အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၆ အောက်တိုဘာ ၂၀၂၃

၂၀:၂၇:၄၅
1405446

ဇီကာရ် ပြည်နယ် အကြောင်း တစေ့တစောင်း

အီရတ် နိုင်ငံ ၏ သမိုင်း ဝင် ဇီကာရ် ပြည်နယ် အကြောင်း တစေ့တစောင်း အဗ်နာ စာဖတ် ပရိတ်သတ်များ အတွက် တင်ပြ လိုက်ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဇီကာရ် ဆိုသည်မှာ အီရတ်နိုင်ငံ တောင်ပိုင်းရှိ ဒေသတစ်ခု၏ အမည် ဖြစ်ပါတယ်။ ထိုနေရာတွင် အစ္စလာမ့် တမန်တော်မြတ် (ဆွ) တမန်တော်မြတ်တာဝန်ကို လူသိရှင်ကြားကြေညာပြီးနောက် အာရပ်များ နှင့် စာစာ နီယန် များ အကြား စစ်ပွဲ ဖြစ်ပွားရာနေရာဖြစ်ပါသည်။ အာရပ်များ အောင်ပွဲ ခဲ့ကြပါ တယ်။ ထိုနည်းတူစွာ အေမာမ် အလီ (အ.စ)သည် ဟီဂျရီ ၃၆ ခုနှစ် တွင် ဂျမလ်(စစ်ပွဲ) သမားများ နှင့် ရင်ဆိုင် ရန် ဇီကာရ် ဒေသတွင် စခန်းချ ရပ်နားပြီး မိမိ၏ သာဝကတော် များ ကို ခွသ်ဗဟ် မိန့်ကြားခဲ့ပါသည်။ ဤခွသ်ဗဟ် အား နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်းတော် တွင် တင်ပြထားပါ တယ်။

ယနေ့တွင် ဇီကာရ် သည် အီရတ်နိုင်ငံ တောင်ပိုင်းရှိ ပြည်နယ်တစ်ခု၏ နာမည်ဖြစ်ပြီး နာစေရီယဟ် သည် ၎င်း၏ ဗဟိုဖြစ်ပါတယ်။ ဇီကာရ်ပြည်နယ်တွင် လူဦးရေ နှစ်သန်းကျော်ရှိပြီး အများစုမှာ ရှီအဟ် များဖြစ်ပါ တယ်။ ဥရမြို့သည် ဤပြည်နယ်၏ ရှေးအကျဆုံး အထိမ်းအမှတ်များထဲမှ တစ်ခုဖြစ်ပြီး၊ တမန်တော် အီဗရာဟီးမ် (အ.စ)  ၏ မွေးရပ်မြေ နှင့် ဇိဂူရတ် တို့ ၏ ဘုရားကျောင်း တည်ရှိရနေရာ ဖြစ်ပါတယ်။


တည်နေရာ နှင့် အမည်ထွင်ရခြင်း အကြောင်း လေ့လာကြည့်ပါမယ်။

 

ဇီကာရ် အီရတ်နိုင်ငံ တောင်ပိုင်းရှိ ဘဆွရဟ်မြို့ နှင့်ကူဖာမြို့  အကြား ရှိ ဒေသတစ်ခုဖြစ်ပါ တယ်။ယာကူသ်ဟမဝီ ၏  အဆိုအရ ဇူကာရ်  ဟုခေါ်သော ဘကဲရ်ဘင်န်ဝိုင်လ် မျိုးနွယ်စုပိုင် ရေတွင်း တစ်တွင်း သည် ဤဧရိယာတွင် ရှိပါတယ်။ ခြောက် ရာစု၏ ပညာရှင်တစ်ဦးဖြစ်သည့် အဘူလ်ဟစန် ဗိုင်ဟကီ သည် လည်း ကတ္တရာစေးကဲ့သို့ ရေတွင်းတစ်ခုတည်ရှိခြင်းကြောင့် ဤဒေသကို ဇီကာရ် ဟုခေါ် ရခြင်း ဖြစ်ကြောင်း ဆိုထားပါတယ်။

