အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : AVBA
တနင်္ဂနွေနေ့

၂၂ အောက်တိုဘာ ၂၀၂၃

၂၀:၃၀:၁၀
1404041

ကိုယ်တော်မြတ် (ဆွ) ၏ အွန်မသ်တော် ရှိ လူကောင်းများ

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် မိမိအွန်မသ်တော် ရှိ လူကောင်း များ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျာမေအိုလ်အဟာဒီးစ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

خيارُ اُمَّتى ألّذينَ إذا سافَرُوا قَصَّرُوا وَ أفْطَرُوا وَ إذا اَحْسَنُوا، استَبْشَرُوا وَ إذا اَساؤُا استَغْفَرُوا ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“ ငါအွန်မသ် ရှိ လူကောင်း များသည် ခရီး သွားနေစဥ် နမာဇ် ဇေကဆ်ရ် ဝတ်ပြုကြပါသည်။(လမ်းခရီးတွင်) ရိုဇဟ် မထားကြချေ။ ကောင်းမှု လုပ်သည်အခါ ဝမ်းသာ ပီတိ ဖြစ်ပြီးမကောင်းမှုကို ပြုမိသည့်အခါ အစ်သေဂ်ဖါ လုပ်ကြသူများ ဖြစ်ပါသည်။ “

ကျမ်းကိုး ။ ။ ဂျာမေအိုလ်အဟာဒီးစ် ကျမ်း  ၊ စာမျက်နှာ  ၂၁၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အွန်မသ်တော် တွင် လူကောင်း ဖြစ်အောင်  အထက်ဖော်ပြပါ အရည်အချင်း အရည်အသွေးများ  မိမိ တွင် ပေါ် ထွက် လာအောင် ကြိုးစားရမည်  ဖြစ်ပါတယ်။

****************************************************************

END / 251