အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၄ အောက်တိုဘာ ၂၀၂၃

၁၂:၁၈:၀၅
1404563

အေမာမ် ဟစန် အက္စ်ကရီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အကောင်းဆုံး ညီအစ်ကို ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေလန်မ်မွတ်ဒ်ဒီးန် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام العسکری علیه السلام:

خَيْرُ إخْوانِكَ مَنْ نَسِىَ ذَنْبَكَ وَ ذَكَـرَ إحسـانَكَ اِلَـيْهِ ۔

အေမာမ် ဟစန် အက္စ်ကရီ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“အသင်အတွက် အကောင်းတကာ အကောင်း ညီအစ်ကို ဆိုသူမှာ အသင်၏ အမှား ကို မေ့ထားပြီး မိမိ အပေါ် ပြုထားသည့် အသင် ၏ ကောင်းမှု နှင့် ကျေးဇူး ကို သတိထားသူ ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ အေလန်မ်မွတ်ဒ်ဒီးန် ကျမ်း ၊ ၃၁၃

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ သည် မိမိ အတွက် အကောင်း တကာ အကောင်းဆုံး ညီအစ်ကို ကို သိရှိ နိုင်ပြီး တန်ဖိုး ထားနိုင်မည် ဖြစ်ပါတယ်။ ကျနော်တို့သည် အေမာမ် ဟစန် အက္စ်ကရီ  (အ.စ)၏ နောက်လိုက် ရှီအဟ် များဟုခံယူထားပြီး အေမာမ် (အ.စ)  ၏ သြဝါဒတော် မွန် နှင့်  ဆန့်ကျင်ဘက် အလုပ်များ ကို လုပ်ကြ ပါတယ်။ သူများ အမှား ကို ခွင့်မလွတ်ပေးဘဲ ဘယ်အချိန် နှိပ်ကွက် ရမည့်ဆို သည့် အခွင့်အရေး ကို စောင့်နေကြပြီး ကိုယ့် အပေါ် ပြုထားသည့် သူတစ်ပါး ၏ ကောင်းမှုများ အကူအညီများ ကျေးဇူးများ ကို အမြန်မေ့လိုက်ကြသူများ ဖြစ်ကြပါတယ်။ အင်န် ရှာအလ္လာဟ် မိမိကိုယ်ကို ပြုပြင် နိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251