အဖြစ်အပျက်များကိုလည်း လေ့လာကြည့်ပါမယ်။

ဇီကာရ် ဒေသအကြောင်း ဖော်ပြခဲ့သည့် အဖြစ်အပျက်များအနက် တစ်ခုမှာ အာရပ်များ နှင့် စာစာ နီယန် များ အကြား စစ်ပွဲ ဖြစ်ပွားရာနေရာ ဖြစ်ကြောင်း ထိုနည်းတူစွာ အေမာမ် အလီ (အ.စ) သည် ဂျမလ်(စစ်ပွဲ) အတွက် သွားချိန် ဤ ဒေသတွင် ရပ်နား ခဲ့ကြောင်း ဖြစ်ပါတယ်။

ဇီကာရ် တိုက်ပွဲ

ခွတ်စ်ရူပရ်ဝေဇ် စေလွတ် လိုက်သည့် ဘကဲရ်ဘင်န်ဝိုင်လ် မျိုးနွယ်စု နှင့် ဟိုရ် မဇာန် တို့အကြား ဖြစ်ပွားခဲ့သည့် ဇီကာရ် တိုက်ပွဲ သည် ဤ ဒေသ တွင် ဖြစ်ပွားခဲ့ပါတယ်။ခွတ်စ်ရူပရ်ဝေဇ် ၏ လက်ချက် ဖြင့် အာရပ် မျိုးနွယ်စုများမှ အကြီးအကဲ တစ်ဦးဖြစ်သည့်နိုအ်မန် ဘင်န် မွန်ဇရ် လတ်ခ်မီ   သေဆုံး ခဲ့ရခြင်း ကြောင့် ဤတိုက်ပွဲ ဖြစ်ပွားခဲ့ရကြောင်းလာရှိပါတယ်။

ဇီကာရ် တိုက်ပွဲ  ဖြစ်ပွား ချိန်တွင် ကိုယ်တော် မြတ် (ဆွ) ၏ သက်တော် မှာ လေးဆယ်ရှိနေပြီး ဖြစ်ပါတယ်။ သို့ရာတွင် အချို့သော သမိုင်းပညာရှင်များ ၏ အဆိုအရ အလ္လာဟ့် တမန်တော်မြတ် (ဆွ) သည် မဒီနာမြို့ သို့ ရောက်ရှိနေချိန်  ပဒဲရ် စစ်ပွဲ  ပြီးနောက် ပြီးနော် ဇီကာရ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါ တယ်။ ဤတိုက်ပွဲတွင် ခွတ်စ်ရူပရ်ဝေဇ် စေလွတ် သော လူများကို အာရပ်များက အနိုင်ယူခဲ့ပါသည်။ ယင်းကိစ္စ နှင့်စပ်လျဉ်း၍ အလ္လာဟ် ဟိုအရှင်မြတ် ၏ ရစူလ်တမန်တော် (ဆွ) ၏ ဟဒီးစ် တော်အား ကိုးကားဖော်ပြထားသည်မှာ-တမန်တော်မြတ် (ဆွ) မိန့်တော် မူသည်။ “ ဤသည် ပထမဆုံး အကြိမ် ကျွန်ုပ်၏ ကောင်းချီးမင်္ဂလာ ကြောင့် အာရပ် သည် အာရပ် မဟုတ်သူ ထံမှမိမိရပိုင်ခွင့် ကို ရယူခဲ့ပြီးအောင်မြင် ခဲ့ခြင်း ဖြစ်ပါတယ်။

ဂျမလ်စစ်ပွဲ လမ်းကြောင်း

သမိုင်းအရင်းအမြစ်များအရ အေမာမ် အလီ (အ.စ) သည် ၎င်း၏ စစ်တပ်နှင့် အတူ မဒီနာ မြို့ မှ အီရတ်နိုင်ငံ သို့ ဟဇရသ် အာအေရှဟ် ၊သွလဟဟ် နှင့်ဇိုဘိုင်ရ် တို့ကို ထိပ်တိုက် ရင်ဆိုင်ရန် ကြွမြန်း တော် မူခဲ့ပြီး အီရတ် သို့ရောက်ရှိချိန်အစတွင် ဇီကာရ် ဒေသတွင် စခန်းချခဲ့ပါတယ်။

