အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၈ အောက်တိုဘာ ၂၀၂၃

၂၀:၂၆:၄၁
1402700

သက်ကြီးရွယ်အိုများကို မလေးမစားပြု ခြင်း ၏ ရလာဒ်

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သက်ကြီးရွယ်အိုများကို မလေးမစားပြု ခြင်း ၏ ရလာဒ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်ကာဖီကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الصادق علیه السلام:

لَيسَ مِنّا مَن لَم يُوَقِّر كَبيرَنا و يَرحَم صَغيرَنا .

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

ကျွန်ုပ်တို့၏ အသက်ကြီးသူများကို မလေးစားဘဲ ကျွန်ုပ်တို့ ၏ ငယ်ရွယ်သူများ ကို ကြင်နာစွာ မဆက်ဆံသူ သည် ကျွန်ုပ်တို့ မှ မဟုတ်‌ချေ။

တစ်နည်းအား ဖြင့်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရှီအဟ် မှန်လျှင် မိမိထက် အသက်ကြီးသူကို ရိုသေလေးစားစွာဆက်ဆံပြီး  မိမိထက်ငယ်သူအား ကြင်နာ စွာ ဆက်ဆံရမည် ဖြစ်ပါသည်။

ကျမ်းကိုး ။ ။အလ်ကာဖီ ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၆၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် မိမိကိုယ်ကို အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ရှီအဟ်စစ်ရှီအဟ်မှန် စာရင်းတွင် ပါဝင်လိုလျှင် မိမိထက် ကြီးသူများကို လေးစားဖို့ အထူး လိုအပ်ပါတယ်။ ငွေလေ နည်းနည်း ရှိ၊ သာသနာ့ပညာ နှင့်ခေတ်ပညာလေး နည်းနည်း တတ်လာသည့် အခါ မိုးမမြင်လေမမြင် မိမိထက်ကြီးသူများ နှင့်တွေ့သည့် အခါ  မလေးမစားပြု ပြီး စလာမ်မပေး ခြင်း စသည် ဖြင့် များ မပြုမိရန် အထူး ဂရုပြုရမည် ဖြစ်ပါတယ်။ ထိုပြင် မိမိထက်ငယ်သူများ ကိုလည်း ကြင်နာ စွာ ယုယ စွာဆက်ဆံ ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251