အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၆ အောက်တိုဘာ ၂၀၂၃

၂၀:၁၆:၃၃
1405444

ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) အား ဇေယာရသ် ပြုခြင်း ၏ ဆုလာဘ်

အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) အား ဇေယာရသ် ပြုခြင်း ၏ ဆုလာဘ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမာလွတ်ဇ်ဇေယာရာသ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الجواد علیه السلام:

مَن زارَ قَبرَ عَمَّتي بِقُمَّ ، فَلَهُ الجَنَّةُ.

 

အေမာမ် ဂျဝါဒ်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

“အကြင်မည်သူ မဆို ကွမ်းမြို့ ရှိ ကျွန်ုပ်၏ အဒေါ်  (ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ) ၏ ဇေယာရသ် (မအ်ရေဖသ်နှင့်အတူ) ပြုမည်ဆိုလျှင် ၎င်းသူ အတွက် ဆုလာယ် မှာ ဂျန္နသ် သုခဘုံ ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ကမာလွတ်ဇ်ဇေယာရာသ် ကျမ်း ၊ စာမျက်နှာ၅၃၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  သခင်မကြီး မအ်စူမဟ် ဖွာတွေမဟ် (စ.အ) ၏ ဇေယာရသ် ပြုသူမည်သူမဆို ဂျန္နသ်သုခဘုံ ရရှိမည် ဖြစ်ပါတယ်။ အခြား ရီဝါယသ် တစ်ခု က သခင်မကြီး (စ.အ) ၏ ဇေယာရသ် အား မအ်ရေဖသ် နင့်အတူ ပြုရန်ဖြစ်ပါတယ်။ ဆိုလိုသည်မှာ သခင်မကြီး မည်သူမည်ဝါ ၊ သခင်မကြီး ၏ အဆင့်အတန်း ကို သိပြီး သခင်မကြီး မိန့်မချက်များ ကိုလိုက်နာ ခြင်း နှင့် အတူ ဇေယာရသ် ပြုရန် ဖြစ်ပါ တယ်။ကျနော်တို့ အားလုံး အလ္လာဟ့် လက်ခံ နှစ်မြို့ ပြီး သခင်မကြီး (စ.အ) နှင့် မိုဟမ္မဒ် (ဆွ) နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ထောက်ခံ အတည်  ပြုပေးသည့် ဇေယာရသ်များ  အကြိမ်ကြိမ် ပြုနိုင် ရနိုင် ရန် ဒိုအာ များ အစဥ် ပြုသင့်ပါတယ်။ ကိုယ်တိုင် ဇေယာရသ် မပြုနိုင်လျှင်လည်း  ပြုနိုင်သူများ ကို မိမိဘက်မှ ကိုယ်စား ဇေယာရသ် ပြုပေးရန် မေတ္တာ ရပ်ခံ သင့်ပါတယ်။

****************************************************************

END / 251