 အဗ်ဒွလ္လာဟ်ဘင်န် အဘာစ် ထံမှဆင့်ပြန် လာရှိ သည်မှာ “ ကျွန်ုပ်တို့သည် ဟဇရသ် အေမာမ် အလီ (အ.စ) နှင့် အတူ ဇီကာရ် သို့ ရောက်ရှိ ခဲ့ပါ သည် ။ ပြီးနောက် စခန်းချခဲ့ပါသည်။ ပြီးနောက် အေမာမ် အလီ (အ.စ) အား လျှောက်ခဲ့ပါသည်။ အေမာမ် (အ.စ) အား အကူအညီပေးမည့် သူများ ကူဖာ မှ လူအနည်းငယ်ရောက် လာပါပြီး။ အေမာမ် (အ.စ) အဖြေပေး မိန့်ကြား လေ၏။ အယောက် ၆၅၆၀  မပိုမလျော့ ငါ့ကို ကူညီဖို့‌ ရောက်လာ လိမ့်မည် ဟု မိန့်တော်မူ လေ ၏။ “(9) ထိုနောက် အဗ်ဒွလ္လာဟ်ဘင်န် အဘာစ် မှ ကျွန်ုပ်အနေဖြင့် မြင်းစီးသံ တဟုန်းဟုန်းမြည်သည့်  ကူဖာတပ် များ မရောက်မှီတိုင်အောင် ဇီကာရ် တွင် ဆယ့်ငါးရက် ကြာနေခဲ့ကြပါတယ်။။ ကူဖာတပ်များ ရောက်ရှိ  လာပြီးနောက် ကျွန်ုပ်အနေဖြင့် တပ်သား အရေအတွက် ကို ရေတွက်ကြည့်ရာ အေမာမ် (အ.စ) မိန့်ကြား ထားတော် မူသည့် အတိုင်း အရေအတွက်နှင့် တူညီနေကြောင်း ကို မြင်တွေ့ ခဲ့ရပါတယ်။

ထိုနည်းတူစွာ အဗ်ဒွလ္လာဟ်ဘင်န် အဘာစ် မှဆင့်ပြန်လေသည်။ “ တစ်နေ့တွင် ကျွန်ုပ်သည်  ဇီကာရ် အရပ်တွင် အေမာမ် အလီ (အ.စ) ထံ‌ရောက်ရှိ ခဲ့ပါသည်။ ထိုအချိန် အေမာမ် အလီ (အ.စ)  သည် မိမိ ဖိနပ်အား ချုပ်နေသည့် အခါ ဖြစ်ပါတယ်။ ကျွန်ုပ်အား မေးတော်မူလေ၏။ ဒီဖိနပ်က ဘယ်လောက် တန်ဖိုးရှိလဲ ? ဘာမှ   မရှိကြောင်း ကျွန်ုပ်မှ ဖြေကြားခဲ့ပါ သည်။  အေမာမ်(အ.စ) မိန့်တော်မူ ၏။ အလ္လာဟ်ဟို အရှင်မြတ်အား ကျိန်ဆိုပြီးပြောပါ၏။ ငါအနေဖြင့် ရပိုင်ခွင့်အား ရထိုက်သူထံ မပေး ဆောင်နိုင်မည်  အမှား ကို မတွန်းလှန်နိုင်သရွေ့  ဤ စုတ်ပြတ်နေသည့် ဖိနပ် အား အသင်တို့  အုပ်ချုပ် ရသည့် ထက်ပို၍ နှစ်သက် မြတ်နိုးပါသည်။ ထိုနောက် အပြင်သို့ ကြွမြန်းလာပြီး လူထု အား ခွသ်ဗဟ် မိန့်ကြားတော် မူလေ၏။ ဤ ခွသ်ဗဟ် အား နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်းတော် တွင် ဆင့်ပြန်ထားပါသည်။ အေမာမ် အလီ (အ.စ) အနေဖြင့် ဤခွသ်ဗဟ် တော် တွင် တမန်တော်များ စေလွတ် ရခြင်း၏ ဆင်ခြင်တုံတရား ၊ မိမိ၏ကြီးကျယ် မြင့်မြတ်မှု နှင့် မိမိအား ဆန့်ကျင်သူများကို ပြစ်တင် ရှုံ့ချမှုကို မိန့်ကြားထားပါတယ်။

