ။ အလ်ကာဖီ  ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၀၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် မိုအ်မင် တစ်ဦးဦး ၏ အခက်အခဲ ကို ငွေရေးကြေးရေးဖြစ်စေ လူမှုရေး ဖြစ်စေ အခြား အရေး ဖြစ်စေ ကို ကူညီ ဖြေရှင်းပေးနိုင် အောင် ကြိုး စားသင့်ပါ တယ်။ ဟဒီးစ်တော် မှ မီးမောင်းထိုးပြနေသည်မှာ မိုအ်မင်တစ်ဦး၏ အခက်အခဲ၊သူကိုပီတိ ဖြစ်အောင် ပြုပေးလျှင် မိမိ၏ အခက်အခဲများလည်း ကေယမသ်နေ့တွင်ပြေလည်မှာ ဖြစ်ပါတယ်။ နောက် သတိအထူးတစ်ခုပြုစရာ အချက်တစ်ချက်မှာ မိုအ်မင်၏ အခက်အခဲသည်လည်း ဟလာလ် ဖြစ်ဖို့ ရှရီအသ် တရား တော်က ခွင့်ပြုထားဖို့တော့လိုပါတယ်။ ပမာအားဖြင့် မိုအ်မင် တစ်ဦးမှ ခင်ပွန်းသည် ရှိ မိန်းမ တစ်ဦး ကို မေတ္တာ ရှိ ချစ်ကြိုက်နေ၍ သူနဲ့အဆင်ပြေအောင် ပြုပေးမည်ဆိုသည့် အဖြစ်မျိုး မဖြစ်ဖို့ အထူးလိုအပ်ပါတယ်။

 

****************************************************************

END / 251