ဇီကာရ် ပြည်နယ် အကြောင်း လေ့လာ ကြည့်ပါမယ်။

အီရတ်နိုင်ငံ တွင်ဇီကာရ်  အမည် ရှိ ပြည်နယ် တစ်ခု ရှိပါတယ်။ ထိုပြည်နယ် ၏ မြို့တော် မှာ နာစီရီယဟ် မြို့ ဖြစ်ပါတယ်။ ဘဆွရဟ် မှ ကီလိုမီတာ ၁၈၀  နှင့် ဘဂ္ဂဒတ်  မှ ကီလိုမီတာ ၃၆၀   ကွာဝေးပါတယ်။ စတင်တည်ထောင်စဉ်တွင် ဤပြည်နယ်ကို "အလ်မွန်သဖက်" ဟုလူသိများပြီး သမ္မတနိုင်ငံအဖြစ် အသွင်ပြောင်း ချိန်တွင်  ၎င်း၏အမည်ကို နာစီရီယဟ်  ဟုပြောင်းလဲခဲ့ခြင်း ဖြစ်ပါတယ်။ အီရတ်နိုင်ငံ ဗအ်စ် အစိုးရ (ဆဒန်မ်အစိုးရ)  မှ ၁၉၆၉ ခုနှစ်တွင် ဤပြည်နယ်အား ဇီကာရ် အမည် ပြောင်းခဲ့ပါတယ်။

ဇီကာရ် ပြည်နယ် ၏ လူဦးရေ နှစ်သန်းကျော်ရှိပြီး အများစုမှာ ရှီအဟ် များဖြစ်ပါတယ်။ ဇီကာရ် ပြည်နယ်တွင် အခြား နေထိုင်သူများ သည် အဲဟ်လေ့စွန္နသ် (စွန်နီများ) ၊ ဆွာဘေအီးန်များ နှင့် ခရစ်ယာန် များ ဖြစ်ကြပါ တယ်။ ဥရမြို့သည် စူမရီ များ အာကာဒီယာန်းန် များနေထိုင် ကြပြီး ဤဒေသ၏ ရှေးဟောင်း အထိမ်း အမှတ်များ ထဲမှတစ်ခုဖြစ်ပါတယ်။ တမန်တော် အီဗရာဟီးမ် (အ.စ)  ၏ မွေးရပ် မြေ နှင့် ဇိဂူရတ် တို့ ၏ ဘုရားကျောင်း တည်ရှိရနေရာ ဖြစ်ပါတယ်။

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.       Swimming with Dhiqar Province, Iraqyar, insert content on 26 September 1399, view on 23 December 1400.

2.       Ibn Abi Hatim, Abdul Rahman, Tafsir al-Qur'an al-Azeem, Saudi Arabia, Nizar Mustafa Al-Baz Library, third edition, 1419 AH.

3.        Ibn Abi al-Hadid, Abdul Hamid bin Hebatullah, Commentary on Nahj al-Balaghah, research by Muhammad Abulfazl Ibrahim, Qom, Ayatollah Murashi Najafi Library, 1404 AH.

4.       Ibn Athir, Ali Ibn Muhammad, Al-Kamal fi al-Tarikh, Beirut, Dar Sadir, Beirut, first edition, 1385 AH.

5.       Beyhaqi, Ali bin Zayd, Ma'araj Nahj al-Balagha, Qom, the library of Hazrat Ayatollah Azami Murashi Najafi, 1409 AH.

6.       Hamvi, Yaqut bin Abdallah, Ma'jam al-Baldan, Beirut, Dar Sadir, 2nd edition, 1995.

7.       Tabari, Muhammad bin Jarir, History of the Nations and Al-Muluk, Dar al-Trath, Beirut, second edition, 1967.

8.       Tarihi, Fakhreddin bin Mohammad, Al-Bahrain Assembly, research and correction by Ahmad Hosseini Ashkuri, Tehran, Mortazavi, 1375.

9.       Masoudi, Ali bin Hossein, Moruj al-Dahahab, research of Asad Daghar, Qom, Dar al-Hijrah, second edition, 1409 AH.

10.    Nahj al-Balagha, corrected by Sobhi Saleh, Qom, Hijrat Publishing House, first edition, 1414 AH.

****************************************************************

END / 251